" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

နည်းပညာ တက္ကသိုလ် ဘားအံ နှင့် ဇွဲကပင်မြေ မှ သူငယ်ချင်းများစွာ အမှတ်တရ မှတ်တမ်း

  နည်းပညာတက္ကသိုလ် ဘားအံကနေ ညီလေး-ညီမလေး ကျောင်းသား-ကျောင်းသူ အားလုံးကို ကြိုဆိုပါတယ်ဗျား..။ဒီ website လေးကနေ ညီလေး-ညီမလေးတို့   ဘ၀ရှေ့ရေး၊ကျောင်းပညာရေးနဲ့အင်

တာနက်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တဲ့အကြောငါးအရာတွေကို လေ့လာ မေးမြန်းနိုင်ပါတယ်။အကို့ရဲ့ email address ကတော့ sawya.xx@gmail.com ပါ။ဒီ email ကနေ သိသင့်သိထိုက်တဲ့ အကြောင်းအရာများကို တောင်းခံနိုင်ပါတယ်ဗျား...။အင်တာနက်ပေါ်လာတာဟာ ဘားအံ အတွက် အလွန်ကောင်းတဲ့ အခွင့်အရေး တခုပါ။မိမိသိလိုရာ လေ့လာချင်တာတွေကို Internet ကနေ လွတ်လပ်စွာ လေ့လာနိုင်ပါတယ်။
      ဘ၀ရဲ့ ထာဝရ အမှတ်တ၇ အချိန်တွေဆိုတာ ကျောင်တက်နေတဲ့ အချိန်တွေပါဘဲ။တန်ဖိုးရှိတဲ့ အချိန်တွေမှာ အကျိုးရှိစွာ အသုံးချပါ။အဖြူစင်ဆုံးပတ်ဝန်းကျင်ဆိုတာ ကျောင်းတက်ချိန်ပါဘဲ။ဒါကြောင့် လက်ရှိအချိန်ကို တန်ဖိုးထားပါ။လက်ရှိခင်နေတဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားပါ။အရာရာကို အလေးအနက် ထားပါ။နောင်တချိန် လုပ်ငန်းခွင်ထဲ ၀င်တဲ့ အခါ ဖြူစင်မှုတွေ ...၊ရိုးသားမှုတွေ...၊ယဉ်ကျေးမှုတွေ ဆိုတာ မရှိတော့ပါဘူး။အဲဒါကြောင့် တန်ဖိုးရှိတဲ့ ကျောင်းတက်ချိန်မှာ ခင်မင်ခဲ့တဲ့ သူငယ်ချင်းများ အားလုံးကို တန်ဖိုးထားပါ။နောင်တချိန် လုပ်ငန်းခွင်ထဲဝင်တဲ့အခါ သိသင့်တဲ့ ပညာရပ်တွေကို ကြိုတင် ပြင်ဆင်ထားပါ။ဥပမာ။  ။EP/MP ဆိုရင် M&E ဆိုတဲ့ Air-Con အကြောင်း၊Wiring Installation/Auto CAD/Motor Control /Sequence Control/PLC စတဲ့ ပညာရပ်တွေ ကျွမ်းကျင်ရင် အလုပ်မရှားပါဘူး။ကြိုးစားလေ့လာားကြစေချင်ပါတယ်။အကို့ဘက်ကလဲ ကြိုးစား ကူညီချင်ပါတယ်။ဥပမာ။   ။PLC အကြောင်း အခြေခံ သိချင်ရင် အကို့ရဲံ search Box မှာ PLC လို့ ရိုက်ပြီးရှာနိုင်ပါတယ်။Y-Max ဆိုရင် Y-Max ၊ နိုင်ငံရေး ဆိုရင် နိုင်ငံရေး (သို့) မြန်မာ့ နိုင်ငံရေး စသဖြင့် အဆင်ပြေသလို ရိုက်ထဲ့ကာ ရှာဖွေနိုင်ပါတယ်။။ကျောင်းတက်ချိန်ဆိုတာ ဘ၀ရဲ့ အရေးအကြီးဆုံးအချိန်ပါဘဲ။တန်ဖိုးအရှိဆုံးအချိန်မှာ အရာရာကို အလေးအနက်ထားပါ။ဖြစ်နိုင်ရင် မှတ်တမ်းလေးလုပ်ထားပါ။ဓာတ်ပုံးဖြစ်ဖြစ်ပေါ့။ဒီအမှတ်တရလေးတွေဟာ နောင်တစ်ချိန်မှာ ညီလေး-ညီမလေးတို့ကို ထာဝရ အမှတ်တရလေးတွေအနေနဲ့ ကြိုဆိုနေမှာပါ။
                                       ကျော်ထက်ဝင်း နည်းပညာ-ဘားအံ-EP 
                                                     sawya.xx@gmail.com 
                                            www.facebook.com/kyawhtetwin
Related Posts Plugin for WordPress, Blogger...