" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Window Problem များ ဖြေရှင်းတဲ့ Software free download

Microsoft မှ Fix it Center ဟုခေါ်သော အွန်လိုင်းနှင့် PC အခြေပြု tool တစ်ခုကို စမ်းသပ်စစ်ဆေးလျက်ရှိပြီး ၎င်း tool ဟာ Windows အတွင်းရှိ နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Microsoft ၏ Fix it Center ဟာ Windows 7 ရှိ diagnostics ကို ပိုမိုကောင်းမွန်စေပြီး Windows XP နှင့် Windows Vista တို့ရှိ Setting နှင့်ဆင်တူကြောင်း သိရှိရပါတယ်။ Microsoft ၏ tool အသစ်ဟာ beta version အနေဖြင့်သာရှိပြီး download ပြုလုပ်၍သော်လည်းကောင်း အွန်လိုင်းချိတ်ဆက်၍သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ထို Fix it Center ဟာ ကွန်ပျူတာအတွင်းရှိ ပြဿနာအရပ်ရပ်ကို အလိုအလျောက် ရှာဖွေပြင်ဆင်ပေးနိုင်သလို ပြဿနာအသစ်များ ထပ်မံမဖြစ်ပွားရန်လည်း ကာကွယ်ပေးနိုင်ကြောင်း သိရှိရပါတယ်။ Fix it Center ဟာ Windows XP, Windows Vista နှင့် Windows 7 တို့အတွင်း ထည့်သွင်းအသုံးပြုနိုင်သလို Windows Server 2005 (Service Pack 2) နှင့် Windows Server 2008 တို့တွင်လည်း အသုံးပြုနိုင်ပါတယ်။ Windows XP အနေဖြင့် Service Pack 3 နှင့် 64-bit version Service Pack 2 တို့တွင်သာ အသုံးပြုနိုင်မှာဖြစ်ကြောင်း Microsoft မှပြောကြားခဲ့ပါတယ်။ အသုံးပြုကြည့်ချင်တယ်ဆိုရင် အောက်မှာ Download ချလိုက်ပါ။

Download

Multiupload
Mediafire

1 comment:

  1. ကျေးဇူးတင်ပါတယ်။မျှဝေပေးတဲ့အတွက်ပါ။

    ReplyDelete

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...