" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Variable Air Volume ( VAV ) အကြောင်း

Air Conditioning ဘာသာရပ်တွင် Techanical Team မဟုတ်သော အခေါ်အဝေါ် အရ Air Side နှင့် Water Side ဟုနှစ်မျိုးခွဲနိုင်သည်။ Air Side ဆိုသည်မှာ AHU, FCU, MV Fan, VAV Boxes, Dcut, Diffuser, Damper စသည်ဖြင့် လေနှင့်သက်ဆိုင်သည် အရာအားလုံးနှင်ပတ်သက်သည်။ Air Side တွင်လည်း Constant Air Volume (CAV) System နှင့် Variable Air Volume (VAV) System ဟုနှစ်မျိုးခွဲနိုင်သည်။ Water Side တွင် Primary Only System နှင့် Primay-Secondary System ဟုနှစ်မျိုးခွဲနိုင်သည်။
Air Conditioning System
Air Side
Water Side
Constant Air Volume (CAV) System
Variable Air Volume (VAV) System
Primary Only System
Primay-Secondary System
Constant Air Volume (CAV) System တွင် Blower သို့ Supply Fan သည် အချိန်တိုင်း၌ မည်သည်အခါမျှမပြောင်းလဲသည် ပုံသေလည်ပတ်နှန်း(Fix Speed) မောင်းနေသည်။ ထိုကြောင့် Air Volume Rate မှာလည်းမည်သည့်အခါမျှမပြောင်းလဲပေ။ Air Volume Rate မပြောင်းလဲသောကြောင့် Cooling Load အနည်းအများလိုအပ်ချက်ကို Variable Temperature ဖြင့် ထိန်းယူသည်။ ယင်းကို Constant Volume Variable Temperature ဟုခေါ်သည်။
Hall အခန်းအကျယ်ကြီးတွင် user အများကြီး အတွက် Constant Air Volume Rate နှင့် မောင်းနေခြင်းသည် user အားလုံးကို Satisfied ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပါ။ အချို့သော သူများအတွက် ၂၃ ဒီဂရီစီ (23C) သည်Confortable ဖြစ်သည် Temperature ဖြစ်ပြီး အချို့သော သူများအတွက် ၂၄ ဒီဂရီစီ(24C) သည် အေးလွန်းသော Temperature ဖြစ်နိုင်သည်။

ထိုသို့ User တစ်ဦးခြင်းစီ သို တစ်စုခြင်းစီ အတွက် သူတို့အကြိုက်ဆုံးTemperature ကိုပေးနိုင်မည့် နည်းမှ (Variable Air Volume) VAV Box များကို သုံး၍တပ်ဆင်ခြင်းပင်ဖြစ်သည်။ ပုံတွင်ပြထားသည်အတိုင်း အခန်း ငယ်တစ်ခုခြင်းစီအတွက် လိုအပ်သည့် လေပမာဏရန် နှင့် User အကြိုက်ဆုံးTemperatureကို ပေးနိုင်သည့် အရာမှာ (Variable Air Volume) VAV Box နှင့် Thermostat ပင်ဖြစ်သည်။


VAV System တစ်ခုတွင် အောက်ပါတို့ပါဝင်ရမည်။
က) Variable Air Volume ကို deliver လုပ်နိုင်သော Air Handling Unit. (Air Handling Unit တစ်ခု၏ Supply Fan သို့ Blower သည် Variable Air Volume ကို deliver လုပ်နိုင်ရန်အတွက် Variable
ခ) Speed Drive (VSD) ကိုတပ်ဆင်ထားရမည်။
ဂ) Supply Air ပေးပို ရန် Duct
ဃ) VAV Terminal Unit or Box , Thermostat with Controller  and Actuator
 






ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...