" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Clean Water & Clean Air

ရေအရင်းအမြစ် သန့် ရှင်းရေး ( Clean Water )

ဒီတစ်ပါတ်တော့ ရေအရင်းအမြစ် သန့်ရှင်းရေး နဲ့ ရေကောင်းရေသန့် ရရှိဘို့ အရေးကြီးလာတဲ့ အကြောင်းတင်ပြထားပါတယ်။ ဒါနဲ့ နှီးနွယ် တဲ့ ရေထုပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ နဲ့ သောက်သုံးရေ သန့်စင်မှု နည်းပညာ၊ မိလ္လာနဲ့ ရေဆိုး သန့်စင်တဲ့ နည်းပညာ တွေကို နောက်လာမဲ့ post တွေမှာ တင်ပြဘို့ ရည်ရွယ်ပါတယ်။
And
  1. နိဒါန်း
    • ကမ္ဘာ့ မျက်နှာပြင် ၃ပုံ ၂ပုံ အထက် ကို ရေတွေ နဲ့ဖုံးလွှမ်းလျှက်ရှိပါတယ်။ သက်ရှိတိုင်း အတွက် ရေဟာ မရှိမဖြစ် လိုအပ်တာမို့ရေရဲ့ Quality (အရည်အသွေး၊ သန့်ရှင်းမှု) ရော Quantity (အရည်အတွက်) ရရှိနိုင်ဘို့ပါ ပူပန် စရာ ဖြစ်နေ ရပါတယ်။ ရေ နဲ့ ဆက်နွယ်တဲ့ ရောဂါ နဲ့ သန့်ရှင်းမှု အားနည်း တာတွေနဲ့ ဆက်စပ်တဲ့ ရေဂါတွေ ကြောင့် နဲ့ ကမ္ဘာပေါ်မှာ နှစ်စဉ် လူဦးရေ ၃.၄ သန်း လောက် ကို ဆုံးရှုံးနေရ ပြီး အများစု က ကလေးငယ် တွေပါ။ မိလ္လာ အညစ်အကြေးတွေ နဲ့ ညစ်ညမ်းနေတဲ့ ရေကို သောက်သုံးမိ တာ နဲ့ အညစ်အကြေး စနစ်တကျ မစွန့်ပစ်တာ တွေကြောင့် အဓိကဆုံးရှုံး မှု ဖြစ်ရသလို၊ ဒီရေတွေ နဲ့ ထိတွေ့မိလို့၊ ကပ်ပါးကောင်တွေက တစ်ဆင့် လည်းရောဂါတွေပြန့်နှံ့ နိုင်ပါသေးတယ်။
    • ကမ္ဘာ ပေါ်မှာ လူသန်းပေါင်းထောင်ချီ ပြီး ရေသန့် နဲ့ ဝေးနေတုန်း ပါပဲ။
    • ရေ ရဲ့ မသန့်ရှင်း မှုက ပိုပြီးတောင် မှ ဆိုးလာပါသေးတယ်။ ဖွင့်ဖြိုးဆဲ နိုင်ငံ တွေ မှာ ပြုပြင်နေတာ တောင် မှ သောက်ဘို့ သုံးဘို့ အဆင့်အတန်း မှီ တဲ့ ရေ မပေးနိုင်တာ ပိုပို ပြီး ထင်ရှား လာပါတယ်။ လူသိများ တဲ့ ပြဿနာ ကတော့ အာရှ နိုင်ငံ တစ်ချို့ က Tubewells အဝီစိ တွင်း တွေထဲ ကရတဲ့ ရေ ထဲမှာ သဘာဝအလျောက် Arsenic စိန်ဓာတ် ပါနေတာ မျိုးပါ။ “သေချင်ရင် စိန်မစား နဲ့ xxxx” လို့ တောင် ပြောရတဲ့ အဆိပ်ပြင်းတဲ့ စိန် ပါ။
    • ဒီ ညစ်ညမ်းမှု နဲ့ အခြား ဓာတု ညစ်ညမ်းမှု တွေ ဆိုးဝါး နေသလို ပဲ အဓိက ကျတဲ့ ပြဿနာ ကတော့ ဇီဝ ညစ်ညမ်းမှု၊ အထူးသဖြင့် မစင် (မိလ္လာ) ဖြစ်ပါတယ်။ Ground Water (တွင်းရေ) က Surface Water (မြစ်ရေ၊ ချောင်းရေ၊ ကန်ရေ) ထက် စာရင် ဇီဝ ညစ်ညမ်းမှု ပိုနည်းနေ ပေမဲ့ လူတွေ သောက်သုံး ချက်ပြုတ် နေတဲ့ ရေတော်တော် များများ က မစင်ကြောင့်ညစ်ညမ်းမှု က လုံလုံလောက်လောက် မကာကွယ် နိုင်ပါဘူး။ ဒါက လည်း အကြောင်းရင်း မျိုးစုံ ကြောင့် ဖြစ်နိုင်ပါတယ်။ လူတွေရဲ့ အကျင့်၊ လူဦးရေ ထူထပ်တာ၊ မြို့ပြဘဝ၊ လုံလောက်တဲ့ ရေပေးဝေရေး စနစ် မရှိတာ နဲ့ ရေပေးဝေ ရေး စနစ်ကို ကောင်းကောင်း မထိန်းသိမ်း နိုင်တာ စသည်၊ စသည် ဖြင့်… ပေါ့လေ။ အများစု က အိမ်အရောက် ပိုက်သွယ် ပေးထားတာ မရှိပါဘူး။ အိမ်အရောက် ကိုယ်တိုင် ရေခပ်ကြရပါတယ်။ ရေယူ တဲ့ နေရာ က သန့်ရှင်းနေအုံးတော့ သယ်တဲ့၊ လှောင်တဲ့ အခါ မှာ မစင်ကြောင့် ညစ်ညမ်းမှု ကိုဖြစ် စေနိုင်ပါတယ်။

      The water cycle.
    • ရေသံသရာ လည်တဲ့အခါ ရေဟာ ကမ္ဘာ တစ်ဝှမ်းလုံး သာမက မြေထုအောက်၊ လေထု ထဲကိုပါ အဆက်မပြတ် ရွေ့လျား နေရပါတယ်။ ဒီလို ရွေ့လျားတဲ့ အခါ၊ ရေကသူနဲ့ အတူ Various Substances တွေကို ပါ တစ်ပါတည်း ယူဆောင် သွားတတ်ပါတယ်။ မြေဆီ သြဇာ၊ အာဟာရဓာတ် ရော အညစ်အကြေး တွေကိုပါ သယ်ဆောင် သွားတာပါ။
      ဒါကြောင့် ကမ္ဘာ ပေါ်က ဘယ်နေရာ မှ ရေထုညစ်ညမ်း မှုရဲ့ ဆိုးကျိုးတွေ ကနေ သီး သီးသန့်သန့် ခြားနားထားလို့ မဖြစ်နိုင်ပါဘူး။ သက်ရှိတွေအားလုံးကို ရေနဲ့ ဆက်သွယ်ထားပါတယ်။ ရေက အဆက်မပြတ် ပြောင်းလဲနေတာပါ။ စီးဆင်းတယ်၊ အငွေ့ပျံတယ်၊ ခဲတယ်၊ အရည်ပျော်တယ်၊ Condense (အငွေ့ကနေ အရည်ပြန်ပြောင်းခြင်း) ဖြစ်တယ်၊ ပြီးတော့ တစ်နေရာကနေ တစ်နေရာ ကို သွားနေတယ်။ ဒီနေ့မိုး ရွာလို့ရတဲ့ ရေဟာ နောက်တစ်ပါတ် မှာ မိုင်ပေါင်း ထောင်ချီပြီး ရောက်ကောင်း ရောက်သွားနိုင်ပါတယ်။
    • ကျနော်တို့ မှီခို သုံးစွဲနေရတဲ့ ရေ ဘယ်က လာပါသလဲ။ မြစ်ချောင်း၊ အင်း၊အိုင်၊ ကန်တွေကဖြစ်နိုင်သလို၊ ရေအောက်ကနေ တူးယူထားတာ လည်း ဖြစ်နိုင်ပါတယ်။ မိုးရေ လည်း ဖြစ်နိုင်ပါတယ်။
  2. ရေညစ်ညမ်းမှု
    • Water Pollution (ရေညစ်ညမ်းမှု) ဆိုတာ ရေထဲမှာ လူ (သို့) ပတ်ဝန်းကျင် ကို ဒုက္ခ (ဆိုးကျိုး) ပေးနိုင်တဲ့ Substances တွေပါဝင်လာ တာကို ဆိုလိုပါတယ်။ အမှိုက်သရိုက် တွေလို အညစ်အကြေး တွေက သာမန် မျက်စေ့ နဲ့မြင် နိုင်ပါတယ်။ အညစ်အကြေး အများစုက တော့ သာမန်မျက်စေ့ နဲ့ မမြင်နိုင်တာ မဟုတ်ပါဘူး။ Pathogens (ကပ်ပါး ပိုးများ၊ ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် များ) ကို Microscope နဲ့ မှသာ မြင်နိုင်ပါတယ်။ Chemical တွေဆိုရင်တော့ Microscope နဲ့ တောင်မှ မမြင်နိုင်တော့ပါဘူး။ အခြား ကိရိယာ တွေနဲ့ ဓာတ်ခွဲ ဆန်းစစ်မှု ကို လုပ်ရပါတော့မယ်။
    • တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ကြည့်မယ် ဆိုရင်တော့ ရေထုညစ်ညမ်းမှုဟာ ပိုမို ဆိုးဝါး လာနေပါတယ်။ လူဦးရေထူထပ် လာတာ တစ်ခုထဲ ကြောင့်သာမက ပင်လယ်သမုဒ္ဒရာထဲ အမှိုက်သရိုက်တွေ၊ အဆိပ်အတောက်တွေ စွန့်ပစ်နေ ကြတာတွေ၊ နျူကလီးယား အညစ်အကြေးတွေ နဲ့ ရေနံတူးစင်၊ ရေနံတင်သင်္ဘောတွှေ က ရေနံတွေ ယိုစိမ့်ခြင်း အစရှိတာတွေ ကြောင့် ရေထုကို ပိုမို ညစ်ညမ်းစေ ခဲ့ပါတယ်။ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ကို စုတ်ယူပေး နေရတဲ့ တာဝန် ကိုလည်း ယူထား ရပါသေးတယ်။ ဒီ ကာဗွန်ဒိုင်အောက်ဆိုဒ် ကြောင့်ပဲ ရေရဲ့ PH Level ကို တက်စေပြီး အက်ဆစ်ဓာတ်များ စေပြန်ပါတယ်။
      ရေထုကို ညစ်ညမ်းစေ တဲ့ ပစ္စည်းတွေကတော့
      1. မိလ္လာ၊ အညစ်အကြေး
      2. ဆီ၊ (အဆီ၊ စားသုံးဆီ၊ ရေနံ၊ ဓာတ်ဆီ၊ ချောဆီ အပါအဝင်)
      3. ပိုးသတ်ဆေးများ
      4. ဓာတ်မြေသြဇာများ
      5. အက်ဆစ်
      6. Chemicals (ဓာတုပစ္စည်းများ)
      7. Sediments (နွံ အနည်အနှစ်)
      8. စက်ရုံတွေက ကုန်ထုတ်လုပ်ရင်း ရေတွေကို အပူပေး ပြီး မအေးသေးခင် ရေထုထဲကို ပြန်စွန့်ထုတ် တဲ့ အခါ Thermal Pollution ကို ကြုံတွေ့ရပါတယ်။ ရေပူ (သို့) ရေနွေး မှာ အောက်ဆီဂျင် ပျော်ဝင် နိုင်မှု နည်းပါးတာ ကြောင့် ငါးတွေ ရှင်သန်ပွားများ ဘို့မလွယ်တော့ပါဘူး။
    • ရေကိုဘယ်ကနေ ညစ်ညမ်းစေ လဲပြောဘို့က သိပ်မလွယ်ပါဘူး။ အကြောင်းရင်း ၊နေရာရင်း ကိုရှာနိုင်ဘို့က အမြဲတမ်း လွယ်တာ မဟုတ်ပါဘူး။ စက်ရုံက ပိုက်ကို ဖွင့်ထုတ် စွန့်ပစ်တဲ့ နေရာ မျိုးဆို Point Source မို့ အဲဒီ ရေ အညစ်အကြေး ကို ဆန်းစစ်ပြီး အပြစ် တန်းပြောလို့ရပါသေးရဲ့။
    • လမ်းမတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်၊ မြက်ခင်း၊ လယ်ယာလုပ်ငန်း၊ တွေလို Non-Point Source တွေက တော့ အရမ်းကျယ်ပြန့် ယုံမက များပြားလွန်းတာမို့ လက်ညှိုးထိုး နိုင်ဘို့ မလွယ်ပါဘူး။
    • လေထု အညစ်အကြေးတွေ ကလည်း ရေထုရဲ့ Quality ကို ထိခိုက်စေနိုင် ပါသေးတယ်။ ဥပမာ၊ Acid Deposition (Acid Rain, Acid Snow) အက်ဆစ်မိုး၊ အက်ဆစ်နှင်း တွေ ဖြစ်ရတာ က စက်ရုံတွေက ထွက်လာတဲ့ Sulfur Dioxide (SO2), Nitrogen Oxides (NOx) တွေ ရေငွေ့နဲ့ တွေ့တဲ့ အခါ Sulfuric နဲ့ Nitric Gases တွေဖြစ်သွားတာ ကြောင့်ပါ။ ဒီအက်ဆစ် တွေရေထုထဲ ပြန်ကျလာတဲ့ အခါ၊ ပင်လယ်ပဲဖြစ်ဖြစ်၊ မြစ်ချောင်းတွေ ကန်တွေပဲဖြစ်ဖြစ်၊ ရောက်ရာနေရာ ရဲ့ PH ကို အက်ဆစ်ဘက် ပိုများအောင် ပြောင်းလဲစေနိုင်ပါတယ်။ PH Range အနည်းငယ် အပြောင်းအလဲ ကိုပဲ လက်ခံနိုင်တဲ့ ငါး၊ဖား သတ္တဝါလေး တွေ ရဲ့ဘဝ ကို ဖျက်ဆီးသလို ဖြစ်စေ ပြီး လူတွေရဲ့ အစားအသောက် လိုအပ်ချက်ကို ပါထိခိုက်စေ ပါတော့တယ်။
    • ဒီအညစ်အကြေးတွေ စုလာတဲ့ အခါ၊ ကြီးမားတဲ့ ရေထုတောင် ဒီဒဏ်တွေကို မခံနိုင်တော့ပါဘူး။ အညစ်အကြေး တွေ ကိုသဘာဝအတိုင်း ချေဖျက်ဘို့ အောက်ဆီဂျင် လိုပါတယ်။ Bio-Oxygen Demand (BOD5) နဲ့ Chemical Oxygen Demand (COD) တွေ များတဲ့ အညစ်အကြေးတွေ ရေထဲ ရောက်လာတဲ့ အခါ ရေထဲက Oxygen ကို လုယူသုံးစွဲ တော့တာ မို့ ပျော်ဝင်နေ တဲ့ Oxygen တွေလျော့ပါးလာတဲ့ အခါ သက်ရှိတွေလည်း မရှင်သန်နိုင် သောက်သုံးလို့လည်းမရ တဲ့ ရေသေ တွေဖြစ်လာပါတော့တယ်။
    • မြစ်ချောင်း၊ ပင်လယ် ရေတွေ ရဲ့ Quality ကို Monitor လုပ်ခြင်းဖြင့် အဲဒီ့နေရာ မှာ။
      1. ရေကူးဘို့သင့်တော်ရဲ့လား
      2. ငါးတွေ ကိုစားသောက်ဘို့ အန္တရာယ် ကင်းရဲ့လား
      3. Waste water treatment တွေ Effective ဖြစ်ရဲ့လား။
      သိနိုင်ပါတယ်။
    • မြက်ခင်းတွေ၊ လယ်ယာလုပ်ငန်းတွေ မှာသုံးတဲ့ မြေသြဇာ တွေက Algal bloom (ရေညှိတွေ ပွားခြင်း) တွေကို ရှင်သန်ဘို့ အားပေး ပါတယ်။ ဒီရေညှိတွေက ရေထဲက Oxygen ကို အတင်းလုယူ နိုင်တာမို့ ရေထဲမှာ ငါးဖား သတ္တဝါငယ်လေး တွေ ရှင်သန်ဘို့ခက်စေပြီး ရေကို ရေသေဖြစ်စေပါတယ်။
    • စက်ရုံက စွန့်ပစ်တဲ့ အရည်၊ အနည်တွေ ကနေ ပါလာတဲ့ chemicals တွေ ငါးတွေရဲ့ tissues တွေမှာ စုလာ တဲ့အခါ စားသုံး ဘို့ မသင့်တော် တော့ပါဘူး။
    • Turbidity လို့ခေါ်တဲ့ ရေရဲ့ ကြည်လင်မှု ကလည်း အရေးပါပါတယ်။ နေရောင် က ဝေးဝေး ဖြတ်နိုင် မှသာ ရေအောက် က အပင်ငယ်တွေ ရှင်သန်ပေါက်ပွား နိုင်ပါတယ်။
    • ပြဿနာကိုဖြေရှင်းနည်း တွေကတော့
      1. သဘာဝ၊ ဒေသ မျိုးနွယ် ကျူပင်တွေ၊ မြက်ပင်တွေပြန်စိုက်
      2. Diverting Run-offs မိုးရေ စီးတဲ့ လမ်းကြောင်း ကို Pollutions တွေ မရှိတဲ့ နေရာကို လွှဲပေးဘို့။
      3. Changing Sewerage Treatments Practices မိလ္လာ သန့်စင်တဲ့ စနစ်တွေကို ပြု
      4. Replenishing Oyster Population Oyster ကမာကောင်၊ မုတ်ကောင် လေးတွေဟာ ရေထဲက ရေညှိနဲ့ excess nutrients တွေကို စားသုံးခြင်းဖြင့် ရေကို ထိထိရောက်ရောက် စစ်ပေးနိုင်တာမို့ သူတို့ကို ပွားစေခြင်း ဖြင့် ရေရဲ့ သန့်ရှင်းမှုကို တိုးတက် စေနိုင်ပါတယ်။ Ecological importance of oyster reefs မှာလေ့လာပါ။
      5. Improve Water Quality & Healthier Ego System
      လူတိုင်း၊လယ်သမား၊စက်ရုံ အလုပ်ရုံများ၊ အိမ်ပိုင်ရှင်၊ လှေသမား တွေအားလုံး ပါဝင်ရပါမယ်။ တစ်ဦးတစ်ယောက် ထဲက လုပ်ယူလို့ မရပါဘူး။
    • ရေက ညစ်ပတ်ပြီဆိုတာ ကတော့ အားလုံးအတွက သတင်းဆိုးပါပဲ။ ပြဿနာ အသေး၊ အကြီး စုံပါလိမ့်မယ်။ အထူးသဖြင့် ကျန်းမာရေးပါ။ ရေက တဆင့် ဖြစ်တဲ့ ဝမ်းရောဂါ မျိုးစုံ ကလူသားတွေ ကို တိုက်ခိုက်ကြပါတော့မယ်။ အထူးသဖြင့် သက်ကြီးရွယ်အို တွေနဲ့ ကလေးငယ်တွေ ကိုပေါ့။
    • စက်ရုံ၊ ရေနံချက်၊ ပလတ်စတစ်၊ ပိုးသတ်ဆေး၊ Detergents (ချေးချွတ်ဆေး၊ ဆပ်ပြာ) တွေ သောက်သုံးရေ ထဲ ရောက် လာတဲ့ အခါ ဆိုးဝါးတဲ့ ကျန်းမာရေးပြဿနာ တွေဖြစ်တဲ့ Reproductive Disorder, Nervous Damage, Some Cancers တွေကိုဖြစ်စေနိုင်ပါတယ်။
    • Personal Care Products တွေကို စနစ်တကျ မစွန့်ပစ်ခဲ့ ရင် ရေဝေပေးတဲ့ နေရာအထိ ရောက်သွားနိုင်ပါတယ်။ ပတ်ဝန်းကျင် ကိုထိခိုက် စေရုံမက လူတွေရဲ့ ကျန်းမာရေး ကိုလည်း ထိခိုက်စေ ပါတယ်။
  3. Large Scale Water Pollution
    • ရေကို အကြီးအကျယ် ညစ်ညမ်းစေတဲ့ နမူနာ ကတော့ DDT (Dichloro-Diphenyl-Trichloroethane) ပါ။ DDT ကို ဒုတိယ ကမ္ဘာစစ်အတွင်း မှာ စစ်သားတွေကို အင်းဆက်ပိုး တွေက တဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ ကနေ ကာကွယ်ဘို့ စတင် အသုံးပြုခဲ့ ကြပါတယ်။
    • နောက် စိုက်ပျိုးရေး မှာ လယ်ထဲက အင်းဆက် ဖျက်ပိုးကောင်တွေ ကို သုတ်သင်ဘို့ အသုံးများ လာပြန်ပါတယ်။ ဒီလို အသုံးများ ပြီးတဲ့နောက် မှာ DDT က ပြင်းထန်တဲ့ ဆိုးကျိုးတွေ ပေးလာတာ တွေ့ရ ပါတော့တယ်။ DDT က မြေကြီးထဲ နစ်၊ ရေထဲပျော်၊ အဲဒီကမှ အပင်တွေ၊ သတ္တဝါ တွေဆီရောက်။ နောက် Food Chain တွေကိုရောက် ပေါ့။ DDT Contaminated သတ္တဝါ တွေကို အမဲလိုက် စားသုံးတတ်တဲ့ အချို့ငှက်မျိုးတွေ နည်းပါးလာပါတယ်။ လူတွေရဲ့ မကျေနပ်ချက် ကို လေးစားသော အားဖြင့် US မှာ EPA က DTT သုံးစွဲခွင့် ကို ၁၉၇၂ မှာ ပိတ်ပင်ခဲ့ပါတယ်။ DTT က Breakdown ဖြစ်ဘို့ တော်တော် မလွယ်တာ မို့ ရှိပြီးသား က အချိန်အတော် ကြာ ဆက်ရှိနေပြီး ကျန်းမာရေးကို ထိခိုက်စေအုံးမှာပါ။
    • ဖွင့်ဖြိုးဆဲ နိုင်ငံတွေ မှာ နှစ်စဉ် လူတွေသန်းချီပြီး ဆုံးရှုံးစေတဲ့ ငှက်ဖျားရောဂါ ပိုးကို သယ်ဆောင်ပေးနေ တဲ့ ခြင်တွေ ကို DDT က ထိထိရောက်ရောက် နှိမ်နင်း နိုင်တာမို့ သုံးစွဲ နေကြတုန်းပါ။ ကိုသုံးစွဲမှု က အငြင်းပွားစရာ ဖြစ်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်တဲ့ အုပ်စုက ငှက်ဖျားရောဂါ ကို ထိန်းချုပ်နိုင်ဘို့ ထောက်ခံ နေကြသလို အခြား တစ်ဘက် မှာတော့ ပတ်ဝန်းကျင်ကို လည်းမထိခိုက်၊ ခြင်တွေကို ထိန်းချုပ်ဘို့လည်း DDT ထက်ပိုကောင်းတဲ့ (သို့) တန်းတူတဲ့ အစားထိုး ပစ္စည်းတွေရှိတယ် လို့ ပြောနေတဲ့ သိပ္ပံ ပညာရှင်တွေ ရှိပါတယ်။
    • ကျန်းမာရေး ဝန်ထမ်းတွေ အတွက်ကတော့ အသက်ကယ် ဘို့ နဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းဘို့ ကိုတစ်ပြိုင်ထဲ လုပ်နိုင်ဘို့ မလွယ်ကူပါဘူး။
    • ရေထုညစ်ညမ်း မှုဟာ ကမ်းခြေတွေရဲ့ အလှ နဲ့ စီးပွားရေးကို မွှေနှောက် ဖျက်ဆီးပါလိမ့်မယ်။ အပန်းဖြေဘို့ ကမ်းခြေ ဒါပေမဲ့ ရေကူးဘို့ မသင့်တော်၊ ငါးမျှားလို့မရ ဆို ဘယ်သူမှ လာချင်မှာ မဟုတ်တော့ပါဘူး။ ဒီလိုဆို ဒီစီးပွားရေး လုပ်ငန်းတွေ ရဲ့ ဝင်ငွေထိခိုက်၊ အခွန်ငွေမရဖြစ်ကုန်တော့မှာ ပေါ့။
    • ဒီလို အခြေအနေမှာ ပတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ရတော့မှာ မို့ Environmental Company (Bio remediation or Cleanup) ကတော့ စီးပွားဖြစ် စရာပါ။ အချို့ စီးပွားရေး တွေ ထိခိုက် နိုင်သလို အချို့ စီးပွားရေး တွေကတော့ ဖြစ်ထွန်း နိုင်ပါလိမ့်မယ်။
  4. ရေရှားပါးမှုပြဿနာ
    • Fresh Water (Drinkable Water) (သောက်လို့ရ တဲ့ ရေချို) က အမှန်တကယ် အဖိုးထိုက်တန် တဲ့ ရှားပါးပစ္စည်း တစ်ခုပါ။ ကမ္ဘာပေါ် မှာ ရှိနေတဲ့ ရေရဲ့ ၉၇% က ရေငံတွေ၊ ကျန်တဲ့ ၃% ထဲ မှာ တောင်မှ ၂.၀ % လောက် က အာတိတ် ရေခဲပြင် အောက်မှာ ၀.၇ % လောက်က မြေအောက် ထဲမှာ မို့ ၀.၃ % လောက်ကို သာ မြေပေါ် မှာ Surface Water အနေ နဲ့ ရနိုင်တာပါ။ ရနိုင်တဲ့ ရေကို မတန်တဆ သုံးပစ်မယ်။ ညစ်ညမ်းစေမယ်၊ Climate Change (ရာသီဥတု ပြောင်းလဲမှု) တွေကြောင့် ထိခိုက်မယ်ဆိုရင် Water Scarcity လို့ ခေါ်တဲ့ ရေရှားပါးမှုပြဿနာ တွေ့ရပါလိမ့် အုံးမယ်။
    • တိုးတက်များပြား လာတဲ့လူဦးရေ တွေ၊ လယ်ယာလုပ်ငန်းတွေ၊ စက်ရုံတွေ ဖွံ့ဖြိုးလာမှု အားလုံးက ရေကိုပိုမို တောင်းဆိုလာမှာပါ။
    • လူ အတော်များများ က ဒီနေ့အထိ ရေကို Water Tap (ရေပိုက်ခေါင်း) ဖွင့်ရုံနဲ့ လွယ်လွယ် ရနိုင်တယ်လို့ ထင်နေကြတုံး ပါ။ ရေရှားပါးမှု က သဲကန္တာရ လိုနေရာ မှာမှ မဟုတ် ပါဘူး။ သဘာဝအတိုင်း ပြန်ဖြည့်နိုင်တာ ထက်ပိုသုံးရင် ရေရှား လာမှာပါပဲ။ ရေက သောက်ဘို့ သာမက သုံးရေ၊ မြက်ခင်းရေဖြန်း၊ ရေချိုးအဝတ်လျှော်၊ သန့်ရှင်ရေးတွေ အတွက် သုံးရသလို စက်ရုံ အလုပ်ရုံ တွေ အတွက် လည်း သုံးရ ပါတယ်။
    • Surface Water လိုပဲ Ground Water လည်း Pollute ဖြစ်နိုင်ပါတယ်။
    • ရေကို ပြန်ဖြည့်နိုင်တာ ထက်ပိုသုံးရင် (သို့) မတန်တဆ မြေအောက်က ထုတ်ယူတဲ့ အခါ၊ မြေကို နိမ့်ကျစေမယ်၊ ဒါမှမဟုတ် လေတွေပဲ ချန်ခဲ့တာမို့ ကျောက်တွေ ကိုကျွှံကျ စေလိမ့်မယ်။ Sinkhole လို့ခေါ်တဲ့ မြေကျွံမှု တွေ ဖြစ်နိုင်ပါတယ်။
    • Climate Change လို့ခေါ်တဲ့ ရာသီဥတု ကလည်း ပြောင်းလဲ လာပြန်ပါတယ်။
    • တချို့နေရာ တွေမှာ လိုအပ်သလောက် မိုးက မရွာတော့။ ဒါပေမဲ့ တချို့နေရာ တွေမှာ တော့ မိုးကြီးလို့ ရေလျှံ၊ ရေကြီးတာတွေ ဖြစ်နေပြန်ပါတယ်။
    • ရေကြီးတာက အပေါ်ယံကြည့်ရင် ရေပြန်ပြည့်စေဘို့ ဖြစ်ပေမဲ့ တစ်ခါတစ်ရံ သောက်ရေကို ညစ်ညမ်းစေနိုင်တာ မို့ ရေရှားပါးမှု ကြုံတွေ့စေနိုင်ပါတယ်။ Hurricane Katrina (ကက်ထရီနာ) အတွေ့အကြုံက ရေလျှံ လို့ လူတွေအတွက် ဘယ်လောက်ညစ်ညမ်း စေမှာလဲ ဆိုတာ ပြသဘို့ နမူနာကောင်း တစ်ခုပါပဲ။ Flooding က Water Treatment Systems ကို Overload ဖြစ်စေပါတယ်။ လူနေအိမ်တွေ၊ မြက်ခင်းတွေ လယ်မြေတွေ က ဓာတ်မြေသြဇာ စတဲ့ Mixture of Chemicals တွေကြောင့် တစ်ခုစီ ကပေးတဲ့ အကျိုးဆက် မဟုတ်ပဲ combine effect ကိုပေးလို့ ဖြေရှင်းရခက်ခဲ့ပါတယ်။
    • အမှန်ဆို သမိုင်းမှာ ရေကြီးတာ က နုန်းတင်မြေနု၊ မြေဆီတွေပေး လို့ စိုက်ပျိုးရေး မှာ (မြန်မာ အခေါ် ကိုင်းလုပ်ငန်း) အထောက်အကူ ပြုခဲ့တာပါ။ ဥပမာ။ ။ အီဂျစ်မှာ နိုင်းမြစ်ရေလျှံ တာဟာ စိုက်ပျိုးရေး အတွက် တကယ့် အထောက်အကူ ဖြစ်ခဲ့ပါတယ်။ အခုအချိန် မှာတော့ အီဂျစ်နိုင်ငံ ဟာ အစားအသောက် ကို နိုင်ငံ ရပ် ခြား အပြင်ကနေ ပြန်လည် တင်သွင်းနေရ တဲ့ အခြေအနေ ကိုရောက်နေပါပြီ။ ဘာလို့လဲ။ ရေရှားပါးမှုပါ။ အကြောင်းရင်း က ရေအသုံးများတာရယ်၊ မိုးနည်း သွားတာရယ်တွေ ကြောင့်ပါ။ ဒါကြောင့် နိုင်းမြစ်ထဲက ပင်လယ်ထဲကို ရေစီးတာ လျော့နည်းလာ ပြီး ခြောက်သွေ့တဲ့ ရာသီမှာ ပင်လယ်ထဲတောင် မရောက်နိုင် တော့ပါဘူး။
    • အီဂျစ် သောက်သုံးရေ ရဲ့ ၉၇% ဟာ နိုင်းမြစ် အပေါ်မှာ ပဲ မှီခို နေရတာပါ။ ဒါကြောင့် နိုင်းမြစ် ရေ အသုံးပြုမှုကို ထိန်းချုပ်ဘို့ အီဂျစ် နိုင်ငံ က အဓိက အခန်းကဏ္ဍ မှာပါဝင်ပါတယ်။ လိုအပ်ချက် နဲ့ ယှဉ်ပြိုင်မှု တွေ များပြားလာတာ နဲ့အမျှ ဒီ နိုင်းမြစ်ရေ အပေါ် မှီခိုနေရတဲ့ နိုင်ငံ တွေ အချင်းချင်း ထိပ်တိုက် တွေ့မှု တွေလည်း များပြားလာပါတယ်။ အဓိက ကတော့ ပါဝါပါ။ ရေရှိတဲ့သူ အင်အား ပါဝါ ကြီးတယ်။ ဘယ်လို သုံးရမလဲ အမိန့်ပေး နိုင်တယ်။
    • နိုင်းမြစ်အရေး က နိုင်ငံရေး နဲ့ပါသက်ဆိုင်လာပါတယ်။ ရေပေးဝေ နိုင်မှု လျော့နည်း လာတာနဲ့ အမျှ အားလုံးရဲ့ Cooperation (ပါဝင်ကူညီမှု) and Conservation (ချွေတာမှု) တွေ တိုးလုပ်ရတော့မှာ မို့ပါ။ ရေမရှိ ရင် သက်ရှိတွေမရှိနိုင် ပါဘူး။
    • Solution (အဖြေ) တိုင်းအတွက် ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိနေပါတယ်။ နိုင်ငံ ဒေသကိုလိုက်လို့ လိုအပ်ချက် နဲ့ ပူပန်စရာတွေ ကလည်း အမျိုးမျိုး ရှိနေနိုင်ပါတယ်။
  5. ရေအရင်းအမြစ် ကို ရည်ညွှန်းခြင်း နှင့် ပိုမိုကောင်းမွန်အောင် ပြုပြင် မွမ်းမံခြင်း
    1. USA
      US မှာ ရေထုကို သန့်ရှင်း စေဘို့ ပြည်သူလူထု ရဲ့ထောက်ခံ မှုကို ရယူပြီး US ကွန်ဂရက် က Clean Water Act ကို ၁၉၇၂ ခုနှစ်မှာ အတည်ပြုပေးခဲ့ပါတယ်။ Clean Water Act ကိုမူတည် ပြီး
      • EPA (Environmental Protection Agency) က Water Pollution (ရေညစ်ညမ်းမှု) ကို Monitor (စောင့်ကြည့်) ပြီး regulate (ထိန်းချုပ်မှု) လုပ်ပေးပါတယ်။
      • Clean Water Act က Surface Water ထဲမှာပါဝင် ခွင့်ပြုနိုင်တဲ့ Allowable Levels Of Contaminants ရဲ့ Standard ကို သတ်မှတ် ပေးပါတယ်။
      • Industryတွေရဲ့ Wastewater Standards ကိုလည်းသတ်မှတ်ပေးပါတယ်။
      • ဒါ့အပြင် မြစ်ချောင်းတွေ နဲ့ ပင်လယ်သမုဒ္ဒရာ ထဲကို Pollutants (အညစ်အကြေး) တွေ စွန့်ပစ် တာကို လည်း Crime (ရာဇဝတ်မှု) အဖြစ်သတ်မှတ် စေပါတယ်။
      • Clean Water Act ကြောင့် ရေတွေကို ပိုသန့်လာစေပေ မဲ့ လုပ်စရာတွေ ကျန်ပါသေးတယ်။ ဥပမာ Run-offs (လယ်ယာ၊ မြို့ပြလမ်းမ၊ လမ်းသွယ်) တွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်ဘို့ပါ။
    2. Singapore
      သီးသန့် တင်ပြပေး ပါမယ်။ …
    3. မြန်မာပြည်
      သီးသန့် တင်ပြပေး ပါမယ်။ …
    4. World
      • စက်မှု နည်းပညာ ဖွင့်ဖြိုးမှု နဲ့ ရေကို ချွေတာမှု နဲ့ ရေညစ်ညမ်းမှု လျော့ကျ အောင် လုပ်လာကြပါတယ်။ စိုက်ပျိုးရေးမှာ ရေလောင်းတဲ့ နည်းစနစ် တွေ မြင့်လာသလို ရေသိပ်မလိုတဲ့ ဆန်၊ပြောင်း မျိုးတွေစိုက် ခြင်းဖြင့် ရေကိုချွေတာ နိုင်ပါတယ်။
      • စက်ရုံတွေက လည်း ရေကို သန့်စင်ခြင်းဖြင့် သူတို့ရဲ့ ကုန်ကျစရိတ်ကိုလျှော့စေ နိုင်တာ တွေ့လာကြပါတယ်။ ဒါ့အပြင် စွန့်ပစ်အမှိုက် တွေကိုလည်း လျှော့စေပါတယ်။
      • Recycle Grey Water ဆိုတာကတော့ အဝတ်လျှော်စက်တွေ၊ sinks တွေ၊ ရေချိုးခန်းတွေ က ရေတွေ (အိမ်သာမှထွက်သော ရေမပါ) ကို သန့်စင်ပြီး ပြန်သုံးတဲ့ စနစ်ပါ။ ဒီ သန့်စင် ထားတဲ့ ရေက သောက်လို့မရပေမဲ့ အပင်တွေ ကို ရေလောင်း လို့ရပါတယ်။ အိမ်သာ ကိုလည်း Flush လုပ်လို့ ရပါတယ်။
      • Municipal Waste Water Treatment Plant တွေမှာ တွေ့ရတဲ့ ပြဿနာ ကတော့ Sludge (မိလ္လာ) တွေကို စွန့်ပစ် နိုင်ဘို့ပါ။ ဒါကြောင့် ဒီနေရာ မှာ Bio-remediation ဝင်လာပါတယ်။ Bio-remediation ဆိုတာ ကတော့ Biological Agents တွေဖြစ်တဲ့ bacteria နဲ့ plants တွေကိုသုံး ပြီးသန့်စင်တဲ့ နည်းစနစ်ပါ။ သဘာဝ အတိုင်း (သို့) စိုက်ပျိုးတည်ဆောက် ထားတဲ့ Wetlands တွေကို သုံးပြီး သဘာဝ အတိုင်း တည်ရှိနေတဲ့ နည်း နဲ့ Toxics (အဆိပ်အတောက်) တွေကို ဖယ်ရှားပစ်တဲ့ နည်းပါ။
      • လူဦးရေ သိပ်ထူထပ်လာတဲ့ အခါ Treatment Plant ကိုတည်ဆောက်ဘို့ က ဧကရာချီတဲ့ မြေကို သုံးရမဲ့ Wetlands ဆောက်ဘို့ထက် စီးပွားရေး အရ တွက်ခြေ ပိုကိုက် နိုင် တဲ့အပြင် ပိုထွက်လာတဲ့ မြေမှာ လည်းလူတွေ အတွက် ပိုပြီးလိုအပ်တဲ့ အဆောက်အအုံ (ဥပမာ ဆေးရုံ) ကို ဆောက်လို့ရတယ် မဟုတ်လား။
    5. Desalination
      • ကမ္ဘာ ပေါ်မှာ ပေါပေါများများ ရနိုင်မှာ က သမုဒ္ဒရာထဲကရေ၊ ရေငံတွေပါ။ ရေထဲက ဆားတွေ ကိုဖယ်ထုတ် နိုင်မယ် ဆိုရင် သောက်သုံးရေ ရပြီပေါ့။ Desalination လို့ခေါ်တဲ့ Technology ကို ကောင်းကောင်း သိနေကြပါပြီ။ ဒီအခြားရွေးစရာ မရှိတဲ့ နိုင်ငံတွေ နေရာတွေ မှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ။
      • ရေငံတွေ ကို ဆားမဖြတ်နိုင်တဲ့ Membrane မှာ ဖြတ်စေပြီး သန့်စင်တာပါ။ သူ့ရဲ့အားနည်းချက်တွေကတော့ Energy Usage စွမ်းအင်တွေ အများကြီး သုံးစွဲ တာနဲ့ Systems တွေကဈေးကြီးနေ လွန်းတာပါ။
      • ဒီလို ဆားငံရေကနေ သောက်ရေသန့် ထုတ်လုပ်တဲ့နည်းပညာ တွေရှိနေပြီဆိုပေမဲ့ မြန်မာပြည် လို နိုင်ငံ မျိုး မှာတော့ လက်တွေ့ အသုံးချနိုင် ဘို့က ဝေးနေတုန်းပါ။ စင်္ကာပူလို နိုင်ငံမျိုး မှာတောင် တွက်ချေမကိုက်သေးလို့ စက်ရုံသုံး ဘို့လောက်ပဲ ထုတ်လုပ်ပါသေးတယ်။ ရေရှားပါးပြီး ရေနံကြောင့် အရမ်း ချမ်းသာနေ ကြတဲ့ UAE (အာရပ်စော်ဘွားများနိုင်ငံ) က ဒူဘိုင်းလို နေရာမျိုးမှာတော့  အကြီးအကျယ် ထုတ်လုပ်ပါတယ်။
      • ကမ္ဘာ ပေါ်မှာ လက်ရှိ သုံးစွဲနေတဲ့ အရည်အတွက် နဲ့ ယှဉ်ရင်တော့ ၁% ထက် တောင် နည်း နေပါသေးတယ်။ ဒါပေမဲ့ ရေသန့် လိုအပ်ချက် များလာတာ နဲ့ အတူ Desalination ကို အလားအလာ ကောင်းတဲ့ အရင်းအမြစ် အဖြစ် ဆက်လက် ရှာဖွေလေ့လာ နေကြအုံးမှာပါ။
    6. လူ တွေက ရေသန့်ရရှိရေး အားထုတ်မှုတွေ နဲ့ တွေ အကြီးအကျယ် ပြောင်းလဲ စေခဲ့ပြီ။ ရေအရင်းအမြစ် တွေကို စနစ်တကျ Efficiently and effectively (အကျိုးရှိရှိ၊ ထိထိရောက်ရောက်) စီမံခန့်ခွဲ ဘို့လိုလာပါပြီ။ Water Quality And Quantity Issues (ရေကောင်းရေသန့် လုံလုံလောက်လောက် ရရှိရေး) ဟာ ကျနော်တို့ အားလုံး၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့၊ နိုင်ငံ သာမက၊ တစ်ကမ္ဘာ လုံးရဲ့ အရေးပါ။ ဒီအကြောင်းအရာ နဲ့ပတ်သက် လို့ စနစ် တကျလေ့လာ ပြုစု ထားတဲ့ UNICEF: Water Quality Handbook 2008 စာအုပ် ကို Free Download လုပ်ပြီး လေ့လာနိုင်ပါတယ်။

မှီငြမ်း။
  1. UNICEF: http://www.unicef.org/
  2. UNICEF: Water Quality Handbook 2008
  3. US-EPA: www.epa.gov
  4. Singapore National Environment Agency Public Utilities Board
  5. DVD: Environmental Science for Students

Web-Links
  1. The Water Cycle [ http:/en.wikipedia.org/wiki/Water_cycle ]
  2. PH Level [ http://en.wikipedia.org/wiki/PH ]
  3. Thermal Pollution [ http://en.wikipedia.org/wiki/Thermal_pollution ]
  4. Bio-Oxygen Demand (BOD5) [ http://en.wikipedia.org/wiki/Biochemical_oxygen_demand ]
  5. Chemical Oxygen Demand (COD) [ http://en.wikipedia.org/wiki/Chemical_oxygen_demand ]
  6. Algal bloom [ http://en.wikipedia.org/wiki/Algae_bloom ]
  7. Turbidity [ http://en.wikipedia.org/wiki/Turbidity ]
  8. Oyster [ http://en.wikipedia.org/wiki/Oyster ]
  9. Ecological importance of oyster reefs[ http://habitat.noaa.gov/restorationtechniques/public/habitat.cfm?HabitatID=2&HabitatTopicID=11 ]
  10. DDT (Dichloro-Diphenyl-Trichloroethane) [ http://en.wikipedia.org/wiki/DDT ]
  11. Climate Change [ http://en.wikipedia.org/wiki/Climate_change ]
  12. Sinkhole [ http://en.wikipedia.org/wiki/Sink_hole ]
  13. Hurricane Katrina[ http://en.wikipedia.org/wiki/Hurricane_Katrina ]
  14. Clean Water Act [ http://www.epa.gov/watertrain/cwa/ ]
  15. EPA (Environmental Protection Agency)[ http://www.epa.gov/ ]
  16. Bio-remediation [ http://en.wikipedia.org/wiki/Bio-remediation ]
  17. Desalination [ http://en.wikipedia.org/wiki/Desalination ]
  18. UNICEF: Water Quality Handbook 2008 (Free Download) [ http://www.unicef.org/wes/files/WQ_Handbook_final_signed_16_April_2008.pdf ]
  19. UNICEF: http://www.unicef.org/[ http://www.unicef.org/ ]
  20. Singapore National Environment Agency [ http://app.nea.gov.sg/ ]
  21. Public Utilities Board [ http://www.pub.gov.sg/ ]  

လေထုသန့် ရှင်းရေး ( Clan Air )
လေ၊ ကမ္ဘာပေါ် က အကြီးမားဆုံး အရင်းအမြစ် ဖြစ်သလို အရေးအပါဆုံး (သို့) မရှိမဖြစ် အလိုအပ်ဆုံး လည်း ဖြစ်နိုင်ပါတယ်။ လူတွေ ရဲ့ ခန္ဓာကိုယ် ဟာ အစားအစာ နဲ့ ရေ မရှိပဲ နေ့ပေါင်း များစွာ အသက်ရှင် နေနိုင် ပါတယ်။ ဒါပေမဲ့ လေ မရှိပဲ တစ်မိနစ်၊ နှစ်မိနစ် ကျော်ကြာရုံလေးလောက် ပဲ ကြိုးစားနေကြည့်ပါအုံး။
  • Introduction
    • တကယ်တော့ ကျနော်တို့ အသက်ရှု နေရတဲ့ လေဆိုတာ atmosphere (လေထု) ရဲ့ အစိတ်အပိုင်း ငယ်တစ်ခုသာ ဖြစ်ပါတယ်။ ကမ္ဘာ့လေထု ကို အလွှာတွေ ခွဲခြားသတ်မှတ် ထားပြီး လေ့လာကြ ပါတယ်။ အလွှာတစ်ခုချင်း စီမှာ ထူးခြားတဲ့ ပေါင်းစပ်ဖွဲ့စည်းမှု၊ ဂုဏ်သတ္တိ နဲ့ အပူချိန် ပုံစံ ကိုယ်စီ တွေ ရှိနေကြလို့ပါ။ ( ငယ်ငယ်တုန်း က အထွေထွေ သိပ္ပံ မှာသင်ခဲ့ ရ တာ မှတ်မိကောင်း မှတ်မိကြပါလိမ့် မယ်။ ) ကမ္ဘာကြီး လေထု စီးဆင်း လည်ပတ်တဲ့ ပုံစံ အရ ဒီ atmospheric air က လေတွေကို ကမ္ဘာ တလွှား ရွှေ့ပြောင်းပေးနေ ပါတယ်။ continent (တိုက်) တစ်ခုကနေ တစ်ခု ကို ရက်ပိုင်း အတွင်းမှာ ရက်အနည်းငယ် အတွင်း ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ အာဖရိက ဆာဟာရ မှာ မုန်တိုင်း တိုက် လို့ လွင့် ထွက်လာတဲ့ အမှုန်အမှိုက် တွေ ဟာ တောင်အမေရိက တိုက် နဲ့ ကာရီဘီယံ ပင်လယ်ကွေ့ ကို ငါးရက်လောက် နဲ့ ရောက်သွားနိုင် ပါတယ်။
    • သဘာဝ အတိုင်းပဲဖြစ်ဖြစ်၊ လူတွေကြောင့် ပဲ ဖြစ်ဖြစ် နေရာဒေသ တစ်ခု မှာ ဖြစ်နေတဲ့ Local Air Pollution ဟာ နောက်ဆုံးမှာ တော့ Global Air Pollution ကိုဖြစ်စေနိုင် တာပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပေါ် မှာ ရှိတဲ့ သက်ရှိ အားလုံးက အပြန်အလှန် ဆက်သွယ်နေပြီး အသက်ဆက်နိုင် ဘို့အတွက် လည်း လေကို မှီခို နေရလို့ပါပဲ။ ဒါကြောင့် လူတွေနဲ့ သက်ရှိသတ္တဝါ တွေ အပင်တွေ အသက်ဆက် နိုင်ဘို့ အတွက် Air Quality ဟာ အလွန့်အလွန် ကို အရေးပါ လာပါတယ်။
  • Air Pollution
    • WHO ရဲ့ လေ့လာချက် အရ ကမ္ဘာ ပေါ်မှာ သန်းထောင်ချီ တဲ့ လူတွေ ဟာ ကျန်းမာရေး အတွက် ရှုရှိုက်ဘို့ မသင့် တော် မသန့်ရှင်း တဲ့ လေ (Outdoor Air) ကို ရှုရှိုက်နေရတယ် လို့ဆိုပါတယ်။ ဒီအခြေအနေ ကို စဉ်းစားရ ခက်ကောင်းခက်ပေမဲ့ တစ်ခု ကိုတော့ အမှတ်ရစေ မှာပါ။ ကျနော် တို့ ပတ်ဝန်းကျင် မှာ ရှိတဲ့ လေထဲ မှာ တစ်ခါတစ်ရံ အန္တရာယ် ရှိတဲ့ dangerous materials တွေ ပါဝင်နေနိုင် တယ် ဆိုတာပါပဲ။ ဒါဆို ဒီ pollutants တွေ ဘယ်ကလာ ပြီး ဘာလို့ အန္တရာယ် ပေးနိုင်တာလဲ။
    • Air Pollutions ဆိုတာ ကတော့ လူ၊ တိရစ္ဆာန်၊ အပင်တွေ နဲ့ ပတ်ဝန်းကျင် ကို ဆိုးကျိုး ဒုက္ခ ပေးနိုင်တဲ့ harmful substances တွေ လေထဲမှာ ပါဝင်နေတာ ကို ခေါ်တာပါ။
    • သဘာဝ အတိုင်း ဖြစ်လာတဲ့ natural pollutants တွေ လည်းရှိပါတယ်။ ဥပမာ အားဖြင့် သဘာဝ အတိုင်း တောမီးလောင် တဲ့ အခါ၊ ထွက်လာတဲ့ မီးခိုး နဲ့ အမှုန်တွေ ဟာ ပတ်ဝန်းကျင် မှာ နေထိုင်တဲ့ သူတွေ ကို အန္တရာယ် ပေးနိုင်ပါတယ်။ ရွှံ့နွံ စိမ့်မြေတွေ ကလည်း အတိုင်းအတာ တစ်ခု အထိ natural pollutants တွေကို ထုတ်လွှတ်ပေးပါတယ်။ ဒါတွေက ဒီနေ့ လူတွေရဲ့ လုပ်ရပ် တွေကြောင့် ဖြစ်တဲ့ Pollutants အတိုင်းအတာ နဲ့ ယှဉ်ရင်တော့ အသေးအမွှား small scale လေးသာပါ။
    • လူတွေ ကြောင့် ဖြစ်တဲ့ Pollution တွေ၊ ဥပမာ၊ ၊ Fossil Fuel တွေ ကို မီးရှို့တာ၊ (အင်ဂျင်တွေ မှာ သုံးတာ) တွေ၊ ကားတွေ၊ Power plant တွေ ကထွက်လာတဲ့ emissions တွေ၊ လယ်ထဲ မှာ သုံးတဲ့ ဓာတ်မြေသြဇာ တွေ က လေထဲ ရောက် လာတာ တွေ ဖြစ်ကြပါတယ်။
    • Air Pollutants တွေ ကို နှစ်မျိုးခွဲခြား နိုင်ပါတယ်။
      • Primary Pollutants နဲ့
      • Secondary Pollutants ပါ။
    • Primary Pollutants ဆိုတာကတော့ သဘာဝအတိုင်းပဲ ဖြစ်ဖြစ်၊ လူတွေကြောင့် ပဲဖြစ်ဖြစ် လေထဲကို တိုက်ရိုက် စွန့်ထုတ် လုပ်တဲ့ Pollutants တွေပါ။
    • ဒီ Pollutants တွေက အချင်းချင်း ဓာတ်ပြု၊ နေရောင် နဲ့ တွေ့ ပြီး Secondary Pollutants လို့ ခေါ်တဲ့ new chemical compounds တွေ ဖြစ်လာပါတယ်။ ရံဖန်ရံခါ Secondary Pollutants တွေ က Primary Pollutants ထက် ပိုပြီး ပျက်စီးထိခိုက် မှု ကို ဖြစ်စေပါတယ်။
    • တွေ့ရများတဲ့ Common Outdoor Pollutants တွေ ကတော့ Carbon oxides, sulfur oxides, nitrogen oxides, ozone နဲ့ အမှုန်အမွှား (suspended particulate matters) တွေ ဖြစ်ကြပါတယ်။
    • Solid particles တွေနဲ့ Liquid droplets လေးတွေ ပေါင်းစပ် ပါဝင်နေတဲ့ suspended particulate matters တွေက သာမန်မျက်စေ့ နဲ့ မမြင်နိုင်လောက်အောင် သေးငယ်ပါတယ်။ ဖုန်တွေ၊ အမှုန်အမှိုက် တွေ၊ ကျပ်ခိုးတွေ၊ မီးခိုးတွေ မှာ ဒီ suspended particulate matters တွေ ပါဝင်ပါတယ်။
    • Sources နေရာပေါင်းစုံ က ထွက်လာနိုင်တဲ့ Air Pollutants အမျိုးမျိုး အဖုံဖုံ ရှိနေတာ နဲ့ ဒီ Pollutions တွေ က ကျနော်တို့ ပတ်ဝန်းကျင် က လေရဲ့ Quality ကိုထိခိုက်စေနိုင်တွေ ကို သိရှိနေကြပါပြီ။ ကျနော် တို့ တွေရဲ့ ဘဝ ကို ဘယ်လို ထိခိုက်မှု ရှိမလဲ။ ကျန်းမာရေးပြဿနာ တင်မဟုတ်ပဲ ပတ်ဝန်းကျင် ကို အကြီးအကျယ် ပျက်စီးယိုယွင်း စေတာ လည်း တွေ့ရပါမယ်။ အချို့ ကို သိနိုင် ဘို့ မလွယ်ကူ ပေမဲ့ အချို့ ကိုတော့၊ မြင်တွေ့နိုင်၊ အနံ့ရ နိုင်၊ အရသာတောင် ခံစားရနိုင်ပါသေးတယ်။
  • Carbon Oxides
    • Carbon monoxide နဲ့ Carbon dioxide တွေပါဝင်တဲ့ ကာဗွန် အောက်ဆိုဒ် တွေကို အနီးကပ်လေ့လာ ကြည့်ရအောင်။ ဒီဓာတ်ငွေ့ နှစ်ခုစလုံး သဘာဝ အတိုင်း တည်ရှိ နေနိုင် ပါတယ်။ မီးတောင်ပေါက်ကွဲ မှု လို သဘာဝ ဖြစ်စဉ်တွေ က ဒီဓာတ်ငွေ့ နှစ်ခု အပါအဝင် အခြားဓာတ်ငွေ့ အများအပြား လေထု ထဲ ကို ထုတ်လွှတ် ပစ်ပါတယ်။
    • လူတွေ အပါအဝင် သက်ရှိတွေ (အပင်တွေ အပါအဝင်) က အသက်ရှုထုတ် တဲ့ အခါ carbon dioxide ပါဝင်ပြီး အဆက်မပြတ် ကို ရှုထုတ် နေတာပါ။ ကာဗွန် ဒိုင် အောက်ဆိုဒ် ပမာဏ အတိုင်းအတာ တစ်ခု အထိ ရှိတာ က အကောင်း ပါ။ သက်ရှိတိုင်း မှာ ရော၊ လေထဲမှာရော၊ ကျောက်တုံးကျောက်ခဲ တွေ မှာပါ ပါဝင်နေတာပါ။ ကမ္ဘာကြီး ကို သင့်တော်တဲ့ နွေးထွေးမှု ရစေတဲ့ Natural Green House Effect အတွက်လည်း အဓိက အရေးပါတဲ့ နေရာ မှာ ရှိနေပါတယ်။
    • Carbon cycle က ကမ္ဘာပေါ် က သက်ရှိ တွေ အားလုံးနဲ့ ပတ်သက်ပါတယ်။ ဥပမာ အပင်တွေ အစာချက် တဲ့အခါ CO2ကိုအသုံးပြုကြပြီး ဒီအပင်တွေ သေသွားပြီး ပုတ်သိုးလာတဲ့ အခါ CO2 ကို ပြန်ထုတ်လွှတ် ပါတယ်။ ဒါပေမဲ့ လူတွေ ရဲ့ လုပ်ရပ်တွေ ကြောင့် ဒီ သဘာဝ သံသရာ စက်ဝိုင်း ကို ပြောင်းလဲ စေပါတယ်။ ဥပမာ Fossil Fuel တွေ ကို မီးရှို့တဲ့ အခါ ထွက်လာတဲ့ CO2 တွေကို လေထုထဲ ကိုထုတ်လွှတ်၊ ဒါကြောင့် လေထုထဲ မှာ Green house gases တွေ များလာ၊ နေကရတဲ့ အပူတွေ ကို ကမ္ဘာ့မြေ မျက်နှာပြင်နားမှာ ပိတ်လှောင်မိစေ တာကြောင့် ကမ္ဘာကြီး ကို ပိုပြီး ပူနွေး လာစေပါတယ်။ ကျန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်းမှာ လေထဲမှာ ရှိတဲ့ CO2 ရဲ့ အတိုင်းအဆ ဟာ သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ ကမ္ဘာကြီး ကိုပိုမို ပူနွေးစေတဲ့ အခြေအနေ နဲ့ပတ်သက် လို့ CO2 ရဲ့ အခန်းကဏ္ဍ က သိပ်အရှင်းလင်း ကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ၄င်းရဲ့ အစွမ်းသတ္တိ နဲ့ ဖြစ်နိုင်ခြေ တွေကြောင့် အနီးကပ် စောင့်ကြည့် နေကြပါတယ်။
    • Carbon monoxide ကို ဓာတ်ဆီလို၊ ကျောက်မီးသွေး အစရှိတဲ့ Carbon based Fuel တွေ Incomplete combustions လို့ခေါ်တဲ့ မပြည့်မစုံ မီးလောင် (ပေါက်ကွဲ) ရာက ဖြစ်ပေါ်စေပါတယ်။ Carbon monoxide က သဘာဝ လေထဲက oxygen တွေ နဲ့ ပေါင်းစပ်ပြီး နောက်ဆုံးတော့ Carbon dioxide အဖြစ် ပြောင်းလဲ သွားပါတယ်။ U.S. မှာ Carbon monoxide အများဆုံး ထွက်တဲ့ ဇာစ်မြစ် ကတော့ မော်တော်ကား တွေ ရဲ့ အိပ်ဇော့တွေ ကပဲဖြစ်ပါတယ်။ Carbon monoxide က အရောင်မရှိ၊ အနံ့ မရှိ ပေမဲ့ အရမ်းကို အဆိပ်ပြင်းပါတယ်။ (1941-45 လောက်မှာ ဂျာမန်နာဇီတွေ က သန်းချီတဲ့ ဂျူးလူမျိုးတွေ ကို ဖမ်းဆီး ပိတ်လှောင်သတ်ခဲ့ကြ တဲ့ အဆိပ်ငွေ့ ပါ။)။
  • Indoor Air Pollution
    • ထင်းမီး (သို့) အခြား မီးဖိုတွေ ကို အိမ်ထဲမှာ ထား မီးဖိုတဲ့ အခါ လေထဲကို carbon monoxide ဓာတ်ငွေ့တွေ ထုတ်လွှတ်ပါတယ်။ လေဝင်လေထွက် မကောင်းတဲ့ နေရာတွေ မှာ လူတွေကို အသက် အန္တရာယ် ပေးနိုင်တဲ့ ဓာတ်ငွေ့ ဖြစ်လာပါတယ်။ ဒါကြောင့် ဒီလို အန္တရာယ် ပေးနိုင်တဲ့ အခြေအနေ ရောက်လာတဲ့ အခါ warning alarm ပေးနိုင်တဲ့ Carbon monoxide detectors တွေ ကို အိမ်ထဲမှာ တတ်ဆင် ထားနိုင်ပါတယ်။
    • carbon monoxide အပြင် အန္တရာယ် ပေးနိုင်တဲ့ အခြား ဓာတ်ငွေ့တွေ ကတော့ မီးခိုး နဲ့ အခြား အဆိပ်ဓာတ်ငွေ့ တွေ ဖြစ်တဲ့ styrene နဲ့ formaldehyde တွေ ပါ။ အိမ်ဆောက် ပစ္စည်းတွေ၊ insulations တွေ နဲ့ ကော်ဇော တွေက နေ ဒီဓာတ်ငွေ့တွေ ကို ထုတ်လွှတ် နိုင်ပါတယ်။ တွေ့ရလေ့ ရှိတဲ့ Indoor Air Pollutants တွေ ကတော့
      • Carbon dioxide (CO2)
      • Carbon monoxide (CO)
      • Formaldehyde (HCHO)
      • Lead (Pb)
      • Nitrogen dixoide (NO2)
      • Odors
      • Ozone (O3)
      • Particles
      • Radon (Rn)
      • Sulfur Dioxide (SO2)
      • Volatile Organic Compounds, VOCs
    • Indoor Air Pollutions က အဓိက ပြဿနာပါ။ လေထဲကို ရောက်လာတဲ့ ဓာတ်ပစ္စည်းတွေ က အဆောက်အအုံ အပြင်မှာ ဆို အားပျော့သွား Dilluted ဖြစ်သွား နိုင်ပေမဲ့ လုံနေတဲ့ အဆောက်အအုံ အတွင်းထဲမှာ တော့ ပိုမို အားပြင်း concentrated ဖြစ်လာပါတော့တယ်။ တစ်ချို့ air pollutants တွေရဲ့ ပါဝင်မှု နှုန်းက အပြင်မှာ ထက် အဆ ရာချီရှိနေ နိုင်ပါတယ်။ radon ကိုပဲ ဥပမာ ကြည့်ရအောင်။ ဒီ အရောင်မဲ့၊ အနံ့မဲ့၊ radioactive ဓာတ်ငွေ့ က အချို့ကျောက်တွေ၊ မြေကြီးတွေ မှာ သဘာဝ အတိုင်း ဖြစ်ပေါ် နေတာပါ။ ဒီဓာတ်ငွေ့ ရှိနေတာကို တွေ့နိုင်ဘို့နေနေ သာသာ သိမှာတောင် မဟုတ်ပါဘူး။ မြေကြီးထဲ မှာပဲ လျှောက်သွားနေလို့ ကတော့ ဘယ်ပြဿနာ ရှိမှာလဲ။ ဒီဓာတ်ငွေ့ က Foundation အက်ကြောင်းတွေ ကနေ အဆောက်အအုံ အတွင်းထဲ ကို ဝင်ပြီး စုဝေးလာနိုင်ပြီး ရှုရှိုက်မိရင် ကျန်းမာရေး ကိုထိခိုက်စေနိုင်ပါတယ်။ စိတ်ဝင်စားစရာ ပါ။ Energy efficient ဖြစ်ဘို့အတွက် insulation တွေ နဲ့ မလုံ၊ လုံအောင် လိုက်ပိတ်ဆို့ ကြတဲ့ အခါ radon လိုဓာတ်ငွေ့မျိုး ကိုလှောင်ထားသလို လည်း ဖြစ်စေပါတော့တယ်။ အများအားဖြင့် အဆောက်အအုံ အတွင်းမှာ ရှုရှိုက်ရတဲ့ လေ က အပြင်ကလောက် မလတ်ဆတ် ပါဘူး။ indoor air pollutions က မျက်စေ့တွေ ယားယံစေတာ၊ လည်ချောင်းယားတာ၊ ခေါင်းကိုက်တာတွေ အပြင် ဒီဒါဏ်မခံ နိုင်တဲ့ အချို့ လူတွေ မှာဆို ထိတွေ့ မိတာနဲ့ ဆိုးရွား တဲ့ ရလာဒ် ကို ပေးနိုင်ပါတယ်။
  • Air Quality
    • လေက အိမ်၊ အဆောက်အအုံ အတွင်း မှာရော အပြင်မှာပါ၊ နေရာတိုင်း မှာရှိနေပါတယ်။ air pollution လည်း ထို့အတူ ပဲပေါ့။ ဒါကြောင့် လေကောင်းလေသန့် ကို ရှုရှိုက် နေရတာ ဟုတ်မဟုတ် သိနေနိုင် ဘို့ ဆိုတာ က သင့် ကျန်းမာရေး ကိုကာကွယ် စောင့်ရှောက် နိုင်ဘို့ အတွက် အရေးကြီးပါတယ်။
    • နွေရာသီ ရဲ့ ဥတု က ပူပြင်း နေပါတယ်။ နွေရာသီ ရဲ့ ကောင်းကင် က လည်း မြူဆိုင်း မဲမှောင်လို့၊ ဒီ ရက်ပိုင်းတွေ မှာ အပူ တစ်ခုတည်းက မခံနိုင်အောင် လုပ်နေတာ ဟုတ်ချင်မှ ဟုတ်မှာပါ။ လေရဲ့ သန့်ရှင်းလတ်ဆတ် မှု မရှိတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလုပ် သိရမှာလဲ။ U.S / Canada မှာတော့ AQI (Air Quality Index) ကို ကြည့်တာပါ။ သူ့မှာ စကေးက 0 to 500 အထိ ရှိပြီး လေရဲ့ လတ်ဆတ်မှု နဲ့ ကျန်းမာရေး နဲ့သက်ဆိုင်တဲ့ အဆင့် ခြောက်ဆင့် ကို အရောင်ခြောက်မျိုး နဲ့ မှတ်သားပိုင်းခြား ထားပါတယ်။ အစိမ်းရောင် ဆိုရင် ကောင်းတယ်။ အန္တရာယ် မရှိ သလောက်ပဲ။ အနီရောင် ဆိုရင် ကျန်းမာရေး အတွက် မကောင်းတော့ ပါဘူး၊ လူတိုင်းလိုလို မှာ ကျန်းမာရေး ဆိုးကျိုးတွေ စတွေ့လာရပါလိမ့်မယ်။ နီညိုပုတ် (maroon) ဆို တာကတော့ အန္တရာယ် ပေးနိုင်တဲ့ Hazardous air quality ကို ပြတာမို့ အရေးပေါ် အခြေအနေ လို့ သတ်မှတ် ပါတယ်။
    • Health classifications used by the EPA: အရ AQIကို ဒီလို သတ်မှတ် ထားပါတယ်။
      •   0-50  Good is usually green

      •  51-100 Moderate is usually yellow

      • 101-150 Unhealthyfor sensitive groups is usually orange

      • 151-200 Unhealthyis usually red

      • 201-300 Very unhealthyis usually purple

      • 301-500 Hazardous is usually maroon
    • စကာင်္ပူ နိုင်ငံ မှာတော့ U.S EPA ရဲ့ မူဟောင်း PSI (Pollutant Standards Index) ကိုသုံးနေဆဲ ဖြစ်ပြီး National Environment Agency နေစောင့်ကြည့် monitor လုပ်နေပါတယ်။
    • အချို့ သိပ္ပံ သုတေသီ တွေက လေထုထဲ မှာ ဘာ Pollutants တွေ ဘယ်နေရာမှာ၊ ဘယ်လောက်၊ ဘယ်နှုန်းနဲ့ ရှိနေသလဲ သိနိုင်ဘို့ အတွက် ကြိုးစားနေကြပါတယ်။ လေရဲ့ အနိမ့်အမြင့် နေရာစုံ က လေထုရဲ့ အခြေအနေ ကို သိရအောင် ဓာတ်ခွဲခန်း ကိရိယာတွေ တတ်ဆင်ထားတဲ့ လေယာဉ် တွေ နဲ့ လေထု အမြင့်ထဲ ကိုပျံသန်း၊ အမြင့် နဲ့ နေရာစုံ က လေတွေ ကို ပိုက်တွေ နဲ့ စုတ်ယူ ပြီး ပါလာတဲ့ ကိရိယာတွေ နဲ့ ဓာတ်ခွဲ လေ့လာ နေကြပါတယ်။ ကျောက်မီးသွေး သုံး စက်ရုံတွေ ကနေ ထွက်လာတဲ့ sulfur dioxide၊ မော်တော်ကားတွေ၊ တောမီးတွေ ကနေ incomplete combustion ကြောင့်ဖြစ်ပေါ်လာတဲ့ carbon monoxide, ဆောင်းတွင်း မှာ ဆိုရင်တော့ ထင်းတွေ မီးရှို့တားတဲ့ မီးဖိုတွေ ကနေ ထွက်လာတာတွေ၊ နောက်တစ်ခု ကတော့ လူသိများတဲ့ Smog နဲ့ပတ်သက်တဲ့ Ozone စသည်ဖြင့် လေ့လာကြပါတယ်။ ဒီလို သုတေသန ပြု လေ့လာနေကြ တဲ့ အတွက် သက်ဆိုင်ရာ ပတ်ဝန်းကျင် က လေထုတဲ မှာ ဖြစ်ပေါ် ပြောင်းလဲမှုတွေ၊ ညစ်ညမ်းနေမှု တွေ နဲ့ Air Quality ကို သိရှိ နားလည်နိုင်ပါတယ်။
    • Air Quality Index က လူတွေ ကို အပြင်ကလေ ရဲ့ Air Quality အခြေအနေ ကို Quick overview ပေး သလို ပဲ၊ တစ်ပြိုင်တည်း မှာပဲ ဒီ AQI ကပဲ သိပ္ပံ ပညာရှင် တွေ ကို ရေရှည် မှာ လေ့လာစောင့်ကြည့် မှတ်တမ်းတင် နိုင်ဘို့ နဲ့ အကဲဖြတ်နိုင်ဘို့ တွေ ကိုလည်း အထောက်အကူ ပြုပါတယ်။ သူတို့ တွေ့ရတဲ့ Pollutants အမျိုးအစား က ဘယ်နေရာ ကနေ ထုတ်လွှတ် နေတာ လဲ ဆိုတဲ့ အရိပ်အမြွက် Hint ကိုပေးပါတယ်။ ဒီ Pollutant က ကိုယ့်ဒေသ က ထွက်တာလား၊ ဒါမှမဟုတ် ဒီလူတွေ အဝေးတစ်နေရာ က ထုတ်လွှတ်နေတဲ့ Source ကြောင့် လေထု ညစ်ညမ်းမှု ဒါဏ်ကို ခံနေရတာ လား သိနိုင်ပါတယ်။ လူတွေ ဘာလို့ AQI ကို ဂရုစိုက်သင့်သလဲ။ ခင်ဗျား တို့ရဲ့ အဆုပ်၊ ခင်ဗျား တို့ အသက်ရှုနိုင်ဘို့၊ ခင်ဗျားတို့ရဲ့ ကျန်းမာရေး နဲ့ ခင်ဗျားတို့ရဲ့ ပတ်ဝန်းကျင် အတွက် ပါပဲ။
  • Low Level Ozone = Pollution (မြေပြင် ပေါ်က အိုဇုန်း = အဆိပ်)
    • နောက်တစ်ခု ကတော့ smog အနေ နဲ့ လူသိများတဲ့ အိုဇုန်း (O3) ပါ။ ကမ္ဘာ့မြေပြင် ရဲ့ အထက် အမြင့် ၆ မိုင် ကနေ ၃၁ မိုင်အတွင်း မှာရှိတဲ့ အိုဇုန်းလွှာ က ကမ္ဘာပေါ် ကို အန္တရာယ်ပေးနိုင်တဲ့ ခရမ်းလွန် ရောင်ခြည် တွေ ကို ကာကွယ် ပေးနိုင် ပေမဲ့ ကမ္ဘာ့မြေနှာပြင် နားက အိုဇုန်း ကတော့ အသက်ရှုသွင်း မိရင် အဆိပ်ဖြစ်နိုင်ပါတယ်။
    • အိုဇုန်း ကတော့ မော်တော်ကားတွေ ကနေ တိုက်ရိုက်ထွက်လာတာ မဟုတ်ပါဘူး။ hydrocarbons တွေနဲ့ nitrogen oxides တွေ နေရောင်ခြည် နဲ့တွေ့တဲ့ အခါ Low level Ozone လို့ခေါ်တဲ့ အိုဇုန်း အဖြစ် တိုက်ရိုက် ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ အိုဇုန်း ဟာ အောက်ဆီဂျင် အဖြစ် အရမ်းကို ပြိုကွဲ ပြောင်းလဲ လိုတဲ့ ဓာတ်ငွေ့ပါ။ O3 က O2 ထက် အဆပေါင်း များစွာ စွမ်းအားရှိတဲ့ Oxidizing Agent တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် လေထဲ က hydrocarbons တွေ ကို oxidize လုပ်ပေးပြီး သန့်ရှင်းဖယ်ရှား ပေးနိုင်ပေမဲ့ ဘေးထွက် ပစ္စည်းကတော့ smog (မီးခိုးမြူ) တွေ ဖြစ်ပေါ် စေတာပါပဲ။ smog ထဲ မှာပါတဲ့၊ မျက်စေ့ ကို ယားယံစေတဲ့ အစွမ်းသတ္တိ ပြင်းတဲ့ peroxyacyl nitrates လိုဓာတ်ပေါင်း မျိုး ကိုလည်း ဖြစ်ပေါ် စေပါတယ်။
    • အိုဇုန်း အနည်းငယ် ပါတဲ့ လေသန့်စက် တွေ က လေထဲက အညစ်အကြေးတွေ၊ အနံ့ဆိုးတွေကို သာမက ဘက်တီးရီးယား၊ ဗိုင်းရတ်စ်၊ မှို နဲ့ အခြား ရောဂါပိုးမွှား တွေ ကိုပါ သဘာဝ အတိုင်း သန့်ရှင်းပေးနိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒီ အိုဇုန်း နဲ့ အစားအသောက်၊ ရေ နဲ့ အိမ်နံရံ တွေ ကို ပိုးသတ်၊ သန့်ရှင်းစေနိုင်ပါတယ်။
    • ရေထဲ က Manganese ကို အနည်ထိုင် သွားနိုင်အောင်၊ အဆိပ်ပြင်း တဲ့ cyanides ကို အဆထောင်ချီ ပျော့တဲ့ cyanates ကို ပြောင်းပစ်နိုင်ပါတယ်။ urea ကိုလည်း လုံးဝ ချေဖျက် ပေး နိုင်ပါတယ်။
    • ဒါပေမဲ့ သူ့ကို Air Pollution အဖြစ် သတ်မှတ်ရတာ က လူတွေ၊ တိရစ္ဆာန် တွေ နဲ့ အပင်တွေ ကို ဒုက္ခ ပေးနိုင်လို့ပါ။ လူတွေရဲ့ အဆုပ် နဲ့ အသက်ရှု လမ်းကြောင်းတွေ ကို ဒုက္ခ ပေးနိုင်ပါတယ်။ အပင်တွေ ကို လည်း ထိခိုက် ပျက်စီးစေ၊ အထွက်နှုန်း နည်းစေ နိုင်ပါတယ်။ ရာဘာ နဲ့ အခြား Building Materials တွေ ကို လည်း ကွဲအက်ပျက်စီး စေနိုင်ပါသေးတယ်။ US EPA ရဲ့ အဆိုအရ လေထဲမှာ 40 ppb (parts per billions) ရှိရင် တောင် လူတွေ ကို ဒုက္ခ ပေးနိုင်တယ် လို့ ဆိုပါတယ်။ US EPA ရဲ့ Air Quality Index အရ Eight-hour average ozone concentrations 85 to 104 ppbv ကို "Unhealthy for Sensitive Groups", 105 ppbv to 124 ppbv ကို "unhealthy" နဲ့ 125 ppb to 404 ppb ကိုတော့ "very unhealthy" လို့သတ်မှတ် ပါတယ်။
  • Smog (မီးခိုးမြူ)
    • မြို့ပြတွေမှာ တွေ့ရလေ့ရှိတဲ့ အဓိက pollution ကတော့ smog ပါ။ Industry revolution လို့ခေါ်တဲ့ စက်မှု ခေတ်ပြောင်း ကာလ မှာ လန်ဒန်လို မြို့ကြီးတွေ မှာ ကျောက်မီးသွေး လို လောင်စာ မျိုးကို အကြီးအကျယ် မီးရှို့သုံးစွဲခဲ့ကြပါတယ်။ ထွက်လာတဲ့ မီးခိုးတွေ က မြူနှင်း fog တွေ နဲ့ ပေါင်းစပ်ပြီး ဒီမြို့တွေ အပေါ်လွှမ်းခြုံ ထားတဲ့ မဲမဲမှောင်မှောင် thick haze တွေကိုဖြစ်စေပါတယ်။ ဒီ thick haze တွေ ကို smog လို့ သိခဲ့ကြပါတယ်။
    • ဒီနေ့ မြို့ပြတွေမှာ တွေ့ရလေ့ရှိတဲ့ smog တွေ ကတော့ photochemical smog ပါ။ လေထဲက Nitrogen Oxides နဲ့ volatile organic compounds တွေလို အချို့ Pollutants တွေ အပေါ်နေရောင်ခြည် ကျရောက်တဲ့ အခါ နီညိုရောင် Thick haze ပုံစံဖြစ်တဲ့ photochemical smog ကိုဖြစ်စေပါတယ်။
    • Smog က နေရောင်ခြည် တိုက်ရိုက် ပိုမိုရရှိ ပြီး လေတိုက်မှု နည်းပါးတဲ့ ရာသီဥတု ကလည်း လေကို အဝေးရောက်သွား အောင်မလုပ်နိုင်တဲ့ နွေရာသီ မှာ ပိုမို ဆိုးရွားလေ့ ရှိပါတယ်။ အချို့ မြို့တွေ ကတော့ တစ်နှစ်ပတ်လုံး ရှိနေတဲ့ ပြဿနာ ပါ။
    • ဥပမာ၊ မက္ကဆီကို စီတီး လိုမြို့ပါ။ သူ့မှာ Smog နဲ့ ပတ်သက်တဲ့ ပထဝီ အနေအထား အရ အားနည်းချက် ရှိပါတယ်။ အပူပိုင်း နဲ့ သမပိုင်း ဇုံ အကြားဖြစ်တဲ့ Sub-tropic မှာတည်ရှိတယ်။ ကန္တာရ လို နေရာမျိုး လည်းဖြစ်တယ်။ တောင်တွေ ဝိုင်းရံ ထားတဲ့ အမြင့်ပိုင်းမှာ ရှိနေတဲ့ ဇလုံလို ချိုင့်ဝှမ်းကြီး လိုနေရာလည်း ဖြစ် လူနေ အရမ်း ထူထပ်ပြီး temperature inversion လည်းရှိ နေပါတယ်။
    • Temperature Inversion ဆိုတာကတော့ ပူနွေးပြီး တည်ငြိမ်တဲ့ stable warm air layer က သူ့ထက်အေးတဲ့ မြေပြင်နားက cooler air ကို ပိတ်လှောင် ထားတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Temperature Inversion မြေပြင်နားက လေကို ပိုမိုဆိုးရွားစွာ ညစ်ညမ်းစေပြီး အန္တရာယ် များစေပါတယ်။
    • ဒါကြောင့် Air Pollution နဲ့ ပိတ်မိနေပြီး နေထွက်လာရင် တောင်မှ ကားတွေ၊ အိမ်တွေ အပူပေးတာ၊ ချက်ပြုတ်တာ က ထွက်လာတဲ့ Pollution တွေကို Photochemical smog အဖြစ် ပြောင်းလဲ စေတာဖြစ်ပါတယ်။Smog surrounds the Angel Monument in Mexico City, Mexico
    • Photochemical smog အဆုတ် ကို ဒုက္ခပေး တာတို့၊ ကလေးတွေ မှာ အဆုတ် နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးမှု တွေ ကိုနှေးကွေးစေတာ အစရှိတဲ့၊ စိုးရိမ်ရတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ ကို ပေးပါတယ်။ ဆိုးကျိုး တွေ က အများကြီးပါ၊ အချို့ကရေတို လို့ခေါ်တဲ့ Pollution နဲ့ ထိတွေ့ တဲ့ အချိန် မှာပဲ ခံစားရတတ် ပေမဲ့ ရေရှည်ခံ ရတဲ့ ဆိုးကျိုးတွေ လည်းရှိပါတယ်။ အချိန်ကြာကြာ ထိတွေ့ရတဲ့ အခါ နာတာရှည် ခံရတာ၊ ခနခန ပြန်ဖြစ်တာ၊ ရောဂါ ပိုမိုဆိုးရွား လာတာတွေ တွေ့ရပြန်ပါတယ်။ ဒီဒါဏ် တွေ ကို ကလေးတွေ နဲ့ သက်ကြီးရွယ်အို တွေ အရင်ထဲ က ရောဂါ အခံ ရှိတဲ့သူတွေ မှာ ပိုခံရတာ တွေ့ရပါတယ်။
    • Photochemical smog ကြောင့် ဖြစ်စေတဲ့ ရောဂါတွေ ကတော့ အဆုတ် နဲ့ အသက်ရှုလမ်းကြောင်း နဲ့ ပတ်သက်တဲ့ emphysema (အဆုပ်ပွ), bronchitis (ချောင်းဆိုး ရင်ကျပ်), and asthma (ပန်းနာ) ရောဂါ တွေ ဖြစ်ပြီး နှလုံး၊ အသည်း နဲ့ ကျောက်ကပ် တွေ ကို လည်း ပျက်စီးစေ နိုင်ပါတယ်။ ဒါ့အပြင် အာရုံကြော နဲ့ပတ်သက် ပြီး ဒုက္ခပေး နိုင်တာ ကိုလည်း တွေ့ရှိ နေရပါပြီ။ အသက်ရှုသွင်း တဲ့ အထဲ မှာ ပါလာတဲ့ အမှုန်အမွှား အသေးလေးတွေ က အာရုံကြော ထဲ စီးဆင်းမှု စနစ် ရောက်သွားပြီး ဦးနှောက် ကိုထိခိုက်စေတာပါ။
  • Depletion of Stratospheric Ozone Layer
    • လေထုညစ်ညမ်းမှု က ကျန်းမာရေး ပြဿနာတွေ တင် မက ပဲ ကမ္ဘာ့လေထု ရဲ့ အထက်ပိုင်း အထိကို ဒုက္ခ တက်ပေးပါတယ်။ ၁၉၈၄ ခုနှစ်တုန်းက Antarctica တောင်ဝန်ရိုးစွန်း မှာ အလုပ်လုပ်နေကြတဲ့ Atmospheric Scientist (သိပ္ပံ ပညာရှင်) တွေ က Stratospheric Ozone Layer အိုဇုန်းလွှာ ပါးလာတာ ကို စိုးရိမ်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။
    • ကမ္ဘာ့မြေနှာပြင် နားက အိုဇုန်း ကတော့ အသက်ရှုသွင်း မိရင် အဆိပ်ဖြစ်နိုင်ပေမဲ့ ကမ္ဘာ့မြေပြင် ရဲ့ အထက် အမြင့် ၆ မိုင် ကနေ ၃၁ မိုင်လောက် အတွင်း မှာ သဘာဝ အတိုင်း ဖြစ်ပေါ်နေတဲ့ အိုဇုန်းလွှာ က နေရောင်ခြည် မှာပါတဲ့ ထိခိုက် ပျက်စီးစေနိုင်တဲ့ ခရမ်းလွန် ရောင်ခြည်တွေ ကို စုတ်ယူပြီး ကမ္ဘာပေါ် ကို ဒီရောင်ခြည် တွေ မကျရောက် အောင် အကာအကွယ် ပေးနေတဲ့ ကျေးဇူးရှင်ပါ။ပုံမှန်အားဖြင့် မြေပြင်အိုဇုန်း လို သိပ်ပြီး active မဖြစ်ပဲ stable ဖြစ်ပါတယ်။ နေရောင်ရဲ့ UV က O2 ကနေ 2 O အဖြစ်ပြိုကွဲစေ၊ ပြီး O + O2 = O3, နောက် O3 ကို UV နဲ့ထိတော့ O2 ပြန်ဖြစ် စတဲ့ သံသရာလည်နေခြင်းဖြင့် နေရောင်ထဲ က UV ကိုစုတ်ယူပေးနေတာပါ။
    • လူတွေ ထုတ်လုပ်ထားတဲ့ Manmade Pollutant တွေ ဖြစ်တဲ့ CFC (chlorofluorocarbon) လို့ခေါ်တဲ့ ဓာတ်ငွေ့ တွေက ဒီ အိုဇုန်းလွှာ ကို တဖြည်းဖြည်း လျော့နည်းပါးလွှာ လာစေပါတယ်။ ဒီဓာတ်ငွေ့တွေ က သဘာဝ အတိုင်းရှိနေဘူးခဲ့တဲ့ ဓာတ်ငွေ့တွေ မဟုတ်ပါဘူး။ လူတွေက ပဲ စက်ရုံတွေ မှာ ထုတ်လုပ် ခဲ့ကြတာပါ။ CFC တွေကို aerosol sprays, foam insulations နဲ့ ရေခဲသေတ္တာ၊ freezers နဲ့ air conditioning equipment တွေ ရဲ့ refrigerant အနေနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ ကြပါတယ်။ ဒီ CFC တွေက အင်မတန် အံ့သြစရာ ကောင်းတဲ့ chemical compound တွေပါ။ ဒီဓာတ်ငွေ့ တွေက လွယ်လွယ်ကူကူ ပြိုကွဲပျက်စီး နိုင်တာ မဟုတ်ပဲ လေထဲမှာ အကြာကြီးနေနိုင်တာ မို့ လေထုအထက်က Stratosphere Layer အထိတက်ပြီး ဒုက္ခပေးနိုင်တာ ဖြစ်ပါတယ်။
    • Chlorine က အိုဇုန်း ကို တိုက်ခိုက်တဲ့ နည်းက catalytic cycles လို့ခေါ်တဲ့ ဓာတ်ပြောင်းအကူ လုပ်ပေးတဲ့ နည်းနဲ့ပါ။ ပထမ နေရောင် မှာပါတဲ့ UV ကြောင့် CFC ကပြိုကွဲပြီး Chlorine molecule ကို ထုတ်ပေးပါတယ်။ CFCl3 + hν = CFCl2 + Cl
    • ဒီ Chlorine Molecule က အောက်မှာပြထားတဲ့ catalytic cycles အတိုင်း အိုဇုန်း ကိုဖြိုခွဲတော့တာပါပဲ။
      Cl + O3 = ClO + O2
      ClO + O3 = Cl + 2 O2
    • Cl ကနေ ClO ဖြစ်လိုက်၊ ဒီ ClO ကနေပဲ Cl ပြန်ဖြစ်လိုက် နဲ့ ဒီ Cl molecule တစ်လုံးက ထောင်၊သောင်း ချီနေတဲ့ အိုဇုန်း မော်လီကျူးတွေ ကို ဖျက်ဆီး နိုင်ပါတယ်။
  • Refrigerants, Global Warming Potential(GWP) and Ozone Depletion Potential (ODP)
    • HVAC Engineer တွေ အနေနဲ့ သိထားရမှာ ကတော့ refrigerant တွေ နဲ့ပတ်သက်တဲ့ တွေပါ။
    • GWP လို့ခေါ်တဲ့ ကမ္ဘာ ပူနွေးစေ မဲ့ အစွမ်းသတ္တိ ကို တိုင်းတာတဲ့ အခါ carbon dioxide ရဲ့ GWP ကို စံအဖြစ် 1 လို့သတ်မှတ် ထားပါတယ်။
    • ODP လို့ခေါ်တဲ့ အိုဇုန်း ဖျက်ဆီးနိုင်မှု အစွမ်းသတ္တိ ကို တိုင်းတာတဲ့ အခါ မှာတော့ CFC-11 (CCl3F Trichlorofluoromethane) ရဲ့ ODP ကို 1 လို့သတ်မှတ်ပြီး အခြေခံ ထားပါတယ်။

3 comments:

  1. Wonderful information, I had come to know about your blog from my friend, And let me tell you, your website gives the best and the most interesting information.
    This is just the kind of information that I had been looking for, Thanks a ton once again, Regards, Air Duct Cleaning Services in Dubai

    ReplyDelete
  2. Wonderful information, thanks a lot for sharing kind of information.
    Regards Air Duct Deep Cleaning Service in Dubai

    ReplyDelete
  3. Wonderful information, thanks a lot for sharing kind of information.
    Regards HVAC Cleaning Service in Dubai

    ReplyDelete

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...