" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Friction Losses in Pipes အဲယားကွန်း အကြောင်း သိကောင်းစရာ

Friction Losses in Pipes
Friction losses သည် fluid viscosity ကြောင့် နှင့် မတူညီသော velocities ဖြင့်သွားနေသော မော်လီကျုးလေးများ တစ်ခုနှင့် တစ်ခုအကြားတွင် momentum များအပြန်အလှန်လက်ဆင့်ကမ်းမှုများကြောင့် ဖြစ်ပေါ်လာသည်။ Friction losses သည် Pipe သို့ duct အရှည်တစ်လျှောက်လုံးတွင်ဖြစ်ပေါ်လာသည်။
Darcy-Weisbach Equiation သည် Fluid များ Pipe သို့ Duct အတွင်းတွင် ဖြတ်သန်းစီးဆင်းသွားသည့်အခါ ဖိအားဆုံးရှုံးမှု(Pressure Drop) ပမာဏကို တွက်ချက်သည့်အခါများတွင်တွင်ကျယ်စွာအသုံးပြုသည်။ဖိအားဆုံးရှုံးမှု(Pressure Drop) သည် Fluid များ၏ ပွတ်တိုက်မှုများ(Friction)ကြောင့်ဖြစ်ပေါ်လာသည်။ Darcy-Weisbach Equiation ကို Fully Develped flow များအတွက်သာ အသုံးပြုရန်ဖြစ်သည်။
ဖိအားဆုံးရှုံးမှု(Pressure Drop) ကိုရရန်အတွက် Friction Factor၊ pipe ၏ အရှည်၊ pipe ၏ အတွင်း အချင်း(Diameter)၊ စီးဆင်းသွားသည် Fluid၏ သိပ်သည်းဆ(Density) နှင့် ပိုက်အတွင်းရှိ Fluid၏စီးသွားနှုန်း (Velocity) တို့ကို သိရန်လိုအပ်သည်။ Friction Factor ၏ တန်ဘိုး သည် ရရန် အခက်ခဲဆုံးသော ကဏန်းတန်ဘိုးဖြစ်သည်။
Friction Factor ၏ တန်ဘိုးသည် ပိုက်အတွင်းနံရံ ၏ ကြမ်းမှု၊ချောမှု။ pipe ၏ အတွင်း အချင်း(Diameter)၊ Reynolds Number (ရေးနော့ နံပါတ်) နှင့် Friction ၏ Dynamic Viscosity တို့ပေါ်တွင်မူတည်သည်။ ထိုအချက်အလက်များ ကို ထည့်သွင်းပြီး ကဏန်းတွက်စက်ဖြင့် တွက်ချက်ခြင်း အလွန်အလုပ်ရှုပ်သော ကိစ္စဖြစ်သည်။ ထိုကြောင့် ဂရပ်ဖြင့် ဖတ်ယူခြင်းသည် ပိုမိုလွယ်ကူသည်။
Air Conditioning System အတွက် အသုံးများသော ပိုက်မှာ ၂ မျိုး သာဖြစ်သည်။ Schedule 40 pipe နှင့် Galvanized Iron Class C (Class C GI pipe) ဖြစ်သည်။ ထိုကြောင့် Chilled Water အတွက် Schedule 40 pipe ဂရပ်မှ တန်ဘိုးများကို ဖတ်ယူခြင်းဖြင့် ပိုက်အတွင်းနံရံ ၏ ကြမ်းမှု၊ချောမှု။ pipe ၏ အတွင်း အချင်း(Diameter)၊ Reynolds Number (ရေးနော့ နံပါတ်) နှင့် Friction ၏ Dynamic Viscosity အားလုံးကိုထည့်သွင်းတွက်ချက်ပြီးသားဖြစ်သွားသည်။
အောက်တွင်ဖော်ပြထားသောပုံသည် Closed System အတွက် ဖြစ်သည်။ Closed System သည် Chiller Water Circuit သို့ Chilled Water Pipe များအတွက် ဖြစ်သည်ဟုဆိုလိုသည်။ ပိုက်အမျိုးအစားမှာ Schedule 40 pipe ဖြစ်သည်။ Design Criteria အဖြစ် ပေ၁၀၀ရှည်သည့်ပိုက်အတွက် Friction loss 3 ft ကိုသာ လက်ခံမည်ဖြစ်သည်။ Fluid၏စီးသွားနှုန်း (Velocity) သည် 10 ft/Sec ထက်မကျော်လွန်ရန်ဖြစ်သည်။
အောက်ပါ ဂရပ်အရ Diameter ၁လက်မရှိသောပိုက်သည် 7 GMP flow rate ကို လက်ခံနိုင်ပြီး Velocity in the pipe မှာ 2.4 ft/Sec ဖြစ်သည်။
Diameter ၂ လက်မရှိသောပိုက်သည် 40 GMP flow rate ကို လက်ခံနိုင်ပြီး Velocity in the pipe မှာ 3.8 ft/Sec ဖြစ်သည်။
အောက်ပါဇယားသည် Schedule 40 Steel Pipe အတွင်း Chilled water သို့ Condenser Water စီဆင်းမှုကြောင့် ဖြစ်ပေါ်လာသော Velocity နှင့် Pressure drop ၏ ဆက်စပ်မှုကိုဖော်ပြသည်။
Design colum သည် Consultant များ၊ M&E Engineer များ သုံးပြုလေ့ရှိသော Recommended value ဖြစ်သော 3 ft of water pressuer drop per every 100ft of pipe run ကို အခြေခံ၍တွက်ချက်ထားသော colum ဖြစ်သည်။ သို့သော် Velocity in side the pipe သည် 10 m/sec ထက်မပိုရပေ။
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...