" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

AC Induction Motor အကြောင်း - ၂

Power Factor
AC indcution မော်တာများတွင် Input Electrical Power ဘက်၌ Power Factor ရှိသည်။ Power Factor ဆိုသည်မှာ Active Power (True Power ဟုလည်းခေါ်သည်။) ကို Apparent Power နှင့်စားထားသည့် အချိုးဖြစ်သည်။ Power Factor ၏ တန်ဘိုးမှာ ၀ မှ ၁.၀ အတွင်းဖြစ်နိုင်သည်။ Resistive Load လုံးဝဖြစ်နေသည့်အခါတွင် Reactive Power လုံးဝမရှိသောကြောင့် အမြင့်ဆုံး Power Factor ၁.၀ ကို ရရှိနိုင်သည်။ သိုသော် အဆောက်အဦးများနှင့် စက်မှုလုပ်ငန်းများ အတွင်းတွင် Resistive Load မရှိ၍မဖြစ်နိုင်သောကြောင့် Reactive Power သည် အလွန်များသည်။ ထိုကြောင့် Power Factor သည် ၁.၀ ထက်နည်းလေ့ရှိသည်။
Reactive Power သည် စည်ဘီယာခွက်ထဲတွင်ရှိသည့် အမြုတ်နှင့်တူသည်။ သောက်၍ရသည့် ဘီယာအရည်သည် Active Power နှင့်တူသည်။ Active Power တစ်ခုတည်းသာဝယ်၍မရနိုင်။ ထိုကြောင့် စည်ဘီယာခွက်တွင် အမြုတ်နှင့် အရည် အတူရှိသည်။ သောက်သူအတွက်အကျိုးမရှိသော်လည်း ရောင်းသူက အရည်ကော၊ အမြုတ်ကိုပါ ထည့်၍ပေးရသည်။
ထိုအတူပင် Active Power ကိုသာ မော်တာအသုံးပြုသူများက လိုအပ်သော်လည်း လျှပ်စစ်ဓါတ်အားထုပ်လုပ်သူများက (Utility Company) များက Active Power နှင့် Reactive Power နှစ်ခုပေါင်းဖြစ်သည့် Total Power ကို ရောက်အောင်ပို့ဆောင်ပေးရသည်။ Reactive Power သည် Power Transmission နှင့် Distribution System များအတွက် Extra Load ကို ဖြစ်စေသည်။ ကေဘယ်ကြိုးများနှင့် ထရန်စဖော်မာ များကိုလည်း Total Power အလိုအပ်ချက်အတိုင်းပြုလုပ်ထားပေးရသည်။ Power Factor နည်းသည့် သို့ ညံ့သည့် မော်တာများအတွက် Utility Company က Total Power ပိုပေးရသည်။ (ရသည့် Active Power မှာ အတူတူပင်ဖြစ်သော်လည်း)။ ထိုကြောင့် ၀.၈ ထက်နည်းသည့် Power Factor ရှိသော consumer များကို Utility Company က ဒဏ်ကြေးပေးဆောင်စေသည်။
မော်တာတွင်ရှိသည့် (number of poles) ပိုးလ် များ နည်းလေလေ၊ မော်တာ ၏ Power Factor များ လေလေ သို့ကောင်းလေလေဖြစ်သည်။
(number of poles) ပိုးလ် များ နည်းလေလေ၊ အပတ်ရေနှုန်(Speed) များလေလေဖြစ်သည်။
မော်တာ ၏ loading % များလေလေ Power Factor များ လေလေ သို့ကောင်းလေလေဖြစ်သည်။ မော်တာ၍ အပတ်ရေနှုန်(Speed) များလေလေ Power Factor ကောင်းလေလေဖြစ်သည်။ ထိုကြောင့် Speed များသည့် မော်တာအတွက် Power Factor ကောင်းရန်လိုအပ်သော Capacitor အရွယ်အစားမှာ သေးငယ်လေ့ရှိသည်။
ထိုကြောင့် over sized မော်တာများတွင် Power Factor ညံ့သည်ကိုတွေ ရလေ့ရှိသည်။ မော်တာကိုမည်သည်ဝန်နှင်မျှချိတ်ထားခြင်းမရှိသည့်အချိန်(no load) တွင် မော်တာသုံးစွဲသည့် current မှာ အလွန်များသည် အဘယ်ကြောင့်ဆိုသော် active load လုံးဝမရှိဘဲ Reactive load သာရှိသော ဖြစ်သည်။



မော်တာသည် Active Power (True Power )ကို သာ အသုံးပြုသော်လည်း လျှပ်စစ်ဓါတ်အားထုပ်လုပ်သည့် Company သည် Apparent Power ကို လုံလောက်အောင်ရအောင် ပြုလုပ်ပေးထားရသည်။ တနည်း Reactive Power နှင့် Active Power (True Power ) တို့နှစ်ခုပေါင်းအတွက် လျှပ်စစ်ဓါတ်အားပေးပို့ရသည်။ လျှပ်စစ်ဓါတ်အားထုပ်လုပ်သည့် Company သည် Apparent Powerအတွက်ပါ Generation, Transmission နှင့် Distribution Sysmtem များအတွက် အကုန်အကျခံထားရသောကြောင့် Power Factor နိမ့်သော အသုံးပြုသူများကို ဓါတ်အားခ ပိုမိုကောက်ခံလေ့ရှိသည်။
Poles များ သည့် AC indcution မော်တာများသည် Poles နည်းသည့် မော်တာများထက် Power Factor နိမ့်သည်။ Poles များလေလေ Power Factorနည်းလေလေဖြစ်သည်။
မည်သည်မော်တာတွင်မဆို မော်တာ Loading များလေလေ Power Factor များ လေလေဖြစ်သည်။ Over size လုပ်ထားသည်မော်တာများတွင် Power Factorနည်းသည်ကို ထင်ရှားစွာတွေ့ နိုင်သည်။

Power Factor နည်းခြင်း၏ အပြစ်များ
သုံးစွဲသူများ၏ Power Factor နည်းခြင်းကြောင့် လိုသည်ထက်ပို၍ကြီးမားသော Power Plant လိုအပ်သည်။
Overloading ဖြစ်နိုင်ခြေရှိသည်။
Power Factor နည်းခြင်းကြောင့် Current များများစီးရန်လိုအပ်သည်။ Current များများစီးခြင်းကြောင့် energy losses ပိုများသည်။

Power Factor ကောင်းရန်နည်းလမ်းများ
Capacitor ကို မော်တာနှင့် Parallel တပ်ဆင်ခြင်းကြောင့် Reactive Power ကို လျော့ချနိုင်သည်။ Reactive Power ကို လျော့နည်းခြင်းကြောင့် Power Factor ပို ကောင်းလာမည်။
Capacitor တပ်ဆင်ထားခြင်းကြောင့် Capacitorအတွင်း၍ရှိသော Capacitive current သည် Power Supply ဘက်မှရှိသော Lagging inductive current ကို ခြေဖျက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် Capacitive current သည် Leading Current ဖြစ်သောကြောင့် Lagging inductive current ကို ခြေဖျက်နိုင်သည်။
Power Factor Correction
Static Correctioin နှင့် Bulk Correction ဟု၍ နှစ်မျိုးရှိသည်။
Static Power Factor Correction
မော်တာများ၏ Starter တိုင်းနှင့် Capacitor ကို ချိတ်ဆက်ထားခြင်းကို Static Power Factor Correction ဟုခေါ်သည်။ များသောအားဖြင့် အလွန်ကြီးမားသောမော်တာများတွင်အသုံးပြုလေ့ရှိသည်။ Line Losses ကို လျော့ချရန်အသုံးပြုလေ့ရှိသည်။ သတ်မှတ်ထားသော သီးသန့် Load သို့ မော်တာတစ်ခုကို တပ်ဆင်ရန်ဖြစ်သောကြောင့် Capacitor size ကို အလွယ်ကူစွာ ရွှေးချယ်နိုင်သည်။

Bulk Power Factor Correction
Capacitor များကို Distribution Board များ၌တပ်ဆင်ပြီး Starter များတစ်ခုစီမှ independently controlled လုပ်ခြင်းမျိုးကို Bulk Power Factor Correction ဟုခေါ်သည်။
စုပေါင်းတပ်ဆင်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာသည်။ Lower cost per kVAR installation.
မော်တာအမြောက်အများအတွက် Autoatic switching ပြုလုပ်၍လည်းအသုံးပြုနိုင်သည်။

ဥပမာ ၁
Active Power ၁၀၀၀kW ရှိသည့် ဆားကစ်တစ်ခုတွင် line current သည် 2000A ဖြစ်ပြီး line voltage သည် 400V ဖြစ်သည်။ Power Factor ကို 0.9 အထိတက်ရန်အတွက် ထည့်ရမည့် အသင့်လျော်ဆုံးသော Capacitor ၏ kVAr rating ကို တွက်ပါ။
အဖြေ 476 kVAr
ဥပမာ ၂
ဝန်ဖြင့်မောင်းနေသော မော်တာတစ်လုံး၏ Power Factor ကို သိရန်အတွက် အောက်ပါ အချက်အလက်များကို တိုင်းတာရရှိထားပါသည်။ ထိုမော်တာ၏ Full Load Power Factor ကို ရှာပါ။
Motor Rated Power = 30kW ( From Catalogue)
Motor Efficiency = 88% ( From Catalogue)
Full Load Current = 58 A (measured by current clamp meter or tong meter)
Supply voltage = 400V (measured by multi-meter)
အဖြေ = 0.85
ဥပမာ ၃
၁၀၀၀kW load အတွက် Lagging Power Factor သည် 0.8 ဖြစ်သည်။ Apparent Power နှင့် Reactive Power တို့ကိုရှာပါ။ Power Factor ကို 0.9 အထိကောင်းရန် တပ်ဆင်မည့် Capacitor Bank ၏ kVAr တန်ဘိုးကိုရှာပါ။
အဖြေ = 266  

Supply Voltage to Motor နှင့် ဗို့အားမညီမျှခြင်း (Unbalanced Voltage)
AC မော်တာများကို Supply Volrage အတက်အကျဒဏ်ခံနိုင်ရန်အတွက် ဒီဇိုင်းပြုလုပ်ရောင်းချကြသည်။ NEMA Standard အရ သတ်မှတ်ထားသော Voltage မှ အနိမ့် အမြင့် ၁၀% ကို လက်ခံနိုင်အောင်ပြုလုပ်ထားလေ့ရှိသည်။ တနည်း 400 volt အတွက် ထုတ်လုပ်ထားသော မော်တာ တစ်လုံးသည် 420 volt နှင့် 380 volt အတွင်းတွင် ကောင်းစွာမောင်းနိုင်သည်။ 400 volt ၏ +၁၀%မှာ 420Volt ဖြစ်ပြီး -၁၀% မှာ 380 volt ဖြစ်သည်။
Supply Voltage အလွန်မြင့်တက်ခြင်း သို့ အလွန်ကျဆင်းခြင်းသည် မော်တာကို over heating ဖြစ်စေသည်။ Supply Voltage အလွန်မြင့်တက်ခြင်း High voltage ပေးသကဲ့သို့ဖြစ်သောကြောင့် မော်တာကို အလွန်ပူစေသည်။ Supply Voltage အလွန်ကျဆင်းခြင်းကြောင့် High Current ကို စီးဆင်းစေသည်။ ထိုကြောင့် မော်တာကို အလွန်ပူစေသည်။
3 Phases ရှိသည့် အနက် Phases မှ voltage နှင့် အခြား Phases မှ voltage ကွာခြားခြင်းကို ဗို့အားမညီမျှခြင်း (Unbalance Voltage) ဖြစ်သည်ဟုခေါ်သည်။ Unbalanced Voltage between phases ကြောင့် မော်တာ၏ Efficiency သည်အလွန် ကျဆင်းနိုင်သည်။ Unbalanced Voltage ၅% ဖြစ်လျှင် မော်တာ Losses ၃၀% ပိုများလာသည်။
မော်တာကို ပေးသည့် ဗို့ အား သည် Unbalanced Voltage ၅% ဖြစ်လျှင် မော်တာ၏ စွမ်းအားသည် ၂၅% ကျဆင်းသွားသည်။ တနည်း de-rated ၂၅% ဖြစ်နိုင်သည်။
NEMA ၏ သတ်မှတ်ချက်အရ Voltage Unbalance ဆိုသည်မှာ
(Max. voltage) - (Average Voltage of 3 Phases )
Unbalance % = ----------------------------------------------------------------- x 100
average voltage of the 3 phases
ဥပမာ
Line to Line Voltage တိုသည့် 442,445,440 တို့ဖြစ်လျှင် Voltage Unbalance ကို တွက်၍ ရာခိုင်နှုန်းဖြင့်ဖော်ပြပါ။
Average of Voltage of 3 phase = (442+445+440)/3 = 442.33
Unbalance % = (445-442.33)/442.33=0.6%
အဖြေ 0.6%
Unbalance Voltage ကို သိနိုင်ရန် Ground fault indicator ကိုတပ်ဆင်ထားသင့်သည်။ မော်တာများကို နှစ်စဉ် thermographic inspection ပြုလုပ်သင့်သည်။ 120Hz vibratioin ဖြစ်နေခြင်းကြောင့် ထိုမော်တာသည် ဗို့အားမညီမျှခြင်း (Unbalanced Voltage) ဖြစ်နေကြောင်းသိနိုင်သည်။

ဗို့အားမညီမျှခြင်း ကိုရှင်းလင်းရန် နည်းကောင်းများ (Eliminate Voltage Unablance) ကို ရှာဖွေနိုင်ရန်အတွက် unbalanced voltages ဖြစ်စေသောအကြောင်းများကို နည်းလည်သဘောပေါက်သင့်သည်။
၁) လျှပ်စစ်ဓါတ်အားပို့လွှတ်သည့်နေရာမှ unblance ဖြစ်ခြင်း (Unbalanced incoming utility supply)
၂) transformer tap setting များ မတူညီကြခြင်း (Unequal transformer tap settings)
၃) A large single-phase distribution transformer on the system
၎) An open phase on the primary of a three-phase distribution transformer
၅) Faults or grounds in the power transformer
၆) Open delta-connected transformer banks
ရ) A blown fuse on a bank of three-phase power factor improvement capacitors
၈) Unequal impedance in conductors of power supply wiring
၉) Phase တစ်ခုတည်း တွင် load များစွာ ချိတ်ထားခြင်း (Unbalanced distribution of single-phase loads such as lighting)
၁၀) single-phase ဂဟေဆော်စက်ကို အသုံးပြုနေခြင်း (Heavy reactive single-phase loads such as welders)
၁၁) Large heater controls that cycle rapidly
၁၂) Power Factor correction equipment များ ပျက်စီးနေခြင်း သို့ ကောင်းစွာအလုပ်မလုပ်ခြင်း

Motor insulation
မော်တာများ ပျက်စီးရခြင်း၏ အဓိကအကြောင်းမှာ Operating Temperature မြင့်တက်လာမူကြောင့်ဖြစ်သည်။ မော်တာများသည် High Current ကြောင့်သော်၎င်း၊ Contamination ကြောင့်သော်၎င်း Operating Temperature မြင့်တက်လာတတ်သည်။ insulation Class သည် အသုံးပြုသည့် ပစ္စည်းအမျိုးအစားနှင့်တည်ဆောက်ထားပုံပေါ်တွင်မူတည်၍ကွဲပြားသည်။ မြင့်မားသည့် Operating Temperature တွင်မောင်းသည့်မော်တာများ၏ သက်တမ်းမှာ သတ်မှတ်ထားသည့် ထက်တိုလေ့ရှိသည်။
မော်တာများသည် insulation အမျိုးအစားပေါ်တွင်မူတည်၍ ခံနိုင်သည့်အပူချိန် (Winding Temp) ကွဲပြားခြားနားသည်။ Class A မော်တာ၏ အများဆုံးခံနိုင်သော အပူချိန်မှာ 105 C ဖြစ်သည်။
Motor insulation ၏ Standard များမှာ မတူညီကြပေ။ အထက်ပါဇယားသည် NEMA Standard အရသတ်မှတ်ထားသော Motor insulation Class များဖြစ်ကြသည်။
ACMV Equipment များအတွက် အသုံးသော မော်တာများ၏ Motor insulation Class F ဖြစ်သည်။
အထက်ပါ ဂရပ်သည် မော်တာ Insulation အမျိုးအစားနှင့် Winding Temp (C) နှင့် မော်တာ၏ သက်တမ်းတို့ကို ဖော်ပြသည် ဂရပ်ဖြစ်သည်။
Insulation F အမျိုးအစားမော်တာသည် Insulation B အမျိုးအစား မော်တာထက် ပို၍မြင့်သည့် အပူချိန်ကို ခံနိုင်သလို ပို၍လည်းကြာကြာခံနိုင်သည်။ မော်တာတစ်လုံး၏ Winding Temp အပူချိန်တက်လာ လာလေလေ ကြာကြာမခံလေလေဖြစ်သည်။ တနည်းသက်တမ်းတိုသည်။
Service Factor
မော်တာများကို Ambient Temp ထက်ပိုသည့် ခွင့်ပြုထားသော အပူချိန် အတွက် ဒီဇိုင်းပြုလုပ်ထားကြသည်။ Service Factor ဆိုသည်မှာ သတ်မှတ်ထားသည့် အခြေနေများ(အပူချိန်၊စိုထိုင်းဆ..) အတွင်းတွင် Rated Power ( သို့ Name Plater Power) ထက်ပို၍ အဆက်မပြတ် မောင်းနိုင်သည့် စွမ်းရည်ကို ဆိုလိုသည်။ မော်တာအများစု ၏ Service Factor မှာ 1.0 သို့ 1.15 ဖြစ်သည်။
ဥပမာ ၁၀ကောင်အားမော်တာတစ်လုံး၏ Service Factor မှာ 1.15 ဖြစ်သည်။ ထိုဆိုလိုချက်မှာ ယင်းမော်တာသည် ၁၁.၅ကောင်စွမ်းအားဖြင့် အဆက်မပြတ် မောင်းနိုင်သည့် စွမ်းရည်ကို ဆိုလိုသည်။သို့သော် NEMA Standard အရသတ်မှတ်ထားသော Motor insulation Class ၏ Allowable temperature raise 105C ( for Class F) ကို တော့ မကျော်လွန်ရပေ။
Motor insulation class F အမျိုးအစား ၁၀ကောင်အားမော်တာတစ်လုံး Allowable temperature raise 105C ဖြစ်သည်။
သို့သော် Service Factor 1.0 သာရှိသည့် ၁၀ကောင်အားမော်တာတစ်လုံးကို ၁၁.၅ကောင်ဝန်ဖြင့်မောင်းလျှင် ထိုမော်တာသည့် ကြာမြင့်စွာမခံနိုင်ပေ။
Motor Enclosures

လျှပ်စစ်မော်တာ၏ စွမ်းအင်ဆုံးရှုံးမှုများ Motor Losses

 
လျှပ်စစ်မော်တာသည် လျှပ်စစ်စွမ်းအင် (electrical energy input)မှ စက်မှုစွမ်းအင်(mechanical energy output)သို့ပြောင်းပေးသည့်  ကိရိယာတစ်မျိုးဖြစ်သည်။ မော်တာ၏ Efficiency သည် စက်မှုစွမ်းအင်(mechanical energy output) ကို လျှပ်စစ်စွမ်းအင် (electrical energy input) နှင့်စားထားသည့်အချိုးဖြစ်သည်။

စွမ်းအင်တည်မြဲမှုနိယာမအရ
 လျှပ်စစ်စွမ်းအင် (electrical energy input) = စက်မှုစွမ်းအင်(mechanical energy output) + ဆုံးရှုံးမှူများ(losses)
 မော်တာ၏ losses များလေလေ Efficiency နည်းလေလေဖြစ်သည်။


Copper loss    
Copper losses ဆိုသည်မှာ မော်တာ၏ Rotor နှင့် Stator များတွင်ရှိသော ကြေးနီ(Copper) ဝိုင်ယာများအတွင်းတွင် လျှပ်စစ်စီးဆင်းမှုကြောင့်ဖြစ်ပေါ်လာသော losses ဖြစ်သည်။ ကြေးနီ(Copper) ဝိုင်ယာများ သည် မော်တာ၏ Rotor နှင့် Stator နှစ်ခုစလုံးတွင်ရှိသောကြောင့် Rotor ရော Stator တွင်ပါ Copper losses ဖြစ်ပေါ်သည်။
Stator winding နှင့် Rotor winding တို့ ၏ Resistance ကြောင့်ဖြစ်သည်။

Stator နှင့် Rotor winding အတွင်းတွင် current ဖြတ်စီးခြင်းကြောင့် Stator Copper losses ဖြစ်ပေါ်လာသည်။ ထို Losses ဖြစ်သည့်ပမာဏမှာ ဖြတ်စီး သည့် current နှစ်ထပ်ကိန်းနှင့် Resistance တို့မြှော်ခြင်း ဖြစ်သည်။
Losses = Current(I) x Current(I) x Resistance

ထို လျှပ်စစ်စွမ်းအင်များသည် မလိုလားအပ်သည့် အပူ(heat)အဖြစ်သို့ ပြောင်းလဲသွားပြီး စွမ်းအင်ဆုံးရှုံးမှုဖြစ်ပေါ်သည်။
ထိုကြောင့်မော်တာသည် လိုအပ်သည်ထက်ပိုပူလေလေ စွမ်းအင်ဆုံးရှုံးမှုများလေလေဖြစ်သည်။


Copper loss ကြောင့်ဖြစ်သော စွမ်းအင်ဆုံးရှုံးမှုလျော့နည်းစေရန် Stator Slot ကို ပြောင်းလဲနိုင်သည်။
Stator winding တွင်းတွင်ရှိသော ဝိုင်ယာ၏ ထုထည်(Volume) များလာစေရန် Insulation thickness ကိုလျှော့ ချနိုင်သည်။
Rotor ၏ Copper losses နည်းစေရန် conductive bar နှင့် End ring ၏ အရွယ်အစားကိုတိုးပေးနိုင်သည်။ ထိုသို့ တိုးပေးခြင်းဖြင့် Resistance ကို လျှော့နည်းစေနိုင်သည်။

Copper losses သည် စွမ်းအင်ဆုံးရှုံးမှုစုစုပေါင်း (Total losses ) ၏ ၅၈%ဖြစ်သည်။


Core losses
Core losses သည် Eddy current losses နှင့် hysteresis တို့ဖြစ်သည်။
Core material (hysteresis) အား  သံလိုက်စက်ကွင်း(magnetized) ဖြစ်ရန်အတွက်လိုအပ်သော စွမ်းအင်ဖြစ်သည်။ Core material ၌ Eddy current ဖြစ်ပေါ်ရန်အတွက် စွမ်းအင်အချို့ ဆုံးရှုံးမှုဖြစ်ပေါ်သည်။

 Improved permeability electromagnetic (Silicon) Steel ကို အသုံးပြုခြင်းဖြင့် Core losses ဖြစ်ပေါ်မှုနည်းအောင်ပြုလုပ်နိုင်သည်။ Core ကို ပိုမိုရှည်လျားအောင်ပြုလုပ်ခြင်းဖြင့် magnetic flux densities သည် လျှော့ နည်းလာကာ Core losses ဖြစ်ပေါ်မှုလည်းနည်းလာသည်။ Thinner Steel laminations ကိုအသုံးပြုခြင်းဖြင့် Eddy current losses ကိုလည်းနည်းအောင်ပြုလုပ်နိုင်သည်။

Core losses နှင့် Windage losses တို့သည့် မော်တာ၏ ဝန် (load)နှင့်မသက်ဆိုင်ပေ။ loading % များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ Core losses နှင့် Windage losses တို့မှာ မပြောင်းလဲပေ။
Core losses သည် စွမ်းအင်ဆုံးရှုံးမှုစုစုပေါင်း (Total losses ) ၏ ၁၂%ဖြစ်သည်။
 
 Windage and friction losses
Windage သည် မော်တာအားအေးအောင် (အပူချိန်မတက်အောင်) တပ်ဆင်ထားသော ပန်ကာကြောင့်ဖြစ်သော စွမ်းအင်ဆုံးရှုံးမှုဖြစ်သည်။ ပန်ကာအားဒီဇိုင်းကောင်းအောင်ပြုလုပ်ခြင်းဖြင့်လည်း Windage losses ကိုလျှော့နည်းစေနိုင်သည်။
Windage and friction losses  သည် စွမ်းအင်ဆုံးရှုံးမှုစုစုပေါင်း (Total losses ) ၏ ၁၄%ဖြစ်သည်။

friction losses သည်မော်တာတွင်တပ်ဆင်ထားသော ဘယ်ရင်(Bearing) မှ ဖြစ်ပေါ်လာသည်။

Stray losses
Load current က induce လုပ်သောကြောင့် leakage fluxes များဖြစ်ပေါ်လာကာ စွမ်းအင်ဆုံးရှုံးမှုဖြစ်ပေါ်ခြင်းဖြစ်သည်။ Surface losses နှင့်  Harmonics တို့သည် Stray losses ထဲတွင်ပါဝင်သည်။ Stray losses ကို အတိအကျသိနိုင်ရန်အလွန်ခက်ခဲသည်။ အခြားသော မပြောပလောက်သည့် losses များသည် Stray losses တွင် အကျုံးဝင်သည်။

Stator losses, Rotor losses နှင့် Stray losses တို့သည် ကို “on load losses” ဟုခေါ်သည်။ “on load losses” သည် မော်တာ ၏ loading % ပေါ်တွင်မူတည်သည်။ loading % များလေ “on load losses” များလေဖြစ်သည်။
 Stray losses သည် စွမ်းအင်ဆုံးရှုံးမှုစုစုပေါင်း (Total losses ) ၏ ၁၅%ဖြစ်သည်။


Copper loss (58%)
Stator Loss
Rotor Loss
Core (Iron) loss
(12%)
Eddy Current loss
Hysteresis loss
Windage and Friction loss
(14%)
External Fan Windage
Internal Fan Windage
Bearing , Grease
Stray loss (15%)
Surface loss
Harmonics
Leakage flux

 
 


MOTOR EFFICIENCIES

High-efficiency motors are built to reduce motor energy loss.
  • Larger-diameter wire, increasing the volume of copper by 34 to 40%. This change reduces copper losses that result naturally from current passing through the copper-wire windings.
  • Larger wire slots to accommodate larger wire. This reduces the amount of active steel in each steel lamination.
  • Longer rotor and stator core to compensate for the loss of steel and the resultant need to add more laminations.
  • High-grade silicon steel laminations approximately 0.018 in. thick, having an electrical loss of 1.5 W/lb. The chemical makeup and thinner gage of the laminations, plus a coating of inorganic insulation on each piece, reduce eddy current losses. Special annealing and plating of rotor and stator components and use of high-purity cast aluminum rotor bars reduce hysteresis losses.
  • Higher-grade bearings reduces friction loss.
  • Smaller, more efficient designs reduce windage losses in fan-cooled motors.
  • Tighter tolerances and more stringent manufacturing-process control reduce losses from unplanned conducting paths and stray load phenomena.

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...