" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း တစ်စေ့တစ်စောင်း

သူ.ကျွန်မခံလိုသူ ဦးမင်းရောင်၏မြေးဖြစ်သည် ။
 နတ်မောက်မြို.နေ ရှေ.နေကြီး အဘဦးဖာ ၊ အမိဒေါ်စု တို.၏သားထွေးဖြစ်သည် ။
 ၁၉၁၅ ခု ၊ဖေဖေါ်ဝါရီလ ၁၃ ရက်(၁၉၇၆ ခု တပေါင်းလဆန်း ၁ ရက်) စနေနေ.တွင်ဖွားမြင်သည်။
 ငယ်မည် "ထိန်လင်း" ဟုခေါ်၍ အစ်ကို(အောင်သန်း) အမည်နှင်.လိုက်ရန် (အောင်ဆန်း) ဟုခေါ်တွင်အမည်တပ်ပေးခဲ.သည်။


သူငယ်ကျောင်းသားမောင်အောင်ဆန်း
 ၁၉၂၂ ခုနှစ် (...အသက် ၇ နှစ်) တွင် နတ်မောက်မြို. ဆရာတော်ဦးသောဘိတ ကျောင်းတွင်နေခဲ.သည်။
၁၉၂၈ ခုနှစ် (အသက် ၁၃ နှစ်) တွင်ရေနံချောင်းမြို. အမျိုးသား အထက်တန်းကျောင်းသို.ပြောင်း၍ နေခဲ.သည်။
 ၁၉၃၂ ခုနှစ်တွင် ရေနံချောင်းမြို. အမျိုးသား အထက်တန်းကျောင်းမှ ၁၀ တန်းစာမေးပွဲအောင်သည်။


တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်း
 ၁၉၃၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို.ရောက်သည် ။
 ၁၉၃၅-၃၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂ အမှု.ဆောင်အဖွဲ.နှင်. အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဆောင်ရွက်သည် ။ထိုသို.ဆောင်ရွက်နေစဉ် အိုးဝေမဂ္ဂဇင်းတွင်ပါရှိသော (HELL HOUND AT LARGE) ခွေးသရမ်းကြီးလွတ်နေသည် ဆောင်းပါးရေးသူကို ထုတ်ဖေါ်မပြော၍ တက္ကသိုလ်ကျောင်းမှ ထုတ်ပယ်ခြင်းခံရသည် ။
၁၉၃၆ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ.တွင် တက္ကသိုလ်ကျောင်းသား သပိတ်ကြီး မှောက်သည် ။
 တက္ကသိုလ်ကျောင်းသားသပိတ်မှောက်ရခြင်းသည်. အရေးကြီးသောအကြောင်းအရင်းမှာ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ပယ်ခြင်း ကြောင်.ဖြစ်သည် ။
 ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဖာတန်းအောင်မြင်သည် ။
 ၁၃၉၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာယ နှင်. စာဖတ်အသင်း ဥက္ကဌ အဖြစ်ဆောင်ရွက်သည် ။
 ၁၉၃၇-၃၈ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂနှင်. ဒု-ဥက္ကဌအဖြစ်ဆောင်ရွက်သည် ။
 ၁၉၃၈ ခုနှစ်တွင် ကိုအောင်ဆန်းခေါင်းဆောင်သော ကျောင်းသား ကိုယ်စားလှယ် အဖွဲ.တစ်ခု အိန္ဒိယပြည် သို.သွားခဲ.သည် ။
ျ၁၉၃၈ ခုနှစ် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား များသမဂ္ဂ ဥက္ကဌ အဖြစ်မှ နှုတ်ထွက်သည် ။
 ၁၉၃၈ ခု ပထမဆုံး တက္ကသိုလ် ကျောင်းသားကိုယ်စားလှယ် ၊ တက္ကသိုလ် ကောင်စီဝင်အဖြစ်တင်မြှောက် ခြင်းခံရသည်။


သခင်အောင်ဆန်း
 ၁၉၃၈ ခုနှစ်တွင် တို.ဗမာ အစည်းအရုံး အထွေထွေ အတွင်းရေးမှုးအဖြစ်ဆောင်ရွက်သည် ။
 ၁၃၀၀ ပြည်.အရေးတော်ပုံ ကိုအားပေးကူညီသည် ။
 ၁၉၃၉ ခုနှစ် မော်လမြိုင် ၌ကျင်းပသော တို.ဗမာ အစည်းအရုံး ညီလာခံ တွင် စစ်အတွင်းဗြိတိညဍကို မကူစတမ်း အဆိုတင် သည် ။
 ၁၉၄၀ ပြည်.နှစ် ဗမာ. ထွက်ရပ်ဂိုဏ်းကြီး ဖွဲ.စည်းတည်တောင်ရာ တွင် အတွင်းရေးမှုး အဖြစ်ဆောင်ရွက်သည် ။
 ၁၉၄၀ ပြည်.နှစ် ဟင်္သတ ခရိုင်ဝန်က ဆုတော်ငွေ ( ၅ ) ကျပ် ဖြင်. သခင်အောင်ဆန်းအား ဖမ်းရန် ၀ရန်းထုတ်သည် ။ ၀ရမ်းဆုငွေမှာ လူထု ခေါင်းဆောင်တစ်ဦးကို စော်ကားခြင်းဖြစ်၍ တစ်ပြည်လုံးက ရှုတ်ချသည် ။
 ၁၉၄၀ ပြည်.နှစ် ၀ရန်းပြေးနေစဉ် တက္ကသိုလ်ကောင်စီဝင်လူကြီးအဖြစ်မှ နုတ်ထွက်သည် ။

မြေအောက်တော်လှန်ရေးခေါင်းဆောင်
 ဗမာ.လွတ်လပ်ရေး အတွက် နိုင်ငံခြား အကူအညီရှာရန် သခင်မြတို.နှင်. အတူ ပြည်သူ.အရေးတော်ပုံ ပါတီကို ဖွဲ.စည်းခဲ.သည်ဒ
 ပြည်ပ တော်လှန်ရေး အဖွဲ.ခေါင်းဆောင်အဖြစ် သခင်အောင်ဆန်းက တာဝန်ယူ၍ ပြည်တွင်း တော်လှန်ရေးခေါင်း ဆောင်အဖြစ် သခင်မြက တာဝန်ယူသည် ။
 ၁၉၄၀ ပြည်. ၊ သြဂုတ်လ ၈ ရက်နေ.တွင် ဟိုင်လီ အမည်ရှိသော သင်္ဘောဖြင်. အာရှ သို. လျှို.၀ှက် စွာထွက်ခဲ.သည် ။
 ၁၉၄၀ ပြည်.နှစ်တွင် ဂျပန်ပြည်သို. ရောက်ရှိသည် ။
 ၁၉၄၀ ပြည်.နှစ်တွင်ဗမာ.လွတ်လပ်ရေးအတွက် စီမံကိန်း တစ်ခု ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ. သည် ။
 ၁၉၄၀ ခု ၊ မတ်လ ၃ ရက်နေ.တွင် သွားတု တပ်ကာ ရုပ်ဖျက်၍ မြန်မာနိုင်ငံ သို.ပြန်လာသည် ။
 ၁၉၄၁ ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင်များကို စည်းရုံးစုဆောင်းပြီး ဂျပန်ပြည်သို. ခေါ်ဆောင်သွားခဲ.သည် ။
 ၁၉၄၁ ခုနှစ်တွင် ဟိုင်နန်ကျွန်း၌ ရဲဘော်သုံးကျိပ် ကိုခေါင်းဆောင်၍ စစ်ပညာ သင်ကြားခဲ.သည် ။
 ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ.တွင် အရှေ.အာရှ၏ စစ်ကြီး စတင်သည် ။
 ၁၉၄၁ ခု ၊ဒီဇင်ဘာလ (၂၆)ရက်နေ.တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို.၌ ရဲဘော်သုံးကျိပ်နှင်.အတူ ဗမာ.လွတ်လပ်ရေး တပ်မတော် ဘီ၊အိုင်၊အေ ကိုဖွဲ.စည်းခဲ.သည် ။
 ရဲဘော်သုံးကျိပ် လက်မောင်းသွေး ဖောက်၍ သွေး သောက်ခဲ.ကြသည် ။

 ဗိုလ်တေဇ
 ဗမာ.လွတ်လပ်ရေး တပ်မတော် ဖွဲ.စည်းသည်.အခါ ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်တေဇ အမည်ကို ခံယူသည် ။
 ၁၉၄၂ ခုနှစ် နှစ်ဦး ပိုင်းတွင် ဂျပန် တပ်များနှင်. ပူးပေါင်း ကာ ဗိုလ်တေဇခေါင်းဆောင်သော ဗမာ.လွတ်လပ်ရေး တပ်မတော် သည် မြန်မာနိုင်ငံ ကိုချီတက် တိုက်ခိုက်ခဲ.သည် ။
 ၁၉၄၂ ခုနှစ် ၊ မတ်လ (၈) ရက်နေ.တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဘီ၊အိုင်၊အေ တပ်မတော်ကြီးသည် ဘီ၊အိုင်၊အေ အလံကို လွှင်.ထူကာ ရန်ကုန်မြို.ကို သိမ်းပိုက်သည် ။

 ဗမာ.ကာကွယ်ရေးတပ်မတော်စစ်သေနာတိဗိုလ်ချုပ်အောင်ဆန်း
*၁၉၄၂ ခု ၊ ဇူလိုင်လတွင် ဗိုလ်မှုးကြီးရာထူးဖြင်. ဗမာ.ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ အဖြစ် ဆောင်ရွက်သည် ။

 အိမ်ထောင်ရှင်ဗိုလ်ချုပ်အောင်န်း
 *၁၉၄၂ ခု စက်တင်ဘာလ ၆ ရက်နေ.တွင် ဒေါ်ခင်ကြည်နှင်. လက်ထပ်ခဲ. သည် ။


စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း
 ၁၉၄၃ ခု ၊ မတ်လ ၁၇ ရက်နေ.တွင် ဒေါက်တာဘမော် ၊ ဒေါက်တာသိမ်းမောင် ၊ သခင်မြ တို.နှင်.အတူ ဗမာ.လွတ်လပ်ရေးအတွက်ဆွေးနွေးရန် ဂျန်ပန်ပြည်သို. သွားခဲ.သည် ။
 ၁၉၄၃ ခု ၊ မတ်လ ၂၂ ရက်နေ.တွင် ဂျပန်ဘုရင် ၏ ဆုတံဆိပ်ချီးမြှင်.ခြင်းခံရသည် ။
 ၁၉၄၃ ခု ၊ သြဂုတ်လ ၁ ရက်နေ.တွင် ဒေါက်တာဘမော်အစိုးရ အဖွဲ.၌ စစ်ဝန်ကြီးအဖြစ်ဆောင်ရွက်သည် ။
 ၁၉၄၃ တွင်ခုနှစ်တွင် အိန္ဒိယပြည်ရှိ မဟာမိတ် စစ်ဌာနချုပ်နှင်. လျှို.၀ှက်စွာ ဆက်သွယ်သည် ။
 ၁၉၄၄ ခု သြဂုတ် လ တွင် ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ.လွတ်လပ်ရေး အဖွဲ.ချုပ်ကြီးကို လျှို.၀ှက်စွာ ဖွဲ.စည်းသည် ။
 ၁၉၄၄ ခု ၊ စက်တင်ဘာလ ၄ ရက်နေ.တွင် ရန်ကုန်မြို. ၌ ဂျပန် ဘုရင်၏ ဆုတံဆိပ် ထပ်မံချီးမြှင်.ခြင်း ခံရသည် ။

တော်လှန်ရေးသမား ဗိုလ်ချုပ်အောင်ဆန်း
 ၁၉၄၅ ခု ၊ မတ်လ ၁၇ ရက်နေ.တွင် ရန်သူကို တိုက်ခိုက်ရန် အတွက် တပ်မတော်ကို ဦးဆောင်၍ စစ်မြေပြင်သို.ထွက်ခဲ.သည် ။
 ၁၉၄၅ ခု ၊ မတ်လ ၂၇ ရက်နေ.တွင် ဖက်စစ်ဂျပန်ကို တော်လှန်သည် ။
 ၁၉၄၅ ခု ၊ သြဂုတ်လ ၁၉ ရက်နေ.တွင် နေသူရိန် အစည်း အဝေးကြီး၌ သဘာပတိ အဖြစ် ဆောင်ရွက် ၍ ဗမာ.လွတ်လပ်ရေး တောင်းဆိုသည် ။
 ၁၉၄၆ ခု ၊ ဇန်န၀ါရီလတွင် ရွေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသော ပြည်လုံးကျွတ် ဖ၊ဆ၊ပ၊လ ညီလာခံကို ဦးစီး သည် ။
 ၁၉၄၆ ခု ၊ သြဂုတ်လတွင် အစိုးရ အမှု.ထမ်းများကို သပိတ်မှောက်စေကာ ဗြိတိသျှ အစိုးရအပေါ် အန်တုသည် ။
 ၁၉၄၆ ခု ၊ စက်တင်ဘာလ ၂၇ ရက်နေ.တွင် ဘုရင်ခံ၏ အမှု.ဆောင်ကောင်စီ၌ ဒုတိယ သဘာပတိ အဖြစ် ရာထူးလက်ခံ သည် ။
 ၁၉၄၇ ခု၊ ဇန်န၀ါရီလတွင် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖွဲ.ကို ဦးစီးကာ အင်္ဂလန်ပြည် လန်ဒန်မြို.၌ အောင်ဆန်း အက်တလီ စာချုပ်ချုပ် ဆိုသည် ။
 ၁၉၄၇ ခု ၊ မေလ ၁၉ ရက်နေ.တွင် ဂျူဗလီဟော ၌ ကျင်းပသော ဖ၊ဆ၊ပ၊လ ပဏာမ ပြင်ဆင်မှု. ညီလာခံကို သဘာပတိအဖြစ် ဆောင်ရွက်သည် ။
 ၁၉၄၇ ခု ၊ ဇွန်လ ၁၉ ရက်နေ.တွင် ပထမ တိုင်းပြုပြည်ပြု လွှတ်တော်၌ အချုပ်အခြာ အာဏာပိုင် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ.စည်းရန် အဆိုတင်သည် ။
 ၁၉၄၇ ခု ၊ ဇူလိုင်လ ၁၃ ရက်နေ.တွင် မြို.တော်ခန်းမ ၌ အရေးအကြီးဆုံးသော မိန်.ခွန်းမြွက်ကြားသည် ။(ဤမိန်.ခွန်းမှာ ဗိုလ်ချုပ်၏ နောက်ဆုံး မြွက်ကြားခဲ.သော မိန်.ခွန်းဖြစ်သည်) ။
 ၁၉၄၇ ခု ၊ ဇူလိုင်လ ၁၉ ရက် ၊ စနေနေ. နံက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် နယ်ချဲ.လက်ပါးစေ များ၏ လက်ချက်ဖြင်. ကျဆုံး ရရှာသည် ။
 ဇနီး ဒေါ်ခင်ကြည် နှင်. သား အောင်ဆန်းဦး ၊ အောင်ဆန်းလင်း(ကွယ်လွန်) နှင်. သမီး အောင်ဆန်းစုကြည် တို.ကျန်ခဲ.သည် ။

 ၁၀.၇.၆၅ နေ.စွဲဖြင်.ထုတ်ဝေသော မမေ.နိုင်သော ဇူလိုင် ၁၉ ၊ ဗိုလ်ချုပ်အောင်ဆန်း နှင်. အာဇာနည်ကြီးများ ၏ အတ္ထုပ္ပတ္တိ စာအုပ်ငယ်မှ ကူးယူဖေါ်ပြပါသည်

credit to original writer

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...