Data Communication နှင့် Networking
ebook တစ်ခုလုံးကို download လုပ်ယူရန်
http://www.acmv.org/ebook/Data_Commu...Networking.pdf
၁.၁. Data Communication
Computer information system များတွင် Data များကို binary information unit (သို့မဟုတ် bits) များဖြင့် ဖော်ပြသည်။ 0 နှင့် 1 ကိုသာ အသုံးပြု၍ Data များကို ဖော်ပြသည်။
Data Communication ဆိုသည်မှာ Transmission Medium (wire ၊ cable စသည့် ကြိုးတစ်မျိုးမျိုး) တစ်ခုခုဖြင့် ဆက်သွယ်ထားသည့် device ၂ခုတို့ Data များ အပြန်အလှန် လဲလှယ်ကြခြင်းဖြစ်သည်။ Wireless communication များအတွက် radio wave နှင့် microwave သည် Transmission Medium ဖြစ်သည်။ ဥပမာ အဆောက်အဦးတစ်ခုအတွင်းရှိ Device များ အချင်းချင်း Data များ အပြန်အလှန်လဲလှယ်ခြင်းဖြစ်သည်။
Data Communication System တွင် ၏ Effectiveness သည် အခြေခံအချက် ၃ ချက်ပေါ်တွင်မူတည်သည်။
(၁) Delivery - System သည် Data များကို ရောက်ရမည့်နေရာ (Correct destination) သို့ ရောက်အောင်ပို့နိုင်ရမည်။ လက်ခံရမည့်သူ (receiver device ) သို့ အသုံးပြုသူ (User) ကသာ Data များကို ရရှိရမည်။ လမ်း၌မသက်ဆိုင်သူများ Data များမယူနိုင်အောင်ကာကွယ်ပေးနိုင်ရမည်။
(၂) Accuracy - System များသည် Data များကို တိကျစွာ မှန်ကန်စွာ ပေးပို့ရမည်။ လမ်းတစ်လျှောက် ပျက်စီးယိုယွင်းသွားသည့် Data များနှင့် မမှန်သည့် Data များကို အသုံးပြုရန် မဖြစ်နိုင်တော့ပေ။
(၃) Timeliness - System သည် Data များကို ရောက်ရမည့် အချိန်အတွင်း အချိန်မှန် ရောက်ရှိရန်လိုသည်။



Data Communication System များကို Component ၅ ခုဖြင့် တည်ဆောက်ထားသည်။
(၁) Message – Message သည် ပေးပို့ရမည့် information (သို့) Data ဖြစ်သည်။ သို့မဟုတ် Communicate လုပ်ရန် information များ (Data များ) ဖြစ်သည်။ Message များသည် စာလုံးများ (text များ) ၊ နံပါတ်များ (number) ၊ အသံများ (sound) သို့မဟုတ် ဗီဒီယို (video) များ စသည် ပုံစံ အမျိုးမျိုးဖြစ်နိုင်သည်။
(၂) Sender – ပေးပို့သူ (Sender) ဆိုသည်မှာ Data Message ကို ပေးပို့သည့် (Send လုပ်သည့်) device ဖြစ်သည်။ Computer ၊ Workstation ၊ Telephone handset ၊ Video camera တို့ဖြစ်သည်။
(၃) Receiver – လက်ခံသူ (Receiver) ဆိုသည်မှာ Message ကို လက်ခံသည့် (receive လုပ်မည့်) Device ဖြစ်သည်။ PC ၊ Handset ၊ TV တို့ဖြစ်သည်။
(၄) Medium – Medium ဆိုသည်မှာ (Transmission Media) ဖြစ်သည်။ ပေးပို့သူ (Sender) ဆီမှ Message သည် လက်ခံသူ (Reciver) ထံသို့ ရောက်သွားအောင် ဆက်သွယ်ထားသည့် Physical path ဖြစ်သည်။ Twisted pair wire ၊ Coaxial cable ၊ Fiber optic cable ၊ Laser ၊ Radio wave နှင့် Satellite microwave တြို့ဖစ်သည်။
(၅) Protocol – Protocol ဆိုသည်မှာ Data communication ကို ကြီးကြပ်သည့် စည်းမျဉ်း စည်းကမ်း များ (rules) ဖြစ်သည်။ Communicating Device များ အချင်းချင်း ထားရှိသည့် သဘောတူညီချက်ဖြစ်သည်။ ဘာသာစကားတူသည်။ Protocol မရှိလျှင် Device ၂ခုကို Connect သာလုပ်နိုင်သည်။ ဆက်သွယ်ခြင်း (Communication) လုပ်နိုင်လိမ့်မည် မဟုတ်ပေ။
၁.၂ Network
Network ဆိုသည်မှာ Media Link တစ်မျိုးမျိုးဖြင့် ချိတ်ဆက်ထားသည့် Device များဖြစ်သည်။ တစ်ခါတစ်ရံ ထို Device များကို Node ဟုလည်းခေါ်သည်။ Data များကို ပေးပိုနိုင်သော (Send လုပ်နိုင်သော) စွမ်းရည်၊ လက်ခံနိုင်သည့် (Receive လုပ်နိုင်သည့်) စွမ်းရည်ရှိသည့် Device များ (Node များ) မှာ Computer နှင့် Printer တို့ဖြစ်သည်။ ထို Device များကို ဆက်သွယ်ထားသည့် Connecting Link ကို Channel ဟုခေါ်သည်။
Network များ Effective ဖြစ်မှုနှင့် Efficient ဖြစ်မှုကိုတိုင်းသည့် အချက်များမှာ
(က) Performance
(ခ) Reliability နှင့်
(ဂ) Security တို့ဖြစ်သည်။
(က) Performance – Network တစ်ခု၏ Performance သည်
(၁) အသုံးပြုသူအရေအတွက် (Number of user) – အသုံးပြုသူများ (Users)တစ်ပြိုင်နက် Network ကို အသုံးပြုခြင်းကြောင့် response time ပိုကြာစေနိုင်သည်။ နှေးကွေး သွားစေနိုင်သည်။ High traffic အချိန်၌ Performance ကျဆင်းနိုင်သည်။ ထို့ကြောင့် Network တစ်ခုသည် User များများ သုံးသည့်အချိန်၌ မြန်မြန် Response လုပ်နိုင်လျှင် Performance ကောင်းသည်ဟု ဆိုနိုင်သည်။
(၂) Type of transmission – Data များသွားနှုန်းသည် medium အပေါ်တွင်မူတည်သည်။ 100 Megabits per second (100 Mbps) နှုန်းဖြင့်သယ်ဆောင်နိုင်သည့် medium သည် 10 Megabits per second (10 Mbps) နှုန်းဖြင့်သယ်ဆောင်နိုင်သည့် medium ထက် ၁၀ ဆခန့်ပို စွမ်းရည်ကောင်းသည်။ powerful ဖြစ်သည်။
(၃) Hardware – Transmission လုပ်ရန် ပို၍မြန်သည့် computer နှင့် ပိုကြီးမားသည့် storage capacity တို့သည် Network performance ကို ပိုကောင်းစေသည်။
(၄) Software - Sender ၊ Receiver နှင့် Intermediate node တို့၌ Data များကို process လုပ်သည့် Software များကြောင့် Network performance ကောင်းလာနိုင်သည်။
(ခ)Reliability
Reliability ကိုအောက်ပါအချက်များဖြင့် တိုင်းသည်။
(က) အသုံးပြု၍မရသည့် အကြိမ်အရေအတွက် (Frequency of Failure)
(ခ) ချို့ယွင်းပြီးနောက်ပြန်ကောင်းလာအောင်ပြုလုပ်ရန်ကြာချိန် (Recovery time of a network after a failure) နှင့်
(ဂ) Catastrophe တို့ဖြစ်သည်။
Network များကို မီးလောင်ခြင်း၊ ငလျင်လှုပ်ခြင်း စသည့် catastrophic event စသည့် ဘေးအန္တရယ်များမှာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားသင့်သည်။

(ဂ) Security
unauthorized access နှင့် virus တို့သည့် Network များ၏ လုံခြုံရေး (security) ကို အန္တရာယ်ပေးနိုင်သည်။
Data များတစ်နေရာမှ အခြားတစ်နေရာသို့မည့်ကဲ့သို့ ရောက်ရှိသွားသည်ကို နားလည်ရန်အတွက် communication device များ အပြန်အလှန် ဆက်ဆံမှု (relationship) ကို နားလည်ရန်လိုသည်။
အခြေခံအားဖြင့် ပုံစံ ၅ မျိုးရှိသည်။
(က) Line Configuration
(ခ) Topology
(ဂ) Transmission Mode
(ဃ) Categories of Network နှင့်
(င) Internet work တိုဖြစ်သည်။
Line Configuration ဆိုသည်မှာ Link တစ်ခုတွင် communicating device များ တွဲ၍တပ်ဆင်ထားခြင်း(attach လုပ်ထားခြင်း)ကို ဆိုလိုသည်။ Link ဆိုသည်မှာ Device တစ်ခုနှင့် အခြား Device တစ်ခုအကြားရှိ Data transfer လုပ်ရန် physical path ဖြစ်သည်။
Line Configuration ၂မျိုးမှာ point to point နှင့် multi point တို့ဖြစ်သည်။
Point to Point - Line Configuration ဆိုသည်မှာ Device ၂ခုအကြားရှိ သီးသန့်သတ်မှတ်ထားသည့် (Dedicated) Link ဖြစ်သည်။ Channel တစ်ခုလုံး၏ Capacity ကို ထို Device ၂ခုအတွက်သာ သုံးခွင့် ပေးထားသည်။

Multipoint Line Configuration ဆိုသည်မှာ ၂ခုထက်ပိုသည့် Device များ Link တစ်ခုတည်းကို အတူတကွ အသုံးပြုကြခြင်းဖြစ်သည်။

၁.၃ Topology
Topology ဆိုသည်မှာ Physical နည်း သို့ Logical နည်း ဖြင့် network ဖြစ်အောင် ချိတ်ဆက်(Connect) ထားသည့် ပုံစံကို ဆိုလိုသည်။ Device ၂ခု (သို့) ၂ခုထက်များသည့် Device များ Link တစ်ခု၌ ချိတ်ထားသည်။ Link များစုပေါင်း ချိတ်ဆက်ခြင်းဖြင့် topology ကိုဖြစ်စေသည်။
အခြေခံ topology ၅မျိုးမှာ (၁) Mesh ၊ (၂) Star ၊ (၃) Tree ၊ (၄) Bus နှင့် (၅) Ring တို့ဖြစ်သည်။

ကောင်းထက်ညွန့်ြ