" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."
တယ်လီပသီနည်း စိတ်ပညာ Telepathy Well Power Study
လမ်းကွာဝေးသောအခါ ဆရာနှင့်တပည့် တစ်ဦးနှင့်တစ်ဦး စိတ်ချင်းဆက်သွယ်မှုရအောင် ပထမ
အားထုတ်ရမည်။စိတ်ချင်းဆက်သွယ်ရာတွင် ပထမအစမှာ အောင်မြင်မှုမရနိုင်သော်လည်းအထပ်
ထပ်လေ့ကျင့်ရန်သင့်သော အကြောင်းယုတ္တိနှစ်ရပ်ရှိလေသည်။ပထမအကြောင်းမှာ သင့်အနေနဲ့ 
စိတ်၏ထုတ်လွှင့်ချက်များကို လွှတ်တတ်အောင်လေ့ကျင့်ပြီးအခြားသူတို့ သင်ကိုယ်တိုင် စိတ်ဖြင့်
ဆက်သွယ်ကာ သင့်အကြံအစည်များကို အခြားသူထံသို့ ပို့ တတ်အောင် လေ့ကျင့်ရာ အခက်အခဲ
မရှိနိုင်ပေ။သေချာပေါက်အောင်မြင်သူသည် အပြုသဘောဆောင်သူ ၊ လက်တွေ့ ကျသူဖြစ်သည်။
ထိုသို့ လေ့ကျင့်ရာတွင် သာမန်အခြေခံအားဖြင့်စတင်လေ့ကျင့်ရမည်။
ဥပမာ – ကုလားထိုင်မှာ သက်တောင့်သက်သာ တစ်ယောက်တည်းနာရီဝက်ခန့် ငြိမ်သက်စွာထိုင်
ပြီးသင့်စိတ်ဖြင့်ဆက်သွယ်လိုသူ (သို့ မဟုတ်) ချစ်ခင်သောသူ၏မျက်နှာကိုကွက်ကွက်ကွင်းကွင်း
ပေါ်လာအောင်အာရုံယူပါ။ရုပ်ပုံပေါ်အောင်ရှုပါ။သူ့ မျက်နှာကို ပကတိမျက်လုံးဖြင့် သဲသဲကွဲကွဲမြင်
အောင်ရှုပါ။မျက်ခုံးမတွန့် နှင့် ။စိတ်မလှုပ်ရှားစေနှင့်။အစမှာ မိမိစိတ်ဖြင့် ဆယ်သွယ်လိုသူ၏မျက်
နှာကိုပေါ်လွင်စွာမြင်ရအောင် ရှု့  ဖို့ ကိုသာ အားထုတ်ရမည်။ထို့ နောက် သင့်မျက်လုံးကိုပိတ်ပါ။
ပြီးလျှင် သင့်ရှေ့ မှောက်မှာ စောစောကမျက်နှာပြန်ပေါ်လာအောင် စိတ်ဖြင့် တဖြည်းဖြည်းပုံဖော်
ပါ။ပထမ အစတွင် လိုသောအကျိုးကိုရချင်မှရလိမ့်မယ်။သူ၏မျက်လုံးတွေကိုသာမြင်လိုက် ၊ပါးစပ်
ကိုသာမြင်လိုက် ၊မျက်နှာက ရိတ်ခနဲပေါ်လာပြီး ပျောက်ချင်ပျောက်သွားလိုက်ဖြစ်နေမည်။
မည်သို့ ပင်ဖြစ်စေ သင်၏ပိတ်ထားသောမျက်လုံးထဲတွင် မိမိစိတ်ချင်းဆက်သွယ်လိုသူ၏မျက်နှာ
သည်ဓါတ်ပုံထဲမှာမြင်ရသလို ထင်ထင်ရှားရှားပေါ်အောင် ရှုတတ်ဖို့ ပထမအားထုတ်ပါ။ယင်းလေ့
ကျင့်ခန်းကို တစ်ရက်နှစ်ရက်လေ့ကျင့်ရုံမှဖြင့် ဘာမှမဖြစ်လာနိုင်။သင်အားလပ်သည့်အချိန်တစ်
ချိန်ကိုသာ သတ်သတ်မှတ်မှတ်ထားပြီးလေ့ကျင့်ရမည်။နံနက်ခင်း စိတ်ကြည်ကြည်လင်လင်ဖြစ်
နေချိန်တွင် လေ့ကျင့်လျှင်ပို၍ကောင်းသည်။ညမှာ နာရီဝက်ထပ်လေ့ကျင့်ပါ။နံနက် နာရီဝက် ၊ည
နာရီဝက်လေ့ကျင့်လျှင် လုံလောက်ပါသည်။မျက်လုံးကို မှိတ်လိုက်သည်နှင့် သင့်၏စိတ်ဖြင့်ဆက်
သွယ်လိုသူ၏မျက်နှာ ဘွားခနဲပေါ်လာသည်အထိ အပြည့်အစုံပေါ်လာသည်အထိဆက်တိုက်လေ့
ကျင့်ရမည်။ထို အဆင့်သို့ ရောက်ရှိလျှင် သင့်မှာစိတ်တည်ငြိမ်မှု သမာဓိအားအတော်အတန်
ကောင်းမွန်နေပြီဖြစ်သည်။ယခုသင်သည် “အမြင်ယူမှုအတတ်” (The art of visualiztion) အ
ကျင့်ရပြီ။ထိုမှတဆင့် ဘာမှသင်က အားထုတ်ပြီးစဉ်းစားနေစရာမလိုပါ။သင့်စိတ်က “ငါမနက်ဖြန်
မင်းကိုတွေ့ ချင်လိုက်တာ”ဟု ပြောရုံမှသာ။သင်ပြောလိုသူ၏မျက်နှာပေါ်လာပြီဆိုလျှင် အောက်ပါ
စကားများကို လူချင်းတွေ့ သလို တွေ့ ပြီးကျယ်ကျယ်ပင် တစ်ကြိမ်နှစ်ကြိမ်ပြောပါ။ထို သို့ ပြောပြီး
သူ့ မျက်နှာကိုသာ ဆက်ကြည့်နေပါ။ငါးမိနစ်လောက်ကြာအောင်ကြည့်ရမည်။သူ့ မျက်နှာ တဖြည်း
ဖြည်းမှိတ်ပျောက်သွားတော့မှသူနေရာပေါ်ခဲ့သောနေရာမှာ သင့်စကားလုံးများကိုအထင်းသား
ရေးထားသည့်စာကြောင်းများကိုမြင်အောင်ရှုပါ။ထိုသတင်းပေးပို့ ချက်အဖြေကို သင်ရလိမ့်ဦးမည်
မဟုတ်ပါ။သင့်လက်ရေးနှင့်စာလုံးတွေပေါ်လာပြီဆိုရင် သင်ပေးပို့ သောသတင်းကို တစ်ဖက်လူ
ရပြီဟုနားလည်သဘောပေါက်ရမည်။အတွေ့ အကြုံအရပြောလျှင် သင့်လူ၏မျက်နှာပေါ်ပြီးနောက်
စာမပေါ်လျှင် သတင်းပေးချက်ကိုမရသေးဟု သတ်မှတ်ရမည်။ဤသည်မှာ တယ်လီပသီနည်း၏
အခြေခံနည်းတစ်ခုသာဖြစ်ပေသည်။
ထက်အောင်လှိုင်(စိတ်ပညာ)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com
Related Posts Plugin for WordPress, Blogger...