" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Norton Disk Doctor Software free download Clean disk

Norton Disk Doctor ဆိုတာ ဘာလဲ ။ Norton Disk Doctor ဆိုတာ Hard disk ကို စစ်ဆေးတာ ဖြစ်တယ်။ ဘာဖြစ်လို့ Hard Disk ကို စစ်တာလဲဆိုတော့ Hard Disk မှာ Error ရှိ၊မရှိ စစ်ဆေးပေးတာ ဖြစ်တယ်။ Hard Disk မှာ ရှိတဲ့ Error တွေ ဆိုတာက ဘာတွေကြောင့် ဖြစ်တတ်သလဲ၊ ဘယ်လိုမျိုးကို ပြောတာလဲဆိုတော့ ကွန်ပျူတာကို အသုံးပြုရင်းနဲ့ မီးကပြတ်သွားတာတို့ ဘာတို့ကြောင့် ကွန်ပျူတာကို Shut Down မလုပ်လိုက်ရပဲနဲ့ ပိတ်သွားတဲ့အခါကျတော့ လက်ရှိ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ File တွေ၊ Program တွေဟာ ပျက်သွားတတ်တာမျိုး၊ ဒါမှမဟုတ် အသုံးပြုတဲ့အခါ Errorပြ တတ်တာမျိုးကို ကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor မှာ Scandisk နှင့် သဘောတရား အတူတူပဲ ဖြစ်ပါတယ်။

အဲ့ဒီ ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဖြစ်ပေါ်တတ်သော Error တွေကို တစ်လတစ်ခါ သို့မဟုတ် ကိုယ့်ရဲ့ ကွန်ပျူတာ အသုံးပြုမှုပေါ် မူတည်ပြီးတော့ ဒီ Norton Disk Doctor ကို Run ပေးမယ်ဆိုရင် ဒီ Hard Disk မှာ ဖြစ်ပေါ်တတ်တဲ့ Error တွေဟာ ဘာမှမဖြစ်တော့ပါဘူး။ အသုံးပြုနေရင်းနဲ့ Error ပြတာတွေ ဘာတွေမဖြစ်တော့ပါဘူး။ Hard Disk ပေါ်မှာ Bad Sector တွေ၊ Pertition Table တွေ၊ File Structure တွေနှင့် Free Space တို့ကို စစ်ဆေးတာ ဖြစ်တယ်။ တကယ်တော့ Norton Disk Doctor ဆိုတာ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ Hard Disk ပေါ်က Error တွေကို ပြန်ကောင်းလာအောင်၊ ကုသပေးလိုက်တာ ဖြစ်တယ်။ သူ့ရဲ့နာမည်ကိုက Norton Disk Doctor တဲ့။ Disk မှာ ဖြစ်ပေါ်လာတဲ့ အနာရောဂါတွေ မှန်သမျှကို ကုသပေးတဲ့ ဆရာဝန်ပေါ့။ တကယ်တော့ ဒီ Norton Disk Doctor ဆိုတာ Scandisk နှင့် အတူတူပဲဖြစ်တယ်။

Norton Disk Doctor မှာ အမျိုးအစား(၂)မျိုး ရှိတယ်။ Standard နှင့် Surface Test ဆိုပြီးတော့ ဖြစ်တယ်။ Standard ကတော့ Standard တစ်ခုပဲ စစ်ပေးမှာ ဖြစ်တယ်။ Surface Test ဆိုရင်တော့ Standard ရော Surface Test ရော စစ်ဆေးပေးတယ်။ Surface Test လုပ်တယ်ဆိုတာကတော့ ကွန်ပျူတာ Hard Disk ပေါ်မှာ ဖြစ်တတ်တဲ့ Bad Sector တွေကို စစ်ပေးတာ ဖြစ်တယ်။ Standard ကတော့ Bad Sector တွေကို မစစ်ပေးပါဘူး။ ကောင်းတာက Surface Test နှင့်စစ်တာ ပိုကောင်းပါတယ်။ ပိုသေချာတာပေါ့။ Standard နှင့် စစ်တာက မသေချာဘူး မဟုတ်ပါဘူး။ Surface Test က ကျတော့ Hard disk ပေါ်က Bad Sector တွေကိုပါ စစ်ပေးတော့ အဲ့ဒီ Surface Test ကို Run လိုက်ပြီဆိုတာနဲ့ မိမိရဲ့ကွန်ပျူတာ Hard Disk မှာ ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Surface Test နှင့် စစ်တာက အချိန်တော့ ပိုကြာပါတယ်။

အပေါ်မှာ ပြောခဲ့သလိုပါပဲ Norton Disk Doctor မှာ Scandisk နှင့် သဘောတရား အတူတူပါပဲ။ နှစ်ခုစလုံးက Hard Disk ကို စစ်ဆေးတာ ဖြစ်တယ်။ ဒါပေမယ့် Scandisk ကတော့ Windows မှာ တစ်ခါတည်း ပါလာတာဖြစ်တယ်။ Windows တင်လိုက်တာနှင့် တစ်ခါတည်း ပူးတွဲပါလာပြီးသား ဖြစ်တယ်။ Norton Disk Doctor ကကျတော့ Third Party Software တစ်ခု ဖြစ်တယ်။ သူ့ကို သီးသန့် Install လုပ်ပြီးတော့မှ သုံးရတာ ဖြစ်တယ်။

ဒါပေမယ့် Scandisk ကို Norton Disk Doctor နှင့် ယှဉ်လိုက်ရင် ကွာခြားတဲ့ အချက်တွေတော့ နည်းနည်းရှိပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor ရဲ့ အားသာချက်တွေပေါ့။ ဒီမှာတော့ Norton Disk Doctor နှင့်ပဲ စစ်ပြပါမယ်။

မိမိရဲ့ ကွန်ပျူတာ Hard disk ကို စစ်ဆေးတဲ့အခါမှာ Norton Disk Doctor ကို ကွန်ပျူတာမှာ Run တဲ့အခါနှင့် Scandisk ကို Run တာနှင့်စာရင် Norton Disk Doctor နှင့် စစ်တာက ပိုမြန်ပါတယ်။ အချိန်ကုန်သက်သာတာပေါ့။

နောက်တစ်ချက်က ဒီ Norton Disk Doctor ဆိုတဲ့ Third Party Software ကို သုံးခြင်းအားဖြင့် ကွန်ပျူတာ Hard Disk ကို စစ်ဆေးတဲ့အခါမှာ Hard disk ပေါ်က Bad Setter တွေကို သေသေချာချာ စစ်ဆေးပေးတာဖြစ်တယ်။ ဆိုလိုတာက တကယ်လို့ မိမိရဲ့ Hard Disk ကို စစ်လိုက်တဲ့အခါမှာ အဲ့ဒီ Bad Sector ဟာ စစ်လို့မရတော့ဘူးဆိုရင်တောင်မှ ဒီ Norton Disk Doctor ဟာ အဲ့ဒီ Bad Sector ကို မရမက ရအောင်စစ်ဆေးတာ ဖြစ်တယ်။ ဒါဟာ ဒီ Norton Disk Doctor ရဲ့ အားသာချက်ပဲ ဖြစ်တယ်။ Scandisk ဆိုရင်တော့ စစ်လိုက်လို့ တကယ်လို့ မရတော့ဘူးဆိုရင်ဖြင့် အဲ့ဒီ Hard Disk ပေါ်က Bad Sector ကို မစစ်ဆေးတော့ဘဲနှင့် ကျော်ချသွားမှာ ဖြစ်တယ်။ Norton Disk Doctor ကတော့ မရရအောင် စစ်ဆေးပေးပါတယ်။

နောက်ပြီးတော့ အဲ့ဒီ စစ်ဆေးလိုက်တဲ့ Bad Sector တွေပေါ်မှာလည်း နောက်ထပ် File တွေ၊ Folder တွေ ထပ်ပြီးတော့ မရေးရတော့အောင် အဲ့ဒီ Bad Sector တွေကို သပ်သပ်ဖယ်ထားလိုက်သလို ပုံစံမျိုးနှင့်လဲ လုပ်ပေးပါတယ်။ ဒါဆို နောက်ထပ် Hard Disk မှာ File တွေ၊ Folder တွေကိုရေးတဲ့အခါမှာ အဲ့ဒီ Bad Sector တွေပေါ်မှာ မရေးတော့ပါဘူး။ ဒါဆို File တွေ Folder တွေဟာ Bad Sector ပေါ် ရောက်သွားလို့ ပျက်သွားတာတို့၊ ပျောက်သွားတာတို့ မဖြစ်တော့ဘူးပေါ့။

ပြီးတော့ Hard Disk ပေါ်မှာ တစ်နေ့ပြီးတစ်နေ့ အသုံးပြုထားသော File တွေ Folder တွေဟာ Hard Disk ပေါ်မှာ အများကြီးပါပဲ။ ပြောရမယ်ဆိုရင်တော့ ပြန့်ကြဲနေတာပဲပေါ့။ အဲ့ဒီ Hard Disk ပေါ်မှာ ပြန့်ကြဲနေသော File တွေ Folder တွေကို ဒီ Norton Disk Doctor ကို Run ပေးခြင်းအားဖြင့် ပြန်ပြီးတော့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်စီပေးတာ ဖြစ်တယ်။ အဲ့သလိုမျိုး File တွေ Folder တွေကို ပြန်စီပေးတဲ့အခါမှာ ဒီ Norton Disk Doctor ဟာ ပိုပြီးတော့ ကောင်းကောင်းပြန်စီပေးနိုင်ပါတယ်။ ပြောရမယ်ဆိုရင် Scandisk ကို Run ပေးတာထက် ဒီ Norton Disk Doctor ကို Run ပေးလိုက်ခြင်းဟာ မိမိ Hard disk ပေါ်မှာ ပြန့်ကြဲနေသော File တွေ Folder တွေကို ပြန်ပြီးတော့ စီစီရီရီ သူ့နေရာနဲ့သူ ပြန်ဖြစ်သွားပါတယ်။

အဲ့ဒါတွေအပြင် ဒီ Norton Disk Doctor ကို သုံးပေးလိုက်မယ်ဆိုရင် မိမိအသုံးပြုနေသော ကွန်ပျူတာရဲ့ Hard Disk ပေါ်က Loss Cluster တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ Hard Disk မှာ Data တွေကို သိမ်းတဲ့အခါမှာ Cluster အလိုက်ပဲ သိမ်းတာဆိုတော့ အဲ့ဒီမှာ မသိမ်းရပဲ ဆုံးရှုံးသွားတဲ့နေရာတွေကို Loss Cluster လို့ခေါ်တာ ဖြစ်တယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာဗျာ... မိမိရဲ့ Hard Disk မှာ Cluster တစ်ခုဟာ 54 MHz ရှိတယ် ဆိုပါစို့။ ဒါဆိုရင် မိမိက File တစ်ခုကို အသုံးပြုလိုက်ပြီးတော့ Save လုပ်လိုက်ပြီဆိုရင် အဲ့ဒီ File Size ဟာ 42 MHz ပဲ ရှိတယ်။ အပေါ်မှာ ပြောခဲ့တယ်လေ။ Hard disk မှာ Data တွေသိမ်းတဲ့အခါ Cluster အလိုက်ပဲ သိမ်းတယ်လို့ပါ။ ဒီတော့အခုပြောတဲ့ Hard Disk Cluster Size နှင့် File Size ကို ကြည့်မယ်ဆိုရင် အဲ့ဒီ Cluster Size က 54 MHz ဖြစ်ပြီးတော့ File Size က 42 MHz ပဲရှိတာဆိုတော့ ဘယ်လောက်ကွာနေသလဲ။ Cluster Size ဖြစ်တဲ့ 54 ကနေပြီးတော့ File Size ဖြစ်တဲ့ 42 ကိုနှုတ်လိုက်ရင် ကျန်တဲ့ အကြွင်းဟာ Loss Cluster ဖြစ်တယ်။ ဒီမှာ Loss Cluster က ဘယ်လောက်ကျန်လဲဆိုတော့ 12 MHz ကျန်တယ်။ ဒီတော့ ဒီ ကျန်တဲ့ 12 ဟာ Hard Disk မှာ ဆုံးရှုံးသွားသော နေရာလေးဖြစ်တယ်။ နောက်တစ်ခါ နောက်တစ် File ကို Hard Disk မှာ ထပ်ပြီးတော့ Save လုပ်မယ်ဆိုရင် Hard disk မှာ အခုနက File သိမ်းလို့ကျန်နေတဲ့ Cluster မှာ ထပ်ပြီးတော့ မသိမ်းတော့ဘူး။ နောက်ထပ် Cluster တစ်ခုမှာပဲ ထပ်သိမ်းတာဆိုတော့ နောက်တစ် File ကလည်း အဲ့ဒီ လိုပဲ Loss Cluster ကျန်နေမယ်ဆိုရင် အားလုံးစုလိုက်မယ်ဆိုရင် Hard disk မှာ ဆုံးရှုံးသွားသော Loss Cluster တွေများနေမှာပေါ့။ ဒါဟာဆိုရင် Hard disk ရဲ့ Space တွေကို သက်သက်မဲ့နေရာ ပုပ်စေတာပေါ့။

ဒီတော့ ဒီ Norton Disk Doctor ကို မိမိ ရဲ့ ကွန်ပျူတာမှာ Run ပေးလိုက်ခြင်းအားဖြင့် အဲ့ဒီ Loss Cluster တွေ အရမ်းများနေတာကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာဆိုရင်လည်း Norton Disk Doctor ရဲ့ ကောင်းတဲ့အချက်တစ်ခုပါပဲ။

Norton Disk Doctor ကို Scandisk နှင့် ယှဉ်လိုက်ရင် အပေါ်မှာပြောခဲ့တဲ့ ကွာခြားချက်လေးတော့ နည်းနည်းရှိပါတယ်။ ဒါကြောင့် ဒီနေရာမှာ Scandisk ကိုအသုံးပြုမပြတော့ပဲ Norton Disk Doctor ကိုပဲ အသုံးပြုတတ်အောင် သင်ပြပေးမှာ ဖြစ်တယ်။

ဒီတော့ Norton Disk Doctor ဆိုတာ ဘာလဲဆိုတာကို သိမယ်နော်။ သူ့ရဲ့ အားသာချက်တွေကိုလည်း သိပြီးပြီဆိုတော့ Norton Disk Doctor ကို ကိုယ့်ရဲ့ ကွန်ပျူတာမှာ ဘယ်လို Run မလဲဆိုတာကိုလဲ သိဖို့လိုတယ်။ ဟုတ်ပြီ ဒီတော့ကာ Norton Disk Doctor ကိုဘယ်လို Run မလဲဆိုတာကိုပါ ဆက်လေ့လာရအောင်နော်။ တစ်ဆင့်ချင်း ပြောပြသွားမယ်။

ကဲအခု Hard disk ကို Scandisk ကိုမသုံးပဲ Norton Disk Doctor ကို အသုံးပြုပြီးတော့ စစ်ပြပါ့မယ်။ အရင်ဆုံး Norton Disk Doctor ကို Install လုပ်ပြီးသား ဖြစ်ရမယ်။ Norton Disk Doctor ကို ဖွင့်လိုက်ပါ။ ပုံ (၁) လေးအတိုင်းတွေ့ရမှာပါ။




၁။ အဲ့ဒီမှာ မိမိစစ်ချင်တဲ့ Drive ကို Select မှတ်ပေးပါ။ ဒါက ကိုယ်စစ်ချင်တဲ့ Drive ကိုစစ်မှာ ဖြစ်တယ်။ ဥပမာ-Drive C သို့မဟုတ် Drive D ပေါ့။ ဒီတော့ မိမိစစ်ချင်သော Drive ရဲ့ဘေးက လေးထောင့်ကွက်လေးမှာ အမှန်ခြစ်လေး ထည့်ပေးလိုက်ပါ။ အဲ့ဒီ အမှန်ခြစ် ခြစ်ထားသော Drive ကိုပဲ စစ်မှာဖြစ်ပါတယ်။

၂။ Fix Error ကို On လိုက်ပါ။ အမှန်ခြစ်လေး ခြစ်ထားပေးလိုက်ပါ။ Fix Error ဆိုတာက စစ်လိုက်လို့ တွေ့လာသမျှသော Error တွေကို အဲ့ဒီ Fix Error ကို On ထားခြင်းအားဖြင့် သူ့ဘာသာသူ Fix လုပ်ပေးသွားမှာ ဖြစ်တယ်။ အကယ်၍များ ၄င်း Fix Error ကို Off လုပ်ထားမယ်ဆိုရင် Error တစ်ခုခုဖြစ်ရင် ဘယ်လိုဆက်လုပ်မလဲဆိုပြီးတော့ မေးပါတယ်။ အဲ့ဒါကို မိမိက တစ်ခုခုလုပ်မပေးမချင်း ဆက်မသွားတော့ဘူး။ ဒီတော့ Fix Error ကို On ထားရင်တော့ ဘာမှကိစ္စမရှိဘူး။ သူ့ဘာသာသူ စစ်ဆေးသွားလိမ့်မယ်။ စောင့်ကြည့်နေစရာမလိုဘူး။ စစ်ထားရင်းနဲ့ တစ်ခြားတစ်စုံတစ်ရာကို လုပ်မယ်ဆိုရင် သွားလုပ်နေလို့ရတာပေါ့။ Fix Error ကို Off လုပ်ထားရင်တော့ Error တစ်ခုခုဖြစ်ရင် လူကနေမှ လုပ်ပေးမှ ဆက်သွားမှာဖြစ်တယ်။ ဒါကြောင့် Fix Error ကို Off ထားရင်တော့ သေချာတယ် ထိုင်စောင့်နေရလိမ့်မယ်။

၃။ ဒီတော့ Fix Error ကို On ထားပေးပြီးရင် Diagnose ကို Click တစ်ချက်နှိပ်ပါ။





ပုံ (၂) ပေါ်လာမှာဖြစ်တယ်။အဲ့ဒီ Box လေးမှာ Checking Partition Table, Checking File Structure နှင့် Checking Free Space ဆိုပြီးတော့ တွေ့ရလိမ့်မယ်။ ဒါက Norton Disk Doctor က စစ်ပေးနေတဲ့အချက်တွေ ဖြစ်တယ်။
• Partition Table ကို ကောင်းမကောင်း စစ်ဆေးပေးတာ ဖြစ်တယ်။
• နောက် File Structure က File တွေရဲ့ အထားအသို နေရာနှင့် ပုံစံကို စစ်ဆေးပေးတာ ဖြစ်တယ်။ File တွေ သူ့နေရာနဲ့သူ ရှိ၊မရှိ စစ်ပေးတာ ဖြစ်တယ်။ ပြီးရင် File တွေကို သူ့နေရာနဲ့သူ သပ်သပ်စီ ပြန်စီပေးပါတယ်။
• နောက်တစ်ခုဖြစ်တဲ့ Checking Free Space ကတော့ မိမိရဲ့ Hard Disk မှာ ကျန်နေတဲ့ Free Space ကို စစ်တာ ဖြစ်တယ်။ Free Space ဘယ်လောက် ကျန်နေသလဲ။ အဲ့ဒီ Free Space မှာ Bad Sector တွေ ပေါ်နေသလား။ ပေါ်နေရင် Bad Sector ရှိတဲ့နေရာကို ဖယ်ထားမယ်ပေါ့။
အဲ့ဒီ Partition Table, File Structure နှင့် Free Space တို့ကို စစ်ဆေးနေတဲ့ပုံလေးကတော့ အဲ့ဒီ Windows ရဲ့ အောက်နားလေးမှာ အစိမ်းတုံးလေးတွေ သွားနေတာကို တွေ့ရမှာပါ။

အကယ်၍များ မိမိကွန်ပျူတာ Hard Disk မှာ Bad Sector တွေ ပေါ်နေရင်တော့ Surface Test ကို စစ်ဆေးတာကို တွေ့လိမ့်မယ်။ အကယ်၍ Hard Disk မှာ Bad Sector မရှိဘူးဆိုရင်တော့ ဒီ Surface Test ကို မစစ်ဘဲနှင့် ကျော်သွားမှာ ဖြစ်တယ်။ မိမိ အသုံးပြုနေသော Hard Disk မှာ Bad Sector ပေါ်နေမယ်ဆိုရင် မိမိက Data အချက်အလက်တွေကို အသုံးပြုပြီးတော့ File သိမ်းလိုက်မယ်ဆိုရင် အဲ့ဒီ Data အချက်အလက်တွေဟာ Hard Disk ပေါ်မှာ ရှိနေသော Bad Sector ပေါ်ကို ရောက်သွားမယ်ဆိုရင်တော့ အဲ့ဒီ Data အချက်အလက်တွေဟာ အသုံးပြုဖို့ရန် ပြန်ခေါ်တဲ့အခါမှာ ပြန်ခေါ်လို့ရတော့မှာ မဟုတ်ပါဘူး။ Data တွေ Loss ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဒီ Surface Test စစ်လိုက်မယ်ဆိုလို့ရှိရင် အဲ့ဒီ Hard Disk ပေါ်က Bad Sector တွေကို စစ်ဆေးပေးပြီးတဲ့အခါ နောက်တစ်ခါ File တွေကို သိမ်းတဲ့အခါမှာ အဲ့ဒီ Bad Sector ပေါ်မှာ ထပ်မသိမ်းတော့ပါဘူ။ Bad Sector မရှိဘူးဆိုရင်တော့ Surface Test ကို စစ်မှာ မဟုတ်ပါဘူး။

၎။ ပြီးရင် ပုံ (၃) အတိုင်းတွေ့ရပါလိမ့်မယ်။



Ok လို့ပြောလိုက်ပါ။ ဒါဆို Hard Disk ကို စစ်တာပြီးသွားပြီ ဖြစ်တယ်။

အခု Norton Disk Doctor ကို မိမိရဲ့ ကွန်ပျူတာမှာ အသုံးပြုတတ်သွားမယ်နော်။ ဒီတော့ မိမိရဲ့စက်မှာ Norton Disk Doctor ကို Run ချင်တယ်ဆိုရင် အခုပြောပြခဲ့တဲ့ အတိုင်း အသုံးပြုရမှာ ဖြစ်တယ်။ Scandisk နှင့် Norton Disk Doctor အတူတူပဲ ဖြစ်တယ်။ ဒါပေမယ့် Norton Disk Doctor မှာ ပို၍ အားသာချက်ရှိတာဖြစ်တဲ့အတွက် ဒီမှာက Norton Disk Doctor ကို အသုံးပြုခြင်းနည်းကို ပြပေးတာ ဖြစ်တယ်။ ဒီတော့ အခုဒီမှာပဲ Norton Disk Doctor အကြောင်းကို အပြီးသတ်လိုက်ပါတယ်။ ကြိုက်နှစ်သက်ခဲ့ရင် အောက်မှာ Portable လေးကို Download ချပြီ လက်တွေ့ လုပ်လိုက်ပါ။ (ဆရာမ ပေးပို့ထားတဲ့ မေးလ်များမှ)

Download

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...