" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဦးသန့်  ကိုယ်ရေးရာဇ၀င် အကျဉ်း U Thein History OR CV

ကမ္ဘာ့ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့် – မြန်မာနိုင်ငံ

၁၉၆၁ နိုဝင်ဘာ ၃ တွင်ကုလသမဂလုံခြုံရေးကောင်စီ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ဦးသန့်အား ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ရာထူးကို ခန့်အပ်ခဲ့သည်။ ဤသို့ဖြင့် ဦးသန့်သည်
ဥရောပပြင်ပနိုင်ငံမှ ပထမဆုံး ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာခဲ့သည်။

ဦးသန့်သည် များများနားထောင် ၍ စကားပြောရာတွင် နဲနဲနှင့် ထိရောက်အောင် ပြောတတ်သူဖြစ်သည်။
ကိစ္စတစ်ခုကို ထောင့်စေ့အောင်ကြည့်၍ ဝေဖန်ပြောဆိုတတ်သည်။သူ၏ သဘောမှာ ကုလအဖွဲ့ကြီးအား အဖွဲံဝင်နိုင်ငံများက အဖွဲံကြီးအား အတိအလင်းထောက်ခံအားပေးစေ ရန်ဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအား သမာသမတ်ရှိသော အစည်းကြီးတစ်ခု အဖြစ် ရပ်တည်စေရမည် ဟု ယုံကြည်သည်။
အတွင်းရေးမှုးချုပ် ရွေးကောက်ပွဲမတိုင်ခင် ဦးသန့်က ကုလရုပ်မြင်သံကြားမှ ပြောကြားရာတွင်
''ကုလရဲ့ ပြဿနာတိုင်းမှာ ကြားနေ ဆောင်ရွက် နိုင်ဖို့ ၊ ကုလသမဂ္ဂအမှူထမ်းတစ်ဦးအနေဖြင့် အလွန်ခက်ခဲပါတယ်''
ဟုပြောဆိုခဲ့ရာ
အမေရိကန်သံအမတ်ကြီး စတီဗင်ဆင်က
''ဒါဖြင့် ခင်ဗျား ဆိုလိုတာက သမာသမတ်ကျတဲ့ ကြားနေရယ်လို့တောင်မရှိတော့ဘူးပေါ့ '' ဟုမေးလေသည်။
ဦးသန့်က '' ဒီလိုလေဗျာ ၊ ကုလသမဂ္ဂအတွင်းရေးမှုးတစ်ယောက်ဟာ မျက်နှာမလိုက်ဖို့၊ ဘက်မလိုက်ဖို့တော့ လိုတာပေါ့၊ဒါပေမဲ့
အမြဲတမ်းတော့ ကြားနေဖို့ လိုအပ်ဘူး၊ ကျနော်ယူဆတာကတော့ တရားလွှတ်တော်ချုပ်တရားသူကြီးတစ်ဦးလိုပေါ့ဗျာ။ သူဟာဘယ်တော့မှ ဘက်မလိုက်ဘူး၊ ဒါပေမဲ့ တရားခံနဲ့ တရားလိုကိုတော့ခွဲခြားနိုင်ရမယ်၊ အပြစ်ကျူးလွန်သူက ဘယ်သူဆိုတာ နားလည်ရမယ်၊ ဒီနေရာမှာ ကြားဝင်ပြီး ဘယ်လိုဆောင်ရွက်နိုင်မလဲ ဆိုတာကို နားလည်ရမယ်..''.ဟု ပြန်ရှင်းပြခဲ့သည်။
အမေရိကန်ပြည်ထောင်စု ၏ ကုလသံအမတ်ကြီး မစ္စတာ စတီဗင်ဆင်က ဦးသန့်သည်သာလျှင် အတွင်းရေးမှူး နေရာအတွက် အသင့်တော်ဆုံး ဟု ထောက်ခံအားပေးခဲ့သည်။

သူ့အနေဖြင့် ဦးသန့်ဆောင်ရွက်မှသာလျှင် ကမ္ဘာ့အရေးအတွက် ကျေနပ်ဖွယ်ကောင်းသော ရလဒ်များရရှိမည် ဟု ယုံကြည်ခဲ့သည်။
ကွယ်လွန်သူ ကုလအတွင်းရေးမှုးချုပ်ဟောင်း ဒက်ဟမ်းမားရှိုလ်းက ဦးသန့်၏ ဆောင်ရွက်ချက် များကို အမြဲထောက်ခံ အားပေးသည်။
အင်အားကြီးနိုင်ငံများဘက်ကို ယိမ်းသည် သံအမတ်များရှိသည့်အချိန်တွင် ဦးသန့်၏ တည်ကြည်မှု၊ သမာသမတ်ရှိမှု၊ ဘက်မလိုက်မှု၊လုပ်ငန်းခွင် အရည်အသွေး တို့ကြောင့် ဦးသန့်မှာ ကုလတွင် အများနှင့်မတူဘဲ သီးသီးသန့်သန့်ကြီး တောက်ပြောင်စွာ ထင်ရှားနေခဲ့တော့သည်။

ဦးသန့်အား ကုလ အတွင်းရေးမှုးချုပ်အဖြစ် ခန့်အပ်ပြီးချိန်တွင် ဂါဒီးယန်း သတင်းစာ၊ နယူယောက်တိုင်းသတင်းစာ ၊
တို့မှ ခေါင်းစီး ပိုင်းတွင်လည်းကောင်း၊
နယူဝိ မဂ္ဂဇင်းမှ လည်း ''ထူးချွန်သူနှစ်ဦး၏ တွေ့ဆုံပွဲ
တစ်ဦးက မေရိကန် ဘောစတွန်ပြည်သား၊ ကမ္ဘာပေါ်တွင် တန်ခိုးအကြီးမားဆုံးဖြစ်သည့် အမေရိကန်သမ္မတ ရာထူးကိုေ၇ွးကောက်ပွဲ အဆင့်ဆင့်ကျော်ဖြတ်၍ အောင်ပွဲဆင်ရရှိခဲ့သူ သမ္မတ ကနေဒီ၊
တစ်ဦးကား ကမ္ဘာ့လူထုအကျိုးဆောင် နံပါတ်တစ် ရာထူးကြီးကိုရရှိခဲ့သူ ၊ မြန်မာပြည်သား ဦးသန့် တို့တွေ့ဆုံပွဲ
ဟူ၍ အမည်တပ်ရ်ျလည်းကောင်း ၊
တိပီ သင်းဌာန မှ ဦးသန့်၏ အထုတ်ပတိကို ဘာသာငါးမျိုးဖြင့်ဖော်ပြ၍ ၄ငိး၊ မြန်မာ သီတင်းဂျာနယ် တို့မှ ခေါင်းစီးပိုင်းတွင် ဦးသန့်ကို အထူးချီးကျူးဂုဏ်ပြုခဲ့ကြသည်။
ဦးသန့်အား ဂုဏ်ပြုခဲ့သော ကမ္ဘာတစ်ဝှမ်းလုံးမှ သီတင်းစာစောင် များမှာ များပြားလွန်းလှသောကြောင်. ဖော်ပြခြင်းငှာ မစွမ်းသာပေ။
္ကဤကားအမိမြန်မာပြည် သားကောင်းတစ်ဦး
မြန်မာ အမျိုးသားတစ်ဦး၏ အောင်ပွဲ။

ကုလ အတွင်းရေးမှုးချုပ် ဖြစ်ခြင်းကြောင့် ဦးသန့် ဘာတွေ ပြောင်းလဲ သွားသလဲ
ဦးသန့်အနေဖြင့် ရုံးခန်းနေရာပြောင်းလိုက်ရ ရုံမှလွဲ၍ အခြားပြောင်းလဲ မှုများစွာ မရှိခဲ့ပေ။
သူခံယူချက် ၊ သူအပြုအမူများမှလည်း အရင်အတိုင်း ပင်အေးအေးဆေးဆေး သာရှိနေခဲ့သည်။
ကုလ အတွင်းရေးမှုးအတွက် အသင့်ကြိုနေသည့် ကမ္ဘာပြသနာများ
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်၏ အောင်ပွဲများ
ဆိုက်ပရပ်ပြဿနာ (၁၉၆၄ ဖေဖော်ဝါရီ)
ကမ္ဘာကို အခြိမ်းခြောက်နိုင်ဆုံးသော ပြဿနာများတွင် တစ်ခု အပါအ၀င် ဖြစ်သည်။
ဂရီအနွယ် ၀င် ဆိုက်ပရပ်အမျိုးသား များ နှင့် တူရကီအနွယ်ဝင် ဆိုက်ပရပ်အမျိုးသားတို့ အချင်းချင်းတိုက်သော စစ်ပွဲ။
တုရကီကလည်း မိမိအမျိုးနွယ်အားကူညီဆိုကာ စစ်သင်္ဘောနှင့် စစ်လက်နက်များကို ပြင်ဆင် ။ ဂရီကလည်း တူရကီကို
တိုက်ရန်အသင့်ဟု ကြေငြာသည်။ဆိုက်ပရပ်ကျွန်းပေါ် တူရကီ ချေ ချတာနှင့်ဂရီမှ အသေအလဲ တိုက်ရန် အမိန့်ပေးထားပြီ ဖြစ်သည်။
္က္က
လူသားတို့ သွေးချောင်းစီးနေသည့်တိုက်ပွဲ

ဦးသန့် ကြားဝင်ရပြီ။
ကုလကလည်းဤကိစ္စကို ဖြေရှင်းရန် အာဏာကုန် လွှဲအပ်လိုက်သည်။
ဦးသန့်သည် တူရကီဝန်ကြီးချုပ်နှင့် ဆိုက်ပရပ် သမ္မတကြီး ဘုန်းတော်ကြီး မာကာရီယိုထံ ပန်ကြားလွှာပေးပို့သည်။
တစ်ဆက်တည်း ဦးသန့်က ကနေဒါ၊ ဗြိတိန်၊ အနောက်ဂျာမနီ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဂရီ နိုင်ငံ မှ စစ်တပ်တို့ဖြင့် ကုလ ငြိမ်းချမ်းရေးတပ်ကြီးကို ဖွဲ့စည်းလိုက်သည်။
ကနေဒါ တပ်ကို အရင်ဦးစွာလွတ်ရန်ပြောကြားခဲ့သည်။
သီးသန့် သည် တပ် ဖွဲ့စည်းရေးအတွက် ဗြိတိန်မှ ဒေါ်လာ တစ်သန်း၊ အမေရိကန်မှ ဒေါ်လာ နှစ်သန်း ရအောင် ရန်ပုံငွေ စည်းရုံးနိုင်ခဲ့သည်။
သို့သော် ရုတ်တရက် တုရကီစစ်တပ်များက စစ်ပြင်ဆင်မြှု့ပုရာ ကမ္ဘာကို တုန်လှုပ်သွားစေသည်။ ကုလတပ် ကိုခံတိုက်မည်လော………….။
ဒါဆိုရင် ဒီစစ်ပွဲက …….ဘယ်ကိုဦးတည်သွားမှာလဲ….။
တူရကီ အစိုးရက စစ်မြေပြင်သုံး လက်နက်ကရီယာ အပြည့်အစုံပါသည် တပ်သားများကို စစ်သင်္ဘောပေါ်နေရာယူစေသည်။
ထို့ပြင် ကမ်းတပ်ရေယဉ်များကိုလည်း တင်ဆောင်ထားသည်။
အားလုံးပေါင်း စစ်သဘော ၂၅ စင်း၊ အမြောက်လက်နက်က အသင့်ပြင်ထားသည်။
လေတပ်ကလည်း ကောင်းကင်တွင် ၀ဲပြီး အခြေအနေစောင့် ကြည့်နေသည်။အစ္စကင်ဒါရန် ပင်လည်ကွေ့ကို ပိတ်ဆို့ထားပြီး လေယဉ်ပစ် အမြောက်များကို လည်း ကမ်းခြေတွင်အသင့် တပ်ဆင်ထားသည်။
ဦသန့်ကနှစ်ဖက်ခေါင်းဆောင်များနှင့် အကြေအလည် ဆွေးနွေးသည်။
နှစ်ဖက် တိုက်ခိုက်မှု ကို ယာယီ ထိန်းထားနိုင်အောင် စည်းရုံးနိုင်ခဲ့ပြီး ကုလ ငြိမ်းချမ်းရေးတပ်ကို အမြန်ဆုံးစေလွှတ်၍ ဂရီနှင့်တူရကီ တပ်များ၏ နေရာကို ၀င်စေလိုက်သည်။
တိုက်ခိုက်မှု ယာရီ ရက်သွားသည်။
ထိုအချိန်တွင်
နှစ်ဖက် ခေါင်းဆောင်များကို ကုလငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ရောက်အောင် စည်းရုံးခဲ့သည်။
နှစ်ဦးနှစ်ဖက် ချေအတင် ငြင်းဆန် ပုတ်ခတ်ပြောဆိုနေမှုများကို ဦးသန့်၏ မေတ္တအပြုံးဖြင့် ငြိမ်းအေးစေခဲ့သည်။
ဤသို့ ကုလမှ အချိန်မီ ကြားဝင်ဆောင်ရွက် နိုင်မှုကြောင့် တူရကီနှင့် ဂရီတို့ သွေး မြေကျမှု ရပ်ဆိုင်းသွားခဲ့ရပြီး လူအသက်ပေါင်းများစွာ သေဆုံးမည့်အရေးမှ ကယ်တင်နိင်ခဲ့သည်။ ဤသို့ငြိမ်းချမ်းခဲ့ခြင်းမှာလည်း အမေရိကန်နှင့် ဗြိတိန်တို့၏ ပူးပေါင်းဆောင်ရွက်မှု၊ တပ်စေလွှပေးခဲ့သော နိုင်ငံ ၇ နိုင်ငံ၏ ပူးပေါင်းဆောင်ရွက် မှုတို့ကြောင့်လဲပါဝင်သည်။ သို့သော်လည်း ဤ သို့ ပူးပေါင်းပါဝင်ဆောင်ရွက်လာအောင် စည်းရုံးနိုင်ခဲ့သည်. ဦးသန့်၏ အရည်အချင်း၊ ကုလတပ်ကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့မှု၊ နှစ်ဖက်ခေါင်းဆောင်များနင့် ထိပ်တိုက်ဆွေးနွေးရာတွင် သူ၏ သံတမန်ရေးရာ ကျွမ်းကျင်ပိုင်နိုင်စွာ စည်းရုံးပြောဆိုနိုင်မှု၊ သူ၏ အရည်အချင်း တို့ကြောင့် ဆိုလျင် ပို မှန်ပေသည်။
ဤသို့ဖြင့် ဦးသန့်သည် ကမ္ဘာလူသားတို့အား ငြိမ်းချမ်းစေခဲ့ပါသည်။

အနောက် အီရီယံ အရေးအခင်း
ဒတ်ခ်ျ အစိုးရသည် အနောက် အီရီယံ ကို သိမ်းယူ ထားပြီး အုပ်စိုးထားသည်။
အင်ဒိုနီးရှားက အနောက် အီရီယံမှာ မိမိတို့ အပိုင် ဖြစ်သည် ဆို ကာ ဒတ်ခ်ျကို ၀င်တိုက်သည်။
ဗြောင်တိုက်သည်။ ခိုးတိုက်သည်။
ဒတ်ခ်ျ အစိုးရကလည်း မိမိတို့ နှစ်ပေါင်းများစွာ သိမ်းထားသည့် ဒတ်ခ်ျကို လက်မလွှတ်နိုင်။
အကျိုးအမြတ်ရနေသော နေရာမို့ လက်မလွှတ်နိုင်ဘဲ အင်ဒိုတပ်များကို အသေအလဲ ပြန်တိုက်သည်။
ဤ သို့ဖြင့် အင်ဒို တပ်များနှင့် ဒပ်ခ်ျတပ်များသည် အနောက်အီရီယံတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။သေဆုံးသူလဲ များပြားခဲ့သည်။ ဒါဏ်ရာ ရသူလည်း များပြားခဲ့သည်။
ဦးသန့်ဝင်ရှင်းပြီ

စည်းရုံးရေးနည်းဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မရအောင် မုန်းတီးနေသော ခေါင်းဆောင်နှစ်ဦးကို ဦးသန့်က ငြိမ်းချမ်းရေးစာပွဲပေါ်ရောက်အောင် စေ့စပ်ဆွဲတင် နိုင်ခဲ့သည်။
သူတို့နစ်ဦး၏ အမုန်းတရားများသည် ဦးသန့်၏ မေတ္တာ ဖြင့် ယှဉ်သော စကားလုံးများကြားတွင် အရည်ပျော်ခဲ့ရသည်။
ဦးသန့်၏ စည်းရုံးရေး စွမ်းပကားသည် အံသြလောက်အောင် ထက်မြတ်ခဲ့သည်။
၁၉၆၂ နှစ်ကုန်တွင်းမှာဘဲ အနောက်အီရီယံမှ ဒတ်ခ်ျ တပ်များ ဆုတ်ခွာ ပေးခဲ့သည်။
ဒတ်ခ်ျများဆုတ်ခွာနေစဉ်တွင် ဦးသန့်က ကုလငြိမ်းချမ်းရေးတပ်ကို ဖြည့်းဖြည်ူချင်းဝင်ဖြည့်ခဲ့သည်
ဒတ်တပ်များအားလုံး အနောက်အီရီယံတွင် ရှင်းလင်းသွားသော အခါမှ
ဦးသန့်က အင်ဒိုတပ်များကို ၀င်ရောက်စေခဲ့သည်။
ဦးသန့်၏ စိတ်ရှည် သီးခံ နိုင်မှု ၊ သံတမန်ရေးဗျူဟာ ကြွယ်ဝမှု ၊ ဥာဏ်အမြော်အမြင် ထက်မြက်မှုတို့ကြောင့် အနောက်အီရီယံ ပြဿနာသည် ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့သည်။
ဤသို့ လွန်စွာ ကျတ်တည်းသည့်အနေအထားတွင် အဖြေရအောင် လမ်းညွန်ပေးနိုင်ခဲ့သော သူ့အရည်အချင်း၊ သူအရည်အသွေး ကိုကား ကမ္ဘာ့ခေါင်းဆောင်များက ချီးမွမ်းဂုဏ်ပြုခဲ့ကြရသည်။

ကျူဘားပြဿနာ (သို့မဟုတ်) တတိယ ကမ္ဘာစစ်နိဒါန်း
အမေရိကန်ပြည်ထောင်စုသည် ကွန်မြူနစ်ဖြစ်သည့် ကျူးဘားနိုင်ငံကို အမြင်မကြည်လင်ခဲ့ပေ။
၎င်းမှ ကွန်မြူနစ်သဘောတရားများ အမေရိကန်ပြည်ထောင်စုဆီသို့ ပျံ့နှံလာမည်ကို စိုးရိမ်သည်။
ထို့ကြောင့် အမေရိကန်က ကျူးဘားအား စီးပွားရေး ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့သည်။
ထိုအချိန်တွင် ကျူးဘားနိုင်ငံသည် ဆိုဗီရက်ရရှားနိုင်ငံနှင့် ကျူဘားကျွန်းအနီးတစ်ဝိုက်တွင် တံငါလုပ်ငန်းလုပ်ကိုင်ရန် သဘောတူ စာချုပ်ချုပ်လိုက်သည်။
ထိုစာချုပ်သည် အမေရီကန်ကို များစွာ တုန်လှုပ်စေခဲ့သည်။
ထိုမှစ၍ အမေရိကန်အစိုးရမှ ဆိုဗီယက် ရရှားနှင့် ကျူးဘား အစိုးရတို့အား အပြစ်တင်မှုများ ခနခနလုပ်ခဲ့သည်။

ကျူဘားသို့ ဆိုဗီယက်မှ စစ်လက်နက်ပစ္စည်းများ ပေးပို့နေသည် ဟု အမေရိကန်က စုံစမ်းရသဖြင့် စပ်စွဲသည်။
ထိုလက်နက်အကူအညီဖြင့် ကျူးဘားသည် အမေရီကန်အား တိုက်ခိုက်လိမ့်မည်ဟု အမေရီကန်မှ စွတ်စွဲပြောကြားသည်။
အမေရိကန်က ကျူးဘားသို့ ပင်လယ်ကူးသင်္ဘောများ ကပ်လို့မရအောင် စီးပွားရေး ပိတ်ဆို့အရေးယူမှု လုပ်သည်။ထိုပြင် ကျူးဘားသို့ ကပ်ခဲ့သော မည်သည့် သင်္ဘောမှ အမေရိကန်ဆိပ်ကမ်းသို့ မ၀င်ရဟု အမိန့်ထုတ်လိုက်သည်။
ဤသို့လုပ်မှသာ ဆိုဗီယက်မှ လက်နက်ပစ္စည်းများသည် ကျူးဘားသို့မ၀င်နိုင် ၊ ကျူးဘားသို့ဝင်မည့် ကုန်ပစ္စည်းတင်သင်္ဘောများကလည်း ကြောက်လန့်၍ မ၀င်နိုင်ရာ သူတို့၏ စီးပွားရေး ပိတ်ဆို့မှု အောင်မြင်မည် ဖြစ်သည်။
အမေရိကန်၏ အပြု အမူအတွက် ကျူးဘားသည် လွန်စွာ ဒေါသထွက်ခဲ့ပြီး မေရိကန်ကျူးဘား ဆက်ဆံရေးမှာ ပျက်လုနီးပါးဖြစ်သွားသည်။
ထိုအချိန်တွင် အမေရီကန်၊၀ါရှင်တန်မှ အမိန့်ထုတ်ပြန်သည်။
ကျူါ်ဘားနူကလီးယားကျူးဘားနူကလီးယား စစ်ပြင်ဆင်မှုများ တားဆီးရန်အမိန့်
ကျူးဘားတွင် အမေရီကန်ပြည်ထောင်စုကို ထိုးစစ်ဆင်ရန် နူကလီးယားတိုက်ခိုက်ရေး အင်အားစုနေခြင်းအတွက် ရပ်တန့်စေရန် အမေရိကန်သမ္မတ ကနေဒီ က အမိန့်ပေးလိုက်ပြီ ဟု ကြေငြာသည်။
ကျူးဘားတွင် စစ်ဘက်ထူထောင်မှူများစွာပြုလုပ်ခြင်းကို အကဲခတ်၍ ဖြစ်လာနိုင်သည့်အရေးအခင်းအတွက် စစ်ပြင်ဆင်ရန် အမေရိကန်လက်နက်ကိုင်တပ်များအား အမိန့်ပေးလိုက်ပြီဟု ကနေဒီ က ပြောဆိုသည်။
ကျူဘားသို့သွားမည့် သင်္ဘောမှန်သမျှ လက်နက်ပစ္စည်း ပါမပါ ၇ှာဖွေစစ်ဆေးမည်ဖြစ်ပြီး လက်နက်ပစ္စည်းပါပါက လာရာလမ်းအတိုင်း ပြန်လှည့်သွားရန်တားဆီးကြဟု ကနေဒီက အမိန့်ထုတ်လိုက်သည်။
ထိုအခါ ကျူးဘားမှ ပြည်တွင်းစစ်တပ်များအားလုံး စုရုံးခေါ်ဆောင်လိုက်ပြီဟု ကျူးဘားဝန်ကြီးချုပ်မှ အမိန့်ထုတ်ပြန်သည်။
အမေရိကန်က အမေရိကန်ရေတပ်နှင့် ရေရောကုန်းရောပါ တိုက်ခိုက်နိုင်သည့်တပ်များအားလုံး ကျူးဘားအားစတင်ပိတ်ဆို့မှူ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကြေငြာသည်။
စစ်တပ်အင်အားမှာ စစ်သင်္ဘော ၄၀ အင်အား ၂၀၀၀၀ ပါဝင်သည်။
ဆက်လက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ယခု ကျူးဘားပြည်သို့ဦးတည်သွားနေသော သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်များမှ တားဆီးရှာဖွေမည်ဖြစ်ရာ ထိုသင်္ဘောက လက်မခံပါက
အမေရိကန်သည် ယင်းသဘော်ကို မြုတ်ပစ်ရန်လိုအပ်ပါက မြှုတ်ပစ်မည် ဟု ပြောကြားလိုက်သည်။
ဤ သို့တင်းမာနေချိန်တွင်ပင်
ဆိုဗီယက် သင်္ဘောကြီး လေးစင်းသည် ကျူးဘားသို့ဦးတည်သွားနေပြီ ဖြစ်ကြောင်း ဂျပန်သီတင်းဌာနက ကြေငြာသည်။
ကမ္ဘာသူကမ္ဘာသားအားလုံးသည် ဤအရေးကို စိုးရိမ်ကြီးလာခဲ့သည်။ စစ်အင်အားအကောင်းဆုံ အမေရီကန်နှင့် အင်အားအကြီးဆုံးဆိုဗီယက်တို့ စစ်ဖြစ်ခဲ့လျှင် ကမ္ဘာသည် စစ်တလင်း၊ လူသားသည် မြေဇာပင်။ သီးတည်ရာကားတတိယကမ္ဘာစစ်သို့..
ဆိုဗီယက်ကလည်း မိမိတို့သင်္ဘောများကို အမေရီကန်တို့တိုက်ခိုက်လျှင် အမေရိကန် သင်္ဘောများကို နှစ်မြုတ်ပစ်မည်ဟု ကြေငြာသည်။
ထိုအခါ အမေရိကန်က ကျူဘားအား ထိုးစစ်လက်နက်များ မပို့ပေးနိုင်စေရန် ၀င်လာသေသင်္ဘောများအား ကြည်းရေလေ စစ်အစုံဖြင့် ပိတ်ဆိုရန် အမိန့်ကို အမေရိကန် သမ္မတကနေဒီက လက်မှတ်ရေးထို့လိုက်သည်။
ယင်းအမိန့်သည် လက်မှတ်ထိုးပြီး ၂၄ နာရီအကြာတွင် တည်မည်ဖြစ်သည်။
ထို့ပြင် ကျူးဘားသောသွားနေသော သင်္ဘောများကို ရပ်တန့် စစ်ဆေးရန် အဆက်သင့် စောင့်နေပြီဟု ကြေငြာလိုက်သည်။
ထိုအခါ ဆီဗီယက်က ကုန်တင်သင်္ဘော (စစ်လက်နက်ပါ) ၂၅ စင်းကို ကျူးဘားသို့ လွှတ်လိုက်သည်.၄င်းသင်္ဘောနှင့် အမေရီကန် စစ်သင်္ဘောတို့သည် လာမည့် ၂၄ နာရီအတွင်းတွေ့ကြမည် ဖြစ်သည်။
ကျူးဘားကလည်း မိမိသင်္ဘောဆိပ်အ၀င်အ၀နှင့် သင်္ဘောကျင်းဝတွင် လေယာဉ်ပစ်အမြောက်များ တပ်ဆင်ထားလိုက်သည်။
ဆိုဗီယက်ကလည်း ဆိုဗီယက်တပ်မတော်နှင့်တကွ ၀ါဆောစစ်စာချုပ်ဝင် နိုင်ငံ စစ်တပ်များအားလုံး တိုက်ခိုက်ရေးအတွက် အသင့်ဖြစ်နေစေရန်အမိန့်ပေးလိုက်သည်။
ကျူဘားကို စစ်လက်နက်တင်ပို့ရခြင်းမှာ ကျူးဘားနိုင်ငံ ကာကွယ်ရေးအတွက် သက်သက်သာ ဖြစ်သည်ဟု ဆိုဗီယက်က ကြေငြာပြီး
မိမိတိုးအား ကျူးကျော်တိုက်ခိုက်လာပါက ဆိုဗီယက် ယူနီယံသည် အမေရီကန်ကို အင်အားကြီးမားစွာဖြင်. အပီအပြင်တုန့်ပြန်တိုက်ခိုက်မည် ဟု ကြေငြာခဲ့သည်။
ဦးသန့်ကြားဝင်ပြီ

ဤမျှဆိုးရွား၍ကြောက်မက်ဖွယ်ကောင်းသော တတိယကမ္ဘာစစ်မီးကြီးတောက်လောင် တော့မည့် အခြေအနေတွင် သီးသန့်က ရုတ်တရက်ကြားဝင်ဆောင်ရွက်လိုက်သည်။
ဦးသန့်က ဆိုဗီယက် ၀န်ကြီးချုပ်ကရုရှော ထံသို့ ကျူးဘာပြည်သို့လက်နက်များပို့ခြင်းကိုခေတ္တ ရပ်ဆိုင်းထားပေးရန်နှင့်
အမေရိကန် သမ္မတကနေဒီထံကျူးဘားအား ပိတ်ဆို့ထားခြင်းကို ရပ်ဆိုင်းပေးပါရန် မေတ္တာရပ်ခံသော သ၀န်လွှာကို ပေးပိုလိုက်သည်။ ရပ်ဆိုင်းထားမှုအား သုံးပတ်ခန့်ထားပေးရန် ပန်ကြားလိုက်သည်။
ထို့နောက်လုံခြံရေးကောင်စီတွင် ဦးသန့်က မိမိပန်ကြားလွှာပါ အချက်အလက်များကိုတင်ပြပြောဆိုသည်။
ကိုယ်စားလှယ်များအား ဆိုးရွားနေသောပြဿနာများအား ငြိမ်းအေးစွာဖြေရှင်းစေလိုကြောင်းနှင့် မိမိအနေ့ဖြင့် ဆောင်ရွက်ပေးနိုင်သမှကိုဆောင်ရွက်ပေးရန် အသင့်ရှိပါကြောင်း မိမိပန်ကြားလွာကို အထူးဂရုစိုက်၍ ချက်ချင်းအရေးယူဆောင်ရွက်ပေး ပါရန် အရေးတကြီးမေတ္တရပ်ခံပါကြောင်း ပါရှိသည်။
တစ်ဆက်တည်း ကျူးဘားသမ္မတနှင့် ၀န်ကြီးချုပ်တို့အား စစ်ပြင်ဆင်မှုကို ရပ်ဆိုင်းပေးရန်နှင့် စေ့စပ်ဆွေးနွေး၇န်မေတ္တာရပ်ခံပါသည် စသည်ဖြင့် ပန်ကြားလှာပို့ခဲ့သည်။
ဦးသန့်၏ စေ့စပ်ဆွေးနွေးရန်အကြံပေးမှူကို အမေရီကန်နှင့် ဆိုဗီယက် နှစ်နိုင်ငံလုံးမှ လက်ခံကြောင်းကြေငြာခဲ့သည်။
လုံခြုံရေးကောင်စီသည် ကျူးဘားပြဿနာကို ကြားဝင်ဖြေရှင်းရန် ဦးသန့်အား အာဏာကုန်လွှဲအပ်လိုက်ပြီဟု ကြေငြာခဲ့သည်။
ဦးသန့်၏ မေတ္တာရပ်ခံချက်ကို အမေရီကန်မှ ပြန်ကြားရာတွင် အမေရီကန် ကုကိုယ်စားလှယ် မစ္စတာ စတီဗင်ဆင်သည် အကြည်တော်နျင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိပါကြောင်း ယင်းပဋိပက္ခအတွက် အမေရိကန်မှ အေးချမ်စွာဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပါရှိသည်။
ဆိုဗီယက်မှ ပြန်ကြားရာတွင် ရက်သတ္တပတ်သုံးပတ်အထိ ကျူးဘားသို့စစ်လက်နက်များတင်ပို့နေသော သင်္ဘောများရပ်ဆိုင်းထားမည်ဖြစ်ကြောင်းနှင့် သင်္ဘောများကို ရပ်တန့်စစ်ဆေးရန်ရပ်စဲထားခြင်း ကို သဘောတူပါကြောင်း ပြန်ကြားခဲ့သည်။
ကျူးဘားမှလည်း အဆွေတော်ဦးသန့်၏ ပန်ကြားချက်များအားလုံးကို သဘောတူလက်ခံပါကြောင်းပါရှိသည်။
အဆိုပါသီတင်းများကို ကြားမှသာလျှင် ကမ္ဘာပြည်သူပြည်သားတို့ ထိတ်လန့်နေသော အဖြစ်ဆိုးကြီးမှာလက်မတင်လေး ရပ်ဆိုင်းသွားခဲ့သည်။

ဤတွင် ကုလသမဂ္ဂ၏ သြဇာ အရှိန်အ၀ါမည်မျှကြီးမားသည် ဆိုသည်ကိုလည်းကောင်း၊ အတွင်းရေးမှုချုပ်ဦးသန့်၏ သြဇာ မည်မျှထိေ၇ာက်သည်ကိုလည်းကောင်း မြင်တွေ့ရတော့သည်။
ဦးသန့်၏ စေ့စပ်ဆွေးနွေးမှုကြောင့်
ဆိုဗီယက်ဝန်ကြီးချုပ် ကရုရှက်က သဘောကပတိန်တို့အား အမေရိကန် စစ်သင်္ဘောများ တားဆိးရှာဖွေမည့် နေရာနှင့်လှတ်ကင်းစွာရှောင်နေကြရန် အမိန့်ပေးလိုက်သည်.။
ဦးသန့်က ပြဿနာကိုဖြေရှင်းမှုမှာ ဤမျှဖြင့် ရပ်ဆိုင်းခြင်းမပြုဘဲ အမေရီကန်သမ္မတ ကနေဒီထံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး ဖြစ်နိုင်သော အခြေအနေများကိုတင်ပြသည်။
အမေရိကန်သမ္မတ ကလည်း မိမိတို့ဘက်မှ အမြင်ကို ရင်းနှီးစွာ ပြန်လည်တင်ပြသည်။
ဦးသန့်သည် အမေရီကန်သမ္မတကနေဒီ ၏ ပြောစကားများကိုလေ့လာသုံးသပ်ပြီးနောက် ကျူးဘားနိုင်ငံ ၀န်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံ ခဲ့သည်.
နှစ်ဘက် တင်ပြချက်များကို အပြေလည်ဆုံးဖြစ်အောင် ညှိနှိုင်း၍ ပြေလည်အောင်ဖြေရှင်းပေးခဲ့သဖြင့်အခြေအနေမှာ ချက်ခြင်း ပြေလျော့သွားခဲ့သည်။
ကျူးဘားကျွန်းမှ ဒုန်းပြန်များကိုဆိုဗီယက်ရရှားက ပြန်လည် ဖြုတ်ယူ၍ သင်္ဘောဖြင့်ပြန်ပို့လိုက်သည်။
အမေရိကန်ကလည်း ကျူးဘားကျွန်းကို ၀င်ရောက်ကျူးကျော်တိုက်ခိုက်ခြင်း ဘယ်တော့မှ မလုပ်ပါဟု ဂတိခိုင်ခိုင်မာမာပေးလိုက်သည်။
ဤသို့ဖြင့် တတိယ ကမ္ဘာစစ်ကြီး ဖြစ်ပြီးလားဟူ၍ ရင်တမမနှင့် စိုးရိမ်ထိတ်လန့်နေသော ကမ္ဘာပြည်သူပြည်သားအပေါင်းတို့ သည်ဦးသန့်၏ ဆောင်ရွက်ပေးမှုကြောင့် စိတ်အေးချမ်းသာ ရခဲ့လေသည်။
တကယ်တန်းတွက် ဦးသန့်၏ ကုလသမဂ္ဂအတွင်းရေးမှုးကာလတစ်လျောက် ကမ္ဘာအရေး ဆောင်ရွက်ချက်များမှာ ရေးကုန်နိုင်ဖွယ်မရှိချေ။
သူဖြေရှင်းသောကိစ္စများသည် သာမန်လူတစ်ယောက်အဖို့ မလွယ်ကူ၊ သူလို သီလ၊ သမာဓိ ၊ပညာနှင့် ပြည်စုံသူသာလျှင် ဖြေရှင်းနိုင်မည့်အရေးတွေ သာဖြစ်သည်။
အေ၇ှ့အလယ်ပိုင်းအရေးအခင်း ၊ အိန္ဒိယ ပါကစ်စတန် စစ်ပွဲ၊ မြောက်ဗီယက်နမ် သို့အမေရိကန် ဗုံးကြဲမှုရပ်စဲရေး ၊ ကမ္ဘာလောင်စာ ပြဿနာ ကြီးငယ် ကိစ္စ အ၀၀တို့သည် ဦးသန့်၏ ဖြေရှင်းမှုဖြင့် တစ်ဆင်ပြီးတစ်ဆင့်ပြေလည်ခဲ့သည်။
၁၉၆၆ တွင် ဦးသန့် ၏ ဒုတိယအကြီမ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အတွက် မဲပေးရာ အဖွဲ့ဝင် ၁၂၁ နိုင်ငံမှ နိုင်ငံပေါင်း ၁၂၀ က ထောက်ခံမဲပေးခဲ့ပြီး တစ်မဲ့သာ အပေးမှား၍ ပျက်ခဲ့ရသည်။ထိုမဲမှားပေးသော နိုင်ငံသည်ပင် နောင်တွင် ပြန်လည်ထောက်ခံပြီး မိမိတို့မှားယွင်းပေးမိခြင်းဖြစ်ကြောင်း ပြန်လည်တောင်းပန်ခဲ့သည်။
ဤကား ဦးသန့်၏ အောင်မြင်မှုကြီးပင်ဖြစ်သည်။
ဦးသန့်သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ရာထူးကို ၁၉၆၁ မှ ၁၉၇၁ အထိဆယ်နှစ်တိုင်တိုင် ထ်းဆောင်ခဲ့သည်။
သူအနားယူသော အချိန်တွင်လည်း ကျန်အဖွဲ့ဝင်နိုင်ငံများမှ သူအား ရာထူးအပ်ဆက်လက်ထမ်းဆောင်ပေးပါရန် ပန်ကြားသော်လည်း
မည်သူမျှ ဆယ်နှစ်ထက်ပို၍ ထမ်းဆောင်ရန် မသင့်တော်သည်က တစ်ကြောင်း ၊ မိမိသည် အမိမြန်မာပြည်ကို ပြန်ချင်လှပြီူ ဖြစ်သည်က တစ်ကြောင်း၊ေ၇ွှတိဂုံစေတီတော်အားဖူးပြီး တရား ဘာဝနာ အားထုတ်လိုသည်ကတစ်ကြောင်း၊ စာရေးပြီး ကျန်သောဘ၀ကို ငြိမ်းချမ်းစွာ ဖြတ်သန်းလိုသောကြောင့် နောက်ထပ်ရာထူးကို ထပ်မံလက်မခံတော့ပါ ဟု အတိအလင်း ပြောကြားခဲ့လေသည်။
ဦးသန့်အနားယူပြီးနောက် တတ်လာသော သြစတီးယားနိုင်ငံသား မစ္စတာကွတ်ဝါးဟိုင်းက ရာထူးကို လက်ခံစဉ်က စကားတစ်ခွန်းပြောခဲ့သည်။
ဦးသန့်၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများကို စံနမူနာပြု၍ မိမိက ဆက်လက် ကြိုးပမ်း သွားပါမည် တဲ့။
ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။
ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။
၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်
၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။
၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။
ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။
ဦးသန့်အမှတ်တရများ
အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။
ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။
ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။
U Thant Island ဦးသန့်ကျွန်း
အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။
Jalam U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။
ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။
U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...