" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Electrical Power Distribution System in Building အကြောင်း

  • စက်မှုထွန်းကားလာတာ နဲ့ အတူ လျှပ်စစ်ဓာတ်အား သုံးစွဲ မှု ကလည်း ပိုမိုလာပါတယ်။ မီးထွန်းဘို့၊ အိမ်သုံးဘို့ သာမက စက်ရုံအလုပ်ရုံ နဲ့ အဆောက်အအုံ တွေ၊ လမ်းပန်းဆက်သွယ်ရေး တွေ မှာပါ မရှိမဖြစ် အရေးပါ လာပါတယ်။
  • အရင် တင်ပြပေးထားခဲ့ဘူးတဲ့ MEP Systems တွေ အကြောင်းထဲမှာ လည်း Electrical Systems အမျိုးမျိုး တွေ အကြောင်းကို စာဖတ်သူ နဲ့ မိတ်ဆက် ပေးထားခဲ့ပါတယ်။
  • ဒီတစ်ပါတ်တော့ Building Electrical Service ထဲ က Electrical Power Distribution အကြောင်းကို စာဖတ်သူ နဲ့ မိတ်ဆက်ပေးဘို့ ရည်ရွယ် ထားပါတယ်။

  • စာရေးသူ က Mechanical အဓိက မို့ Lighting & Power ကို ဒီဇိုင်း အခြေခံ လောက် နဲ့ Design Coordination လုပ်တဲ့ အခါ သိထားသင့် တာတွေ ကို ပဲ Applied Electrical Power အနေ နဲ့ တင်ပြပေးနိုင် ပါတယ်။ ပိုမို အသေးစိတ် သိချင်ရင်တော့ စာလည်းဖတ်၊ လေ့လည်းလေ့လာ၊ အတွေ့အကြုံ ရှိတဲ့ Electrical Engineer ဆီမှာ လည်း ဆည်းပူးပါ လို့ တိုက်တွန်း လိုက်ပါတယ်။ မှီငြမ်းစရာ စာအုပ်တွေ ကိုလည်း အောက်က References Section မှာ ထည့်သွင်း ပေးထားပါတယ်။
  • အဓိက တင်ပြပေးမှာ ကတော့ အဆောက်အအုံ အတွင်း သုံး Low Voltage (LV) Systems တွေ အကြောင်း ဖြစ်ပါတယ်။
    1. Introduction to Electrical Power Distribution in Buildings
    2. Power Distribution Systems
    3. AC Fundamentals
    4. Power Grids, Preliminary Load Estimates, Basic Metering Scheme
    5. Major Components
      1. High Tension (Medium Voltage) Switchgear
      2. Transformers
      3. Standby Power Generators
      4. Main Switch Board
      5. Control Systems
      6. Fuse, Circuit Breakers, Protective Devices
      7. Earth fault protection
    6. Cable Sizing / Voltage Drop
    7. Basic Design
    8. Regulations

  1. Introduction to Electrical Power Distribution in Buildings
    • အတန်သင့် ကြီးမားတဲ့ အဆောက်အအုံ တစ်ခု အတွက် Power Distribution Systems တွေ့ရလေ့ ရှိတဲ့ arrangement ကို အောက်မှာ ဖော်ပြထားပါတယ်။

      1. Power Grids Substation
        • Utility Company အတွက် Sub-station ပါ။ HT Switch Gear ဖြစ်ပြီး အဓိက ပါဝင်မှာ က High tension အတွက် သင့်တော်တဲ့ Circuit Breaker နဲ့ Control Components တွေ ဖြစ်ကြပါတယ်။ Equipment တွေ ကို Utility Company က တပ်ဆင် ပေးပါလိမ့် မယ်။
        • Switchgear : An assembly of main and auxiliary switching apparatus for operating, regulating, protection or other control of an electrical installation.
      2. Consumer Substation
        • အဆောက်အအုံ ပိုင်ရှင် ရဲ့ Substation မို့ Consumer Sub-station လို့ခေါ်တာ ပါ။ HT Switch Gear ဖြစ်ပြီး အဓိက ပါဝင်မှာ က High tension အတွက် သင့်တော်တဲ့ Circuit Breaker နဲ့ Control Components တွေ ဖြစ်ကြပါတယ်။ Gas Insulated နဲ့ Air Insulated Switchgear တွေ က အသုံးများပြီး အထဲမှာ ပါဝင်တဲ့ Circuit Breaker ကတော့ SF6 Insulated Circuit Breaker (or) Vacuum Circuit Breaker ဖြစ်နိုင်ပါတယ်။
        • A circuit breaker is a safety device enabling switching and protection of electrical distribution networks.
      3. Transformers
        • ဒီမှာ သုံးတဲ့ Transformer ရဲ့ တာဝန်က medium voltage ကနေ အိမ်သုံး၊ စက်ရုံသုံး Equipment နဲ့ Electrical Appliance တွေ အတွက် သင့်တော်တဲ့ voltage ရအောင် step down လုပ်ပေးဘို့ပါ။
        • Transformers : A device that is used to convert electricity energy from higher a.c voltage to desire consumer voltage (step down) or vice versa.
      4. Standby Emergency Power Generators
        • အရေးပေါ် အခြေအနေ မှာ လိုအပ်မဲ့ Life Safety Systems တွေ နဲ့ မီးပြတ်ရင် ဆုံးရှုံးမှု အများကြီးရှိနိုင်တဲ့ စက်ပစ္စည်း တွေ အတွက် လိုအပ်မဲ့ standby power ပေးဘို့ အတွက် တွက်ချက် တပ်ဆင်ထားတဲ့ (အများအားဖြင့်) ဒီဇယ် Standby Power Generator ကိုခေါ်တာပါ။
        • Standby Emergency Power Generators : Electricity Generator set driven by prime mover and of sufficient capacity to supply circuits carrying emergency loads with suitable means for automatic starting of the prime mover on failure of normal service
      5. Main Switchboard (MSB)
        • Switchboard : An assembly of switchgear with or without instruments, but the term does not apply to groups of local switches in final circuits.
      6. Emergency Main Switchboard (EMSB)
        • Utility Network ကဝင်လာတဲ့ မီးပြတ်တောက် ခဲ့ ရင် Standby Back-up Electricity ကနေ အလိုအလျောက် လျှပ်စစ်ပါဝါ ပြောင်းပေးနိုင်ဘို့ တပ်ဆင်ထားတဲ့ Switchboard ပါ။ အရေးအကြီး ဆုံး ကတော့ လူတွေ ရဲ့ အသက် life safety ကို စောင့်ရှောက်ဘို့ တပ်ဆင်ထားတဲ့ Fire Protection, Smoke control systems, Emergency Lighting နဲ့ Emergency evacuation support systems တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
        • Emergency Power : To supply electrical power automatically in the event of failure of the normal supply to protect equipment essential of safety to life
      7. Building Power Distribution
    • Transformer အဝင်အထိ က ဗို့အားမြင့်တာမို့ High Tension (HT) Circuits တွေ လို့ခေါ်ပြီး Transformer အထွက်ကို တော့ ဗို့အားနိမ့် LV Circuits တွေလို့ခေါ်ပါတယ်။
    • Cable / Busducts တွေ အတွက် လမ်းကြောင်းရှာတာ၊ Major Equipments တွေအတွက် သင့်တော်တဲ့ နေရာ လျာထား သတ်မှတ် တာ တွေ ကို Project Design Phase မှာကတည်းက လေ့လာ ညှိနှိုင်း သတ်မှတ် ထားရမှာ ဖြစ်ပါတယ်။
  2. Electricity (Power) Supply Systems
    • LV Distribution Systems တွေအကြောင်း ကို မဆက်ခင် အခြေခံ တချို့ကို ပြန်ပြီး မိတ်ဆက်ပေးပါမယ်။ Electricity (Power) Supply Systems တွေ ကိုခြုံငုံ ကြည့်မယ်ဆိုရင် တွေ့ရမှာကတော့၊
      1. Power Generation Systems
      2. Power Transmission Systems
      3. Power Distribution Systems
      4. Low-Voltage Systems
    • Power Plants လို့ခေါ်တဲ့ Electrical Power Generators အမျိုးမျိုး ကနေ လျှပ်စစ်ဓာတ် ကို ထုတ်လုပ် နိုင်ပါတယ်။ ဒီ Generators တွေ ကို မောင်းနှင်ဘို့ အတွက် prime mover တွေကို ရေနံ၊ ဒီဇယ်သုံး အင်ဂျင်တွေ၊ ကျောက်မီးသွေး၊ အခြားလောင်စာတွေ Biogasifier တွေ နဲ့ Nuclear တွေ ကိုအသုံးပြုတဲ့ Steam Turbines တွေ၊ Gas Turbines တွေ သာမက Green Sources တွေဖြစ်တဲ့ Geothermal, Hydro, Tidal, Wind, Solar, etc. တွေကနေလည်း ရရှိနိုင်ပါတယ်။
    • ဘယ်ကနေ ပဲ ထုတ်ထုတ်၊ ဈေးနှုန်းသက်သက်သာသာ နဲ့ ဖြန့်ဝေပေးနိုင် ဘို့၊ လိုအပ်ချက်အတိုင်း အရည်အသွေး ပြည့်ဝတဲ့ ပါဝါ ရနိုင်ဘို့၊ နဲ့ ရေရှည်ထုတ်ယူနိုင်ဘို့ လိုအပ်ပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချ အန္တရာယ် ကင်းဝေးစေဘို့ နဲ့ ပတ်ဝန်းကျင် အပေါ်ထိခိုက် မှု နည်းစေဘို့ တွေ ကလည်းထည့်သွင်းစဉ်းစားရမဲ့ အချက်တွေပါ။
    • အကြမ်း အားဖြင့် ရင်းနှီးမြှုပ်နှံမှု ရဲ့ ၅၀% ကို လျှပ်စစ်ထုတ် စက်ရုံတွေ အတွက်၊ ၃၀% ကို ပို့ဆောင်မှု အတွက်၊ နဲ့ ၂၀% ကိုဖြန့်ဖြူးဘို့ အတွက် အသုံးပြုရပါတယ်။ လောင်စာဆီဘိုး၊ လည်ပတ်စရိတ် နဲ့ ပြုပြင်ထိန်းသိမ်း စရိတ်က လည်း annual investment cost (တစ်နှစ်စာ ရင်းနှီးမြှုပ်နှံမှု ငွေ) ရဲ့ ၂၃၀% လောက် ကို ရှိနိုင်ပါတယ်။
    • Power Station တစ်ခုတည်ဆောက်ဘို့ အတွက် ပျမ်းမျှ Lead Time က ၅ နှစ်လောက် လိုအပ်ပါတယ်။ ဒါပေမဲ့ Investment Cost (ရင်းနှီးမြှုပ်နှံငွေ) နဲ့ (Operating Cost) လည်ပတ်ငွေ တွေကို Optimize (အကျိုးအရှိ ဆုံး အသုံးချ) နိုင်ဘို့ အတွက် Expansion Planning ကို ၁၅နှစ်လောက် ကြိုတင်လေ့လာ ဆန်းစစ်မှုပြုရပါတယ်။
    • အောက်မှာ US. DOE ရဲ့ Simple diagram of electricity grids in North America ကိုဖော်ပြထားပါတယ်။

    1. Electrical Power Generation Systems
      • Electric Energy ကို အခြား Energy Supply Systems တွေ လို စီးပွားရေး အရ တွက်ချေကိုက်ကိုက် နဲ့ အကြီးအကျယ် သိုလှောင်ထားနိုင် ဘို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် အချိန်တိုင်း မှာ ထုတ်လုပ်တဲ့ ပါဝါ နဲ့ သုံးစွဲ တဲ့ ပါဝါ မျှနေဘို့ လိုပါတယ်။
      • ဒါကြောင့် Power Plant စက်ရုံတွေကို ထိန်းချုပ်မောင်းနှင် နေတဲ့ System Control Engineer တွေက သုံးစွဲ နေတဲ့ ပါဝါ နဲ့ မျှအောင် ထုတ်လုပ်နိုင်ဘို့ စီမံရပါတယ်။ Historical Trends နောက် ၂၄ နာရီ အတွင်း လိုအပ်မဲ့ ပါဝါ အနည်းအများ ပုံစံ ကို ခန့်မှန်း နိုင်ဘို့ နဲ့ မှန်းချက် အတိုင်း ထုတ်လုပ်ပေးနိုင်ဘို့ လည်း လိုအပ်ပါတယ်။ ရှိနေတဲ့ Generators တွေနဲ့ efficiency တွေပေါ်မူတည်ပြီး အသင့်တော်ဆုံး၊ အကျိုးအဖြစ်ဆုံး၊ ရနိုင်အောင် Generators ဘယ်နှစ်ခု ဘယ်လို အစီအစဉ် နဲ့ လည်ပတ် ထုတ်လုပ် မှာလည်း အစီအစဉ် ချရပါတယ်။ ခုနောက်ပိုင်း ကွန်ပြူတာ တွေပေါ်လာတော့ ဒီလိုလုပ်ရတာ ပိုပြီး လွယ်ကူလာပါတယ်။ System Control Engineers တွေရဲ့ အဓိက တာဝန်တွေ ကတော့၊
      • Minimize generation cost (ထုတ်လုပ်မှု စရိတ် လျှော့ချနိုင်ဘို့)
      • Ensure continuity of supply (အဆက်မပြတ် ပို့လွှတ်နိုင်တာ သေချာစေဘို့၊)
      • ပုံမှန် အခြေအနေ နဲ့ ပုံမှန် မဟုတ်တဲ့ abnormal conditions အခြေအနေ အချို့တွက် Generating Units ရဲ့ operating constraints အားလုံးနဲ့ Transmission Network ရဲ့ Limits တွေ အတွင်းမှာ ပဲရှိနေဘို့ လည်းလိုအပ်ပါတယ်။
    2. Power Transmission Systems
      • Transmission Systems တွေဆိုတာ က တစ်နေရာ က တစ်နေရာ ကိုပို့လွှတ်ပေးတဲ့ စနစ်တွေ ကိုခေါ်တာပါ။
      • အသုံးပြုမယ့် အနားမှာ Power Plant ရှိနေရင် တော့ Transmission Systems တွေ မလိုအပ်တော့တာမို့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ ဒီလိုဖြစ်နိုင်ဘို့ ဆိုတာက လက်တွေ့မှာတော့ ဖြစ်နိုင်ဘို့ မလွယ်ပါဘူး။ ဥပမာ မြို့လယ်ခေါင် မှာ Power Plant ဆောက်ဘို့ဆိုတာ က အများအားဖြင့် မသင့်တော်ပါဘူး။ အလားတူပဲ သုံးစွဲနိုင်တဲ့ ဗို့အားအတိုင်း အကြီးအကျယ် ထုတ်လုပ်ဘို့ ဆိုတာလည်း နည်းပညာအရ မဖြစ်နိုင်ပါဘူး။
      • ဥပမာ 400V နဲ့ထုတ်လုပ်ဖြန့်ဖြူးရင် 3 to 4 MW လောက်အထိပဲ လက်ရှိနည်းပညာ အရသင့်တော်ပါတယ်။ အလားတူပဲ 22kV နဲ့ဆို 200 MW, 66kV ဆို 780MW, ကျော်ရင် 230kV သုံး၊ 5,000 MW ကျော်လာရင် 400kV စ သည်ဖြင့်ပေါ့။
      • ပို့လွှတ်ရမဲ့ စွမ်းအင် (MW) များလာတာ နဲ့ အမျှ ဗို့အားမြှင့်မပေးရင် Short-circuit current က Breakers တွေ ရဲ့ Breaking Capacity ကို ကျော်လွန်လာနိုင်တာ မို့ ဗို့အားကို မြှင့်ပေးရတာ ဖြစ်ပါတယ်။
      • မဟာဓာတ်အားလိုင်း တွေကို မြေပေါ်၊ မြေအောက် ပို့လွှတ်ရလေ့ ရှိပေမဲ့ မြေပေါ်ကပိုလွှတ်ရတာ က ကုန်ကျစရိတ် သက်သာတာရယ်၊ သာမန် လုပ်သားကျွမ်းကျင်မှု နဲ့တင် လုပ်နိုင်တာ ရယ်၊ ထိန်းသိမ်းပြုပြင် လို့ လွယ်ကူတာရယ် တွေ ကြောင့် ဖြစ်နိုင်ရင် Over Head Line လို့ခေါ်တဲ့ ကောင်းကင် ဓာတ်လိုင်း တွေကို အသုံးပြုကြပါတယ်။ စကာင်္ပူ မှာတော့ အဓိက မြေအောက် ကနေ ပို့လွှတ်တာ ကို သုံးပါတယ်။
    3. Distribution Systems
      • Distribution Systems တွေရဲ့ အဓိက အလုပ် ကတော့ လျှပ်စစ်ဓာတ်ကို လက်ကားယူ၊ (သိုလှောင် ထားလို့ တော့ မရပဲ) ချက်ချင်း လက်လီဖြန့် ရတဲ့ သဘောမျိုး ပါ။ Large, bulk power sources ကနေ လျှပ်စစ်ဓာတ်အား ကို လက်ခံရယူ၊ တစ်ပြိုင်တည်းမှာပဲ လိုအပ်တဲ့ ဗို့အားအမျိုးမျိုး နဲ့ လက်ခံနိုင်လောက်တဲ့ reliability (ယုံကြည်စိတ်ချရမှု) နဲ့အတူ သုံးစွဲသူတွေ ဆီ အရောက်ဖြန့်ဝေ ပေးရပါတယ်။ အသုံးပြုလေ့ ရှိတဲ့ ဗို့အားတွေ ကတော့ 3.3kV, 6.6kV, 11kV, 22kV & 33kV တွေ ဖြစ်ကြပါတယ်။ အထက်မှာ ပြခဲ့တဲ့ ပုံအရ North America လို ပါဝါသုံးအား အရမ်းကြီးတဲ့ နေရာမှာတော့ 765kV အထိ သုံးတာ ကို တွေ့ရပါတယ်။
      • အဓိက စဉ်းစားရမဲ့ လိုအပ်ချက်တွေ ကတော့
        • Different source to increase reliability
        • Minimum voltage variation
        • Minimum supply interruption
        • Minimum Overall cost consistent with the power quality
        • Flexible to allow expansion in small increments
    4. Low-Voltage Systems
      • LV Systems ဆိုတာကတော့ Distribution Voltage က 1000 V ထက် နည်းတဲ့ ဗို့အား ကို ဆိုလိုတာဖြစ်ပါတယ်။ အများအားဖြင့် 240, 380, 400, 415, 440, 480, 550 နဲ့ 600 V တွေပါ။
      • နိုင်ငံအလိုက် သုံးစွဲတဲ့ အိမ်သုံး ဗို့ နဲ့ Frequency တွေ ကို လေ့လာနိုင်ဘို့ အတွက် ကောက်နုတ် ဖော်ပြထားပါတယ်။




        Region Type(s) of plug / socket Voltage Frequency
        AustraliaI230 V50 Hz
        BruneiG240 V50 Hz
        China (mainland only)A, C, I220 V50 Hz
        CanadaA, B120 V60 Hz




        FranceC, E230 V50 Hz
        GermanyC, F230 V50 Hz
        IndiaC, D, M230 V50 Hz
        IndonesiaC, F, G127 V / 230 V50 Hz
        JapanA, B100 V50 Hz & 60 Hz
        Korea, SouthA, B, C, F220 V60 Hz
        MalaysiaG, M240 V50 Hz
        MozambiqueC, F, M220 V50 Hz
        Myanmar/BurmaC, D, F, G230 V50 Hz
        New ZealandI230 V50 Hz
        SingaporeG, M230 V50 Hz
        ThailandA, B, C220 V50 Hz
        United Arab EmiratesC, D, G220 V50 Hz
        United KingdomG230 V50 Hz
        United States of AmericaA, B120 V60 Hz
      • နိုင်ငံတကာ မှာ သုံးစွဲတဲ့ Voltage/ frequency အချက်အလက် တွေ နဲ့ သုံးစွဲလေ့ ရှိတဲ့ plug / socket အမျိုးအစား တွေကို ကို Mains power systems မှာ မှီငြမ်းလို့ရပါတယ်။
      • AC power plugs နဲ့ sockets တွေရဲ့ အကြောင်းကို လည်း AC power plugs and sockets မှာလေ့လာနိုင်ပါတယ်။
      • အသုံးများတဲ့ Frequency တွေကတော့ 50Hz / 60 Hz တွေ ဖြစ်ပါတယ်။ ဒီ Frequency ကနေ အဓိကသက်ရောက် တာကတော့ AC Motor တွေရဲ့ လည်ပတ်မှုနှုန်း rpm ပါ။ AC motor တွေရဲ့ rpm က Frequency နဲ့ စီမံထားတဲ့ Stator ရဲ့ သံလိုက်ဝင်ရိုး Pole အရေအတွက် နဲ့ သက်ဆိုင်တာ မို့ပါ။ AC motor တွေရဲ့ ideal rpm ကိုပြလေ့ ရှိတဲ့ formula ကို ကြည့်ရင်။
        rpm = (120 x F) / P
        F: Frequency (Hz), P: no. of Poles
      • Rpm ကွာခြားလာတာနဲ့ အမျှ ဒီ motor က နေ မောင်းပေးရတဲ့ fan, pumps, compressors, etc. တွေ ရဲ့ Mechanical Power ကလည်း n3 (Tube) တက်လာမှာ ဖြစ်ပါတယ်။ အလားတူပဲ 60Hz နဲ့ ရွေးထားတဲ့ စက်ပစ္စည်းတွေ ကို 50Hz နဲ့သုံးရင် Capacity စွမ်းအား အပြည့်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် HVAC equipments တွေ နဲ့ Pumps ရွေးချယ် ဘို့ Engineering Data တွေကို ဖတ် တဲ့ အခါ 50Hz လား 60Hz လား သေချာစစ်ဆေးရမှာ ဖြစ်ပါတယ်။
      • စကာင်္ပူ နိုင်ငံ မှာ LV Systems ဆိုတာ က Three-phase, four-wire system ဖြစ်ပြီး between line-to-line 400V ရှိပြီး between line-to-neutral ကတော့ 230V ပါ။ ဒါက distribution voltage တင်မဟုတ်ပဲ အသုံးအဆောင် appliance အများစုရဲ့ လိုအပ်တဲ့ utilization voltage လည်းဖြစ်ပါတယ်။
  3. AC Fundamentals
    1. Sin Wave and Root Mean Square Value
      • AC ဗို့အား က Frequency တစ်ခုနဲ့ အပေါင်းအနုတ် ပြောင်းလဲနေပါတယ်။ Sinusoidal Voltage အနေနဲ့ပါ။ Voltage ပြောင်းတာ နဲ့ အညီ Current ကလည်းပြောင်းပါတယ်။
      • AC power တွေ ကို တွက်တဲ့ အခါ maximum အစား ပျမ်းမျှ voltage နဲ့ current ကိုအခြေခံ ဘို့လိုပါတယ်။ Root mean square value (rms) လို့လည်း ခေါ်ပါတယ်။ Sine wave တစ်ခုရဲ့ rms value က max value ရဲ့ 1/√2 (~ 0.707) လောက်ရှိပါတယ်။
        Vrms = Vmax / √2
        Irms = Imax / √2
      • တွက်ချက်တဲ့ အခါမှာရော rms value ကိုပဲသုံးပါတယ်။ ဒါကြောင့် rms မပါပေမဲ့ rms value ကိုသုံးမှန်းတော့ သိရပါမယ်။
    2. Complex Power
      • နောက်တစ်ခု သိရမှာ က AC power တွေက Complex Power ဖြစ်နေတာကိုပါ။ သူ့မှာ Real Power & Reactive Power ဆိုပြီး အပိုင်းနှစ်ခု ပါပါတယ်။ Voltage နဲ့ Current Wave တွေက တစ်ထပ်တည်း မကျပဲ အချိန်တစ်ခု ကွာနေတာ (Leading or Laging) ဖြစ်နေတာပါ။
      • ဒါကြောင့် Power Factor ( p.f ) လို့ခေါ်တဲ့ real power ရဲ့အချိုးအဆ ကိုဖော်ပြတဲ့ Term တစ်ခု ကိုသတ်မှတ် ကြတာ ဖြစ်ပါတယ်။
        Power Factor ( p.f ) = Real Power / Complex Power = cos φ
      • Power factor ( p.f )က ဘယ်တော့မှ တစ် (1) ထက်မကျော်နိုင်ပါဘူး။ တစ်ရရင် အကောင်းဆုံး လို့ သတ်မှတ် ပါတယ်။
        1. Real Power, P (watts):
          P = V × I × cos φ
        2. Reactive Power, Q (vars):
          Q = V × I × sin φ
        3. Complex Power, S (watts):
          S = V × I = P + jQ
      • ဒီလိုဖြစ်ရခြင်း အကြောင်းရင်း ကတော့ Circuit ရဲ့ Properties တွေ ထဲမှာ Resistance သာမက Reactance ကို ဖြစ်ပေါ်စေတဲ့ Capacitance ရော inductance တွေပါပါဝင် နေတာကြောင့်ပါ။
      • Inductance ဆိုတာက လျှပ်စစ်သံလိုက်ညှို့ကွိုင် တွေ ပါဝင်တဲ့ မီးချောင်း ballast လို motor, transformer တွေလို စက်ပစ္စည်းတွေ က နေဖြစ်ပေါ်တဲ့ ဂုဏ်သတ္တိပါ။ အဆောက်အအုံ တိုင်းလိုလို မှာ ဒီစက်ပစ္စည်းတွေ ကို အသုံးပြုလေ့ ရှိကြတာမို့အများအားဖြင့် Load မှာက ဒီလို Inductance ပါဝင်လေ့ ရှိပြီး သူ့ကြောင့် ကျသွားတဲ့ Power Factor ( p.f )ကို 1 နဲ့ အနီးဆုံး ရအောင် ပြန်မြှင့် ပေးဘို့ အတွက် Capacitor Bank တွေ ထည့်သွင်းပေးကြတာ ဖြစ်ပါတယ်။ ဒီလို Power Factor Correction လုပ်ဘို့ အတွက် Shunt Reactor Bank နဲ့ Capacitor Bank တွေပါဝင်တတ်သလို အခြားနည်းတွေ လည်းရှိပါတယ်။ ပိုမို ရှုတ်ထွေးတဲ့ Non-Linear Distortion (or) Harmonic ကို ဖြစ်စေတဲ့ Rectifier (AC to DC converters) တွေ ဖြစ်တဲ့ fluorescent lamp, electric welding machine, or arc furnace တွေ ပါလာတဲ့ အခါ ပိုပြီး ထိန်းရ ခက်ပါတယ်။ Inverter နဲ့ VSD (Variable Speed Drive) တွေ လည်း ဒီအမျိုးအစား ထဲ မှာ ပါဝင်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ Power Factor Correction Units တွေအကြောင်း ကို ရှာဖွေ လေ့လာနိုင်ပါတယ်။
      • ဒီလို Reactance တွေ ပါဝင် နေတတ် တာမို့ AC တွက်ချက်မှု တွေ ကို Faradays Law (I = V /R နဲ့ တိုက်ရိုက် တွက်ချက် လို့မရတော့ပဲ Resistace: R နေရာ မှာ Impedance: Z ကို အစားထိုး အသုံးပြုရတာ ဖြစ်ပါတယ်။ Impedance (Z) ဆိုတာ ကတော့ the ratio of phasor voltage to phasor current ပါ။
        Z = V /I
        • Resistor: ZR = R
        • Capacitor: ZC= 1 / ( jωC ) = jXC
        • Inductor: ZL = jω L = jXL

          Where;
          C = capacitance (farads)
          L = inductance (henrys)
          ဒီမှာပါတဲ့ j ဆိုတာ ကတော့ Complex index ဖြစ်တဲ့ √-1 ပါ။
      • Power factor ( p.f ) က Inductive Circuit မှာဆိုရင် Lagging (current lags the voltage) ဖြစ်ပြီး Capacitative Circuits ဆိုရင်တော့ Leading (current leads the voltage) ဖြစ်ပါတယ်။
    3. Design Calculation Formulae
      1. Power, P (kW):
        • Single Phase Load:
          P = V × I × p.f
        • Three Phase Load:
          P = √3 × V × I × p.f
      2. Design Current, I (A):
        • Single Phase Load:
          I = kW x 1000 / (V × p.f )
        • Three Phase Load:
          I = kW x 1000 / (√3 × V × p.f )
        • Three Phase Motor :
          I = kW x 1000 / (√3 × V × p.f × Eff )
        • Discharge Lighting :
          I = Wattage of Lamp x 1.8 / V
        • Motor Starting Current:
          Manufacturer’s Data မရနိုင်တဲ့ အခြေအနေ မှာ ခန့်မှန်းဘို့ အတွက်
          • DOL Starter:
            Istarting = 7 × Ifull load for 10s
          • Other Starter:
            Istarting = 4 × Ifull load for 15 s
      3. Voltage Drop (V)
        • Vdrop = [ (r cos φ + x sin φ ) / 1000 ] × I × Length
  4. Power Grids, Preliminary Load Estimates, Basic Metering Scheme
    1. Power Grids
      • အဆောက်အအုံ တွေ ဆောက်လုပ်တဲ့ အခါ အရေးကြီး တဲ့ အချက် ကတော့ လိုအပ်တဲ့ လိုအပ်တဲ့ Power နဲ့ Power Quality ကို အဆက်မပြတ် ရရှိနိုင်ဘို့ ပါ။ ဒီလို နိုင်အောင် အဆောက်အအုံ မဆောက်ခင် ထဲ က စပြီး လေ့လာပြင်ဆင်မှု တွေ လုပ်ရပါတယ်။
      • ပါဝါဖြန့်ဝေတဲ့ Power Grid / Utility Company နဲ့ဆက်သွယ်၊ လိုအပ်ချက်တွေ ကိုတင်ပြ၊ ရှိနေတဲ့ Power Grid Infrastructure တွေနဲ့ ပါဝါ ဆက်သွယ် ရရှိနိုင်မှု တွေ ကို လေ့လာ ပြီး ဆွေးနွေးမှု၊ ညှိနှိုင်းမှု တွေ လုပ်ရသလို ဆောက်နေဆဲ အချိန်မှာ လည်း လိုအပ်သလို တင်ပြ ညှိနှိုင်းမှု တွေ လုပ်ဆောင်ရပါတယ်။ ဒီလို အဆင့်ဆင့် ပူးပေါင်းဆောင်ရွက် မှု ရှိမှ သာ အဆောက်အအုံ ဆောက်ပြီးတဲ့ အချိန်မှာ အချိန်မီ လျှပ်စစ် ပါဝါ ရရှိမှာ ဖြစ်ပါတယ်။
      • တိုးတက်နေတဲ့ နိုင်ငံတွေမှာ အဆောက်အအုံ တစ်ခု က ဆောက်လုပ်ပြီးစီး သွားပေမဲ့ လျှပ်စစ် ပါဝါ မရသေးမချင်း အသုံးမဝင်လှ ပါဘူး။ ရောင်းလို့မရ၊ နေလို့မရ၊ ငှားလို့ မရ နဲ့ပေါ့။ ဒါကြောင့် အချိန်မီ ပါဝါ ရဘို့ က အင်မတန် အရေးကြီး ပါတယ်။
      • လျှပ်စစ် ပါဝါ လျှောက်ထားရတဲ့ Electricity Supply Application Process တွေကို စနစ်တကျ ဖြစ်စေဘို့ အတွက် Power Grid / Utility Company တွေ က Electricity Supply Application Handbook တွေ ရိုက်နှိပ် ထုတ်ဝေ ထားလေ့ရှိပါတယ်။ ဒီစာမှာ တော့ လေ့လာစရာ နမူနာ အဖြစ် Internet ကနေ အလွယ်တကူ Download လုပ်ယူ နိုင်တဲ့ မလေးရှား နိုင်ငံ TNB ရဲ့ "Electricity Supply Application Handbook", TNB Malaysia ကို ညွန်းလိုပါတယ်။ ဒီစာအုပ် ထဲ မှာ သုံးစွဲသူ ဘက်ကရော၊ ပါဝါဖြန့်ဝေသူ ဘက်ကရော ရှိတဲ့ တာဝန် တွေ ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ သုံးစွဲသူဘက် က စနစ်ကျဘို့ လိုအပ်သလို ဖြန့်ဝေသူ ဘက် ကလည်း မီးမှန်ဘို့ တာဝန်ယူရပါတယ်။ ထိန်းသိမ်းလို့ မရတဲ့ အခြေအနေ (ဥပမာ။ ။ မုန်တိုင်း အကြီးအကျယ် တိုက်တာ မျိုး၊ မြေပြိုတာ မျိုး၊ ) ကလွဲရင် အခြားအခြေအနေ တွေ မှာ ခနခန မပြတ်တောက် ဘို့ နဲ့ ပြတ်တောက် ခဲ့ရင် ဘယ်နှနာရီ အတွင်း ပြန်ရအောင် လုပ်ပေးမယ် ဆိုတဲ့ အာမခံချက် တွေ ပေးရပါတယ်။မီးကို ဖြတ်ချင်သလိုဖြတ် ပေးချင်သလို ပေး ၊ မီးအား တက်တက်ကျကျ၊ ဘယ်သူဘာဖြစ်ဖြစ် ဆိုပြီး ထင်ရာစိုင်းခွင့် မရှိတာ ကို တွေ့ရပါလိမ့်မယ်။
      • ပထမ အဆောက်အအုံ မှာ သုံးမဲ့ Load/ Maximum Demand နဲ့ Load Characteristics တွေ ကို ခန့်မှန်း ရပါတယ်။ ပြီးမှ Power Grid Company ကိုတင်ပြရင်း အနီးစပ်ဆုံး ပါဝါလိုင်း က ဘယ်မှာလဲ။ Voltage က HT (High Tension) / Medium Voltage လား LT (Low Tension) လား၊ ဘယ်နှ ဗို့အားတွေ ရနိုင်လဲ ဆိုတဲ့ အချက်အလက် တွေ ကိုလည်း တောင်းယူရပါတယ်။
      • ပေးမှာက ဗို့အား အမြင့် ဆိုရင် ကိုယ်လိုချင်တဲ့ ဗို့အား ရဘို့အတွက် Transformers လိုပါတယ်။ နောက် Power Company's အတွက် Switch Gear ထားဘို့ အခန်းနေရာ ဆောက်ပေးရတတ်ပါတယ်။ ဒီ အခန်း ရဲ့ အရွယ်အစား လိုအပ်ချက် နဲ့ ထားရမဲ့ နေရာ တွေ ကို လည်း သူတို့ Handbook မှာထည့်သွင်း ဖော်ပြလေ့ ရှိပြီး လိုက်နာဘို့ လည်း လိုအပ်ပါတယ်။
      • ကိုယ်သုံးချင်တဲ့ ဗို့အား (ဥပမာ အိမ်သုံးဗို့အား) တန်းရနိုင်ရင် Transformers မလိုသလို HT Switchgear လည်း မလိုအပ် ပါဘူး။ နေရာလည်းသက်သာပါတယ်။ ဒါပေမဲ့ Tariff ယူနစ်တစ်ခု (per VA) အတွက် ကုန်ကျငွေတော့ ပိုနိုင်ပါတယ်။
      • Power Company's ရဲ့ပေးနိုင်တဲ့ ဗို့အားက က ကိုယ်လိုချင်တဲ့ Load/ Maximum Demand ပေါ်မှာ လည်း မူတည် တာမို့ ကိုယ်လိုချင် သလို ပေးမှာ တော့ မဟုတ်ပါဘူ။ Negotiation တော့ အနည်း နဲ့ အများ လုပ်ကြည့် နိုင်ပါတယ်။
      • လိုအပ်တဲ့ အဆောက်အအုံ ရဲ့ Maximum demand (Load) ပေါ်မူတည်ပြီး ပေးနိုင်တဲ့ Supply Voltage တွေ ကို လည်း သတ်မှတ် ဖော်ပြ ထားလေ့ရှိပါတယ်။
        • Malaysia
          • Low Voltage
            1. 240V, 50Hz, Single-phase, two-wire, up to 12 kVA
            2. 415V, 50Hz, Three-phase, four-wire,up to 45 kVA
            3. 415V, 50Hz, Three-phase, four-wire, C.T. metered, up to 1,000 kVA
          • Medium Voltage & High Voltage
            1. 11 kV, 50Hz, Three-phase, three-wire, 1,000 kVA maximum demand and above
            2. 22 kV or 33kV Three-phase, three-wire, 5,000 kVA maximum demand and above
            3. 66kV, 132kV and 275kV, Three-phase, three-wire, exceptionally large load of above 25 MVA
        • Singapore
          1. 230V, 50Hz, Single-phase, two-wire, up to 23 kVA
          2. 400V, 50Hz, Three-phase, four-wire, up to 2,000 kVA
          3. 22 kV, 50Hz, Three-phase, three-wire, up to 30,000 kVA
          4. 66 kV, 50Hz, Three-phase, three-wire, greater than 30,000 kVA
      • နောက် ပိုစိတ်ချချင် Alternative Source နောက်တစ်ခု ရနိုင်၊ မရနိုင် လည်း ညှိနှိုင်း နိုင်ပါတယ် (ငွေတော့ပိုကုန်မယ်)။
      • နောက် Metering Scheme လို့ခေါ်တဲ့ မီတာတွေ ကို ဘယ်လို အစီအစဉ် နဲ့ တပ်ဆင် မှာလည်း ဆိုတာ ကို လည်း သတ်မှတ်ညှိနှိုင်း ရပါတယ်။
    2. Preliminary Load Estimates
      • Project ရဲ့ လိုအပ်ချက် ကို လိုက်လို့ သုံးစွဲမဲ့ လျှပ်စစ်ဓာတ်အား Load ကို အကြမ်းဖျင်း လျာထားရပါတယ်။ Experienced Electrical Engineer တွေ အတွက် ကတော့ ဒါက ထမင်းစားရေသောက် အလုပ်ပါ။ ခပ်ဆင်ဆင် တူတဲ့ အခြား Project တွေ ကနေလည်း မှီငြမ်း နိုင်ပါတယ်။ Utilities Company တွေ မှာလည်း ဒီလို သုံးအား Statistics တွေရှိပါတယ်။ TNB ကတော့ မလေးရှား နိုင်ငံ က သုံးစွဲသူ အမျိုးအစား အချို့ရဲ့ အသုံး Statistics ကို ဒီလို ဖော်ပြထားပါတယ်။
      • Table 3-1: Range of maximum demand (M.D) for domestic consumer sub-classes or premises
        No:Type Of Premises Minimum
        (kW)
        Average
        (kW)
        Maximum
        (kW)
        1Low cost flats, single storey terrace 1.523
        2Double storey terrace or apartment345
        3Single storey, semidetached357
        4Single storey bungalow & three-room condominium5710
        5Double storey bungalow & luxury condominium81215
      • Table 3-2: Range of maximum demand (M.D) for types of shop-houses
        No:Type Of Premises Minimum
        (kW)
        Average
        (kW)
        Maximum
        (kW)
        1Single storey shop house 51015
        2Double storey shop house 152025
        3Three storey shop house 203035
        4Four storey shop house 253545
        5Five storey shop house 304055
      • ဒီအချက်အလက်တွေ ကို မျက်စိမှိတ် သုံးရမှာတော့ မဟုတ်ပါဘူး။ မသုံးခင် ကိုယ့် Project ရဲ့ Nature နဲ့ အဆောက်အအုံ ရဲ့ အမှန်တကယ် လိုအပ်ချက် နဲ့ ကိုက်ညီမှု ရှိမရှိ ဆန်းစစ်ရပါတယ်။
      • Project ရဲ့ လိုအပ်ချက် ကို လိုက်လို့ သုံးစွဲမဲ့ လျှပ်စစ်ဓာတ်အား Load ကို အကြမ်းဖျင်း လျာထားရပါတယ်။
      • ဒီလို ခန့်မှန်းတဲ့ အခါ သုံးစွဲတဲ့ အသုံးကို လိုက်ပြီး ထပ်ဆင့် ခွဲခြားမှုတွေ လည်း လုပ်ရပါတယ်။
        • Power သုံးဘို့ ဆိုရင်
          • Home / Office Appliances
          • Process Equipments (Client ဆီကနေ တောင်းယူရပါမယ်။)
          • Building Services Equipments (such as pumps, fans, chillers, elevators/escalator machines, and extra low voltage systems)
          • Essential Services ( အရေးပေါ် မဟုတ်သော်လည်း အခြေခံ မရှိမဖြစ် လိုအပ်ချက် များ)
          • Emergency Services ( Fire Services, Emergency Lighting etc. (အရေးပေါ် အခြေအနေ လိုအပ်ချက် များ)
        • Lighting (မီးထွန်းဘို့) ဆိုရင်လည်း
          • General Lighting
          • Special / Task Lightings
          • Emergency Lighting
          • Outdoor / Street Lighting
          အစရှိသဖြင့် ထပ်မံခွဲခြားရပါတယ်။
      • ဒါမှ Circuit Arrangement လုပ်တဲ့ အခါ နဲ့ Emergency Load တွေ ကိုလည်း စနစ်တကျ တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။
    3. Basic Metering Scheme
      • ပုံမှန်အားဖြင့် လိုအပ်တဲ့ Meter အားလုံး ကို Power Grid က သူ့စရိတ် နဲ့ သူ တာဝန်ယူ ပြီး တတ်ဆင်ပေး ရလေ့ရှိ ပါတယ်။ လိုအပ်တဲ့ Maintenance ကိုလည်း Power Grid ကပဲတာဝန် ယူရပါတယ်။ မီတာထားဘို့ နေရာ၊ Board, compartments, kiosks, အစရှိတာ တွေ ကိုတော့ သုံးစွဲသူ က တာဝန်ယူ ရလေ့ရှိ ပါတယ်။
      • မီတာ Faulty ဖြစ်ခဲ့ရင် Grid ကပဲ ပြုပြင် ပေးရလေ့ ရှိတယ်။ ထိခိုက် ပျက်စီးခဲ့ ရင်တော့ သုံးစွဲသူ ကသူ့ ပရောဂ မပါကြောင်း သက်သေ မပြနိုင်ရင် ကုန်ကျစရိတ် ကို ကျခံရပါလိမ့်မယ်။
      • Master and Sub-Metering Scheme
        • Multi-tenanted premises လို့ခေါ်တဲ့ သုံးစွဲတဲ့ သူ အမျိုးမျိုး ရှိနေတဲ့ အဆောက်အအုံ တွေ မှာ Master and Sub-Metering Scheme လို့ခေါ်တဲ့ မီတာမကြီး နဲ့ ထပ်ဆင့် မီတာငယ် တွေ ပါတဲ့ အတွဲ ကို သုံးနိုင်ပါတယ်။ ဒီလိုသုံးတဲ့ အခါ tenant တစ်ခုစီ ကို သင့်တော်တဲ့ appropriate tariff နဲ့ မီတာခ တောင်းခံ နိုင်ပါတယ်။ Master Meter ရဲ့ ယူနစ်ထဲ က Tenants တွေ သုံးတဲ့ ယူနစ် ကို နုတ်လိုက် ပြီး ကျန်တာက Owner/Developer/Landlord ရဲ့ အသုံးမို့ အဲဒီ မီတာခ ကို တော့ Owner /Developer /Landlord ကို တောင်းခံ ပါလိမ့်မယ်။
        • တစ်ခါတစ်ရံ Owner/Developer/Landlord က High Tension ယူ၊ ပြီး Low tension ချပြီး ဖြန့်ဝေတဲ့ အခါ သူ့အတွက် အခွင့်အရေး အချို့ကို လည်း Grid ကပေးတတ်ပါသေးတယ်။
      • Tariffs (မီတာခ နှုန်းထားများ)
        • Electricity Supply Application တွေကို စဉ်းစားတဲ့ အခါ ဂရုစိုက် ရမဲ့ အချက်တစ်ခု ကတော့ Tariffs လို့ခေါ်တဲ့ မီတာခနှုန်းထား တွေပါ။ သုံးစွဲတဲ့ Tenants ရဲ့ အမျိုးအစား (သို့) အသုံးပြုပုံ Application ၊ သုံးစွဲတဲ့ အချိန် (နေ့၊ည နာရီသတ်မှတ်ချက်)၊ Voltage နဲ့ သုံးစွဲတဲ့ Power နဲ့ Low Voltage , High Tension စသည်ဖြင့် အနေအထား ကို လိုက်ပြီး သတ်မှတ်ချက် တွေ ရှိနိုင်ပါတယ်။
        • တိုးတက်နေတဲ့ နိုင်ငံ အများစု မှာ စီးပွားရေးအတွက် နေ့ပိုင်းသုံးစွဲ တဲ့ Power ကများ လေ့ရှိတာ မို့ ပိုပြီးတော့ ဈေးကြီး လေ့ရှိပါတယ်။ ညပိုင်းက ပိုသက်သာနိုင်ပါတယ်။ ဒါကြောင့် Air-conditioning systems တွေ အတွက် Thermal Storage System လို့ခေါ်တဲ့ ညပိုင်းပါလည်ပြီး သိုလှောင်ထားတဲ့ Chilled water system တွေ သုံးတဲ့ အခါ ဈေးပိုချို စေနိုင်ပါတယ်။
        • မလေးရှား နိုင်ငံ ရဲ့ မီတာခ နှုန်းထား သတ်မှတ်ပုံ ကို အောက်မှာ ဖော်ပြထားပါတယ်။ March 2009 အရ ပါ။
          ATariff A- Domestic Tariff


          First 200 kWh (1 - 200 kWh) per month 21.8 sen/kWh

          Next 800 kWh (201 - 1,000 kWh) per month 28.9 sen/kWh

          Over 1,000 kWh (1,001 kWh onwards) per month 31.2 sen/kWh

          The minimum monthly charge is RM3.00





          BTariff B - Low Voltage Commercial Tariff


          For all kWh 32.3 sen/kWh

          The minimum monthly charge is RM7.20





          C1Tariff C1- Medium Voltage General Commercial Tariff


          For each kilowatt of maximum demand per month 19.5 RM/kW

          For all kWh 23.4 sen/kWh

          The minimum monthly charge is RM600.00





          C2Tariff C2 - Medium Voltage Peak/Off-Peak Commercial Tariff


          For each kilowatt of maximum demand per month during the peak period 29 RM/kW

          For all kWh during the peak period 23.4 sen/kWh

          For all kWh during the off-peak period 14.4 sen/kWh

          The minimum monthly charge is RM600.00





          DTariff D - Low Voltage Industrial Tariff


          For all kWh 29 sen/kWh

          The minimum monthly charge is RM7.20





          DsTariff Ds – Special Industrial Tariff


          (for consumers who qualify only)


          For all kWh 27.2 sen/kWh

          The minimum monthly charge is RM7.20





          E1Tariff E1 - Medium Voltage General Industrial Tariff


          For each kilowatt of maximum demand per month 19.5 RM/kW

          For all kWh 22.2 sen/kWh

          The minimum monthly charge is RM600.00





          E1sTariff E1s – Special Industrial Tariff


          (for consumers who qualify only)


          For each kilowatt of maximum demand per month 15.1 RM/kW

          For all kWh 21.5 sen/kWh

          The minimum monthly charge is RM600.00





          E2Tariff E2- Medium Voltage Peak/Off-Peak Industrial Tariff


          For each kilowatt of maximum demand per month during the peak period 24.4 RM/kW

          For all kWh during the peak period 23.4 sen/kWh

          For all kWh during the off-peak period 14.4 sen/kWh

          The minimum monthly charge is RM600.00





          E2sTariff E2s – Special Industrial Tariff


          (for consumers who qualify only)


          For each kilowatt of maximum demand per month during the peak period 21 RM/kW

          For all kWh during the peak period 21.5 sen/kWh

          For all kWh during the off-peak period 12.3 sen/kWh

          The minimum monthly charge is RM600.00





          E3Tariff E3- High Voltage Peak/Off-Peak Industrial Tariff


          For each kilowatt of maximum demand per month during the peak period 23.4 RM/kW

          For all kWh during the peak period 22.2 sen/kWh

          For all kWh during the off-peak period 13.3 sen/kWh

          The minimum monthly charge is RM600.00





          E3sTariff E3s– Special Industrial Tariff


          (for consumers who qualify only)


          For each kilowatt of maximum demand per month during the peak period 18.5 RM/kW

          For all kWh during the peak period 20.3 sen/kWh

          For all kWh during the off-peak period 11.2 sen/kWh

          The minimum monthly charge is RM600.00

            • "PEAK PERIOD" means the period between 0800 hours and 2200 hours.
            • "OFF-PEAK PERIOD" means the period between 2200 hours and 0800 hours.
          • March 2009 ရဲ့ နှုန်းထားပါ။ နှုန်း အတက်အကျ ရှိနိုင်ပါတယ်။
          • RM ဆိုတာကတော့ မလေးရှား နိုင်ငံ သုံးငွေ Ringgit Malaysia ကိုဆိုလိုတာ ဖြစ်ပြီး 1 RM = 100 sen (ပြား) ရှိပါတယ်။
          • ပိုပြီး အသေးစိတ် သိချင်ရင် TNB Website မှာ Tariff Booklet Download လုပ်ပြီး လေ့လာ နိုင်ပါတယ်။
        • Singapore နိုင်ငံရဲ့ tariff ကိုသိချင်ရင် တော့ Singapore Power Website မှာသွားရောက် ရှာဖွေ လေ့လာ နိုင်ပါတယ်။ 01 April 2009 အတွက် tariff rate တွေကတော့ ၊
          DescriptionTariff
          (with 7% GST)
          LOW TENSION SUPPLIES, DOMESTIC
           All units19.29¢/kWh
          LOW TENSION SUPPLIES, NON-DOMESTIC
           All units19.29¢/kWh
          HIGH TENSION SMALL (HTS) SUPPLIES
           Contracted Capacity Charge7.45S$/kW/month
           Uncontracted Capacity Charge11.17S$/chargeable kW/month
           kWh charge
               Peak period(7am to 11pm)16.54¢/kWh
               Off-peak period(11pm to 7am)9.71¢/kWh
           Reactive power Charge0.63¢/chargeable kVARh
          HIGH TENSION LARGE (HTL) SUPPLIES
           Contracted Capacity Charge7.45S$/kW/month
           Uncontracted Capacity Charge11.17S$/chargeable kW/month
           kWh charge
               Peak period(7am to 11pm)16.38¢/kWh
               Off-peak period(11pm to 7am)9.7¢/kWh
           Reactive power Charge0.63¢/chargeable kVARh
          EXTRA HIGH TENSION (EHT) SUPPLIES
           Contracted Capacity Charge6.98S$/kW/month
           Uncontracted Capacity Charge10.46S$/chargeable kW/month
           kWh charge
               Peak period(7am to 11pm)15.4¢/kWh
               Off-peak period(11pm to 7am)9.55¢/kWh
           Reactive power Charge0.51¢/chargeable kVARh

    -- ဆက်ရန် --
    အောက် က စာ တွေ ကတော့ အကြမ်းရေးလက်စပါ။
  5. Major Components
    • LV system နဲ့ earthing ကို install လုပ်တဲ့ အခါ ဘယ် appliance မှာပဲ fault ဖြစ်ဖြစ်၊ လူတွေ ထိမိ ကိုင်မိ နိုင်တဲ့ နေရာ အားလုံးမှာ အန္တရာယ် ဖြစ်နိုင်လောက် တဲ့ ဗို့အား အထိအောင် တက်မလာ အောင် စီစဉ်ရပါမယ်။
    • ဒါ့အပြင် Circuit တိုင်းကို overload , earth fault နဲ့ short-circuit currents တွေက နေ လုံလုံလောက်လောက် ptotect လုပ်ပေးရပါမယ်။
    • Electrical Installation မှာ ထိခိုက်ဒါဏ်ရာ ရမှု အများစု ကိုဖြစ်စေတာ က Electrical Wiring ကို မကျွမ်းကျင် တဲ့ Electrical personnel ကြောင့်ပါ။
    • Equipments တွေ၊ Conductor တွေ၊ Protective Devices တွေ နဲ့ accessories တွေ ကို စိစစ်ရွေးချယ် တဲ့ အခါ စွမ်းဆောင်ရည် Performance, capacity, efficiency နဲ့ ဒါဏ်ခံနိုင်မှု စွမ်းရည် တွေ ဖြစ်တဲ့ rating, short-circuit rating တွေ အပြင် Electrical Distributions System ထဲမှာ တပ်ဆင်ထားတဲ့ စက် ပစ္စည်း Major Equipments တွေ Cables, busbars conductors တွေ နဲ့ Protect devices တွေကို ၊ သုံးစွဲမဲ့ electrical appliances တွေ၊ အခြား Building Systems တွေ နဲ့ ရှိနေတဲ့ Occupants လူတွေ ကို အန္တရာယ် ကင်းဝေး ရအောင် သေသေချာချာ ဂရုစိုက် စဉ်းစား ရွေးချယ် ပေးရပါမယ်။
    • Design / Installation မှာ အဓိက စဉ်းစားရမဲ့ အချက်တွေ ကတော့
      • အန္တရာယ် ကင်းကင်း အလုပ်လုပ် နိုင်ဘို့၊ Maintenance လုပ်နိုင်ဘို့၊ လဲလှယ်နိုင်ဘို့ Withdrawable Parts တွေ ကို လွတ်လွတ်လပ်လပ် အန္တရာယ် ကင်းကင်း ထုတ်နိုင်၊ သွင်းနိုင်ဘို့
      • Equipment ပစ္စည်း အထုတ်အသွင်း၊ အလဲအလှယ် လုပ်နိုင်ဘို့၊
      • Short Circuit ဒါဏ် ခံနိုင်စွမ်းရည် အတွင်းရှိဘို့၊
      • Temperature (Conductors/ Equipments)ခံနိုင်ရည် အပူချိန် ထက် ပိုတက်မလာဘို့၊
      • Voltage Drop Limits ကို သတ်မှတ်ချက် အတွင်း ထိန်းထားနိုင်ဘို့၊
      • Disturbance (Magnetic) တွေ ကို ကန့်သတ်နိုင်ဘို့၊
      • Phase တစ်ခုစီ ကဆွဲ တဲ့ Ampere တွေ အတတ်နိုင်ဆုံး Balance ဖြစ်စေဘို့ Circuit တွေ မှာ စီစဉ်ပေးဘို့။
      • Total Safety ကို သေသေချာချာ စဉ်းစားထည့်သွင်း ပေးထားဘို့

    1. High Tension (Medium Voltage) Switchgear in Consumer Substation
      • အဆောက်အအုံ ပိုင်ရှင် ရဲ့ Substation မို့ Consumer Sub-station လို့ခေါ်တာ ပါ။ HT Switch Gear ဖြစ်ပြီး အဓိက ပါဝင်မှာ က High tension အတွက် သင့်တော်တဲ့ Circuit Breaker နဲ့ Control Components တွေ ဖြစ်ကြပါတယ်။ Gas Insulated နဲ့ Air Insulated Switchgear တွေ က အသုံးများပြီး အထဲမှာ ပါဝင်တဲ့ Circuit Breaker ကတော့ SF6 Insulated Circuit Breaker (or) Vacuum Circuit Breaker ဖြစ်နိုင်ပါတယ်။
      • Switchgear : An assembly of main and auxiliary switching apparatus for operating, regulating, protection or other control of an electrical installation.
      • A circuit breaker is a safety device enabling switching and protection of electrical distribution networks.
      • အောက်မှာ HT Switchboard ရဲ့ Schematic ကို HT Single Line drawing တစ်ခု ကနေ extract လုပ်ပြီး ဖော်ပြ ထားပါတယ်။
      • အဝင် ကတော့ Power-Grid Substation ကဖြစ်ပြီး အများအားဖြင့် Busbar conductor နဲ့ ဖြစ်လေ့ ရှိပါတယ်။ ဒီမှာ သုံးထား တာ က GIS (Gas Insulated Circuit Breaker) ဖြစ်ပါတယ်။ သူရဲ့ Characteristics တွေ ကတော့
        • 3P: Three Poles (For 3 Phase Conductors)
        • 24kV: Rated Voltage ဖြစ်ပြီး 24kV အတွက် သင့်တော်ရမယ် လို့ ဆိုလိုပါတယ်။
        • 800A: Rated Current ပါ။ ဒီ Current ကို continuously carry လုပ်နိုင်ရပါမယ်။
        • 25kA, 3s: Short Circuit Capacity(Rated Breaking Capacity)
      • Control & Monitoring လုပ်ဘို့ အတွက် အခြား Current Transformers တွေ နဲ့ components တွေ ကိုလည်း တွေ့ရပါလိမ့်မယ်။
      • ဒီမှာ အထွက် ကတော့ Transformer ဆီကို သွားရမှာ ဖြစ်ပါတယ်။ ဒီမှာ သုံးထားတာက 22kV HT Cable ဖြစ်ပါတယ်။ Cable အစား Busbar Conductor ကိုလည်း သုံးနိုင်ပါတယ်။
      • အောက်မှာ HT Switchboard တွေ ရဲ့ နမူနာ ပုံတွေ ကို ဖော်ပြ ထားပါတယ်။ Catalog & Technical Data တွေ နဲ့ အသေးစိတ် ကို လေ့လာချင် နိုင်ဘို့ အတွက် ထုတ်လုပ်သူ အချို့ ရဲ့ Link တွေ ကတော့



    2. Transformers
      • ဒီမှာ သုံးတဲ့ Transformer ရဲ့ တာဝန်က medium voltage ကနေ အိမ်သုံး၊ စက်ရုံသုံး Equipment နဲ့ Electrical Appliance တွေ အတွက် သင့်တော်တဲ့ voltage ရအောင် step down လုပ်ပေးဘို့ပါ။
      • Transformers : A device that is used to convert electricity energy from higher a.c voltage to desire consumer voltage (step down) or vice versa.
      • အဓိက အသုံးများ တာ ကတော့ Liquid (Mineral Oil or Fire resistance Liquid Filled) နဲ့ Dry Type (Cast Resin) တွေ ဖြစ်ကြပါတယ်။ Oil Type Transformer တွေ အတွက် ဆီယိုတဲ့ အခါ၊ ဖောက်ထုတ်ဘို့ လိုတဲ့ အခါ ဆီ လျှောက် မပြန့်စေဘို့ အကန့် (Oil pit) လိုအပ်ပါတယ်။ Dry Type Transformer တွေ မှာ သတိထား ဘို့ လိုအပ်တာ ကတော့ Temperature Rise class ပါ။(Class A:60°C, E:75°C, B:80°C, F:100°C, H: 125°C, etc.)
      • အများအားဖြင့် Indoor ထားလေ့ ရှိတာ မို့ လုံလောက်တဲ့ Ventilation နဲ့ Fire Protection System တွေ ပါဝင် ရပါမယ်။ လိုအပ်တဲ့ Ventilation Rate (or) Cooling Load ကိုတွက် တဲ့ အခါ Transformer Loss (ပျမ်းမျှ 2.5%) လောက်နဲ့ load factor (0.8) တွေ ကိုထည့် သွင်း စဉ်းစားပေးပါ။ Mechanical Ventilation ပဲပေးမယ် ဆိုရင်တော့ အပြင်က အပူချိန် ထက် 5°C (9°F) ထက် မပိုအောင် စဉ်းစားပြီး အတတ်နိုင်ဆုံး Transformer ရဲ့ အပေါ်တဲ့တဲ့ ကနေ Exhaust ကို ဆွဲထုတ်ပေးပါ။
      • အောက်မှာ Transformer ရဲ့ Schematic ကို HT Single Line drawing တစ်ခု ကနေ extract လုပ်ပြီး ဖော်ပြ ထားပါတယ်။
      • %Z ဆိုတာကတော့ Impedance ရဲ့ တန်ဘိုး Limits ကို ပေးထား တာပါ။
    3. Standby Emergency Power Generators
      • အရေးပေါ် အခြေအနေ မှာ လိုအပ်မဲ့ Life Safety Systems တွေ နဲ့ မီးပြတ်ရင် ဆုံးရှုံးမှု အများကြီးရှိနိုင်တဲ့ စက်ပစ္စည်း တွေ အတွက် လိုအပ်မဲ့ standby power ပေးဘို့ အတွက် တွက်ချက် တပ်ဆင်ထားတဲ့ (အများအားဖြင့်) ဒီဇယ် Standby Power Generator ကိုခေါ်တာပါ။
      • Standby Emergency Power Generators : Electricity Generator set driven by prime mover and of sufficient capacity to supply circuits carrying emergency loads with suitable means for automatic starting of the prime mover on failure of normal service
    4. Main Switchboard (MSB)
      • Switchboard : An assembly of switchgear with or without instruments, but the term does not apply to groups of local switches in final circuits.
    5. Emergency Main Switchboard (EMSB)
      • Utility Network ကဝင်လာတဲ့ မီးပြတ်တောက် ခဲ့ ရင် Standby Back-up Electricity ကနေ အလိုအလျောက် လျှပ်စစ်ပါဝါ ပြောင်းပေးနိုင်ဘို့ တပ်ဆင်ထားတဲ့ Switchboard ပါ။ အရေးအကြီး ဆုံး ကတော့ လူတွေ ရဲ့ အသက် life safety ကို စောင့်ရှောက်ဘို့ တပ်ဆင်ထားတဲ့ Fire Protection, Smoke control systems, Emergency Lighting နဲ့ Emergency evacuation support systems တွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။
      • Emergency Power : To supply electrical power automatically in the event of failure of the normal supply to protect equipment essential of safety to life
    6. Control Systems

      - To be continued -
    7. Fuse, Circuit Breakers, Protective Devices
      1. The rated current (IN) of a circuit breaker is the current that it can carry continuously, generally for a duration of more thon eight hours. The rated current must not cause a temperature rise in excess of the specified values when the ambient temperature is between -5°C to 40°C.
        Different temperature rise limits are specified for different ports of a circuit breaker. A circuit breaker will not operate (trip) if the current passing through if is 105% to 113% of its rated current. It will take one to two hours to trip if the current passing through it is 130% to 145% of the rated current.
      2. The breaking capacity of a circuit breaker is the maximum current (in r.m.s.) that flows through the breaker and the breaker is capable to interrupt at the instant of initiation of the arc during a breaking operation at a started voltage under prescribed conditions. The breaking capacity is usually expressed in kA or MVA. Typical values range from 3 kA to 43 kA.
      3. The making capacity of a circuit breaker is the maximum current that will flow through the breaker and the breaker is capable of withstanding of the instance during a closing operation at a stated voltage under prescribed conditions. Typical values range from 7.4 to 2.2 times the r.m.s. value of the breaking capacity.
        • Miniature Circuit Breaker (MCB)
        • Molded Case Circuit Breaker (MCCB)
        • Air Circuit Breakers (ACB)
        • Residual Circuit Operated Circuit Breakers (RCCB)
    8. Earth fault protection
  6. Cable Sizing / Voltage Drop
    • Conductor (Cable Sizing) အတွက် အဓိက နားလည်ရမှာ တွေ ကတော့။
      • Schedule of Method of Installation of Cables
      • Correction Factors
        • For cables more than one circuit
        • Mineral insulated Cables installed on perforated tray
        • Cable installed in enclosed Trenches
        • Temperature (Operating and Ambient)
      • Conductor Current-Carrying Capacity and Voltage Drop Cables
      • Circuit Breaker Characteristics
      • Load Characteristics (e.g. Motor Starting, Running etc.)
    • ဒီအကြောင်း နဲ့ ပတ်သက်ပြီး စကာင်္ပူ နိုင်ငံ က NTU (Nanyang Technological University), Electrical Engineering Department ရဲ့ Head တာဝန်ယူ ခဲ့ဘူးတဲ့ Professor CY Teo ရေးသားထားတဲ့ "Principles and Design of Low Voltage Systems" မှာရှင်းပြထားပါတယ်။ ဒီစာအုပ်ကို ဝယ်ယူနိုင်မဲ့ နေရာ ကတော့
      • Clementi Book Store
        450 Clementi Avenue 3 #01-297,
        Singapore 120450
      • Phone: 6776-2146| Fax: 67742362
      • Opening Hours: Monday to Friday 9:30 am to 7:00 pm; Saturday 9:30 am to 6:00 pm
      • မသွားခင် stock ရှိမရှိ ဖုန်းဆက်မေးပါ။
    • Prof CY Teo က Consultant တွေ သုံးဘို့ Program တွေ ကို လည်း develop လုပ်ခဲ့ ပါသေးတယ်။ ဒီ Program တွေ အကြောင်းကို Byte Power Publication Website မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ်။
      • VipCoda is a computer program developed for consultant and owner to design and assess electrical system in Buildings and the completed design can be automatically plotted and exported to AutoCAD by another program SmartDraw.
      • VipCrop is another program for the simulation of HT network operation including Load Flow, Fault Current Calculation and Protective Relay Modeling. It is mainly used for HT network planning and analysis for new network, operational planning and switching simulation for existing network and also for pre-fault or post fault network analysis and on how to restore supply during fault conditions.
      • VipCag is another program for the grading of over current and earth fault relays including graphical presentation in log-log scale for fault current and relay operating time.

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...