" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Chiller ပြုပြင် ထိန်းသိမ်းနည်းများ

Type of Maintenance - ပြုပြင်ထိန်းသိမ်းခြင်းနည်းများ
Demand Maintenance
ဆိုသည်မှာ လိုအပ်သည့်ခါ သို့ ပျက်သည့်အချိန် သို့ အသုံးပြုရန်မဖြစ်နိုင်သည့်အခါမျိုးတွင် Service လုပ်ခြင်း၊ပြုပြင်ခြင်းဖြစ်သည်။
သက်သာသည် ကုန်ကျစရိတ်နည်းသည်ဟုထင်ရသော်လည်း အလွန်ကုန်ကျစရိတ်များသည့် maintenance မျိုးဖြစ်သည်။ မိမိကြိုက်နှစ်သက်သည့် mechanic သို့ Electrician သို့ Service Technician တို့ ကို လိုအပ်သည့်အခါမျိုးတွင်သာ ခေါ်ပြီးပြုပြင်ခိုင်းခြင်းဖြစ်သည်။ ပြုပြင်ခင်တောင်းသလောက် ပေးရန်သဘောတူရတတ်သည်။

Preventive Maintenance
ဆိုသည်မှာ သတ်မှတ်ထားသည့် အချိန်အတိုင်အတာတစ်ခုအတွင်း ပုံမှန်ပြုလုပ်လေ့ရှိသော Serviceမျိုး၊ လိုအပ်သည့် အသေးစားပြုပြင်မှုမျိုးဖြစ်သည်။ consumable item ဟုခေါ်သော လေစစ်များ ဆီစစ်များ ကို အချိန်ကျလျှင် လဲလှယ်ခြင်းမျိုးဖြစ်သည်။ မိမိကြိုက်သည့် Service Provide သို့ mechanic သို့ Electrician သို့ Service Technician တို့ အားလစဉ် ပုံမှန်လာရောက် Servicing လုပ်ရန် သဘောတူထားခြင်းဖြစ်သည်။ လစဉ် Servicing လုပ်ခနှင့် လိုအပ်သည့် ပြုပြင်ခ။ အပိုပစ္စည်းခ တို့ကို ကြိုတင်သဘောတူထားလေ့ရှိသည်။ Break down ဖြစ်သည့်အခါ လာပြင်ရန်ခေါ်ခ၊ နှင့်ပြင်ခ တိုမပါဝင်ပေ။

Comprehensive Maintenance
 ဆိုသည်မှာ Preventive Maintenance တို့တွင်မပါဝင်သော Break down ဖြစ်သည့်အခါ လာပြင်ရန်ခေါ်ခ၊ နှင့်ပြင်ခ တို့ကို ပါဝင်ပြီးဖြစ်သည်။ လစဉ် Servicing လုပ်ခနှင့် လိုအပ်သည့် ပြုပြင်ခ။ အပိုပစ္စည်းခ တို့လည်းပါဝင်သည်။ မည့်သည့်ပြုပြင်ခ၊ Servicing လုပ်ခ တို့ကိုပေးရန်မလိုပါ။

Predict Maintenance
ဆိုသည်မှာ မပျက်စီးမှိ ကြိုတင်ကာကွယ်ရန် အတွက်ပြုလုပ်သော ပြုပြင်ထိန်းသိမ်းခြင်းဖြစ်သည်။ ကြီးမားသော Plant များနှင့် ရှုပ်ထွေးသော Process မျာတွင် ပါဝင်သော စက်ကိရိယာများသည် မပျက်စီးမှိကြိုတင် ပြုပြင်ရန်လိုအပ်သည်။ Pump တစ်လုံးမည်သည့် အချိန်တွင် ပျက်မည် နောက်နာရီပေါင်းမည်မျှကြာအောင် မပျက်စီးပဲဆက်မောင်းနိုင်သည်ကို Vibration Analysis လုပ်ခြင်းဖြင့်သိနိုင်သည်။ ထို pump များ၊ Chiller များ ၏ Electrical Panel များ Terminal များ Cable များ ပျက်စီးနိုင်မည့် အခြေအနေ ရှိမရှိကို Infrared Thermal Scanning သို့ Thermal Imaging လုပ်ခြင်းဖြင့်သိနိုင်သည်။ ထိုကဲ့သို့မပျက်ခင်ကြိုတင် သိအောင် Predict Maintenance လုပ်ခြင်းဖြင့် ကုန်ကျစရိတ်များစွာသက်သာနိုင်သည်။ မောင်းနေစဉ် ပျက်စီးခြင်းကြောင့် Production losses, Damages, delay cost, down time cost, စသဖြင့် ဆုံးရှုံးမှုပေါင်းများစွာနှင့်ရင်ဆိုင်ရနိုင်သည်။

Performance based Maintenance
ဆိုသည်မှာ System တစ်ခု သည် သတ်မှတ်ထားသည့် စံနှုန်းအတိုင်းအမြဲမောင်းနှင်နိုင်အောင် အာမခံထားသည် ပြုပြင်ထိန်းသိမ်းခြင်းမျိုးဖြစ်သည်။ Chiller Plant တစ်ခုအား Efficiency 0.65 kW/RT ဖြစ်မောင်းနှင့်နေအောင် အာမခံ ထားသည့် ပြုပြင်ထိန်းသိမ်းခြင်းမျိုးဖြစ်သည်။ တနည်း Chiller Plant တစ်ခု ၏ Efficiency 0.65 kW/RT ထက်အောင်သို့ကျဆင်းသွားပါက လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်ပါမည်ဟုအာမခံထားခြင်းဖြစ်သည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...