" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

HVAC Duct Size ရွေးချယ်နည်း

  • HVAC စနစ်မှာ လေကို Transport လုပ်ဘို့ အတွက် Air Duct အမျိုးမျိုး ပါဝင် နေရပါတယ်။
  • ဒါကြောင့် HVAC System Design အကြီးတွေ လုပ်ရတဲ့ အခါ မှာ ကြုံတွေ့ရမဲ့ Air Duct Sizing တွေ ကို စနစ်တကျ ရွေးချယ်စေနိုင်ဘို့ က အရေးကြီးပါတယ်။
  1. Introduction
    • သုံးတဲ့ ရည်ရွယ်ချက် အလိုက် Fresh Air Duct (Ventilation Duct), Supply Air Duct, Return Air Duct, Exhaust Air Duct စသည်ဖြင့် အမျိုးမျိုး ပါဝင်ပါတယ်။ Exhaust မှာမှ စုတ်ထုတ်မဲ့ ဓါတ်ငွေ့ ရဲ့ သဘော သဘာဝ ကို လိုက်ပြီး အမျိုးမျိုး ကွဲနိုင်ပါသေးတယ်။ (ဥပမာ၊ ၊ General exhaust, Toilet exhaust, Kitchen Exhaust, Wet exhaust, Chemical Exhaust, Acidic Exhaust, Caustic Exhaust, etc.)
    • Duct Material အနေနဲ့ အသုံးအများဆုံး က Sheet Metal ပါ။ သုံးမဲ့ အသုံး အပူချိန် နဲ့ Chemical / heat / moisture စတဲ့ resistant တွေ ပေါ်မူတည်ပြီး အခြား material တွေ လည်း အသုံးပြုနိုင်ပါတယ်။ အသုံးများတာကတော့ Aluminium, Stainless Steel, PP နဲ့ အခြားပလတ်စတစ် အချို့ပါ။
    • Shape (ပုံ) အနေ နဲ့ လည်း လေးထောင့်၊ အဝိုင်း နဲ့ ဘဲဥပုံ ဆန်ဆန် တွေ ဖြစ်နိုင်ပါတယ်။
    • မီးအရေးပေါ် အခြေအနေ အတွက် သုံးမဲ့ Duct တွေ အတွက် Fire Rating Consideration တွေ လိုအပ်သလို၊ ပြေးမဲ့ နေရာနဲ့ အပူ အအေး ကွာဟချက် Temperature Differences တွေ ရှိမယ်ဆိုရင် Insulation လိုအပ်နိုင်ပါတယ်။
    • အသုံးများတဲ့ Standard ကတော့ SMACNA Standard ပါ။
    • အကြမ်းအားဖြင့် အလွယ်တကူ ရွေးချယ်တဲ့ အခါ Pressure Loss ΔP ကို 1 Pa/m (0.1mm Aq /m) နဲ့ ရွေးတတ်ကြပါတယ်။ Velocity ကို လည်း 8 m/s ထက် မကျော်စေရဘူး စသည် ဖြင့်ပေါ့။ ဒါက သုံးနေကျ လည်းဖြစ်၊ သုံးလို့လည်း ပြဿနာ မပေးနိုင်မဲ့ အခြေအနေ တွေကိုလည်း သိရင် လွယ်လွယ် သုံးနိုင်တဲ့ Rule of Thumb တစ်ခုပါ။ လှေနံဒါးထစ် မှတ်ဘို့ တော့ မဟုတ်ပါဘူး။ ထူးခြားတဲ့ application တွေ၊ အခြေအနေ မှာ ဒီ ဂဏန်းတွေ ကို ပြန်စစ်ဆေး ရပါလိမ့်မယ်။
      ( မှတ်ချက်။ ။ Thumb Rule (or) Rule of Thumb ဆိုတာက အတွေ့အကြုံ ကို အခြေခံ ပြီး အလွယ်တကူ သုံးနိုင်တဲ့ နည်းလမ်းကို ဆိုလိုတာပါ။ သူ့မှာ ဘာလို့ လုပ်ရတာလဲ ဆိုတဲ့ အဖြေအတိအကျ ပေးဘို့ မလွယ်ပေမဲ့ ဒီ တန်ဘိုးကို သုံးခဲ့တာ အဆင်ပြေတယ်၊ OK ပဲ လို့ အဓိပ္ပါယ် ရပါတယ်။ ဘယ် Subjects မှာမဆို အသုံးများတဲ့ စကားလုံး ပါ။)

  2. Duct Sizing Design Consideration
    • Dust Sizing လုပ်တဲ့ အခါ အဓိက Factor နှစ်ခုကတော့ Friction Loss နဲ့ Velocity ပါ။ Duct Construction ကိုလည်း ထည့်သွင်းစဉ်းစား ရပါသေးတယ်။
    • Friction Loss ကိုထည့်သွင်း စဉ်းစားရတာ ကတော့ လိုအပ်မဲ့ Fan Power ကို ကန့်သတ်နိုင်ဘို့ပါ။ Friction Loss က Duct Velocity နဲ့ ရော Duct အတွင်းမျက်နှာပြင် အကြမ်းအနု roughness factors နဲ့ ပါ သက်ဆိုင်ပါတယ်။
    • Velocity Limit ကိုသတ်မှတ်ရတာ ကတော့ လေစီးတဲ့ အချိန် ထွက်ပေါ်လာမဲ့ အသံ ကို ကန့်သတ် နိုင်ဘို့ ပါ။ ဒါ့အပြင် Friction Loss အပေါ်မှာ လည်း အကျိုးသက်ရောက် မှု ရှိနေ ပါသေးတယ်။ အသုံးပြု မဲ့ နေရာ Duct Section Location (Supply, Return / Main, Branch) အပေါ်မူတည် သလို အခန်းရဲ့ လိုအပ်တဲ့ Noise Criteria (ဆိတ်ငြိမ်မှု အတိုင်းအတာ) နဲ့ လည်း ဆိုင် ပါတယ်။
    • HVAC Air-Side မှာသုံးလေ့ ရှိတဲ့ Air Duct အမျိုးအစား သုံးခု ကို အောက်မှာ ဖော်ပြထားပါတယ်။
    • Circular Duct မဟုတ်တဲ့ အခြား Non-Circular Duct တွေ ကို သုံးတဲ့ အခါ အသင့်တော်ဆုံး ကတော့ Equivalent Circular Duct ကိုရှာပြီး တွက်တဲ့ နည်းပါ။
    • Duct Size တွေကို စဉ်းစားတဲ့ အခါ Internal Clear Dimensions (အတွင်းပိုင်း အလွတ် အတိုင်းအတာ များ) ဖြစ်ဘို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ Internal Lining / Insulation လိုအပ်နိုင်တာ မို့ ဒီအချက် ကို မမေ့ ဘို့ သတိပေးရခြင်း ဖြစ်ပါတယ်။
    • Aspect Ratio
      • Aspect Ratio ဆိုတာ က Rectangular Duct နဲ့ Oval Duct တွေ မှာ အနံ နဲ့ အမြင့်၊ ကြီးတာကို ငယ်တာ နဲ့ စား လို့ ရတဲ့ အဖြေပါ။ (Aspect Ratio = The ratio of the long side to the short side of the duct)
      • အကောင်းဆုံး ကတော့ Aspect Ratio = 1 ပါ။ ဘာလို့လည်း ဆိုတော့ ပစ္စည်း အကုန်အကျ အနည်းဆုံးမို့ ပါပဲ။ Sheet Metal Duct တစ်ခု ကို Fabricate လုပ်တဲ့ အခါ Parameter က ကုန်ကျမဲ့ Sheet Metal အရေအတွက် နဲ့ တိုက်ရိုက် အချိုး ကျပါတယ်။ Aspect Ratio များလာရင် Parameter (ပတ်လည်အနား အရှည်) လည်း များလာတာ ကို သတိပြုမိမယ် ထင်ပါတယ်။ (Development Drawing ဆွဲတာ ကို သတိရပါ။) အောက်မှာ Cross Section Area ချင်း တူတဲ့ Duct နှစ်ခု ကို ယှဉ်ပြပေးထားပါတယ်။
      • အထက်ပါ ပုံအရ Parameter ချင်းယှဉ်ကြည့်ရင် 5m vs 4m မို့ (5-4)/4 = 25% ပိုကုန်ကျတာ တွေ့ရပါလိမ့်မယ်။ ဒါ့အပြင်Equivalent Diameter ချင်းတူဘို့ အတွက် Aspect Ratio များတဲ့ Duct Size ကို နည်းနည်း ပိုကြီးပေးဘို့ လိုအပ်ပါတယ်။ ဒါကြောင့် Material Usage က 30% လောက်ပိုကုန်ပါတယ်။ (အောက်ဇယားတွင် ရှု။)
      • ဒါ့အပြင် Aspect Ratio များလာတာနဲ့ တစ်ပြိုင်တည်း မှာပဲ Insulation ပတ်ရမဲ့ ဧရိယာ များလာ သလို Heat Gains/Loss လည်း များ လာပါအုံးမယ်။
      • အောက်မှာ Equivalent Duct Diameter တစ်ခု အတွက် Aspect Ratio ပြောင်းတဲ့ အပေါ် ပိုကုန်ကျမဲ့ Material နဲ့ Cost တွေ ကို နမူနာ ပေးထားပါတယ်။
        Aspect
        Ratio
        Sheet Metal UsageInstallation
        Cost
        11.001.00
        21.071.12
        31.181.26
        41.291.44
        51.391.62
        61.492.00
        71.592.08
      • အပေါ်က Table ကို ကြည့်ရင် Aspect Ratio 4 ဖြစ်လာတဲ့ အခါ ကုန်ကျမဲ့ Sheet Metal က 30% လောက် ပိုကုန်ကျ မှာ ဖြစ်ပြီး Installation Cost (တပ်ဆင် စရိတ်) ကတော့ 50% လောက်ပို ကုန်ကျတာ တွေ့ရပါမယ်။
      • Site / Space Constraints တွေ အရ Aspect Ratio 1 အမြဲတမ်း ရနိုင်ဘို့ က မလွယ်ပါဘူး။ ဒါပေမဲ့ Aspect Ratio ကို 4 ထက် မကျော်ပါစေနဲ့။
      • မှတ်ရလွယ်အောင် ပြောရမယ် ဆိုရင်၊ Low Aspect Ratio Means:
        • Lower Friction Rate (Lower Operating Cost)
        • Lower Perimeter to Area Ratio (Lower Material Cost)
    • Pressure Loss Consideration
      • Friction Loss ကို ကန့်သတ်တဲ့ အခါ ပုံမှန် အသုံးများတဲ့ Medium Smooth Sheet Metal Duct တွေ အတွက် 1 Pa/m (0.1 mmAq/m) လောက် ထားလေ့ရှိကြပါတယ်။ ဒါက Thumb Rule ပါ။ မျက်နှာပြင် ပိုကြမ်းတဲ့ Flexible Duct လို၊ Fiber Duct တို့မှာတော့ Pressure Loss က ပိုများနေပါလိမ့်မယ်။ ဒါ့အပြင် Flexible Duct မှာ ဘယ်လောက်ထိ ဆွဲဆန့် ထားတယ်၊ (ကွေးနေတယ်) ပေါ် မူတည်ပြီး လည်း Pressure Loss ထပ်တက် လာနိုင်ပါသေးတယ်။ ဒါပေမဲ့ Flexible Duct က တိုတာမို့ ရိုးရိုး Duct နဲ့ Same Velocity လောက်မှာ ထားရွေးရင် အဆင်ပြေလေ့ရှိပါတယ်။ (မှတ်ချက် Flexible Duct ကို 1.5m (5 feet) ထက် မကျော်စေဘို့ ဂရုစိုက် ပေးပါ။ ဒါ့အပြင် တကယ် ဆင်တဲ့ အခါမှာလည်း ခွေခေါက်မနေ စေဘို့ သတိပြုပါ။) ဒါမှ Standard Duct Size Chart တွေ သုံးပြီး Sizing လုပ်နိုင်မှာ ပါ။
      • အပြင်မှာ သုံးနေကြတဲ့ Duct Measure / Ductulator တွေကလည်း Medium Smooth Sheet Metal Duct အတွက် ပဲ မှန်ပါတယ်။ ASHRAE Handbook ထဲမှာပါတဲ့ Chart ကလည်း Medium Smooth အတွက် ပါပဲ။ ဒါကြောင့် Medium Smooth မဟုတ်တဲ့ Flexible Duct လို၊ Concrete Duct လိုတွေ မှာ Pressure Loss လိုချင်ရင် ပြန်တွက်ယူရပါလိမ့်မယ်။ Roughness Factor ကိုတော့ ASHRAE မှာ ဒီလိုပေးထားပါတယ်။
      • Energy Cost ကဈေးကြီးပြီး Duct Work Cost ကသက်သာရင် Low Friction Rate က ပိုပြီး Economical (တွက်ချေကိုက်) ပါတယ်။ Energy Cost ကဈေးချိုပြီး Duct Work Cost ကဈေးကြီးရင် Higher Friction Rate က ဈေးပိုသက်သာပါတယ်။
      • အသံတိတ်ဆိပ်မှု အတွက် Velocity Limits နဲ့ Friction Rate အနည်းအများ အလိုက် လိုအပ်လာမဲ့ Fan/Equipment တွေ ကို ထည့်သွင်း စဉ်းစားဘို့လည်း မမေ့ စေချင်ပါဘူး။ Duct Pressure Class တွေ က လည်း System Pressure Loss နဲ့တိုက်ရိုက် ဆက်သွယ်မှု ရှိပါတယ်။ Duct Static Pressure မြင့်လာတာ နဲ့ အတူ Material Thickness, Construction Method, Reinforcement Arrangements နဲ့ Sealing Requirements တွေပါ လိုက်တက် လာတာ ကို လည်း သတိမူ စေချင်ပါတယ်။
      • စာရေးသူ ရေးပေးထားခဲ့ တဲ့ VBA: Excel မှာတော့ အခြား Roughness Factor တွေ အတွက် ပါ တွက်နိုင်အောင် စီစဉ်ပေးထားပါတယ်။

    • Flow Velocity Consideration
      • Velocity ကိုစဉ်းစားတဲ့ အခါ အခန်းရဲ့ ဆိတ်ငြိမ်မှု လိုအပ်ချက် ကို လိုက်လို့ စဉ်းစားဘို့ မှီငြမ်းစရာ Tables နှစ်ခု ကို အောက်မှာ ပေးထားပါတယ်။
      • Suggested Maximum Airflow Velocities for Various Noise Criteria
        Room NC S.I (m/s) I.P (fpm: ft/min)
        Supply Return Supply Return
        (Main) (Branch) (Main) (Branch)
        NC50 Kitchen, Laundries, Machinery Space1086200016001200
        NC45 Lobby / Maintenance976180014001200
        NC40 Large Office865160012001000
        NC35 Small Office6.55413001000800
        NC30 Residential5431000800600
      • Suggested Maximum Airflow Velocities for Various Ductwork Installations
        Duct LocationRC or NC Rating in Adjacent OccupancyMax. Airflow Velocity
        I.P (fpm)S.I (m/s)
        RectangularCircularRectangularCircular
        In shaft or above solid drywall ceiling453500500017.525
        352500450012.522.5
        25 or less150025007.512.5
        Above suspended acoustical ceiling452500450012.522.5
        35175035008.7517.5
        25 or less10002000510
      • ဒီ Table တွေက Duct ကနေ ထွက်လာ Noise Problem ကို လျှော့ချပေးနိုင်ဘို့ ပါ။ Equipment Noise အပါအဝင် Total Noise Control လုပ်မဲ့ အခါ အခြားလိုအပ်ချက် (ဥပမာ၊ ၊ Sound Attenuator, Internal Duct Lining, Additional Duct Elbow, etc.) တွေ ပါဝင်လာနိုင်ပါတယ်။
      • Duct Lining ထည့်ရမဲ့ အခြေအနေ အတွက် စိတ်ပူရမဲ့ အခြေအနေ အထိ Noise Criteria တွေ က တင်းကျပ် နေခဲ့ရင် သူ့အတွက် Allowance ကို Duct Dimension မှာထည့်သွင်း စဉ်းစားထားပေးဘို့ လိုအပ်ပါမယ်။
  3. Ducting Sizing
    • Pressure Loss Limit နဲ့ Velocity Limits တွေ သိပြီး ဆိုရင်တော့ Duct Sizes တွေကို အဓိက နည်းသုံးနည်း နဲ့ ထဲ က တစ်နည်းနည်း ကို သုံးပြီး ရွေးချယ် နိုင်ပါတယ်။
      1. Using Chart: ASHRAE / Carrier Handbooks တွေမှာ ပါတဲ့ Chart တွေ နဲ့ ယှဉ်ပြီး ရွေးချယ်ဘို့ ပါ။
      2. Using Duct Measure / Ductulator : Duct Measure / Ductulator လို့ခေါ်တဲ့ Slide Instruments ကို သုံးပြီးရွေးချယ်။
      3. Using Program: Duct Size ရွေးတဲ့ Program တွေ အမျိုးမျိုးရှိပါတယ်။ စာရေးသူ ရဲ့ VBA Program ကို လည်း သုံးပြီး ရွေးနိုင်ပါတယ်။
    • အရွယ်အစား ရွေးချယ်တဲ့ အခါမှာတော့ Circular Duct Size ကို အရင် ရွေးချယ်ရပါမယ်။
    • Rectangular နဲ့ Oval Duct တွေ ကိုတော့ သက်ဆိုင်ရာ Table တွေကနေ ဖတ်ယူလို့ပဲ ဖြစ်ဖြစ် အပေါ်က Ducts ပုံစံ သုံးမျိုး ယှဉ်ပြထားတဲ့ ပုံ မှာပါတဲ့ Equation တွေ ကနေ ပြန်တွက်ယူလို့ ပဲဖြစ်ဖြစ် Sizing ရွေးချယ် နိုင်ပါတယ်။
    • ASHRAE Handbook: Fundamentals မှာ ပါဝင်တဲ့ Tables တွေကတော့
      1. Rectangular Duct အတွက် Table: Circular Equivalents of Rectangular Duct for Equal Friction and Capacity
      2. Oval Duct Size အတွက် ကိုတော့ ASHRAE Handbook က Table: Equivalent Spiral Flat Oval Duct Dimension
      ဖြစ်ကြပါတယ်။
    • Duct Measure / Ductulator တွေ မှာတော့ Rectangular Duct Size ကို တိုက်ရိုက် ဖတ်လို့ ရလေ့ ရှိတတ် ပါသေးတယ်။
    • Ducting Sizing in Excel Spread Sheet & VBA

  4. Impact of Duct Design Method in Duct Sizing
    • Duct Design Methods (ဒီဇိုင်း လုပ်နည်း) သုံးနည်း ရှိပါတယ်။
      1. Equal Friction Method
      2. Static Regain Method
      3. T-Method
    • အပေါ်မှာ တင်ပြခဲ့ တဲ့ Duct Sizing Method က Equal Friction Method အတွက် တိုက်ရိုက်သက်ဆိုင်ပေမဲ့ နည်းသုံးခု စလုံး အတွက် အသုံးဝင်ပါတယ်။ Design Method အလိုက် Velocity နဲ့ Friction Loss Factor တွေ ကို အနည်းငယ် Adjust လုပ်ပေးဘို့ လိုတာ ကိုသိထားဘို့ ပဲလိုပါတယ်။
    • Duct Section & Branch တွေမှာ Flow Control / Adjusting လုပ်ဘို့ သင့်တော်တဲ့ Dampers တွေ ထည့်ထားခဲ့ မယ်ဆိုရင် ဒီနည်း နဲ့ ရွေးချယ်တဲ့ အတွက် ပြဿနာ သိပ်ပေါ်စရာ မရှိလှပါဘူး။
    • Duct System Design တစ်ခုလုံး လုပ်တဲ့ အခါမှာတော့ Duct Sizing သာမက Fan / System Interface နဲ့ Duct Fitting Loss တွေ ရဲ့ သဘော သဘာဝ ကို သိရှိနားလည် နေဘို့ လိုအပ်ပါတယ်။
    • Duct System Design နဲ့ ပတ်သက်ပြီး နောက်လာမဲ့ post မှာ ဆက်လက် ရေးသားပေးသွားမှာ ဖြစ်ပါတယ်။
  5. References:
    1. "Duct Design", Chapter 21, ASHRAE Handbook: Fundamentals, 2009.
    2. "HVAC Duct Construction Standards", 2nd Edition with Addenum No. 1, SMACNA, 1997.
    3. Mark E. Schaffer, "A Practical Guide to Noise and Vibration Controls for HVAC Systems", 2nd Edition (I-P), ASHRAE, 2005.
    4. "Air Duct Design", Chapter 2, Carrier: Handbook of Air Conditioning Design, McGraw-Hill, 1965.

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...