" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Engineered Smoke Control System - Desing Consideration and Over View

Engineered Smoke Control System - Desing Consideration and Over View
အဆောက်အဦးတစ်ခုမီးလောင်းကျွမ်းသည့်အခါ လူများအသက်ဆုံးရှံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးခိုးများကြောင့်ဖြစ်သည်။ မီးတောက်များနှင့်ဝေးကွာသောနေရာတွင်ရောက်နေစေကာမှု မီးခိုးများကြောင့် မူးမော်ခြင်း။ အသက်ရှုမဝခြင်း။ မီးခိုးဆိပ်သင့်ခြင်းတို့ကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်သည်။ ထို့ကြောင့်မီးလောင်ခြင်းမှထွက်ပေါ်လာသော မီးခိုးများကို စနစ်တကျ ထိန်းသိမ်းနိုင်မှ ထိုမီးလောင်နေသည့်အဆောက်အဦးတွင်းမှ လူများအသက်ချမ်းသာရာရနိုင်သည်။
 
Engineered Smoke Control System သည် အဆောက်အဦးတစ်ခုအတွင်းရှိမီးဘေးကာကွယ်ရေး စနစ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ Engineed moke Control System ကို
အဆောက်အဦး ၏ M&E services များတွင် Air Conditioning and Mechanical Ventilation System ၏ အောက်တွင်ထည့်သွင်းထားသည်။ ထိုကြောင့် ACMV အင်ဂျင်နီယာတစ်ယောက် ၏ တာဝန်ဖြစ်သည်။
Engineered Smoke Control System တစ်ခု၏ အခြေခံ ဒီဇိုင်း မှာ မီးလောင်သည့်အခါ လူများ မီးခိုးများ၏ အန္တရာယ်မှ ကင်းဝေးစွာ ထွက်ပြေးလွတ်မြောက်ရန်ဖြစ်သည်။ မီးလောင်နေသမျှ မီးခိုးများကို ဖြစ်ပေါ်လာမှုကိုတားဆီရန်မဖြစ်နိုင်။ ထိုကြောင့် မီးခိုးများကို လူများနှင့်လွတ်သည့်နေရာတွင် သိမ်းဆည်းထားရန် နှင့် လွတ်ကင်းရာသို့ ဖောက်လွတ်ရန် ဖြစ်သည်။
မီးခိုးများကို လူများနှင့်လွတ်သည့်နေရာတွင် သိမ်းဆည်းထားရန်နေရာကို Smoke Reservisor ဟုခေါ်သည်။ မီးခိုးများကို လူများနှင့်လွတ်သည့်နေရာ ရောက်ရှိသွားရန်
သဘာဝနည်း (Netural Ventilation) သို့ Mechanical Extractionနည်းကို အသုံးပြုနိုင်သည်။

 
Air Con ၏ normal ventilation systems များ သည် အခန်း၏ အရွယ်အစားအပေါ်တွင် အခြေခံ၍တွက်ချက်ကြသည်။ သိုသော် fire-smoke venting သည် အခန်း၏ အရွယ်အစားနှင့်လုံးဝမသက်ဆိုင်ပဲ မီးတောက်၏အရွယ်အစားနှင့် မီးခိုးများပေါ်ထွက်လာသည့်နှုန်းပေါ်တွင်မူတည်သည်။ မီးလောင်သည့်အခါ အနီးရှိလေအေးများသည် မီးတောက်များကြောင့် မီးခိုးများအဖြစ်ပြောင်းလဲသွားသည်။
မီးခိုးများပေါ်ထွက်လာနုန်းသည် အောက်ပါ အချက် ၃ ခု ပေါ်တွင်မူတည်သည်။
၁) မီးတောက်၏ အဝန်းအဝိုင်းပမာဏ (The perimeter of the fire.)
၂) မီးတောက်၏ အပူချိန် (The temperature of the flames in the plume.)
၃) မီးတောက်ကြောင့် ပေါ်လာသည့် အပူcolumn ၏ အမြင့် (The effective height of the column of hot) တို့ဖြစ်သည်။
မီးတောက်၏ အဝန်းအဝိုင်းပမာဏ နှင့် အပူcolumn ၏ အမြင့် သည် မီးခိုးများပေါ်ထွက်လာနုန်းနှင့် အချိုးကျသည်။ မီးခိုးများပေါ်ထွက်လာနုန်း သည် the square root of the absolute
temperature of the fire နှင့်တူညီသည်။



ဇယား ၁တွင် ဖော်ပြထားသည် အတိုင်း spreading and growing fire သည် မည်သည့်အခါမှburning rate of
0.5MW/m2 ကို ရောက်မည်မဟုတ်ပေ။ဧရိယာအရွယ်အစာ 10m2 in size ကိုရောက်သည့်အခါ မီး၏ total heat output သည် is only 2.6MW သာ ဖြစ်သေးသည်။ giving a
temperature in the smoke of 152°C against 277°C at 5MW.
အကယ်၍ sprinkler မတပ်ဆင်ထားသည့် (unsprinkled fire) နေရာတွင်လောင်ကျွမ်းသည့်မီးဖြစ်လျှင် 5MW အထိရောက်ရှိနိုင်ပြီး an area of 20m2 အရွယ်အစားထိကြီးထွားလာနိုင်သည်။
ထိုကြောင့် Engineered Smoke Control System တစ်ခု၏ဒီဇိုင်းမှန်ကန်ရန်အတွက် လောင်ကျွမ်းနိုင်မည့်နေရာ၏ မီးတောက်သဘာဝနှင့် အရွယ်အစား (Designed Fire Size)ကို အတိအကျရွေးချယ်လိုအပ်သည်။
အောက်ပါ အခန်းများ။ နေရာများ တွင် Engineered Smoke Control System ကို ဥပဒေအရ တပ်ဆင်ရန်လိုအပ်သည်။
Basement တွင် လူများ အတွက် ဝင်ထွက်သွားလာ အသုံးပြုသည့်နေရာ အကျယ်သည် စတုရန်းမီတာ ၁၉၀၀ထက်ကျော်လျှင် (carpark အဖြစ်အသုံးမပြုသည့် နေရာ များကို ထည့်မတွက်ရန်)
Engineered Smoke Control System ကို တပ်ဆင်ရန်လိုအပ်သည်။ စတုရန်းမီတာ ၁၉၀၀ သည် တဆက်တည်းသော်လည်းဖြစ်နိုင်သည်။ နေရာအချို့ စုပေါင်း၍ သော်လည်းဖြစ်နိုင်သည်။
• Basement Occupancy (other than carpark) having total aggregate floor area larger than 1900 m2.
စတုရန်းမီတာ ၅၀၀ အကျယ်ထက်ပိုသည့် Atrium တိုင်းတွင် Engineered Smoke Control System ကို တပ်ဆင်ရန်လိုအပ်သည်။
လိုက်နာရမည့် Design Standard များမှာ--
• BR 186 – Design principles for smoke ventilation in enclosed shopping centre
• BR 258 – Design approaches for smoke control in atrium buildings
Engineered Smoke Control System ကို တပ်ဆင်ထားသည် အဆောက်အဦးများတွင် Sprinkler Fire Protection System တပ်ဆင်ထားရမည်။
Engineered Smoke Control System ၏ အခြေခံဒီဇိုင်းကို တွက်ချက်ရန်အတွက် သတ်မှတ်ထားသော အချက်အလက်များ
Designed Fire Size    
Shops Q = 5 MW P = 12 m
Offices Q = 1 MW P = 14 m
Assembly Q = 2.5 MW P = 12 m
System to handle worst case scenario
Minimum Clear Height below Smoke Layer = 2.5 m
Q = the heat carried by the smoke in
P = the perimeter of the fire in metres
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...