၁၉၃၀ တဝိုက်မြန်မာပြည်နိုင်ငံရေးသမိုင် (သိန်းဖေမြင့်) စာအုပ်ဖိုင်
စာမျက်နှာ ၁၈၊ ၁၉၊ ၂၀ ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
၁၉၂၀
ပြည့်နှစ် တဝိုက်တုန်းက အမျိုးသားအင်အားစုများဟာ ညီညွတ်စည်းလုံးခဲ့ကြတယ်။
တပေါင်းတစည်းတည်း ရှိခဲ့ ကြတယ်။ နိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး
သို့မဟုတ် ဂျီစီဘီအေလို့ ခေါ်တဲ့ ဝံသာနုလှုပ်ရှားမှု အမျိုးသားညီညွတ် ရေး
တပ်ပေါင်းစု အတွင်းမှာ ညီညွတ်ခဲ့ကြတယ်။
ဗြိတသျှ
နယ်ချဲ့သမားဟာ အဲဒီ ဝံသာနုလှုပ်ရှားမှုကြီးကို တဖက်က ဖိနှိပ်ချုပ်ချယ်မှု
အဝဝဖြင့် ဖြိုဖျက်တယ်။ အခြားတ ဖက်က အခြေခံမကျတဲ့ အပေါ်ရံ
လိုက်လျောချက်ကလေးများဖြင့် ခေါင်းဆောင်မှု တပိုင်းကို ဖြားယောင်း သွေးဆောင်
ကာ ဖြိုခွဲတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး (ဝါ) ပူးတွဲတာဝန်ခံ
အုပ်ချုပ်ရေးဆိုတဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်ပေးလိုက်တဲ့ အခါ မှာ
ဂျီစီဘီအေမှ ခေါင်းဆောင်တစုက ခွဲထွက်ပြီး ဒိုင်အာခီအုပ်ချုပ်ရေးကို
လက်ခံလိုက်ကြတယ်။ ဒိုင်အာခီစနစ် အရ တည်ထောင်လိုက်တဲ့ ဥပဒေပြုကောင်းစီကို
ဝင်ကြတယ်။
သူတို့ဟာ
ပြည်သူပြည်သားပါတီဆိုတဲ့ အမည်ဖြင့် နိုင်ငံရေးပါတီတရပ်ကို တည်ထောင်ကြတယ်။
အများပြည်သူတွေက တော့ သူတို့ကို ၂၁ ဦး ပါတီလို့သာ ခေါ်ကြတယ်။ ပင်မ
ဂျီစီဘီအေကြီးကတော့ ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်မခံဘဲ ဥပဒေပြုကောင်စီကို
သပိတ်မှောက်ကြတယ်။ ပြည်သူလူထု အများစုက သူတို့ဘက်မှာ ရှိတယ်။ သို့သော်
ညီညွတ်သော ခေါင်းဆောင်မှု မထူထောင်နိုင်ကြလို့ ဂျီစီဘီအေဟာ ဆက်ပြီး
ကွဲပြန်ပါတယ်။
၁၉၃၀
တဝိုက်ရောက်လာတော့ အမျိုးသားနိုင်ငံရေး အင်အားစုများကြားမှ နိုင်ငံရေး
အဖွဲ့အစည်း မယ်မယ်ရရ လေးဖွဲ့ရှိ တယ်။ ပြည်သူပြည်သားပါတီလို့ခေါ်တဲ့ ၂၁ ဦး
ပါတီ၊ ဦးချစ်လှိုင် ကြီးမှူးသော ဂျီစီဘီအေ၊ သက်ပန်း ဆရာတော် သြဝါ ဒခံ
ဦးစိုးသိန်း ကြီးမှူးသော ဂျီစီဘီအေနှင့် ရေဦး ဆရာတော် သြဝါဒခံ ဦးစု
ကြီးမှူးသော ဂျီစီဘီအေတို့ ဖြစ်ကြပါတယ်။
ဗြိတိသျှ အလိုတော်ရိ လုံးလုံးဖြစ်သူများရဲ့ အစုများနှင့် အခြားအစုကလေးများ ရှိပါသေးတယ်။ သို့သော် သူတို့က မပြော ပလောက်ပါဘူးဗျာ။
အမျိုးသားအင်အားစုများကြားမှာ
အဖွဲ့ လေးဖွဲ့ကွဲခြင်းဟာ ခေါင်းဆောင်တွေကြားမှာ ပုဂ္ဂိုလ်ရေးရာ
ကွဲလွဲမှုများကြောင့် ဖြစ်တယ်ဆိုရင် မှားလိမ့်မယ်။ သမိုင်းကို
အပေါ်ရံရှပ်ကြည့်ရာ ရောက်လိမ့်မယ်။ ခေါင်းဆောင်တွေရဲ့ ပုဂ္ဂိုလ်ရေး ကွဲလွဲမှု
များဟာ အာနိသင် ရှိသလောက်ရှိတယ်။ သို့သော် အဓိက အဟုတ်ဘူး။ ဘယ်သူကဖြင့်
ဒိုင်အာခီ အုပ်ချုပ်ရေး လက် အောက်မှာ တလ ငါးထောင်စား ရာထူးလိုချင်လို့
ဂျီစီဘီအေက ခွဲထွက်သွားတယ်။ ဘယ်သူက ဝံသာနု ရန်ပုံငွေတွေ သုံး ပစ်လို့
ဂျီစီဘီအေ ထပ်ကွဲရတယ်စသည်ဖြင့် ဝေဖန်သုံးသပ်ရင် အကြောင်းရင်းတွေ
ပျောက်ကုန်မယ်။
ပြည်သူ့ပါတီခေါ်တဲ့
၂၁ ဦး ပါတီနှင့် ဂျီစီဘီအေ ကွဲခြင်းဟာ အင်္ဂလိပ်က ပေးလိုက်တဲ့ ဒိုင်အာခီ
အုပ်ချုပ်ရေး (ပူတွဲတာဝန် ခံ ပြုပြင်ပြောင်းလဲရေး) ကို လက်ခံမလား
မခံဘူးလားဆိုတာပေါ်မှာ မှီပြီး ကွဲကြတယ်။ ဒိုင်အာခီအရ ရွေးကောက်ဖွဲ့စည်း
မည့် ဥပဒေပြု ကောင်စီကို ဝင်မလား သမိတ်မှောက်မလား ဆိုတာပေါ်မှာ တည်ပြီး
ကောင်စီဝင်ဂိုဏ်းနှင့် သပိတ်မှောက် ဂိုဏ်း ကွဲတာပဲ။
ဒိုင်အာခီကို
လက်ခံကြမည့် ၂၁ ဦးပါတီနဲ့ အသိုင်းအဝိုင်းများကလဲ ဒိုင်အာခီ
အုပ်ချုပ်ရေးရဲ့ အပြစ်များကို မြင်တယ်။ ဂျီစီ ဘီအေ ကလဲ ထိုအပြစ်များကို
မြင်တယ်။
အမှန်က
ဒိုင်အာခီ အုပ်ချုပ်ရေးဆိုတာ ဥပဒေပြုကောင်စီ မင်းတိုင်ပင် အမတ်များ၊
ပူတွဲတာဝန်ယူရသော အစိုးရအဖွဲ့ဝင် မင်းတိုင်းပင် အမတ်များ ပူတွဲတာဝန်ယူရသော
အစိုးရအဖွဲ့ဝင် ဝန်ကြီးများ စတဲ့ အဆောင်အယောင်တွေ အပြည့်ရှိပေ မယ့်
ဗြိတိသျှအစိုးရကခန့်တဲ့ ဘုရင်ခံနဲ့ အိုင်စီအက်စ် အရာရှိများ လက်ထဲမှာသာ
အချုပ်အချာ အာဏာရှိတယ်။
ဥပဒေပြုကောင်စီ
ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်ကိုလဲ များစွာ
ကန့်သတ်ချုပ်ချယ်ထားတယ်။ အင်္ဂလိပ်နဲ့ ကုလားကုန်သည်ကြီးများကို
အထူအခွင့်အရေးတွေ ပေးထားတယ်။
အင်္ဂလိပ်ကုန်သည် ၁၀၀ အတွက် အမတ်တယောက် ရွေးကောက်ခွင့်ရှိရင် မြန်မာ ၃၀ ၀၀၀ အတွက် အမတ်တယောက် ရွေးခွင့်ရှိတယ်။
ဒီတော့ ဒိုင်အာခီ ကောင်းတယ်လို့ ဘယ် မြန်မာအမျိုးသားရေး ဝါဒသမားကမှ မပြောနိုင်ဘူး …..
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com