" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Solar Panel များ အကြောင်း

Ocean Financial Centre မှ တပ်ထားတဲ့ Solar Panel များအကြောင်း
Ocean Financial Centre အဆောက်အဦး၏ ခေါင်မိုးတွင်တပ်ဆင်ထားသည့် Solar Panel များ
43 ထပ်မြင့်သည် Ocean Financial Centre အဆောက်အဦး၏ ခေါင်မိုးတွင်တပ်ဆင်ထားသည့် Solar Panel များ ကို လျှပ်စစ်ဓါတ်အားထုပ်ရန်အတွက်တပ်ဆင်ထားသည်။ 245 metres အမြင့်တွင် တွင်တပ်ဆင်ထားသောကြောင့် Southeast Asia တွင် အမြင့်ဆုံး Solar Panel များတပ်ဆင်မှုဖြစ်သည်။ Solar Panel များသည် အမြင့်ဆုံးတွင်တည်ရှိသောကြောင့်တခြားသောအဆောက်အဦးများ ၏ အရိပ်မှကင်းလွတ်သည်။ အမြင့်တွင်လေတိုက်နှုန်းများသောကြောင့် Solar Panel များဖုံတင်ခြင်းမှကင်းဝေးကာအမြဲသန့်ရှင်းနေသည်။ထိုကြောင့် ပို၍ effective ဖြစ်သည်။
BCA (Building Construction Authourity) မှ ပေးအပ်သော Platinum Green Mark Award ကို ရရှိသည့်အဆောက်အဦးဖြစ်သည်။

solar panel ၏ efficiency သည် အပူချိန်ပေါ်တွင်မူတည်သည်။ အပူချိန်မြင့်မားလျှင် solar panel ၏ efficiency ကျဆင်းသည်။ solar panel များမှ SANYO မှထုပ်လုပ်သော HIT အမျိုးအစား solar panel များဖြစ်သည်။ HIT အမျိုးအစား solar panel သည် amorphous silicon type solar cell နှင့် crystalline silicon solar cell နှစ်မျိုတို့ကိုပေါင်းစပ်ထားသည့် HIT technology ဖြစ်သည်။ The amorphous silicon solar cell သည် အပူချိန်မြင့်မားသည်အခါတွင် efficiency သိပ်မကျဆင်းသော်လည်း နေရောင်ခြည်မှ လျှပ်စစ်စွမ်းအင်းသို့ပြောင်းသည့် conversion efficiency မှာအလွန်မကောင်းလှပေ။
နောက်တစ်မျိုး crystalline silicon solar cell ၏ conversion efficiency မှ အလွန်ကောင်းသည်။ သို့သော် အပူချိန်မြင့်မားသည်အခါတွင် efficiency အလွန်ဆိုးဝါးစွာကျဆင်းသွားသည်။
ှSANYO မှထုပ်လုပ်သော HIT အမျိုးအစား solar panel သည် amorphous နှင့် crystalline နှစ်မျိုး ၏ အားသာချက်များကို ပေါင်းထားသောကြောင့် the world's highest convergence efficiency ကို ရရှိသည်။ R&D levels တွင် convergence efficiency ၂၃% ကို ရရှိပြီး mass production levels တွင် ၂၁.၆% ကိုရရှိနိုင်သည်။
၁၉ ဒီဂရီစောင်းနေသောခေါင်းမိုးတွင်တပ်ဆင်သောကြောင့် ကျွမ်းကျင်ရှိရန်အလွန်လိုအပ်သည်။ safety အတွက်လည်း အလွန် သတိကြီးစွာဖြင့်တပ်ဆင်ခဲ့ရသည်။
panel စုစုပေါင်း ၃၆၆ ခုကိုတပ်ဆင်ထားပြီး တစ်နှစ်လျှင် ၈၆ မီဂါဝပ်အာဝါ (86 megawatt hours) လျှပ်စစ်ဓါတ်အားရရှိနိုင်သည်။ ထို panel များကြောင့် နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ၄၅ တန် ထုပ်လွှတ်မှု(45 tonnes of carbon dioxide emissions) ကို တားဆီးရာရောက်ပြီး နှစ်စဉ် သစ်ပင် ပေါင်း ၂၄၀ စိုက်ပျိုးခြင်းဖြင့်ညီမျှသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...