" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Chiller ရွေးချယ် တပ်ဆင်နည်း ( Selection of Chiller Centralize )

အသစ်ဆောက်မည့်အဆောက်အဦးအတွက် Centralized Air Con system ၏ Chiller Plant Room တွင် Chiller ၏ အရွယ်အစားများကို Selection လုပ်ရန်လိုအပ်ပါသည်။
အောက်ပါ အဆောက်အဦးတစ်ခုကို ဥပမာပြ၍ရှင်းလင်းတင်ပြပါမည်။
ရုံးအဖြစ်သုံးပြုရန်ရည်ရွယ်သော အဆောက်အဦးဖြစ်ပြီး Air Con ပေးမည့် ကြမ်းခင်းဧရိယာမှာ ၃၀၀၅၀ စတုရန်းမီတာဖြစ်သည်။
Chilled Water Pump များနှင့် Cooling Tower Fan များကို Variable Speed Drive (VSD) များတပ်ဆင်မောင်းနှင်မည်ဖြစ်သည်။
ရုံးအဖြစ်အသုံးပြုသောကြောင့် အဆောက်အဦး၏ Air Con System ကို ရုံးချိန်အတိုင်းမောင်းနှင်မည်ဖြစ်သည်။
Monday to Friday : 9:00 am to 6:00 pm
Sturday : 9:00 am to 11:00 pm
အဆောက်အဦး၏ တည်ရှိရာနေရာ နှင့် မျက်နှာမူရာ(Location and Orientation)။ တခြားသောလိုအပ်သော အချက်လက်များကို အခြေခံပြီး Thermal Simulation analysis မှ Building cooling load profile ကို ရရှိနိုင်ပါသည်။

အထက်ပါ Daily Building load Profile သည် အဆောက်ဦး၏ အမြင့်ဆုံး Building cooling load ရှိသည့်နေတစ်နေ၏ Profile ဖြစ်သည်။ ဤ ဥပမာအတွက် ဇူလိုင်လ ၁၄ရက်နေ့ မွန်းလွဲ ၃နာရီ ခန့်သည် အမြင့်ဆုံး Building cooling load ကိုဖြစ်စေသည်။ ပမာဏအားဖြင့် ၁၂၈၀ RT ဖြစ်သည်။ ဇူလိုင်လ ၁၄ရက်နေ့ကို Design Day ဟုလည်းခေါ်သည်။
တပ်ဆင်မည့် Chiller များ သို့ Chiller Plant Room သည် Building cooling load ဖြစ်သည့် ၁၂၈၀ RT ရရှိအောင် Stand by chiller များမပါဘဲ မောင်းနှင်နိုင်အောင်ဒီဇိုင်းလုပ်ရပါမည်။ တနည်း Chiller Plant Room က Delivery လုပ်နိုင်သည့် Capacity သည် Building cooling load ထက်ပိုများရမည်ဖြစ်သည်။ (Stand by များကို ထည့်မတွက်ရပါ)။
အောက်ပါဇယားသည် Design Day တွင် ရှိသော Cooling Load(RT) ကို အချိန် ကိုလိုက်၍ဖော်ပြထားသည်။ နောက် colum တစ်ခု၏ Peak Load 1280RT ကို ၁၀၀% ထား၍ ဖော်ပြထားသည်။

Chiller Plant Design Consideration သို့ Chiller Selection
Chiller Plant Design Consideration သို့ Chiller Selection အလွန်ကျယ်ပြန့်သောအကြောင်းအရာဖြစ်ပြီး အခြေခံရမည့် အချက်အလက်များစွာနှင့် လုပ်သက် အတွေ့ အကြုံများစွာလည်းလိုအပ်သည်။
Peak Load 1280RT အတွက် အဖြစ်နိုင်ဆုံးသော Chiller Size ၂ မျိုးမှာ
Refrigeration Ton 450 Water Cooled Centrifugal Chiller ၃ လုံး = ၁၃၅၀ RT
Refrigeration Ton 650 Water Cooled Centrifugal Chiller ၂ လုံး = ၁၃၀၀ RT
650 RT Chiller နှင့် 450 RT Chiller မည့်သည့် chiller combination ပိုကောင်းသည်ကို ပြောရန်ခက်သည်။ 450 RT Chillerသည် ၃ လုံးတပ်ဆင်ရန်လိုအပ်ပြီး 650 RT Chillerဆိုလျှင် ၂ လုံးသာတပ်ဆင်ရန်လိုအပ်သည်။ 450 RT Chillerသည် ၃ လုံး အတွက် ပိုက် (Chiller water supply & Return, Condenser water supply & Return) 3 စုံလိုအပ်သည်။ Electrical အတွက်လည်း ၃စုံ၊ Control & BAS အတွက်လည်း ၃ခုစာတပ်ဆင်ရမည်ဖြစ်သည်။ Cost ကို အခြေခံ၍ ဆုံးဖြတ်လျှင် 650 RT Chiller ၂လုံးတပ်ဆင်ခြင်းသည် ပို၍ကုန်ကျစရိတ်သက်သာသည်။

Chiller Size ကို ရွှေးချယ်ပြီးပါက Chiller Plant Room ၏ Efficiency (Full Load နှင့် Part Load )ကို တွက်ချက်ရန်ဖြစ်သည်။
Chiller Plant Efficiency -Full Load တွက်နည်းပုံစံ
စင်ကာပူနိုင်ငံ BCA Building and Construction Authority မှပြုစုသည့် Environmental Sustainability of Building စာအုပ်ကို မှီငြမ်းရေးသားပါသည်။
650 RT Chiller ၏ ၁၀၀% load efficiency မှာ 0.55 kW/ RT ဖြစ်သည်။ kW/ RT သည် kilo watt per Refrigeration Ton ကို ဆိုလိုသည်။ kW/ RT ကို chiller တစ်လုံးနှင့်တစ်လုံး chiller Plant Room အချင်းချင်း Efficiency ကောင်းမကောင်းကို နှိုင်းယှဉ်ရန်အတွက် အသုံးပြုသည်။ အဓိပ္ပါယ်မှာ Cooling Capacity 1 Refrigeration Ton ရရှိရန် Chiller သည် electrical ၀.၅၅ kW input လိုအပ်သည်။ 650 RT Chiller အတွက် (650 RT x 0.55 kW/ RT = 357.5kW) 357.5kW ဖြစ်သည်။ 650 RT Chiller တွင်တပ်ဆင်ထားသည့် Electric Motor မှာ 357.5kW ခန့် အရွယ်အစားဖြစ်သည်။

Pump ၏ မော်တာ kW ကို Formula ကို သုံးပြု၍တွက်ချက်ထားသည်။ Pump ကို ရောင်းသည့် compay သို့ pump supplier ထံမှလည်း Pump Curve, pump Technical data တို့ကိုလည်းရရှိနိုင်သည်။
The Chilled water pump performance at Full Load = 0.033kW/ RT ဖြစ်သည်။ အဓိပ္ပါယ်မှာ Cooling Capacity 1 Refrigeration Ton ရရှိရန် Pump များအတွက် electrical 0.033 kW input လိုအပ်သည်။

650RT Chiller အတွက် လိုအပ်သော Condenser Water Flow Rate မှာ 123 Liter per Second.
AHRI (ယခင်အခေါ် ARI) standard အရ Water Cooled Chiller များအတွက် 1 Refrigeration Ton အတွက် လိုအပ်သော Condenser Water Flow Rate မှာ 3 USGPM per RT ဖြစ်သည်။ ထိုကြောင့် ၆၅၀RT chiller အတွက် (650RT x 3 USGPM ) 1950 USGPM လိုအပ်သည်။ 1 liter per Second = 15.9 USGPM ဖြစ်လျှင် 650RT Chiller အတွက် 123 Liter per Second Condenser Water flow rate လိုအပ်သည်။
The Condenser water pump performance at Full Load = 0.046kW/ RT ဖြစ်သည်။ အဓိပ္ပါယ်မှာ Cooling Capacity 1 Refrigeration Ton ရရှိရန် Pump များအတွက် electrical 0.046 kW input လိုအပ်သည်။

စုစုပေါင်း Cooling Towers ၃လုံးတပ်ဆင်ထားသည်။ Cooling Tower လုံးမှာအချိန်တိုင်းတွင် လုံးအပ်သလိုမောင်းနှင်နေမည်ဖြစ်ပြီး တစ်လုံးမှာ Stand by အတွက်ဖြစ်သည်။ Stand by Cooling Tower သည် မောင်းနှင်နေသည် Duty Cooling Tower ၂ လုံးအနက်မှ တစ်လုံးလုံး Break down ဖြစ်ခဲ့လျှင် Plant Room ကို ဆက်လက်မောင်းနှင်နိုင်ရန်ဖြစ်သည်။
Cooling Tower performance at Full Load = 0.058kW/ RT ဖြစ်သည်။ အဓိပ္ပါယ်မှာ Cooling Capacity 1 Refrigeration Ton ရရှိရန် Cooling Tower များအတွက် electrical 0.058 kW input လိုအပ်သည်။
အထက်ပါအတိုင်း Equipment များ ( Chiller, Chilled Water Pumps, Condenser Water Pumps နှင့် Cooling Towers) တစ်ခုခြင်း၏ Full Load Efficiency ကို တွက်ချက်ပြီးပါက အောက်ပါအတိုင်း Central Chiller Plant တစ်ခုံလုံး၏ Full Load Efficiency ကို အောက်ပါအတိုင်းတွက်ယူနိုင်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...