လျှပ်စစ်မော်တာများကို အကြမ်းအားဖြင့် ၃ မျိုးခွဲခြားနိုင်သည်။
က) AC induction Motors
ခ) DC Motors
င) Synchronous Motors
ACMV တွင် အသုံးများသော လျှပ်စစ်မော်တာများမှာ AC
induction Motors များဖြစ်ကြသည်။ ထိုကြောင့် ACMV
အင်ဂျင်နီယာတစ်ယောက်နေဖြင့် AC induction Motors များကို
သေးစိတ်လေ့လာရန်လိုအပ်သည်။
AC induction Motors များကို Squirrel Cage Motors AC
induction Motors နှင့် Wound Rotor AC induction Motors
ဟု၍နှစ်မျိုးကွဲပြားသည်။
ခ) DC Motors
င) Synchronous Motors
Squirrel Cage Motors AC induction Motors | Wound Rotor AC induction Motors |
Wound Rotor ထက် ဈေးနှုန်းသက်သာသည်။ (မော်တာအရွယ်တူခြင်းနိုင်းယှဉ်လျှင်) | Squirrel Cage Motors ထက် ဈေးနှုန်းများသည်။ (မော်တာအရွယ်တူခြင်းနိုင်းယှဉ်လျှင်) |
ပြုပြင်ထိန်းသိမ်းခနည်းသည်။(low maintenance) | ပြုပြင်ထိန်းသိမ်းခများ သည်။ |
High realibility | Excellent Speed Control - လိုအပ်သည့် မော်တာလည်ပတ်ကို ရရှိနိုင်သည်။ |
A farily Wide rage of torque and slip charactireistic ကိုဝယ်ယူရရှိနိုင်သည်။ |
High Starting Torque- မော်တာစတင်မောင်းနှင်ချိန်တွင် အားကောင်းသော Torque ကို ရရှိနိုင်သည်။ Low Starting current မော်တာစတင်မောင်းနှင်ရန်အတွက် အနည်းငယ်သော current သာလိုအပ်သည်။ |
Albe to handle High -inertia Load ကိုမောင်းရန်အတွက်သင့်လျှော်သည်။ | |
Albe to handle frequent Stats and Stops အချိန်အနည်းငယ်အတွင်းတွင် အခါများစွာ စမောင်းခြင်း။ ရပ်နားခြင်းပြုလုပ်ရန်လိုအပ်သော လုပ်ငန်များအတွက်သင့်လျှော်သည်။ | |
Albe to handle reduced speed (low speed) for long periods မော်တာလည်ပတ်နှန်းကို လျှော့နည်းပြီးအချိန်ကြာမြင့်စွာ မောင်းရန်အတွက်သင့်လျှော်သည်။ |
AC induction Motors မော်တာများသည်
အသုံးပြုသည့်လျှပ်စစ်ဓါတ်အားပေါ်တွင်မူတည်၍ှSingle Phase မော်တာ နှင့်
Single Phase မော်တာ ဟု၍ကွဲပြားသည်။
AC လျှပ်စစ်မော်တာ၏လည်ပတ်နှန်းများ
(120 x Frequency ) | ||
Synchronous Speed (rpm) | = -------------------------- | |
Number of poles |
Synchronous Speed (rpm)သည် သီအိုရီအရ
သို့တွက်ချက်မှုအရ အမြင့်ဆုံးဖြစ်နိုင်သည့် လည်ပတ်နှန်းဖြစ်သည်။ AC
လျှပ်စစ်မော်တာ၏ အမြင့်ဆုံးလည်ပတ်နှန်း သို့ Synchronous Speed မှာ
ယင်းမော်တာကို ပေးသည့် AC လျှပ်စစ်ဓါတ်အား၏ Frequency နှင့်
ယင်းမော်တာကိုတည်ဆောက်ထားသည့် Number of poles များ၏
ရေအတွက်ပေါ်တွင်မူတည်သည်။
ဥပမာ(၁) စင်ကာပူနိုင်ငံတွင်မောင်းသည့် 4 poles မော်တာတစ်လုံး၏ Synchronous Speed (rpm) မှာ တစ်မိနစ်လျှင် အပတ်ရေ ၁၅၀၀ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စင်ကာပူနိုင်ငံ၏ AC လျှပ်စစ်ဓါတ်အား၏ Frequencyမှာ 50 Hz ဖြစ်သောကြောင့်ဖြစ်သည်။
(120 x Frequency=50 ) | ||
Synchronous Speed (rpm) | = -------------------------- | = 1500 rpm |
Number of poles=4 |
ဥပမာ(၁) ထိုင်းနိုင်ငံတွင်မောင်းသည့် 2 poles မော်တာတစ်လုံး၏ Synchronous Speed (rpm) မှာ တစ်မိနစ်လျှင် အပတ်ရေ ၃၆၀၀ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ၏ AC လျှပ်စစ်ဓါတ်အား၏ Frequencyမှာ 60 Hz ဖြစ်သောကြောင့်ဖြစ်သည်။
(120 x Frequency=60 ) | ||
Synchronous Speed (rpm) | = -------------------------- | = 3600 rpm |
Number of poles=2 |
Slip (မော်တာအတွင်းစလစ်ဖြစ်မှုများ)
AC လျှပ်စစ်မော်တာ များသည် load (ဝန်) နှင့်မောင်းသည့်အခါ ၏လည်ပတ်နှန်းများ မော်တာအတွင်းစလစ်ဖြစ်မှုများ(Slip)များဖြစ်ပေါ်သည်။ ထိုအခါ ဝန်နှင့်မောင်းနေသည့် လည်ပတ်နှန်း သည် Synchronous Speed (rpm) လျော့နည်းသည်။ (ဝန်နှင့်မောင်းနေသည့် လည်ပတ်နှန်း ကို Actual Speed ဟုခေါ်သည်။) ထိုလျော့နည်းမှု သို့ ထိုကွာဟချက်ကို Slip ဟုခေါ်သည်။
မော်တာအတွင်းတွင် Rotor နှင့် Stator ဟု၍ရှိသည်။ AC လျှပ်စစ်ဓါတ်အားသည် Stator အတွင်းတွင်သာဖြစ်သန်းစီးဆင်းသည်။ Rotor အတွင်း၍လုံးဝဖြစ်သန်းစီးဆင်းခြင်းမရှိပေ။ Magnetic Field များသည် လည်ပတ်နှန်းနှစ်ခုကွာဟချက်ကြောင့်သာဖြစ်ပေါ်လာနိုင်သည်။ တနည်း Magnetic Field ဖြစ်ပေါ် ရန် AC induction မော်တာတိုင်းတွင် Slip ဖြစ်ပေါ်သည်။
ယေဘူယအားဖြင့် AC induction မော်တာတိုင်းတွင် Slip ၅%ရှိသည်။ တနည်း Actual Speed ( at Full load) သည့် Synchronous Speed (rpm) ထက် ၅%လျော့နည်းသည်။
သို့သော် High Starting Torque လိုအပ်သည့်မော်တာများတွင် Slip သည် ၂၀% အထိရှိတတ်သည်။
Slip = Synchronous Speed (rpm) - Actual Speed(rpm)

ဥပမာ 2 poles မော်တာ တစ်လုံးသည် 50 Hz လျှပ်စစ် ပါဝါ
နှင့်မောင်းသည့် အခါ လည်ပတ်ရေ ၂၉၀၀ ဟုတိုင်းတာရရှိလျှင် Slip
မည်မျှဖြစ်သည်ကိုရှာပါ။
50 Hz လျှပ်စစ် ပါဝါ နှင့်မောင်းသည့်2 poles မော်တာ တစ်လုံး၏ Synchronous Speed (rpm) မှာ ၃၀၀၀ ဖြစ်သည်။
Slip = Synchronous Speed (rpm)မှာ ၃၀၀၀ - Actual Speed(rpm) မှာ ၂၉၀၀ = ၁၀၀ rpm ဖြစ်သည်။
50 Hz လျှပ်စစ် ပါဝါ နှင့်မောင်းသည့်2 poles မော်တာ တစ်လုံး၏ Synchronous Speed (rpm) မှာ ၃၀၀၀ ဖြစ်သည်။
Slip = Synchronous Speed (rpm)မှာ ၃၀၀၀ - Actual Speed(rpm) မှာ ၂၉၀၀ = ၁၀၀ rpm ဖြစ်သည်။
Motor Torque Speed Curves
ပုံတွင်ပြထားသည့် Motor Torque Speed Curves တွင် Point A, B, C, D, E တို့ကို နားလည်ရန်လိုအပ်ပါသည်။
X ဝင်ရိုးသည် Synchronous Speed ကို % ဖြင့်ဖော်ပြထားပြီး Y ဝင်ရိုးသည် Full load Torque (Rated Torque) ကို % ဖြင့်ဖော်ပြထားသည်။ 50 Hzလျှပ်စစ်ဓါတ်အားဖြင့်မောင်းသည် 4 pole မော်တာ ၏ ၁၀၀% Synchronous Speed မှာ တစ်မိနစ်လျှင် အပတ်ရေ ၁၅၀၀ ဖြစ်သည်။ ထိုမော်တာ၏ ၁၀၀% Full load Torque (Rated Torque) မှာ မော်တာ၏မြင်းကောင်ရေအားပေါ်တွင်မူတည်သည်။

Point “A” Locked rotor torque သို့ Starting Torque ( Startup Torque)
Locked rotor torque ကို Starting Torque ဟုလည်းခေါ်သည်။ Speed =0 မှာရရှိနိုင်သော torque ဟုလည်းမှတ်ယူနိုင်သည်။ မော်တာဒီဇိုင်းကွာလျှင် Locked rotor torque သို့ Starting Torque လည်းကွာသည်။ Conveyor တွင်သုံးပြုမည့် မော်တာသည် အလွန့် မြင့်မားသော Starting Torque ရှိရန်လိုအပ်သည်။ ပန်ကာများနှင့် ရေပန့်များတွင်အသုံးပြုသည့် မော်တာများသည် အလွန်မြင့်မားသော Starting Torque ရှိရန်မလိုအပ်ပါ။ Locked rotor torque သည် Full Load torque ထက် ၂၀% မှ ၃၀% အထိများလေ့ရှိသည်။
Point “B” Pull-up Torque သို့ Pull-in Torque
Pull-up Torque သည် မော်တာတစ်လုံး၌ဖြစ်ပေါ်နိုင်သော လိုအပ်သည် အပတ်ရေသို့ရောက်အောင် အရှိန်ယူနေချိန်တွင်ဖြစ်ပေါ်သော အနိမ့်ဆုံး Torque ( Minimum Torque) ဖြစ်သည်။ မော်တာတစ်လုံးသည် စတင်လည်ပတ်ပြီး အရှိန်ယူနေချိန်တွင် အနည်းဆုံးသော Minimum Torque ကို ပေးသည်။ Pull-up Torque သည် Synchronous Speed၏ 20% မှ 40% အတွင်းဖြစ်ပေါ်လေ့ရှိသည်။
Point “C” Breakdown Torque သို့ Pull out Torque
Breakdown Torque သည့် မော်တာတစ်လုံး၏ အမြင့်ဆုံး (Maximum) Torque ဖြစ်သည်။ Breakdown Torque သည် Full load torque ထက်၂ ဆခန့် များသည်။
Point “D” Full load Torque
Full load Torque သည် မော်တာတစ်လုံး၏ Actual Speed တွင် ရရှိနိုင်သော Torque ဖြစ်သည်။ Actual Speed သည် မောင်းနေသော ထိုမော်တာ၏ load (ဝန်အား) ပေါ်တွင်မူတည်သည်။ load များလျှင် Slip ဖြစ်ပေါ်မှုလည်းများသည်။ ထိုကြောင့် Actual Speed နည်းသည်။ အဘယ်ကြောင့်ဆိုသော် Actual Speed သည် Synchronous Speed မှ Slip ကို နုတ်ထားသောကြောင့်ဖြစ်သည်။
Actual Speed = Synchronous Speed – Slip

Point “E” Synchronous Speed သို့ No Load Speed သို့ Zeor Torque Speed
Synchronous Speed သို့ No Load Speed သည့် Load မရှိသည့်ဖြစ်ပေါ်နိုင်သော Torque ဖြစ်သည်။
Synchronous Speed သို့ No Load Speed သည့် Load မရှိသည့်ဖြစ်ပေါ်နိုင်သော Torque ဖြစ်သည်။
Torque and Horse Power
Power (W) = Torque (Nm) x Angular Speed (Radians per Second) = Torque (Nm) x 2 x 3.14 x rpm/60
1 hp =746 W = 0.746kW
Motor Insulation
NEMA motor insulation calss accoring to Max Operating Temperature
Insulation Class | Max Operating Temp (C) | Allowable Temp Raise at Full load for Service Factor 1.0 motor (C) | Hot Spot allowance (C) |
A
|
105 | 60 | 5 |
B
|
130 | 80 | 10 |
F
|
155 | 105 | 10 |
H
|
180 | 125 | 15 |
Allowable Temp raise သည် ပြင်ပလေထုအပူချိန် 40C ကို အခြေခံထားသည်။
50 Hz မော်တာများအများစု၏ Insulation Class မှာ F ဖြစ်သည်။ ACMV တွင်အသုံးပြုသော motor အများ၏ Insulation Class မှာ F ဖြစ်သည်။
- Class A is the lowest grade, suitable for typical household appliances, but not normally industrial applications.
- Class B is general purpose, used in many industrial applications. More demanding duty requires Class F or Class H.
- Class H is the heavy-duty insulation, capable of withstanding high ambient and internal motor temperatures.
ကောင်းထက်ညွန့်
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com