" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Heat Exchanger အကြောင်း ၂

Heat Exchanger- အပိုင်း-၂

Plate Heat Exchangers
Plate heat exchangers ဆိုသည်မှာ hot fluid သီးသန့် channel အတိုင်း စီးရင်း၊ cold fluid သီးသန့် channel အတိုင်း စီးရင်း၊ heat transfer ဖြစ်အောင် metal plate  အတွဲများကိုလိုက်ထပ်ထားခြင်းဖြစ်သည်။ အပူသည် plate နံရံများ(plate walls)ကိုမှတဆင့်ဖြတ်သန်းစီးဆင်းသွားသည်။
Exchanger တွင် channel များကို တစ်ခုပြီးတစ်ခု frame တွဲ၍ ချိတ်တွဲထားသည်။ plate များ၏ ထောင့်တွင် အပေါက် (opening or port)များပြုလုပ်ထားသည်။ plate များအားလုံးကို အတူတကွတပ်ဆင်လိုက်လျှင် ထို အပေါက် (opening or port)များသည် fluid များစီးဝင်ရန် အတွက် manifold များအဖြစ်သို့ရောက်ရှိသွားသည်။ စီးဆင်းရာလမ်းကြောင်း(flow paths)ကို ဖြစ်စေသည်။
Plate များစွာ ချိတ်တွဲထားခြင်းကို plate pack ဟုခေါ်သည်။ plate pack များကို ထိန်းထားပေးရန် bar တစ်ခုလိုအပ်သည်။ ထိုသို့ ဒီဇိုင်းပြုလုပ်ထားခြင်းကြောင့် plate pack ကို ဖွင့် ပြီး plate များတစ်ခုခြင်းကို ဆေးကြောနိုင်သည်။ Plate ထပ်ထည့်ခြင်းဖြင့်  ပိုမိုမြင့်မားသည့် Capacity လိုအပ်ပါ ရရှိနိုင်သည်။ ထိုအတူ မလိုအပ်သည့် Plate များကို ဖြုတ်ထုပ်နိုင်သည်။
Plat ကို gasket များဖြင့်သော်လည်းကောင်း- welding ဆော်ခြင်းဖြင့်သော်လည်းကောင်း- brazing လုပ်ခြင်းဖြင့်သော်လည်းကောင်းချိတ်တွဲတပ်ဆင်နိုင်သည်။
Gasket များဖြင့် တပ်ဆင်ထားသော plate heat exchanger များသည် အများဆုံး 2 MPa ဖိအားအထိသာ ခံနိုင်သည်။
အသုံးပြုသည့် gasket material အမျိုးအစား (ရာဘာ-ပလပ်စတစ် စသည်တို့)ကိုလိုက်၍ ခံနိုင်သည် အပူချိန်သည် ကွာခြားသည်။ Brazed plate များသည် ဖိအား 3 MPa နှင့် အပူချိန် (temperatures) 260°C အထိခံနိုင်ကြသည်။
Gasket plate heat exchanger များသည် အသုံးများဆုံးဖြစ်သည်။ nitrile butyl rubber (NBR) ဖြင့်ပြုလုပ်ထားသော gaskets များသည် အပူချိန် 110°C အထိသာ ခံနိုင်ရည်ရှိသည်။
Ethylene-propylene terpolymer (EPDM) gaskets သည် အပူချိန် 160°C အထိ ခံနိုင်ရည်ရှိသည်။ gasket ကို plate ပေါ်တွင် ကော်ဖြင့်ကပ်၍သော်လည်းကောင်း၊ ကလစ်များဖြင့်ကပ်၍သော်လည်းအသုံးပြုကြသည်။
Gasket  ပုံစံများကို counterflow လမ်းကြောင်းအတိုင်းစီးဆင်းသွားအောင်ပြုလုပ်ထားကြသည်။
Welded.
Plate နှစ်ခု၏အစွန်းကို ဂဟေဆော်ထားခြင်းဖြင့်တွဲထားလျှင် cassette ဟုခေါ်သည်။ အက်စစ်များ၊ သံချေးတတ်လွယ်သော fluid များအတွက်  သင့်လျှော်သော gasket material အမျိုးအစား မရနိုင်လျှင် ဂဟေဆော်သည့်နည်းကို အသုံးပြုသည်။ non-aggressive fluid များအတွက် standard gasket များကို အသုံးပြုကြသည်။ refrigeration လုပ်ငန်းများအတွက် ဂဟေဆော်သည့် heat exchanger များကို အသုံးကြသည်လည်းရှိသည်။
Brazed.
gasket  နှင့် frame များ သုံးမရသည့် အခါ Brazed-plate heat exchangers များကို ပြုလုပ်ကြသည်။ copper or nickel အတုံးထဲတွင် plates များကို ထည့်က brazing လုပ်ခြင်းဖြစ်သည်။ ပြုပြင်ထိန်းသိမ်းရန်မလိုသည့် closed-system applications များအတွက် အလွန်ကုန်ကျစရိတ်သက်သာသည့် နည်းလမ်းကောင်းဖြစ်သည်။
heat exchanger နံရံများ ပေါက်သွားသည့် အချို့ သော fluid များသည် အလွန်အန္တရာယ်များသည်။ပေါက်ကွဲတတ်သည်။ ထိုကြောင့် heat exchanger နံရံများကိုနှစ်ထပ်ပြုလုပ်ထားကြသည်။ Double-wall heat exchanger ဟုခေါ်သည်။ Double-wall heat exchangerကို  shell-and-tube နှင့် plate heat exchangers နှစ်မျိုးလုံးတွင်ရနိုင်သည်။
Double-wall heat exchanger ၏ overall thermal performance သည် single-wall လောက်မကောင်းပေ။ ဈေးလည်းပိုများသည်။
အထက်ပါ ပုံ၁၂ တွင်double-wall plate heat exchanger တစ်ခု ၏welding ဖြင့်ဆက်ထားသော Plate နှစ်ခု နှင့် Gasket ကို ပြထားသည်
COMPONENTS
HVAC applications အတွက် ထုပ်လုပ် သို့တည်ဆောက်ထားသော Heat exchangers များတွင် ASME Boiler and Pressure
Vessel Code ပါသည့် လေဘယ်များကို ဖော်ပြထားရမည်ဖြစ်ပြီး အပူချိန် 190°C တွင် ဖိအား 1000 kPa ကို အထိခံနိုင်ရမည်။
Shell-and-Tube Components
အထက်ပါပုံ၁၃ တွင်ပြထားသည့် shell-and-tube exchanger တွင် အောက်ပါ component များပါဝင်သည်။
က) Shells
ခ) Baffles, tube supports, tie rods, and spacers
ဂ) Tubes
ဃ) Tubesheets
င) Heads တို့ပါဝင်သည်။

Shells ကို steel pipe များ၊ ကြေး နှင့် stainless steel များဖြင့်ပြုလုပ်လေ့ရှိသည်။ The inlet and outlet nozzles များကို တပ်ဆင်မှုလွယ်ကူရန် လူသုံးများသည့် flange များဖြင့် ပြုလုပ်ထားသည်။ nozzles များ၏ အဝ အကျယ်ကို fluid velocity များစေရန်နှင့် impingement on the tubes ပေါ်တွင် impingement မဖြစ်စေရန် ပြုလုပ်ထားသည်။

Baffles, tube supports, tie rods, and spacers တို့ ကို ကြေး နှင့် stainless steel များဖြင့်ပြုလုပ်လေ့ရှိသည်။ baffle အရေတွက်နှင့် baffle တစ်ခုနှင့်တစ်ခုအကြားအကွာအဝေးသည် velocity နည်းခြင်းများခြင်းကိုဖြစ်စေသည်။ velocity များခြင်းကြောင့် shell-side heat transfer coefficient ကျဆင်းပြီး pressure drop ပိုများလာသည်။

Tubes steel pipe များ၊ ကြေး၊ အထူးအရည်အသွေးကောင်းသော brass များ နှင့် stainless steel များဖြင့်ပြုလုပ်လေ့ရှိသည်။
tube diameter, အထူ (gage) နှင့် အမျိုးအစား (material) များသည် heat transfer coefficient နှင့် exchanger ၏ စွမ်းဆောင်မှု (performance) ကိုပြောင်းလဲစေသည်။ .

Tubesheets များသည် baffles ပြုလုပ်သည် သတ္တုအမျိုးအစားများနှင့်တူညီလေ့ရှိသည်။
Tubesheets များကို လိုအပ်သည့် tube layout များအတိုင်း ရအောင်အပေါက်များဖောက်လေ့ရှိသည်။ ထိုအပေါက်များပါသော tube layout ကို pitch ဟုခေါ်လေ့ရှိသည်။

Heads များကို အများအားဖြင့် cast iron သို့ fabricated steel ဖြင့် ပြုလုပ်လေ့ရှိသည်။ သေးငယ်သော exchanger များအတွက် Cast brass နှင့် cast
stainless steel တို့ဖြင့်လည်းပြုလုပ်ကြသည်။ Head များသည်လိုအပ်သည့်နေရာ သို့ တပ်ဆင်မည့်နေရာတို့ဝင် အဆင်ပြေအောင် အံဝင်အောင် ပြုလုပ်ထားကြသည်။

Plate Components
အထက်ပါပုံတွင် Plate heat exchanger၏ gasketed plate နှင့် frame တို့ကိုခွဲပြထားသည်။

အောက်တွင် Component များ၏ လုပ်ဆောင်ချက်များနှင့် ပြုလုပ်သည့် သတ္တုအမျိုးအစားများကို ဖော်ပြထားသည်။
Fixed frame plates ကို carbon steelဖြင့်ပြုလုပ်သည်။
Single-pass Plate heat exchanger တွင် Hot fluid နှင့် Cold fluid နှစ်မျိုးလုံး၏ inlet and outlet တို့သည် fixed frame plate ဘက်တွင်သာရှိကြသည်။ တနည်း fixed frame plate ဘက်တွင် ပိုက် Connection ၄ ခုလုံးရှိလျှင် Single-pass Plate heat exchanger ဖြစ်သည်။ ANSI အမျိုးအစား flanges အတွက် Connections များသည် NPT သို့ stud port ဒီဇိုင်းများဖြစ်သည်။
NPT connections များသည် carbon steel သို့ stainless steel သတ္တုများဖြစ်သည်။ Stud port connections များကို corrosion ဖြစ်ခြင်းမှ ကာကွယ်ရန်အထဲတွင်မြုတ်ထားလေ့ရှိသည်။

Movable pressure plates ကို capacity တို့ရန်အတွက် plates အသစ်များထပ်ထည့်ရန်၊ plates ထုပ်ဖြစ်ရန် နှင့် plates အသစ်လဲလှယ်ရန် ဒီဇိုင်းလုပ်ထားသည်။ Movable pressure plates သည် carrying bar ၏ တစ်လျှောက်တွင် ရွှေ့ နိုင် ရန် ပြုလုပ် ထားခြင်းဖြစ်သည်။carbon steel ဖြင့် ပြုလုပ်ထားသည်။

Plate packs များသည် (channel) plates နှင့် gaskets တို့ဖြင့်ပြုလုပ်ထားသည်။ Plates များသည် stainless steel 316 အမျိုးအစား၊ stainless steel 304 အမျိုးအစား သို့ titanium များဖြစ်သည်။herringbone ပုံစံမျိုး သို့ chevron ပုံစံမျိုး ပြုလုပ်လေ့ရှိသည်။ herringbone သို့ chevron pattern များ ၏ ထောင့်များသည် the thermal performance ကောင်းခြင်း ဆိုးခြင်း နှင့် pressure drop များခြင်း။ နည်းခြင်းတို့ကို ဖြစ်စေသည်။

Compression bolts များသည် plate များကို Movable pressure plates နှင့် Fixed frame plates တို့အတွင်းတွင် ရှိအောင် ဖိထားခြင်းဖြစ်သည်။ ထိုကြောင့် Fluid များမယိုစီးတော့ပေ။

Carrying and guide bars များသည် channel plates များ အားထိန်းပေးထားခြင်းဖြစ်သည်။အပေါ်တန်းကို carrying barဟုခေါ်သည်။ အောက်တန်းကို guide bar ဟုခေါ်သည်။
stainless steel, aluminum, သို့ carbon steel များဖြင့်ပြုလုပ်ပြီး zinc chromate ဖြင့် အချောသတ်သုတ်လိမ်းကြသည်။

Support columns သည် plate heat exchangers များတွငcarrying and guide bars ထမ်းထားသည်။

Splashguards များကို aluminum ဖြင့်ပြုလုပ်သည်။

Drip pans ကို stainless steel ဖြင့်ပြုလုပ်သည်။ စတင်အသုံးပြုသည့်အခါ ။ shut down လုပ်သည့်အခါ ။ ယိုစီးခြင်းဖြစ်သည့်အခါ။ gasket များပေါက်ပြဲသည့်အခါ။ နှင့် condensation ဖြစ်သည့်အခါများတွင် ရေများ ကို ဘေးသို့မရောက်အောင် စုပေးထားသည်။
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...