Posted: 03 Oct 2012 07:21 AM PDT
ရန်ကုန်ဘူတာကြီး၏ နံနက် ခင်းသည် ထုံးစံအတိုင်း ရှုပ်ယှက် ခတ်လှုပ်ရှားနေသည်။
မြို့ပတ်ရ ထားက ရှုးရှုးရှဲရှဲဖြင့် ထိုးဆိုက် လာသည်နှင့် လူများစွာ ဝေါခနဲ က
တိုက် ကရိုက်ဆင်းလာကြသည်။ ဒီ မြင်ကွင်းက မထူးဆန်းပါ။ဘူတာ ကြီးသို့
ဝင်ထွက်သွား လာဖူးသူများအတွက် နည်းနည်းမှ မထူးဆန်း။အကယ်၍ ထိုခရီးသည်များ ကြား သင်ဂရုတစိုက် စောင့်ကြည့် နိုင်မည်ဆိုပါက ဆံပင် ဘုတ်သိုက်၊ ညစ်ပေဟောင်းနွမ်းသော အဝတ် အစားများဖြင့် အသက်ဆယ်နှစ် ဝန်းကျင် ကလေးငယ်များကို တွေ့ ရမည်ဖြစ်သည်။ ရထားဆိုက်သည် နှင့် သူတို့ကလေးတစ်စု အလုအ ယက် ဆင်းကြမည်။ သို့သော် သူတို့လက်ဗလာသက်သက်တော့ မဟုတ်။ အထုပ်ငယ်လေးများကို ခေါင်းပေါ်ရွက်ကာ တစ်စုစီ တစ်နေ ရာစီ ဦးတည်သွားကြမည်။ တကယ်တော့ ထိုကလေးငယ် များသည် ရန်ကုန်မြို့အနှံ့ တောင်း ရမ်းစားသောက်ရန်အတွက် ဆင် ခြေဖုံးရပ်ကွက်များမှ နေ့စဉ်နံနက် တိုင်းရထားစီးကာ လာကြခြင်း ဖြစ်ပြီး သူတို့ရွက်ထားသော အထုပ် ငယ်များမှာ အိုးတိုက်ဖွဲပြာ များဖြစ် ပြီး သူတို့အတွက်အကာအကွယ် ဖြစ်သည်ဟု မြောက်ဒဂုံ ၄၈ ရပ် ကွက်တွင် နေထိုင်ပြီး အသက် ၅ နှစ်အရွယ်ရှိ မောင်ငယ်ကို လက်ဆွဲ ကာ လိုက်လံ တောင်း ရမ်းးနေသည့် အသက် ၉ နှစ်ရှိ မပုံပုံက ပြော သည်။
”အိုးတိုက်ဖွဲပြာရောင်းသလို လုပ်တာ။ အဖမ်းခံရမှာစိုးလို့”ဟု သူမက ပြောသည်။
စာသင်ခန်းအတွင်း ပညာသင် ကြားနေရမည့်အရွယ်လေးများ ဖြစ်သော်လည်း အကြောင်းပြချက် များစွာရှိနိုင်သည့် အဆင်မပြေမှုများ ကြောင့် မိဘများကိုယ်တိုင် ၄င်းတို့ သားသမီးများအား လိုက်လံတောင်း ရမ်းခိုင်းသူများရှိပါသည်။ ငွေရ လွယ်သော တောင်းရမ်းသည့်ဘဝ ကို ကလေးငယ်တချို့ ကိုယ်တိုင်က သဘောကျ ကာမိဘ များမသိအောင် တောင်း ရမ်းစားသောက်သူများ လည်းရှိနေကြကြောင်း ကလေးငယ် များထံမှ သိရပါသည်။ သို့သော် အများစုမှာ မိဘများကိုယ်တိုင်က ပညာရေး နိမ့် ပါးသည့်အတွက်စားဝတ်နေရေး အဆင်မပြေမှုကို အကြောင်းပြု၍ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုသလို ၄င်းတို့ မွေးထုတ်ထားသော သားသမီးများ အား တောင်း ရမ်းရန် အတင်းအကျပ် ခိုင်းစေကြခြင်းဖြစ်ပြီး ကလေးငယ် များက တောင်းရမ်း ခြင်းမပြုလိုကရိုက်နှက်ခိုင်းေ
”မနက်ဆို ၈ နာရီထိုးတာနဲ့ မောင်လေးကို ခေါ်ပြီး အိမ်က စထွက်တယ်။ အိမ်ကမထွက်ခင် အမေက သမီးတို့မောင်နှမ နှစ် ယောက်ကို ထမင်းတော့ကျွေး လိုက်တယ်။ အိမ်ကနေထွက်တဲ့ အချိန် သူငယ်ချင်းတွေနဲ့လမ်းမှာ ချိန်းပြီး မြောက်ဥက္ကလာဘူတာကို လမ်းလျှောက်သွားတယ်။ အဲဒီ နောက် ဘူတာကနေ ရထားစီးပြီး မြိ့ထဲမှာ လိုက်တောင်းတယ်။ ည ၇ နာရီအထိပဲ။ ဒီလိုတောင်း လို့ တစ်ရက်ကို နှစ်ထောင်နဲ့ သုံးထောင် ကြားတော့ရတယ်။ ရတဲ့ပိုက်ဆံကို အိမ်ကို အကုန်ပြန်အပ်ရတယ်။ မအပ်နိုင်ရင် နောက်နေ့မနက်စား စရာမရှိဘူး။ အခုလည်း နေ့လယ် ပိုင်းတွေကတော့ ထမင်းမစားရ ဘူး။ အိမ်ပြန်ရောက်မှ နေ့လယ်စာ ပေါင်းစားရတယ်” ဟု မြောက်ဒဂုံ မှ မြို့ထဲသို့လာရောက် တောင်းရမ်းစား သောက်သူ အသက် ၁၂ အရွယ်ရှိ မထက်ထက်လွင်က စေတနာရှင်တစ်ဦးဝယ်ကျွေးသော ထမင်းကို ပလုပ်ပလောင်း စားရင်း ပြော သည်။ထိုကလေးငယ်များ၏ ဘဝ ကား ပညာကောင်းမွန်စွာ သင်ကြား ရခြင်းမရှိဘဲ အရွယ်မတိုင်မီ လမ်းမ များပေါ်ရောက်ရှိခဲ့ရသည့်အတွက် အခြားသောကလေး ငယ်များနှင့် စိတ်နေစိတ်ထား၊ စရိုက်လက္ခဏာ များ လုံးဝတူညီခြင်းမရှိဘဲ ကွဲပြား ခြားနားသည်။လမ်းပေါ်၌ တောင်း ရမ်းစားသောက်သူ ကလေးငယ် များမှာ မိဘအုပ် ထိန်းသူ ဆိုဆုံး မမှုနှင့်ဝေးကွာသည့်အတွက် စိတ် ပိုင်းဆိုင်ရာလုံခြုံမှုမရှိဘဲ ရန်လိုစိတ် များသာ လွှမ်းမိုးနေခြင်းကြောင့် ကြမ်းတမ်း ရိုင်းစိုင်းသောလက္ခဏာ များကြီးစိုးေ နကြသည်ဟု အခြေအနေမဲ့ကလေးငယ်များအား ထိန်း သိမ်းပြုစုစောင့်ရှောက်ပေးနေသည်
ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် တောင်းရမ်းစားသောက်သူ ပပျောက်ရေး
ယခင်အစိုးရ လက်ထက်က ရန်ကုန်၌ တောင်းရမ်းစားသောက် သူများပပျောက်စေရန် တောင်းရမ်း စားသောက်သူများအား စည်ပင်ရဲ မှဖမ်းဆီး၍ အသက် ၁၈ နှစ်ထ က် ကျော်လွန်သူများအား ဖမ်းဆီးကာ ထောင်ချခြင်း၊ အသက် ၁၈ နှစ် မပြည့်သေးသောကလေးငယ်များ အား လူမှုဝန်ထမ်းဦးစီးဌာန လက် အောက်ရှိ လူငယ်သင်တ န်းကျောင်း များသို့ ပို့ဆောင်ခြင်းများ ပြုလုပ်ခဲ့ သော်လည်း အစိုးရသစ်ပြောင်းလဲ ချိန၌ တောင်းရမ်းစားသောက်သူ များအား ဖမ်းဆီးအရေးယူမှုမှာ အတန်အသင့်လျော့ နည်းသွားခြင်း နှင့်အတူ တောင်းရမ်းစားသောက် သူများပိုများလာခြင်းကြောင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်မှ စီမံချက် ချကာ အရေးယူခိုင်းထားကြောင်း၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးတင်ဇော်မိုးက ပြော သည်။”လူမှုဝန်ထမ်းဦးစီးဌာနအနေ နဲ့ကတော့ စည်ပင်ရဲကဖမ်းပြီး လာ ပို့တဲ့ကလေးတွေကို စာရိတ္တပိုင်း ဆိုင်ရာ ပြုပြင်ပေးပြီး ပညာသင် ပေးဖို့ ကျိုက်ဝိုင်း၊ သန်လျင်နဲ့ ငှက်အော်စမ်းမှာရှိတဲ့ လူငယ် သင်တန်းကျောင်းမှာ ထိန်းထားပေး တယ်။ ပညာသင်ဖို့ခက်တဲ့ကလေး တွေ ကျတော့ အသက်မွေးဝမ်း ကျောင်းပညာတွေ သင်ပေးတယ်။ ဒါပေမဲ့ သူတို့အတွက် အလုပ်တော့ ရှာမပေးနိုင်ဘူး။ သင်တန်းကျောင်း တွေမှာသာ စည်းကမ်းနဲ့နေရပြီး ပိုက်ဆံလည်းမရတဲ့အခါကျတော့ ထွက်ပြေးတဲ့ ကလေးတွေလည်း ရှိတယ်။ နိုင်ငံ တော်အပိုင်းတွေအနေ နဲ့ ဒီလိုလေလွင့်ကလေးငယ်တွေကို ထိန်းသိမ်းရတာက သူတို့ကိုမထိန်း သိမ်းဘဲ ဒီအတိုင်းထားရင် ကြီးလာ တဲ့အခါ လူဆိုးသူခိုးတွေ ဖြစ်သွား မှာစိုးလို့”ဟု ¤င်းကရှင်းပြသည်။
တောင်းရမ်းစားသောက်သူ အများစုအား ဖမ်းဆီးအရေးယူရာ ၌ ယခင်က ထိုတောင်းရမ်းစား သောက်သူများမှာ အိမ်ခြေယာမဲ့ များသာ များသော်လည်း ယခုအခါ ဆင်ခြေဖုံးမြို့ နယ်များဖြစ်သော သန်လျင်၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာနှင့် လှိုင် သာယာမြို့နယ်များတွင် နေထိုင်သူ များသာ ဖြစ်ကြကြောင်း၊ ၄င်းတို့မှာ ဖမ်းဆီး အရေးယူသော်လည်း အပြစ် ဒဏ် ကျခံနေရာမှ ပြန်လည် လွတ်မြောက်ပါက ပြန်၍ တောင်း ရမ်းစားသောက်ကြသည်အ တွက် တောင်းရမ်း စား သောက်သူများ လုံးဝပပျောက်ရေးအတွက် မဖြေ ရှင်းနိုင်သောအခက် အခဲတစ်ရပ် ဖြစ်လာသည်ဟု မြို့တော်စည်ပင် စည်းကမ်းထိန်း သိမ်းရေးဌာနမှ ရဲအရာရှိကြီး တစ်ဦးက ပြာသည်။ဝါးပိုးဝါးကို လမ်းမထက် ခေါက်ရင်း နာမည်ကျော်အဆိုတော် များ၏ တေးသီချင်းများအား တကြော်ကြော်သီဆိုကာ အသက် ၄ နှစ်အရွယ်မှ စ၍ လိုက်လံ တောင်းရမ်းခဲ့ရသူကိုရန်နိုင်က”
ပတ်ဝန်းကျင်ကြောင့်လော သို့မဟုတ် . . .
မိဘ၏ ရင်ခွင်တွင် ရှိနေရ မည့်အစား လမ်းမများထက် လိုက် လံ တောင်းရမ်းစားသောက်နေရ ခြင်းမှာ စီးပွားရေးကို အခြေခံ သောဆင်းရဲမွဲတေမှု၊ မိဘအုပ်ထိန်း သူ များ၏ ပညာနိမ့်ပါးမှုနှင့် ကလေး များ ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်မကောင်းမှုများကြောင်
ပတ်ဝန်းကျင်ကိုပြန် ပြီး အလေးမထားတော့ဘဲ သူတို့ ကျင်လည်ရာဘဝထဲမှာပဲ ပျော်နေ ကြတာများတယ်။ အရွယ်ရောက် လာတဲ့အခါကျတော့ တောင်းရမ်း တဲ့အလုပ် ကို မလုပ်ချင်တော့ဘဲ ငွေရလွယ်တဲ့အလုပ်ကို ပြောင်း လုပ်ချင်လာတတ်ကြတယ်။ အဲဒီလိုအချိန်မျိုးမှာ ဒုစရိုက်သမားတွေနဲ့ တွေ့ပြီး ယောက်ျားလေးတွေဆို ခိုး၊ ဆိုး၊ နှို က်တွေ ဖြစ်ကုန်ကြသလို မိန်းကလေးတွေ ဆိုရင်လည်း လူ ကုန်ကူးခံရတာတို့၊ ပြည့်တန်ဆာ ဘဝကို ရောက်သွားတာတို့အထိ ဖြစ်လာကြတယ်”ဟု ဆိုသည်။
အခြေအနေမဲ့ဘဝမှသည် . . .
မြန်မာနိုင်ငံလူကုန်ကူးမှု တိုက် ဖျက်ရေး (ဗဟို)မှ တာဝန်ရှိသူတစ် ဦးကလူကုန်ကူးမှု ပြဿနာကိုအပူ တပြင်းဆောင်ရွက်လျက် ရှိသော် လည်း တောင်းရမ်း စား သောက်နေ ကြသည့်ကလေးသူတောင်းစားများ ၏ ပြဿနာကိုပါ တစ်ပြိုင်တည်း ဖြေရှင်းပေးရန်လိုအပ်လျက်ရှိ ကြောင်း၊ လူကုန်ကူးသူများသည် လမ်းမများထက် တောင်းရမ်းစား သောက်နေသော ကလေးငယ်များ အား ပစ်မှတ်ထား စည်းရုံးသိမ်းသွင်း ၍ လိင်ဖျော်ဖြေရေး လုပ်ငန်းနှင့် နယ်စပ်ဖြတ်ကျော် တောင်းရမ်းစား သောက်ခြင်းလုပ်ငန်းများ ပြုလုပ် ကာလူကုန်ကူးမှု အားကျူးလွန် လျက်ရှိကြောင်း ပြောသည်။ မြန်မာ နိုင်ငံမှ နယ်စပ်ဖြတ်ကျော် ကလေး သူတောင်းစားများကို အများ အား ဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ တို့တွင်တွေ့ရှိနေရပြီး ကလေးငယ် တစ်ဦးလျှင်ဘတ် ၂ဝဝဝ မှ ၂၅ဝဝ ကြားအထိထိုင်းနိုင်ငံ၌ ရောင်းစား ခံနေရခြင်းရှိသကဲ့သို့ တရုတ်နိုင်ငံ၌ ယွမ်ငွေ ၄ဝဝဝ မှ ၄၅ဝဝ ကြားဖြင့် ရောင်းစားခြင်းများ ခံနေရကြောင်း ၄င်းက ဆိုသည်။”ကလေးသူတောင်းစားတွေ ရဲ့ အခြေအနေက နောက်ဆုံးမှာ လူကုန်ကူး ခံရဖို့ အခွင့်အလမ်း အများဆုံးပဲ။ အခု ကလေးသူငယ် အခွင့်အရေး ကာကွယ်ဖို့ဆိုပြီး လုပ် နေကြတဲ့အချိန်မှာ တခြား ကလေးတွေရဲ့ ကိစ္စသာမက ဒီလို ကလေး သူတောင်းစားတွေရဲ့ အရေးကိစ္စကိုလည်း တာဝန်ရှိတဲ့ သူတွေကရော အရပ်ဘက်လူမှု အဖွဲ့အစည်းတွေပါဝိုင်းပြီး ဖြေရှင်း မှပဲ ဒီကလေးတွေကို လူကုန်ကူး ခံရမှုကနေ ကာကွယ်နိုင်မယ်”ဟု ၄င်းက ဆိုသည်။
တောင်းရမ်းစားသောက်သူ ကလေးငယ်များ ပြဿနာ မည်သို့ဖြေရှင်းမည်နည်း
မြန်မာနိုင်ငံ၌ ကလေးသူငယ် များအရေးအတွက် တာဝန်ယူထား သော ပြည်တွင်းပြည်ပအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ရှိသော်လည်း တောင်းရမ်း စား သောက်နေသော ကလေးငယ်များ ၏ ဘဝရှင်သန် ဖွံ့ဖြိုးရေးအတွက်သီးခြားတာဝန်
သူရထွန်း၊ ပြည့်ဖြိုးကျော်၊ မေဇင်ဝင်း
by Popular Myanmar News Journal
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com