" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကျောင်းသား လှုပ်ရှားမှု ၁၉၈၈ နိုင်ငံရေး Myanmar Policy in Myanmar Students 1988

‘၈၈’ မတ်လ ကျောင်းသားလှုပ်ရှားမှု (၉)

“ဒေါက်တာ လှရွှေ ပြောသလိုပေါ့ဗျာ။ လွတ်လပ်ရေးရဖို့အတွက် အရိုးတောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာ ရှိနေမယ် တဲ့။ အဲဒီတော့ ကျောင်းသားတွေဟာ မိမိရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ ကျောင်းသား ဆိုတာဟာ လူထုကနေပြီးတော့ မွေးဖွားလာတဲ့ လူထုရဲ့အစိတ်အပိုင်းဖြစ်တယ်။ လူထုရဲ့အရေးဟာ ကျောင်းသားတွေရဲ့အရေးပဲ ဖြစ်တယ် … ”
၁၇ နှစ်တာကာလ ဖြတ်သန်းပြီးချိန်မှာ အတိတ်က အားနည်းချက် အားသာချက်တွေကို ပြန်လည် သုံးသပ်နိုင်ခဲ့တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။
အတိတ်ကို ပြန်လည်သုံးသပ်နိုင်ခဲ့ပြီဆိုတော့ ဒီကနေ့ ပစ္စုပ္ပန်ကာလကနေ ရှေ့အနာဂတ်နဲ့ပတ်သက်လို့ရော ကျောင်းသား ခေါင်းဆောင်တွေအနေနဲ့ ဘယ်လိုရှုမြင်ထားကြပါသလဲ။
ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်နဲ့ ကိုမင်းဇေယျာတို့ရဲ့အမြင်ကို ကျနော်တို့ နားဆင်ကြည့်ရအောင်လား ခင်ဗျာ။


“ပစ္စုပ္ပန်အခြေအနေမှာ ကျနော်တို့ကသွားရတဲ့ အကျယ်လောင်ဆုံးအသံ သို့တည်းမဟုတ် အားလုံးအတွက် ရည်ရွယ်ထားတဲ့ ဦးတည်ရာက အမျိုးသားနိုင်ငံရေးဆိုတာ ဖြစ်နေတယ်။ အမျိုးသားနိုင်ငံရေး ဆိုတဲ့နေရာမှာ ကျနော်တို့ အဓိပ္ပာယ်ဖွင့်ဆိုတာလေးကို ကျနော်တို့ ရှင်းပြချင်တယ်။
အမျိုးသားနိုင်ငံရေးဆိုတာ တစုတဖွဲ့ရဲ့ အကျိုးစီးပွား မဟုတ်ဘူးဗျာ။ ကျနော်တို့ ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားအားလုံး လူထုလူတန်းစား အလွှာအသီးသီးရော အားလုံးရဲ့အကျိုးစီးပွား ဖြစ်ရပါမယ်။
အဲဒီတော့ အမျိုးသားနိုင်ငံရေးလို့ ကြွေးကြော်နေပြီးတော့ တစုတဖွဲ့တည်းအတွက် အာမခံချက်ရှိရေး ဆိုတာမျိုးကို ရည်ရွယ်ပြီးတော့ အဓိကထား မစဉ်းစားကြဖို့ အနာဂတ်ကို လှမ်းကြည့်တဲ့အခါမှာလည်း အဓိပ္ပာယ်ဖွင့်ဆိုချက်ချင်း တူညီမှ ကျနော်တို့ သွားရမယ့်လမ်းက ဖြောင့်ပါလိမ့်မယ်။
ဘယ်လိုပဲ ကျနော်တို့က ပစ္စုပ္ပန်မှာ ရပ်တည်ထားတဲ့ အနေအထားတွေ ကွဲပြားနေပါစေ။ ဒီ ဖွင့်ဆိုချက်တွေတော့ တူကြဖို့တော့လိုပါတယ်။ အဲဒါမှ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်မယ်လို့”
“တပ်မတော်ဟာ အမျိုးသားရေးကို သစ္စာမဖောက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ကျနော်တို့ မြင်နေ ကြားနေရတယ်ပေါ့။ ဒီကနေ့ တပ်မတော်သည်ပင်လျှင် လွတ်လပ်ရေးကြိုးပမ်းမှုလှုပ်ရှားမှု သမိုင်းထဲက ကျောင်းသားခေါင်းဆောင်တွေကနေ ထပြီးဖော်ပေးခဲ့တဲ့ တပ်မတော်ပင်ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အပြောင်းအလွဲကာလတိုင်းမှာ ကျောင်းသားတွေဟာ အဆင်သင့်ရှိခဲ့ပါတယ်။ အမျိုးသားရေး လှုပ်ရှားဆောင်ရွက်မှုတိုင်းမှာ ရှေ့တန်းကပါခဲ့တယ်ဆိုတာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးတိုက်ပွဲ သမိုင်းကနေစပြီးတော့ ကြည့်လို့ရတယ်။ မှတ်ကျောက်တင်ခံခဲ့မှုတွေ အများကြီးရှိတယ်။
ဒေါက်တာ လှရွှေ ပြောသလိုပေါ့ဗျာ။ လွတ်လပ်ရေးရဖို့အတွက် အရိုးတောင်လိုပုံမှ ရမယ်ဆိုရင် ငါတို့ကျောင်းသားတွေရဲ့ အရိုးဟာ အောက်ဆုံးအလွှာမှာရှိနေမယ် တဲ့။
အဲဒီတော့ ကျောင်းသားတွေဟာ မိမိရဲ့ ပုဂ္ဂလိက အကျိုးစီးပွားအတွက် မဟုတ်ပါဘူး။ ကျောင်းသား ဆိုတာဟာ လူထုကနေပြီးတော့ မွေးဖွားလာတဲ့ လူထုရဲ့အစိတ်အပိုင်းဖြစ်တယ်။ လူထုရဲ့အရေးဟာ ကျောင်းသားတွေရဲ့အရေးပဲ ဖြစ်တယ်။
အဲဒီအတွက် ကျောင်းသားတွေဟာ အမျိုးသားအရေးနဲ့ ပတ်သက်လာရင် အမြဲတမ်း မားမားမတ်မတ် ရပ်တည်နေမှာပဲဆိုတာဟာ ဘယ်လိုမှကို ကျနော်တို့ သံသယရှိစရာမလိုတဲ့ အကြောင်းအခြင်းအရာ တရပ်ပဲ”
“မြန်မာနိုင်ငံရေးသမိုင်း အစဉ်အဆက်ကိုကြည့်ရင် နိုင်ငံရေးနဲ့ပတ်သက်လာရင် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍဟာ တပ်မတော်ရဲ့ အခန်းကဏ္ဍထက် အများကြီး ကြီးမားခဲ့ပါတယ်။ အများကြီးပဲ အရေးပါခဲ့ပါတယ်”
“တိုင်းပြည်အတွက် လုပ်ကြတဲ့နေရာမှာ ဒါကို နိုင်ငံရေးလုပ်တယ်ပဲ ခေါ်ခေါ် ဘာအရေးလုပ်တယ်ပဲ ခေါ်ခေါ်ပေါ့ဗျာ။ အခေါ်အဝေါ်တွေက ကြိုက်သလိုပြောကျတာပဲဗျ။
ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...