Introduction To HVAC Control Systems
၁.၁ အဘယ်ကြောင့် control system များလိုအပ်သနည်း။
၁.၂ Control လုပ်နည်းများတိုးတက်လာပုံ
၁.၃ Control Loop များ
၁.၄ Control mode များ၊
၁.၅ Gains and Loop Tuning 26
၁.၆ Control Action များနှင့် Normal Position
၁-၇ Control Range နှင့် sequencing ပြုလုပ်ပုံ
၁.၈ Controls documentation ၊ Maintenance နှင့် Operating
Chapter တစ်ခုလုံးကို PDF Format ဖြင့် download လုပ်ယူရန်။
http://www.acmv.org/ebook/Into_to_HV...tro_System.pdf
(က) ဤအခန်းတွင် Control ပညာရပ်၏ အခြေခံသဘောတရားများ ကိုဖော်ပြထားသည်။
(ခ) အဘယ်ကြောင့် HVAC နှင့် ACMV System များတွင် Control လုပ်ရန်လိုအပ်သနည်း။
(ဂ) Control product များ တိုးတက်လာပုံ နောက်ခံသမိုင်း အကျဉ်း တို့ကိုဖော်ပြထားသည်။
(ဃ) Control System များတွင်ပါဝင်သည့် control loop များနှင့် Block များ တည်ဆောက်ပုံတို့ကိုရှင်းပြထားသည်။
(င) Control Loop များတွင် အသုံးပြုထားသည့် Control Strategies များနှင့် algorithms များ ကိုလည်းဖော်ပြထားသည်။
Study Objectives
ဤအခန်း(Chapter)ကို စနစ်တကျလေ့လာပြီးနောက်
(က) HVAC System များတွင် Control System မရှိမဖြစ် လိုအပ်ပုံ
(ခ) Open Loop Control နှင့် Closed Loop control တို့ ကွဲပြားခြားနားပုံ
(ဂ) Two-position ၊ floating နှင့် modulating control loop များ အလုပ်လုပ်ပုံ
(ဃ) Modulation control loop များတွင် Proportional (P)၊ integral (I) နှင့် Derivative (D)control
action များ အလုပ်လုပ်ပုံ နှင့် control loop တစ်ခုကို tune လုပ်နည်း
(င) Direct action နှင့် Reverse action တို့ကွဲပြားပုံ။ Normally open နှင့် Normally closed တို့ကွဲပြားပုံ။
(စ) Controller တစ်ခုတည်းကိုသာ အသုံးပြု၍ controlled device များ sequence ပြုလုပ်ပုံ တို့ကို
နားလည် သဘောပေါက်လိမ့်မည်ဖြစ်သည်။

၁.၁ အဘယ်ကြောင့် control system များလိုအပ်သနည်း။
ယနေ့နည်းပညာ ခေတ်ကြီးတွင် ကျွန်ုပ်တို၏ ဘဝပို၍ convenient ဖြစ်ရန် ၊ comfortable ဖြစ်ရန် ၊ efficient ဖြစ်ရန် နှင့် effective ဖြစ်ရန် အတွက် Control နည်းပညာ နှင့် Control System များရှိရန်လိုသည်။
ပြင်ပ condition နှင့် occupancies များပြောင်းလဲသည့်အခိုက် equipment များ၏ လုပ်ဆောင်ချက်များ လိုက်လျှောညီထွေ ပြောင်းလဲစေရန်အတွက် control များက ဆောင်ရွက်ပေးသည်။ Equipment များပိုမို ကောင်းမွန်စွာ လုပ်ဆောင်စေရန် လည်း control များက ဆောင်ရွက်ပေးသည်။

Control ဆိုသည်မှာလက်ရှိအခြေအနေ(input)များကို စောင့်ကြည့်ပြီး (monitor လုပ်ပြီး) output များကို အလိုရှိသည့် ပုံစံအတိုင်းဖြစ်အောင် ကိရိယာ(device) များ ဖြင့် ထိန်းပေးသော (regulate လုပ်ပေး) ခြင်း ဖြစ်သည်။
ဥပမာ နံနက်ခင်း အချိန် သင်ရေချိုးသည့်အခါ ရေ၏အပူချိန်ကို လက်ဖြင့် စမ်းပြီးလိုသည့် အပူချိန်ရအောင်ရေပူကိုပေးသည့် ဘားနှင့် ရေအေးပေးသည့်ဘားကို လက်ဖြင့်လှည့်က မိမိအလိုရှိသည့် အပူချိန်ရောက်အောင် ပြုလုပ်ခြင်းသည် Control လုပ်ခြင်း ပင်ဖြစ်သည်။

နောက်ဥပမာ တစ်ခုမှာ ကားမောင်းသည့်အခါ ဒိုင်ခွက်(speedometer) ကိုကြည့်၍မိမိအလိုရှိသည့် မြန်နှုန်းရအောင် accelerator ကိုခြေထောက်ဖြင့် ဖိပေးခြင်းဖြစ်သည်။ ထို ဥပမာ အားလုံးသည် Closed-loop manual controls များဖြစ်ကြသည်။ Manual ဆိုသည်မှာ (Controller သို့မဟုတ် Control loop ကို မသုံးပဲ) လူကိုယ်တိုင်က Controller အဖြစ်ဆောင်ရွက် ပေးနေခြင်းဖြစ်သည်။ လူက မည်သည့် Control Action ပြုလုပ်ရမည်ကို ဆုံးဖြတ်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။

Closed-loop ဆိုသည်မှာ Control Action မှ feedback ပြန်ယူ၍ အသုံးပြုထားခြင်းဖြစ်သည်။
သင်ဆောင်ရွက်လိုက်သည့် Control Action မှ မည်ကဲ့သို့ ပြန်လည်၍တုံ့ပြန်မှု ရှိသည်ကို feedback အဖြစ်ပြန်ယူ ၍ control လုပ်ခြင်းကိုဆိုလိုသည်။ အထက်ပါ ဥပမာ များတွင် feedback အဖြစ် ရေကို ရေနွေးမနွေးကို လက်ဖြင့်စမ်းသပ်ခြင်း။ မိမိ အလိုရှိသည့်မြန်နှုန်းရောက်မရောက် ကို မြန်နှုန်းပြဒိုင်ခွက် (speedometer) ကိုလှမ်းကြည့်ခြင်းတို့ဖြစ်သည်။
အကယ်၍သင့်ကားတွင် မြန်နှုန်းကို အလိုရှိသလို ထိန်းထားနိုင်သည့် Cruise control ပါလျှင် ထို Control သည် Automatic Control ဟုသတ်မှတ် ခေါ်ဆိုသည်။ Automatic control ဆိုသည်မှာ သင် manual control တွင် ပြုမူလုပ်ဆောင်မည့် Control Action များကို သင့်ကိုယ်စားပြုလုပ်ပေးသည့် Device တစ်ခုဖြစ်သည်။ သင့်ကား၏ cruise control panel တွင်သင်အလိုရှိသည့် မြန်နှုန်းကိုထည့် သွင်းပြီး Set ခလုပ်ကိုနှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် cruise controller သည် ကား၏အမြန်နှုန်းကို စောင့်ကြည့်ပြီး (monitor လုပ်နေပြီး) accelerator ကိုလိုသလို adjust လုပ်နေလိမ့်မည်ဖြစ်သည်။
သင်အလိုရှိသောမြန်နှုန်း (Desired Speed) ကို Control ဝေါဟာရ အားဖြင့် Set point ဟုခေါ်သည်။ Controller သည်အမြဲတမ်း Set point ကိုရရှိအောင် ကြိုးစားနေလိမ့်မည်ဖြစ်သည်။ Cruise control System သည် သင်သတ်မှတ်ထားသော မြန်နှုန်း (Set point) ကို သင့်ထက်ပိုတိကျစွာ ထိန်းပေးထားနိုင် စွမ်းရှိသည်ကို တွေ့ရလိမ့်မည်။

အဘယ်ကြောင့်ဆိုသော်သင်သည်ကား မြန်နှုန်း (speed) တစ်ခုတည်းကိုသာ ထိန်းရန်အမြဲတမ်း အာရုံစိုက်နေနိုင်လိမ့် မဟုတ်သောကြောင့်ဖြစ်သည်။ Automatic Control များကိုကျွန်ုပ်တို့ အသုံးပြုရသည့် အကြောင်းမှာ အလိုရှိသောရလဒ် (Desire result) တစ်ခုတည်းကိုသာ ရရန်အတွက် အမြဲမပြတ်ကြည့်ရှု ပြီးထိန်းသိမ်း နေရန်အချိန်မရှိခြင်း၊ ထိုသို့ အမြဲပြုလုပ်နေရန် မစွမ်းနိုင်ခြင်း နှင့် ငြီးငွေ့ လာခြင်း တို့ကြောင့် ဖြစ်သည်။

HVAC နှင့် Refrigeration System များ၏ Control သည် ကျွန်ုပ်ကားကို ထိန်းသိမ်း မောင်းနှင်သည့် အခါသုံးသည့် Control နှင့်ဆင်တူသည်။ ကား၏မြန်နှုန်း (Speed) ကိုကြည့်၍ (မနည်းစေ၊ မများစေပဲ) ဘေးအန္တရာယ် ကင်းအောင်မောင်းသကဲ့သို့ HVAC system သည် လူများ comfortable ဖြစ်နေအောင် dry bulb temperature ကို လိုသလို အမြဲ ထိန်းပေးထားရမည်။ သို့သော် ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်ရန်အတွက် (Speed) တခုတည်းဖြင့် မလုံလောက်သကဲ့သို့ thermal comfort ဖြစ်ရန်အတွက်လည်း temperature တစ်ခုတည်းဖြင့်မရနိုင်ပေ။ ဘေးအန္တရာယ်ကင်းစွာ မောင်းရန် Speed သည် major factor ဖြစ်သကဲ့သို့ comfort ဖြစ်ရန်အတွက်လည်း temperature သည် major factor ဖြစ်သည်။

ခဏအတွင်း မြန်နှုန်းမြင့်အောင်(Speed များ) ရအောင်လုပ်ခြင်း၊ တောင်ပေါ်သို့ မောင်းတက်ခြင်းနှင့် အလွန်လေးသည့် ပစ္စည်းများကား အပြည့်သယ်ဆောင်ခြင်း စသည်ကဲ့သို့သော peak power output များကိုတစ်ခါတစ်ရံ မှသာလိုအပ်ပြီး ကျန်အချိန်များတွင်အလိုရှိသည့် speed ကိုရရန် accelerator ကိုနင်း၍ engine ၏ output ကိုလိုသလို control လုပ်သည်။ HVAC System များတွင်းလည်း ထို့အတူပင်ဖြစ်သည်။ Peak cooling load (သို့) heating load များကိုတစ်ခါတစ်ရံ မှသာလိုအပ်ပြီး ကျန်အချိန်များတွင် comfortable ဖြစ်စေမည့် actual cooling နှင့် heat load များကို system output ရရန်အတွက် လိုသလို control လုပ်ခြင်းဖြစ်သည်။

HVAC System များတွင် manual control နေရာတွင် automatic control ဖြင့် အစားထိုး အသုံးပြုရသည့်အကြောင်းမှာ automatic control တွင် operator ကအမြဲမပြတ် စောင့်ကြည့် ထိန်းပေးနေရန် မလိုသောကြောင့် အလုပ်သမားခ(Operator cost) သက်သာသည်။ အမြဲ consistent ဖြစ်သည့်ရလဒ်ကို ပေးနိုင်သည်။ System တစ်ခုလုံး၏ performance လည်းပိုမိုကောင်းမွန်နိုင်သည်။

HVAC system များတွင် control ကိုအသုံးပြုရသည့်အဓိက ရည်ရွယ်ချက်မှာ facility အတွင်းရှိ process များအတွက်သင့်လျော်သော environment ရရှိရန် အတွက်ဖြစ်သည်။ အဆောက်အဦး အတွင်းရှိလူများ (Building’s occupants) အတွက်သင့်လျော်သော thermal comfort ရစေရန်အတွက် ဖြစ်သည်။ ရုံးခန်းများအတွင်း ဝန်ထမ်းများအတွက် productive atmosphere ရစေရန်အတွက် ဖြစ်သည်။ဈေးဆိုင်များ၊ စားသောက်ဆိုင်များ အတွက်မှာမူ ဖောက်သည် နှင့် စားသုံးသူများကို ဖိတ်ခေါ်ရန်အတွက် comfortable environment ဖြစ်ရန်လိုသည်။ ပစ္စည်းထုတ်လုပ်သော စက်ရုံများအတွက် အလုပ်သမားများ ကျန်းမာ သက်သာစွာ အလုပ်လုပ်နိုင်ရန်နှင့် ထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းစေရန်အတွက် ဖြစ်သည်။ ဆေးရုံများနှင့်စမ်းသပ်ခန်းများ ရောဂါမကူးစက်နိုင်သည့် နေရာများနှင့် ပိုးမွှားများကို ထိရောက်စွာ သန့်စင်နှိမ်နင်းနိုင်သော နေရာများဖြစ်ရန် အတွက်ဖြစ်သည်။

HVAC system များရှိ လေ (air) နှင့် water (ရေ) တို့၏ movement များကို regulate လုပ်ရန်နှင့် environment အတွက် heating၊ cooling နှင့် humidification source များကို regulate လုပ်ရန်အတွက် ဖြစ်သည်။ ယနေ့တွင် ခေတ်အရ တောင်းဆိုလာသော Control System များ၏ capability တစ်ခုမှာ Energy Management ဖြစ်သည်။ Control system သည် မဖြစ်မနေ လုပ်ဆောင်ပေးရမည့် HVAC function များအပြင် energy efficient ဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက် ပေးရမည်။ Safety (ဘေးအန္တာရယ် ကင်းရေး) သည် automatic control ၏ နောက်ထပ်အရေးကြီးသည့် function တစ်ခု ဖြစ်သည်။ Safety fiction သည် HVAC Equipment များအနီးရှိ လုပ်ကိုင်နေသူများ၏ အသက်အန္တရယ်နှင့် ကျန်းမာရေးလုံခြုံစိတ်ချရစေရန်၊ Equipmentများ မပျက်စီးစေရန် နှင့် Equipment များ သက်တမ်းစေ့ ကြာရှည်စွာ အသုံးပြုနိုင်စေရန်အတွက်ဖြစ်သည်။ Safety control function များ၏ ဥပမာများမှာ overheating နှင့် freezing တို့မဖြစ်စေရန်အတွက် high temperature နှင့် low temperature တို့ကို ကန့်သတ်ထားခြင်း၊ high pressure နှင့် low pressure တို့ကိုကန့်သတ်ထားခြင်း၊ fuse များဖြင့် over current (Current အလွန်မြင့်တက်လာခြင်းကို ကာကွယ်ခြင်း) ၊ fire နှင့် smoke detection တို့ဖြစ်သည်။

၁.၂ Control လုပ်နည်းများတိုးတက်လာပုံ
Automatic Control တွင်ပထမဆုံးအသုံးပြုသော device မှာ space heating system ပါရှိသည့် bimetallic strip ဖြစ်သည်။ ထို device သည် အလိုရှိသည့် Boiler output ရအောင် သို့မဟုတ် အလိုရှိသည့် combustion rate ရအောင် boiler တံခါးပိတ်ခြင်း၊ ဖွင့်ခြင်း၊ combustion air damper ကိုဖွင့်ခြင်း၊ ပိတ်ခြင်း စသည့်ကိစ္စများလုပ်ဆောင်ရန် control လုပ်ပေးသည်။ ထို့အပြင် steam radiator နှင့် steam heating coil တွင်အသုံးပြုသည်။ ထိုအချိန်က steam radiator ကို manually (စောင့်ကြည့်၍) လက်ဖြင့် ဖွင့်ခြင်း၊ ပိတ်ခြင်းနည်းဖြင့် control လုပ်ခဲ့ကြသည်။

Dr.Andrew Ure သည် thermostat ကိုစတင် တီထွင်အသုံးပြုခဲ့သူဖြစ်သည်။ယနေ့ထက်တိုင် thermostat ကိုနေရာများစွာတွင်အသုံးပြု နေကြဆဲဖြစ်သည်။ thermostat ကို ခန်းမများ၊ စားသောက်ဆိုင်များ နှင့် အဆောက်အဦးများ၌ အပူချိန် (temperature) ကို control လုပ်ရန်အတွက် အသုံးပြု ကြသည်။ ထို့နောက် mercury thermometer column နှင့် mercury switch တို့ကို တီထွင် အသုံးပြု လာကြသည်။ mercury thermometer column တွင် မာကြူရီ ၏ expansion ဖြစ်မှုကြောင့် contact ဖြစ်စေကာ control လုပ်ခြင်းဖြစ်သည်။ အပူချိန်မြင့်မားလာမှုကြောင့် မာကြူရီ၏ ထုထည်သည် ကျယ်ပြန့်လာကာ contact ဖြစ်စေပြီး contact ဖြစ်စေပြီးလျှပ်စစ်ကို စီးဆင်းစေကာ complete circuit ကိုဖြစ်စေသည်။ ထိုကိရိယာသည် အလွန်တိကျစွာ လုပ်ဆောင်ပေးနိုင်သော်လည်း လိုသလို adjust လုပ်၍မရသည့် Non-adjustable Device ဖြစ်သည်။

Mercury switch သည် သေးငယ်သည့် tube ထဲတွင် mercury ကိုထည့်၍ အသေပိတ်ထား သည့်ကိရိယာဖြစ်သည်။ ထိပ်တစ်ဖက်သို့မဟုတ် ထိပ်တစ်ဖက်စီ သည် contact အဖြစ် အသုံးပြု ထားသည်။
Refrigeration System များတွင် thermostat ကိုမော်တာများမောင်းရန်၊ ရပ်ရန်အတွက် လည်းကောင်း၊ ဘားများဖွင့်ရန်၊ ပိတ်ရန်အတွက်လည်းကောင်း အသုံးပြုသည်။ ပထမဦးဆုံး refrigeration system များတွင် စီးဆင်းမည့် refrigerant ပမာဏ ကို Manual control လုပ်သည်။ ထို့နောက် high side floats၊ low side floats နှင့် constant pressure valve (automatic expansion valve) သည့် control device များကိုတီထွင်ကာ အသုံးပြုလာကြသည်။ Control devices များပေါ်ပေါက်ခါစ၌ fan သို့မဟုတ် pump များမောင်းရန်၊ ရပ်ရန် (သို့) Valve နှင့် damper များ ဖွင့်ရန်၊ ပိတ်ရန်အတွက် လျှပ်စီးပတ်လမ်း (electric circuit) ကိုပတ်လမ်းပြည့်အောင် လုပ်ခြင်း(Make)၊ ပတ်လမ်းပြတ်အောင်လုပ်ခြင်း(Break)နည်းဖြင့် control လုပ်သည်။
တီထွင်ခါစအချိန်က control device များသည် self-powered ကိရိယာများဖြစ်ကြသည်။ Self-powered ဆိုသည်မှာ control device များလိုအပ်သည့် power ကိုတခြားသော external source မှမယူပဲ control လုပ်နေသည့် process မှ power ကိုအသုံးပြုခြင်းဖြစ်သည်။ ထိုအချိန်က ဈေးနှုန်းသက်သာသည့် modulating control များရှိရန် လိုအပ်လာသောကြောင့် လျှပ်စစ်(electric) ကိုမသုံးပဲ compressed air ကိုအသုံးပြုသည့် pneumatic control device များပေါ်ပေါက်လာသည်။ Modulating control ဆိုသည်မှာ မောင်းခြင်း၊ ရပ်ခြင်း (သို့) ပိတ်ခြင်း၊ ဖွင့်ခြင်း စသည်ကဲ့သို့ state ၂ခုသာရှိခြင်း မဟုတ်ပဲ controlled device ကို လိုအပ်သလို 0 မှ 100 % အတွင်း ရှိနေစေခြင်းဖြစ်သည်။(ဥပမာ-valve သို့မဟုတ် damper ကို ၃၀% ပွင့်နေစေခြင်း ဖြစ်သည်။)

Pneumatic control များသည် analog အမျိုးအစား (Modulating အမျိုးအစား) များဖြစ်ကြသည်။ ထို့နောက် electron tube ကို ပေါ်ထွန်းလာပြီးနောက် analog electronic control device များ တီထွင်နိုင်လာခဲ့ကြသည်။ယခုအခါတွင် analog solid state (semiconductor) device များကိုတီထွင်နိုင်ခဲ့ခြင်းကြောင့် control လုပ်နိုင်သည့် function များလည်းပို၍ ကောင်းမွန်လာသည်။ ထိုနောက် Direct Digital Control (DDC) ဟုခေါ်သည့် Digital control နည်းပညာများထွန်းကားလာသည်။

Modern control system ၏အခြေခံ control system အမျိုးအစား ၅ မျိုးမှာ
(၁) Self-powered controls
(၂) electric controls
(၃) pneumatic control
(၄) Analog electronic controls နှင့်
(၅) Digital control တို့ဖြစ်သည်။

ယနေ့ အသုံးပြုနေသော control system များတွင် အထက်ပါ control system အမျိုးအစား ၅ ခု ကိုပေါင်းစပ်၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ Hybrid control system ဟုခေါ်ဆိုပါက ပိုမိုမှန်ကန်သည်။ ယခင်၊ ယခုနှင့် နောင်တွင်ရှိမည့် temperature control system များတွင် အသုံးပြုထားသည့် Hardware အမျိုးအစား အားလုံးသည် တူညီသော control fundamental principle ကိုအခြေခံ၍ တည်ဆောက် ထားသည်။ မည်သို့ပင် ပိုကောင်း အောင် ပြုပြင်တီထွင်ထားပါစေ အခြေခံ fundamental concept များပြောင်းလဲလိမ့်မည် မဟုတ်ပေ။ (ASHRAE publication-Heat and Cold mastering the Great Indoor မှကူးယူဖော်ပြသည်။)
ကောင်းထက်ညွန့်