" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Different Background Image အသုံးပြုနည်း

Blog မှာ မိမိရေးတဲ့ Post တွေကို သီးခြား Background (သို့မဟုတ်) Image Background တွေအသုံးပြုချင်တဲ့ သူငယ်ချင်းများ အသုံးပြုလို့ရအောင် ကျွန်တော်တင်ပြပေးလိုက်တာပါ။ လုပ်ရတာလဲ အဆင်ပြေလှပါတယ်။ အသုံးပြုချင်တဲ့ စာနဲ့ ထားချင်တဲ့ Background ပုံက ညီရင် ပိုကောင်းလေးပါဘဲ။ စာရေးသလောက်သာ ပုံက Background လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတင်တဲ့ Post တိုရင် မိမိရွေးချယ်တဲ့ Background ကလဲ တိုမှာဖြစ်ပါတယ်။
color နဲ့ Background အသုံးပြုနည်း
1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background color ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။ အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:#FFE1FF; padding:5px 8px 5px 8px;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။




ကျေးဇူးကြီးလှတဲ့ ဖေဖေ

သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................

သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................

ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................

သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................

သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................

ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................

သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................

သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................

သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....

မိုးသောက်လုလင်(ရာဇာ)



Image နဲ့ Background အသုံးပြုနည်း

1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background Image ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။(upload တင်ရမယ်နော် ထည့်မည့်ပုံကို) အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:url(URL/Direct link OF the Image) no-repeat;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်


ဆရာ့ရင်ခွင်
ဒဏ်ရာတွေ သူ့မှာခပေးမယ့်
စန္ဒာအဆွေ သူ့ရွာလှစေသို့
ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်
သြော်.....ရှုကာ ဆပေတော့ ဆရာသွင်ပြင်............
မျက်နှာပန်းမှာလ
ခတ်ကြမ်းကာ မာပုံထင်လည်း
ရင်ခွင်ကို လှစါကာ ကြည့်လျှင်ဖြင့်
အစဉ်ချို မေတ္တာအပြည့်ပါကွယ်
သိကြစေချင်............

မလိမ္မာကဲကာ မိုက်တာကြောင့်
ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်
အစဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်
အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း.....................
လမင်းဆိုတာ...........
လဆင်းဘယ်လိုဖြာလည်း(ပ၀င်းဘယ်လိုသာလည်း)
တစ်လမှာ နှစ်ခါမပြည့်ပါဘူး
အမိ အဘနှယ် နောင်အရှည်မြင်
တပည့်လှဖွယ် အရောင်းတွေတင်သည့်
ဆရာ့ရင်ခွင် မေတ္တာလရယ်က
ဘသမြင့်အောင် သစ္စာပြလို့ရယ်(မင်းတို့အပေါ်မှာလေ)
မိုးလထက်လင်း။(အရှင်ဥတ္တရ)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...