- Air Conditioning System မှာ အသုံးများတဲ့ Equipment တစ်မျိုး ကတော့ Room Fan Coil Unit ပါ။
- သုံးလေ့ရှိတဲ့ Chilled Water Fan Coil Application တွေကတော့။
- Constant Volume (Cooling) with Temperature Control
- Constant Volume (Cooling) with Temperature & Humidity Control
- Multi-Speed (Cooling) with Temperature Control
- Variable Speed (Cooling) Control
- Constant Volume (Cooling) with Temperature Control
- ဒါကတော့ Air Conditioning မှာ Chilled Water Fan Coil Unit သုံးတဲ့ အခါ အသုံးအများ ဆုံး Configuration ပါ။
- တစ်ခါတစ်ရံ BAS Controller အစား Microprocessor ပါပြီးသား ဖြစ်တဲ့ အသင့် FCU Remote Controller ကို သုံးတာလည်း ရှိပါတယ်။
- Speed Control (Hi/Med/Low) ကို လိုချင်ရင် Control Panel မှာ ထည့်သွင်းနိုင်ပါတယ်။
- အခန်းကို သန့်အောင် လေ ကို Filter နဲ့ ထပ်ခါထပ်ခါ စစ်နိုင်ဘို့ Air Change Rate လိုအပ်တဲ့ အခါ မှာတော့ Single Speed - Constant Volume System ကို သုံးပါတယ်။
- အသေးတွေ မှာတော့ Temperature Control က Critical မဟုတ်ခဲ့ရင် Chilled Water Control Valve ကို Modulating မဟုတ်ပဲ On-Off Control နဲ့ တင် သုံးလို့ ရပါတယ်။ ဒါပေမဲ့ Temperature Trend Pattern ကတော့ သိပ်ညီညာနေမှာ မဟုတ်ပဲ Set point နားမှာ လွှသွားလို အတက်အကျ ဖြစ်နေပါလိမ့်မယ်။
- Return Air Temperature ( Room Air Temperature) ကို Sense လုပ်၊ Controller ထဲမှာ ထည့်ထားတဲ့ Set Point နဲ့ နှိုင်းယှဉ် ပြီး Chilled Water Flow ကို အနည်းအများ ညှိဘို့ အတွက် Motorized Valve ကို Control လုပ်တာပါ။ Temperature Control က Critical ဆိုရင်တော့ ထိန်းနိုင်ဘို့ အကောင်းဆုံး က PI (Proportional & Integral) Control သုံးဘို့ပါပဲ။
- Automatic Control အခြေခံ တွေကို Automatic Control Systems မှာ ဖော်ပြခဲ့ ပါတယ်။ ဒီစာ ကို မဖတ်ခင် သွားရောက် လေ့လာ စေလိုပါတယ်။
- Constant Volume (Cooling) with Temperature Control နမူနာ တစ်ခု ကို အောက်မှာ ဖော်ပြထားပါတယ်။
- Control Diagram
- BAS I/O Points Schedule
NO. INPUT / OUTOUT VARIABLES DO AO DI AI 1 RETURN AIR TEMPERATURE 1 2 FAN ON/OFF CONTROL 1 3 FAN ON/OFF STATUS 1 4 FAN TRIP STATUS 1 5 LOCAL/BAS SWITCH MODES 1 6 CHILLED WATER VALVE CONTROL 1 7 CONTROL VALVE POISTION 1 TOTAL : 1 1 3 2 - Point Schedule နဲ့ ပတ်သက်ပြီး သိသင့်တာတွေ ကတော့။
- Local Control အတွက် ဆိုရင် တော့ အရေးအကြီး ဆုံး က No. 1 : Room/Return Air Temperature နဲ့ No.6 : Chilled Water Valve Control ဖြစ်ပါတယ်။ PI Mode အတွက် No.7 : Chilled Water Valve Position ကလည်း ပိုပြီး ထိထိရောက်ရောက် ထိန်းနိုင်ဘို့ အကျိုးပြုပါတယ်။
- No. 2 : FAN ON/OFF CONTROL နဲ့ No. 5 : LOCAL/BAS SWITCH MODES တွေ က Central BMS ကနေ ထိန်းပေးနိုင်ဘို့ အထောက်အကူ ပြုပါတယ်။
- No. 3 : On/Off Status နဲ့ No. 4 : FAN TRIP STATUS တွေ ကတော့ Monitoring လုပ်ဘို့ အတွက်နဲ့ ပြဿနာ တစ်ခုခု ရှိရင် Alarm ပေးနိုင်ဘို့ပါ။
- ပစ္စည်းတွေ ရွေးချယ်တဲ့ အခါ စဉ်းစားရမှာ တွေကတော့
- Modulating Valve:
- Size မှန်ဘို့၊
- အမျိုးအစားမှန်ဘို့
- Flow Characteristic သင့်လျော်ဘို့၊ မှန်ဘို့။
- Modulating Valve Drive :
- Valve နဲ့ သင့်တော်ဘို့၊
- Controller နဲ့ Compatible ဖြစ်ဘို့
- Sensor
- Type အမျိုးအစား သင့်တော်ဘို့
- Range & Accuracy သင့်တော်ဘို့
- Response Time သင့်တော်ဘို့
- Controllers
- Reliability (စိတ်ချရဘို့၊ ထိန်းနိုင်တာ သေချာဘို့)
- Interface (BAS နဲ့ ချောချောမွေ့မွေ့ ဆက်သွယ် နိုင်ဘို့)
- Modulating Valve:
- အသေးစိတ် ကို အရင် Post Automatic Control Systemsတွင် လေ့လာပါ။
- FCU Off (i.e. Fan Off) (စက်ပိတ်) ထားတဲ့ အချိန်မှာ Motorized Control Valve ကိုလည်း Close (Off) လုပ်ပြီး ပိတ်ခိုင်းဘို့ Interlock လုပ်ပေးရပါမယ်။ (Controller ထဲမှာ Program Logic ကို ဒီလို ထည့်လို့ ရလေ့ ရှိပါတယ်။)
- Constant Volume (Cooling) with Temperature & Humidity Control
- အပေါ်က Control က Space Temperature ကို ထိန်းဘို့ အတွက် အဓိက ပါ။ Humidity ကို အတိုင်းအတာ တစ်ခု အထိတော့ ထိန်းမယ် ဆို ထိန်းလို့ ရနိုင်ပါတယ်။ Sensible Heat Ratio ကလည်း များမယ် Sensible Heat Ratio = ( Sensible Load / Total Load ) > 0.8 ၊ နောက်ပြီး Space Sensible Load ကလည်း အပြောင်းအလဲ သိပ်မရှိဘူး၊ Humidity Control ကလည်း သိပ် Critical မဟုတ်ဘူး ဆိုတဲ့ အခြေအနေ မျိုးမှာပါ။
- ဒီ အခြေအနေ မျိုးမှာ Humidity ထိန်းဘို့ အတွက် အခန်းထဲ က လိုအပ်တဲ့ Dew Point Temperature အထိ ရအောင် ချထားတဲ့ Treated Outdoor Air ကို သွင်းပေးထားရင် Humidity Control က Critical ဆိုရင်တောင် ထိန်းလို့ ရလေ့ရှိပါတယ်။ (အောက် က ပုံ ကို ကြည့်ပါ။ )
- Humidity ထိန်းတဲ့ နည်းလမ်းတွေ ကတော့။
- Constant Volume Air Supply with Treated Outdoor Air Ventilation (when RSH is high)
- Constant Volume Air Supply with Re-Heat Coil (when RSH is low / varies)
- Variable Volume Air Supply with Constantly cool coil
- အခန်းထဲ မှာ Wet Process ပါလို့ ဒါမှ မဟုတ် လူတွေ သိပ်ကျပ်နေလို့ ချွေးထွက်များမဲ့ အခြေအနေ မှာ Sensible Heat Ratio က နည်းလာပါတယ်။ ဒီအခြေအနေ မှာ Humidity ကိုပါ ထိန်းဘို့ လိုအပ်လာတဲ့ အခါ Constant Volume System ဆိုရင် အရမ်း အေး မသွားအောင် နဲ့ RH တက်မလာ အောင် ထိန်းဘို့ Sensible Heat တင်ပေးဘို့ Re-heat လိုအပ်တာမို့ Heater ထည့်ပေးရပါမယ်။ Thermistor Controlled Electrical Heater က Control လုပ်လို့ ကောင်းပါတယ်။ AHU ဆိုရင် တော့ Condenser Water ကို အသုံးချဘို့ စဉ်းစား ချင့်ချိန်သင့်ပါတယ်။
- ဒီအတွက် Heater Capacity Control လုပ်ဘို့ အတွက် BAS point တစ်ခု ထပ်တိုးလာပါတယ်။
NO. INPUT / OUTOUT VARIABLES DO AO DI AI 1 RETURN AIR TEMPERATURE 1 2 FAN ON/OFF CONTROL 1 3 FAN ON/OFF STATUS 1 4 FAN TRIP STATUS 1 5 LOCAL/BAS SWITCH MODES 1 6 CHILLED WATER VALVE CONTROL 1 7 CONTROL VALVE POISTION 1 8 Electric Heater Capacity Control 1 TOTAL : 1 2 3 2 - Humidity Control အတွက် စဉ်းစားတဲ့ အခါ Process နဲ့ Psychrometry ကို သေသေချာချာ နားလည်နေဘို့ လိုအပ်ပါတယ်။ Humidity Control အတွက် Dew Point Temperature 10.8°C လောက်လိုချင် တဲ့ အခါ Chilled Water Temperature က 5 to 6.5 °C ကသင့်တော်ပြီး 8°C ထက် မြင့်လို့ မရတာ သတိထားပါ။
- Variable Fan Speed နဲ့ ထိန်းရင် လည်း အတိုင်းအတာ တစ်ခု အထိ အဆင်ပြေတတ်ပါတယ်။
- Multi-Speed (Cooling) with Temperature Control
- သဘောတရား ကတော့ Constant Volume နဲ့ အတူတူပါပဲ။ လုပ်လေ့ရှိတာ က တော့ (Thermostat / Control Panel) မှာ Hi/Med/Low Mode ကိုရွေးချယ်ခွင့် ရတာပဲ ပိုပါတယ်။
- Variable Speed (Cooling) Control
- ဒီ FCU တွေ က သက်ဆိုင်ရာ Manufacturer တွေ ရဲ့ Special Equipments တွေပါ။ အများအားဖြင့် တော့ Remote နဲ့ အတူ Microprocessor Control ပါပြီး အပြင် က သီးသန့် Controller ထည့်ပေးစရာ လိုအပ်လေ့ မရှိပါဘူး။
- FCU Fan Drive တွေ က အထူးဒီဇိုင်း လုပ်ထားတဲ့ Motor Drive တွေ ပါ။ (ဥပမာ။ ။ Stepless Motor Drive)
- Chilled Water Valve Control: On-Off vs. (PI) Modulating
- လေထဲမှာ ရှိတဲ့ ပကတိ ရေငွေ့ ပမာဏ Absolute Humidity (Humidity Ratio) မပြောင်းလဲ တဲ့ အခြေအနေ (Wet Process မရှိတဲ့ နေရာ၊ Storage (သို့) Human Occupancy နည်းတဲ့ နေရာ) ၊ တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင် Sensible Cooling / Heating ပဲလိုအပ်တဲ့ အခါမှာ Temperature နဲနဲ လေးပြောင်းတာ နဲ့ Relative Humidity (RH) သိသိသာသာ ပြောင်းတာ ကို တွေ့ရပါမယ်။ (ဒီ အချက် ကို Humidity Control လုပ်ဘို့ လိုအပ်တဲ့ အခါ တိုင်း ထည့်သွင်း စဉ်းစား ဘို့ မမေ့စေချင် ပါဘူး။)
- အောက်မှာ Psychometric Chart ကနေ Extract လုပ်ထားတဲ့ ပုံကို ဖော်ပြ ထားပါတယ်။
- ဒီပုံ အရ Room Condition Setpoint 23°C နဲ့ 50% RH အနေအထားမှာ 1°C ပြောင်းတာ နဲ့ 3% RH ပြောင်းသွားတာ တွေ့ရပါမယ်။
- ဒါကြောင့် Valve On-Off နဲ့ ပဲ ထိန်းတဲ့ Temperature က Set point အနား အတက်အကျ ဖြစ်တာ မို့ RH က လည်း ဒီလို လှိုင်းပေါ်လာပါတယ်။
- PI (Proportional plus Integral) Modulating Control နဲ့ ထိန်းတဲ့ အခါ မှာတော့ Temperature က Set point နားမှာ ကပ်နေပြီး RH ကလည်း ပိုပြီး ငြိမ်နေတာ တွေ့ရပါမယ်။
- Sensible Load က တဖြေးဖြေး ဝင်လာ တာ ဖြစ်ပေမဲ့ လေထဲ ကို ရေငွေ့ထည့်တဲ့ Latent Load ကတော့ ချက်ချင်းရောက်ပါတယ်။
Humidity (Latent) Load = Instant Load - ဒါကြောင့် Wet Process (Spray Washing, Steam Fumes, etc. )ရှိတဲ့ အခါ သေသေချာချာ စဉ်းစားရပါတယ်။ လိုအပ်ရင် Local Exhaust နဲ့ Process ကို Interlock လုပ်ပေးရပါမယ်။
- Chilled water Valve On တဲ့ အခါ Coil Apparatus Dew Points က အခန်းရဲ့ Dew Point Temperature ထက်နိမ့်မယ် ဆိုရင်) Condensate ဖြစ်တတ်ပါတယ်။ Valve ပိတ်လိုက် တဲ့ အခါ Coil Temperature တက်လာတာ မို့ ပြန် အငွေ့ ပြန်နိုင်ပါတယ်။ ဒီလို အခြေအနေ ဆို RH Variation က ပိုတောင် များပါလိမ့်အုံးမယ်။ (ဒီအခြေအနေ အတွက် အထိုက်အလျောက် ဖြေရှင်းပေးနိုင်မှာ ကတော့ Apparatus Dew Point Temperature က အခန်းရဲ့ Dew Point Temperature ထက် မြင့်တဲ့ Dry Coil ကို ရွေးချယ်သုံးဘို့ပါ။ Chilled Water Supply Temperature ကို လည်း ဒီ Dry Coil နဲ့ သင့်တော်အောင် မြှင့် ပေးရပါလိမ့်မယ်။)
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com