" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ငရဲခွေးကြီး လွတ်နေပြီ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံရေး Policy of Myanmar


မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သခင်လူငယ်တို့၏ အခန်းကဏ္ဍသည် အရေးပါ၏။ ပညာတတ် လူတန်းစား သခင်လူငယ်တို့သည် ဒို့ဗမာအစည်းအရုံးအတွင်း ဦးဆောင်မှုအခန်းကဏ္ဍ၌ နေရာယူလာခဲ့ကြ၏။ ထိုသို့ နေရာယူလာခဲ့ခြင်းက တွန်းထိုး၊ ဖိနှိပ်၊ ခွကျော်ပြီး ဦးဆောင်အခန်းကဏ္ဍသို့ ရောက်ရှိခဲ့ကြခြင်းမဟုတ်။ အငတ်ငတ်အပြတ်အပြတ်။ ပင်ပမ်းဆင်းရဲခြင်းကြီးစွာအား စုတေ၍ ရရှိလာခဲ့ကြခြင်း ဖြစ်သည်။ ဖက်ဆစ်တော်လှန်ရေးအား လက်နက်ကိုင်၍ ဆင်နွှဲ၏။ ကိုလိုနီနယ်ချဲ့အား နည်းလမ်းပေါင်းစုံနှင့် တိုက်ကြ၏။
ထိုထိုသော လူငယ်များကား….. သခင်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်)၊ သခင်ဗဟိန်း။ သူတို့၏ အခန်းကဏ္ဍက ကြီးမြတ်လှစွာနှင့်….
သူတို့သည် လက်နက်ကိုင်တိုက်ပွဲဆိုလျှင်လည်း ရိုင်ဖယ်သေနတ်အား မောင်းတင်ပြီးအသင့် ဖြစ်သည်။ ၀ါဒရေးရာများကိုလည်း လေ့လာကြ၏။ စာဖတ်ကြ၏။ နဂါးနီစာအုပ်တိုက်သည် သူတို့ကြောင့် အရှိန်အ၀ါ ကြီးမြတ်ခဲ့ရသည်ဟု ဆိုရမည်ပင်။ စာဖတ်အား ကောင်းကြသကဲ့သို့ စာလည်းရေးကြ၏။ သူတို့က…. လိုအပ်လျှင် ရိုင်ဖယ်သေနတ်အားကိုင်၏။ လိုအပ်လျှင်မူ... “ကလောင်အား ကိုင်ကြပြန်၏။
ကိုဗဟိန်းက ဓနရှင်လောကအား ရေး၏။
ကိုသိန်းဖေကသပိတ်မှောက် ကျောင်းသား”အား ရေး၏။
သခင်စိုးကမတ်(ခ်)ါဒကြမ်းများ”အား ဘာသာပြန်၏။
သခင်သန်းထွန်းက “လယ်ယာမြေအကြောင်း”ကို ရေး၏။
သခင်နုကရက်စက်ပါပေ့ကွယ်”အား ရေး၏။
ထို့အတူ သခင်အောင်ဆန်းသည်လည်း ကလောင်ကိုင်၍ စာရေး၏။
()
၁၉၃၃ ခုနှစ် ကိုအောင်ဆန်း တက္ကသိုလ် ကျောင်းသားဘ၀။ ပဲခူးဆောင်တွင်နေစဉ် ဘာသာပြန် စာပေ ပြိုင်ပွဲတစ်ခု၌ သူဝင်ပြိုင်၏။ ဂန္ထလောက မဂ္ဂ္ဂဇင်းမှပြုလုပ်သည့် ဘာသာပြန် စာပေပြိုင်ပွဲဖြစ်သည်။ နိုင်ငံရေး သိပ္ပံပညာရှင် ပါမောက္ခ Harold J.Laski Authority in Modern Stateမှ အခန်းတစ်ခန်းအား မြန်မာဘာသာသို့ ပြန်ရခြင်း ဖြစ်သည်။ “ပဲခူးကဝေကလောင်အမည်နှင့် ကိုအောင်ဆန်းဝင်ပြိုင်၏။ ကိုအောင်ဆန်း၏ စာမူအား ရွေးချယ်ခဲ့၏။ ၁၉၃၃ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောက မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
ကိုအောင်ဆန်း ဆောင်းပါးရှင်တစ်ဦးအနေနှင့် ပထမဦးစွာရေးသားခဲ့သည့် ဆောင်းပါးက “Burma and Buddhism” ဖြစ်သည်။ ၁၉၃၅ခုနှစ် ဧပြီလထုတ် ဂန္ထလောက၏ The World of Books တွင် ဖော်ပြပါရှိခဲ့သည်။
“ဗုဒ္ဓ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ကျင့်သုံးနည်း ဖြစ်သည်။ ထိုနည်းမှာလည်း ကေသမုတ္တိသုတ်ခေါ် ကာလာမသုတ္တန်လာ ဂေါတမ မြတ်စွာဘုရား၏ ဟောကြားချက်ဖြစ်သည်။ ထိုဟောကြားချက်မှာ အယူဝါဒတစ်ခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်။ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလဟာလဖြင့်လည်း လက်မခံသင့်။ ကျမ်းဂန်စာပေနှင့် ညီညွှတ်သည် ဆိုရုံနှင့်လည်းလက်မခံသင့် မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ပဲ ဝေဖန်စစ်ဆေးကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ (ိဘ္ဇဇ၀ါဒ) ကိုသာ လက်ခံရမည်ဆိုသည့်အချက် ဖြစ်သည်။ ၀ိဘဇ္ဇ၀ါဒကိုသုံး၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွားရေးအတွက် လုပ်ဆောင်သွားကြရန်မှာ မြန်မာနိုင်ငံသား အားလုံး၏ အဓိကတာဝန်ဖြစ်သည်ဟူ၍ Burma and Buddhismအား နိဂုံးချုပ်ထား၏။ ၁၉၃၅ခုနှစ် တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း၏ အတွေးအမြင်ဖြစ်၏။ တော်လှန်သောစာ။ သူပုန်ဆန်သည့် အတွေးဟုပင် ဆိုရမည်ပင်။
()
၁၉၃၆ခုနှစ် ရန်ကုန်တက္ကသိုလ်သမဂ္ဂ အမှုဆောင်အဖွဲ့တွင် တိုးတက်သော လူငယ်ကျောင်းသားတို့ နေရာရလာကြ၏။ ကိုနုက အမှုဆောင်အဖွဲ့၏ ဥက္ကဌ။ ကိုအောင်ဆန်းက သမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာဖြစ်လာ၏။ ကိုနု၊ ကိုအောင်ဆန်းတိုကြား ကိုလိုနီပညာရေးအား သိမြင်ကြ၏။ ကိုလိုနီပညာရေးက ကျွန်ပညာရေး အားပေး၏။ ကိုလိုနီအုပ်ချုပ်ရေးအတွက် ဗျူရိုကရက်လေးများအား မွေးထုတ်၏။ အမျိုးသား အကျိုးစီးပွားအတွက် အကျိုးမပြု။ ဤအတွက် တိုးတက်သော အမှုဆောင်အသစ်သည် အဓိပတိလမ်းမှနေ၍ ဒေါင်းနင်းလမ်းအား လှမ်း၍ အံတုကြ၏။ သမိုင်းသည် သမိုင်းရေးတာဝန် ထမ်းရွက်လိုသူတို့၏ ပခုံးထက်သို့ သမိုင်းပေးတာဝန်များအား ထမ်းရွက်စေ၏။
“အိုးဝေမဂ္ဂဇင်း အတွဲ(၆) အမှတ်()တွင် “ညိုမြ၏ ဆောင်းပါးတစ်ပုဒ်အား အယ်ဒီတာ ကိုအောင်ဆန်းမှ ထည့်၏။ “ငရဲခွေးကြီးလွတ်နေပြီဟူသည့် ဆောင်းပါးဖြစ်သည်။ ထိုဆောင်းပါးက တက္ကသိုလ်အာဏာပိုင် မျက်နှာဖြူကြီးများ၏ “ရင်အား ထိစေ၏။ နေမ၀င် မင်းကြီးများ၏ ကုလားထိုင်အား လှုပ်သလို ဖြစ်စေ၏။ မကျေနပ်ကြ။ နေမ၀င်အာဏာအား သုံးရန်ကြံကြသည်။ “အယ်ဒီတာကိုအောင်ဆန်းအား ဆောင်းပါးရှင်၏ အမည်အား မေးသည်။ ကိုအောင်ဆန်းက “အယ်ဒီတာကျင့်ဝတ်အရ မပြော။ ဤတွင် ကျောင်းအာဏာပိုင်တို့က ကိုအောင်ဆန်းအား အရေးယူရန် ကြိုးစား၏။ အခြေအနေက ဤသို့သော အခြေအနေ။
ငရဲခွေးကြီး ဆောင်းပါးပါသည့် အိုးဝေမဂ္ဂဇင်းအတွဲ(၆) အမှတ် ()တွင်ပင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ အယ်ဒီတာ့ခေါင်းကြီးအား ရေး၏။ ခေါင်းကြီး၏ ခေါင်းစဉ်က “အနိုင်မခံ
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။
ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ  ငန့်လင့်လျက်ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။
သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည့်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်”
()
၁၉၃၈ ခုနှစ်။ အောက်တိုဘာလတွင် ကိုအောင်ဆန်းသည် ဒို့ဗမာအစည်းအရုံးသို့ဝင်ခဲ့ပြီး သခင်အောင်ဆန်း ဖြစ်လာသည်။ ထိုစဉ်က သူသည် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေတန်း၌ တတ်ရောက်နေစဉ် ဖြစ်သည်။ ထိုစဉ်က ကမ္ဘ္ဘာ့ အခြေအနေအား ကိုအောင်ဆန်းသည် ဤသို့ တွေးမြင် သုံးသပ်မိနေသည်။ သူ၏အမြင်အား ဗမာ့ခေတ် သတင်းစာတွင်ရေး၏။
ဥရောပတိုက်တွင် မြူနစ်အရေးပေါ်ပေါက်လာခြင်းသည်ပင် ဒုတိယကမ္ဘ္ဘာစစ်ကြီး မလွဲဖြစ်ရမည့်အရေးကို ကျွန်ုပ်၏ အသိဥာဏ်အတွင်း ထင်းကနဲ ပေါ်စေတော့၏။ ထိုထက် စောစွာကပင် ၁၉၃၉-၄၀ခုလောက်၌ ကမ္ဘ္ဘာစစ် ဖြစ်မည့်အရေးကို ကျွန်ုပ်တို့တစု တွက်ဆပြီးဖြစ်၏။  ထိုအချိန်လောက်တွင် လက်နက်ဖြည့်တင်းရေး ကိစ္စများသည် နိုင်ငံကြီးများ၌ လုံးဝပြီးစီးပြီး ဖြစ်သောကြောင့်လည်း ကမ္ဘ္ဘာနှင့်အမျှ စစ်မီးလောင်ကျွမ်းချိန်တွင် တို့ဗမာများ မည်သို့ ခြေလှမ်းလှမ်းကြမည်ကို ကျွန်ုပ်တို့လူစု မတွေးဘဲ မပြောဘဲ မနေနိုင်ပြီ။ ပြောဆို ဆွေးနွေးကြ၏။
သို့သော် ထိုအခါက ကမ္ဘာစစ်ကြီးမလွဲ ဖြစ်တော့မည်ကို တွက်ဆမိရုံသာ တွက်ဆမိ၍ ဧကန်အတိအကျကား ပြောဆိုနိုင်ခဲ့သည်မဟုတ်သော်လည်း မြူနစ်မြို့၌ အင်္ဂင်္လိပ်နန်းရင်းဝန် ချိန်ဘာလိန်သည် မိမိနိုင်ငံတော်ကြီး၏ ဂုဏ်သိက္ခာကို မငဲ့မထောက်နိုင်ရှာတော့ပဲ ဟာရ်ဟစ်တလာ ကြေအေးနှစ်သိမ့်ရေးအတွက် ဦးနှိပ်လိုက်သည့်အခါတွင်ကား ကမ္ဘ္ဘာစစ်ကြီး တခါးမ၌ ဆိုက်ရောက်နေပြီဖြစ်ကြောင်းကို သဲထိတ်ရင်ဖို သိရှိရလေတော့၏။
ကမ္ဘ္ဘာစစ်ကြီးက ဖြစ်တော့မည်။ မြန်မာ့အရေးက မည်သို့နည်း။ မည်သို့ ပြလုပ်ကြမည်နည်း။ ဤတွင် ကိုအောင်ဆန်းသည် တက္ကသိုလ်ပရဂိုဏ်မှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ၀င်ခဲ့ခြင်း ဖြစ်သည်။ အားလုံးစွန့်၍ လွှတ်ခဲ့ခြင်းဖြစ်သည်။ ဤသည်ကား သူ၏ “ဗမာ့လွတ်လပ်ရေး အရေးတော်ပုံဆောင်းပါးတွင်
“ငါ့အတွက် ဖြစ်လိုရာ ဖြစ်စေတော့ နိုင်ငံရေး ဂယက်ဝဲအတွင်းသို့ ခြေစုံပစ်၍ ဇွတ်ဆင်းကာ ငါ၏နိုင်ငံ လွတ်လပ်ရေးအတွက် မနေမနားစွန့်စား လုံးပန်းတော့အံ့။ ဤအဓိဌာန်ကို သန်သန်ကြီး ပြုလိုက်မိတော့၏။ မည်သူသည် ဤသို့ အခါကောင်း အခွင့်ထူး ရွှေလမ်းကြီးဖြူးနေသည့် အခိုက်မျိုးတွင် ကိုယ့်နိုင်ငံအတွက် စွန့်စားရေးကို လက်လွတ်ခံနိုင် ခြိမ့်မည်နည်း ဟိသစ္စ၊ ထိုစကားမှန်၏။ ကျွန်ုပ်တို့အတွက် မှန်လှ၏။ ကျွန်ုပ်တို့ လက်လွတ်မခံ။ စွမ်းအားရှိသလောက် ကိုယ့်လူမျိုး ကြုံတွေ့နေရသော ကြမ္မာဆိုးကို ကပြောင်းကပြန် မှောက်လှန်ထုတွေ အမြစ်ပါနှုတ်၍ ချေတော့အံ့။ သခင်အစည်းအရုံးမှတဆင့် နိုင်ငံ့လွတ်လပ်ရေးတိုက်ရန် တိုက်ပွဲတွင်းသို့ ကျွန်ုပ် စတင် သက်ဆင်းမိခဲ့လေသည်
“ဗမာ့လွတ်လပ်ရေး အရေးတော်ပုံဆောင်းပါးအား ဗမာ့ခေတ် သတင်းစာတွင် ဗိုလ်ချုပ်အောင်ဆန်းအမည်နှင့် ရေးခဲ့၏။ ၁၉၃၈မှ ၁၉၄၃ ခုနှစ်အတွင်း သူ၏ဖြတ်သန်းခဲ့ရသည့် စိတ်ဘ၀၊ ရုပ်ဘ၀များအား ရေးသား ဖော်ပြထားသည့် သူ၏ ရုပ်ပုံလွှာဖြစ်သည်။
()
နေမျိုးနွယ်တို့ စစ်ရှုံးကြပြီ။ ဆင်းမလားမှ နေမ၀င်ကြီးတို့ ရန်ကုန်သို့ ပြန်ရောက်၍ Cas -B အုပ်ချုပ်ရေးနှင့် ကိုလိုနီသက်အား ဆက်ရန် ကြံနေကြ၏။ ဖဆပလ ဥက္ကဌ ဦးအောင်ဆန်းသည် ရန်ကုန်မြို့တာဝါလိမ်းနေအိမ်၌ ဆရာကြီး ဦးရာဇတ်နှင့် လူထုဦးလှတို့အား ထမင်းဖိတ်ကျွေးရင်း နိုင်ငံရေးနှင့် စာပေရေးရာများအား ပြောသည်။ ဗိုလ်ချုပ်အောင်ဆန်းက ထမင်းဝိုင်းတွင် “လွတ်လပ်ရေးရပြီးလို့ တိုင်းပြည်စိတ်ချရရင်တော့ ကျနော် စာရေးဆရာပဲ လုပ်မယ်” ဟူ၍ ဆရာကြီး ဦးရာဇတ်အား ပြော၏။ ပြီးလျှင် သူရသည့်အချိန်လေးအတွင်း ခြစ်ချုပ်၍ ရေးသားခဲ့သည့် သူ၏အတ္ထုပတ္တ္တိအား ပြသည်။
အတ္ထုပတ္တ္တိကား အခန်းနှစ်ခန်းသာ ရေးသား၍ပြီးသေးသည်။ အခန်းတစ်က “ဇာတိဟူ၍ အမည်ပေးထားပြီး၊ အခန်းနှစ်ကိုမူ “ကျောင်းသားဘ၀ဟူ၍ ခေါင်းစဉ်တပ်ထား၏။ နောင်တွင် သူ၏လက်ရေးစာမူအား သခင်ကိုယ်တော်မှိုင်းမှ တည်းဖြတ်၍ စာအုပ်အဖြစ် ထုတ်ခဲ့သည်။
ကျနော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍နေသော်လည်း နေတတ်သည်။ ကလေးနှင့်မလိုက်၊ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုံစား များစွာ မလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျနော်နှင့်မဖြစ်။ အချုပ်ဆိုလျှင် ကျနော်၏ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေ ညီညာသော မြက်ခင်းသဖွယ် ရှုချင်သဖွယ်မဟုတ်ပေ။
ထို့ကြောင့် ဆရာဒဂုန်တာရာက သူ၏ “တာရာမဂ္ဂဇင်းတွင် အောင်ဆန်း (သို့မဟုတ်) အရိုင်းဟု သူ၏ ရုပ်ပုံလွှာအား ဖွဲ့ခဲ့ခြင်းဖြစ်မည်။ အရိုင်းဟူသည်ကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ဤသည်ကို... ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်သက်၏။ သူ၏စိတ်၌များစွာမှစိုပြေလတ်ဆတ်သော ဘ၀ဟု ယူဆ၏။ စိမ်းလန်းစိုပြေသော ကျယ်ပြန့်သော ရေရိုင်း၊ မြေရိုင်း ပွေတွင် လူရိုင်းတို့ “လက်ပန်းပေါက်ခတ်၍ လွတ်လွတ်လပ်လပ် မြူထူးစွာ နေနိုင်သည့်ခေတ်အား ဗိုလ်ချုပ် ရည်မျှော်ခဲ့၏။
ထိုခေတ်ကား………

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...