" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

VAV Box Size ရွေးချယ်နည်း

Variable air volume (VAV) box Sizing - VAV Box အရွယ်အစားရွေးချယ်ခြင်း

Variable air volume (VAV) box ကို  terminal box ဟုလည်းခေါ်လေ့ရှိသည်။ VAV Box အရွယ်အစားများကို ရွေးချယ်ခြင်းသည်(Selection of VAV Boxes size) ACMV အင်ဂျင်နီယာများ သို့ ဒီဇိုင်နာများ အတွက် အလွန်အရေးပါသော အလုပ်တစ်ခုဖြစ်ပြီး အမြဲကြုံတွေတတ်သောအလုပ်လည်းဖြစ်သည်။

VAV Box အရွယ်အစားများကို ရွေးချယ်ရန်အတွက် အောက်ပါ အချက် (၅) ချက်ကိုအခြေခံ၍ စဉ်းစားရန်လိုအပ်သည်။

(1) pressure drop across the box;
VAV Box ၏ ဖိအားဆုံးရှုံးမှု သို့ ဖိအားကျဆင်းမှု

(2) ability of the VAV box controller to measure and control the desired minimum and maximum airflow set points;
လိုအပ်သော အဖြင့်ဆုံးနှင့် အနိမ့်ဆုံး airflow ကို VAV box controller ၏ တိုင်းတာနိုင်မှု နှင့် control လုပ်နိုင်မှု

(3) first costs of the VAV box, its installation, and controls;
VAV box ၏ ဈေးနှန်း၊ တပ်ဆင်ခ နှင့် ပထမဆုံးအကြိမ် ကုန်ကျစရိတ်များ

(4) noise generation; and
အသံဆူညံမှု နှင့်

(5) space constraints.
တပ်ဆင်ရမည့်နေရာအကျယ်အဝန်းကန့်သတ်ချက် တို့ဖြစ်ကြသည်။
   

(1) Pressure drop across the box;
VAV Box ၏ ဖိအားဆုံးရှုံးမှု သို့ ဖိအားကျဆင်းမှု

လေသည် တစ်နေရာမှ တစ်နေရာသို့ ရွေလျားရန်(Move)အတွက် လေဖိအားကွာခြားမှု(Differential Pressure)လိုအပ်သည်။ ထိုအတူပင် လေသည် တစ်နေရာမှ တစ်နေရာသို့ ရွေလျားသွားလျှင် လေဖိအားကျဆင်းမှု(Pressure Drop) ဖြစ်ပေါ်သည်။
လေသည် VAV Box အတွင်းတွင်ဖြတ်သန်းသွားမှုကြောင့် လေဖိအားကွာခြားမှု(Differential Pressure) ဖြစ်ပေါ်သည်။ ယေဘူယအားဖြင့် တူညီသော Air Flow Rate အတွက် အရွယ်အစားကြီးသော VAV Box သည် သေးငယ်သော လေဖိအားကျဆင်းမှု(Pressure Drop) ဖြစ်စေပြီး အရွယ်အစားသေးသော VAV Box သည် ကြီးမားသော လေဖိအားကျဆင်းမှု(Pressure Drop) ဖြစ်စေသည်။

VAV Box ၏ ဈေးသည် VAV Box ၏ အရွယ်အစားကို လိုက်၍ကွားခြားသည်။ VAV Box ၏ အရွယ်အစားကြီးလျှင် ဈေးပိုများသည်။ သို့သော် VAV Box ၏ အရွယ်အစားကြီးလျှင် လေဖိအားကျဆင်းမှု(Pressure Drop) နည်းသည်။ လေဖိအားကျဆင်းမှု(Pressure Drop) နည်းသည့် VAV Box ၏  operation cost သည်လည်းနည်းလေ့ရှိသည်။

ဒီဇိုင်နာများ အသုံးပြုလေ့ရှိသော လက်ခံနိုင်သည့် (Acceptable) လေဖိအားကျဆင်းမှု( Total Pressure Drop) မှာ 0.5 inch of water column (125 Pa )မှ  0.7 inch of water column (175 Pa) ဖြစ်သည်။ သတိပြုရန်အချက်မှာ Total Pressure Drop across the box ဖြစ်သည်။ Statics Pressure Drop မဟုတ်ပါ။

ဇယားမှ ဖတ်ယူနည်း
အောက်ပါ ဇယားအရ ၁၀လက်မ အရွယ်အစားရှိသော VAV Box တစ်လုံးသည် Static Pressure Drop အတွက် 0.32 inch of water column ရှိပြီး Velocity Pressure Drop အတွက် 0.18 inch of water column ဖြစ်သည်။ ထို ၁၀လက်မ အရွယ်အစားရှိသော VAV Box တစ်လုံး၏ အများဆုံးပေးနိုင်သော Max Air Flow Rate မှာ 1100CFM ဖြစ်သည်။ ထို ၁၀လက်မ VAV Box တစ်လုံး၏မှ ထွက်ပေါ်လာသည့် ဆူညံသံသည် 23 Radiated NC ဖြစ်သည်။
ဂရပ်မှ ဖတ်ယူနည်း
VAV Box selection chart တွင်ပြထားသည် 10 inches လိုင်းကို ကြည့်ပါ။ ရေပြင်ညီ လိုင်း Pressure Differential Drop မှ 0.5 လိုင်းအတိုင်းပေါ်တက်သွားလျှင် 10 inches လိုင်း နှင့်ဖြတ်မှတ်ကို ရရှိမည်။ ထိုဖြတ်မှတ်မှ ဘယ်ဘက်သို့သွားလျှင် Air Flow Rate 1000CFM ကို ရရှိမည်။ ထိုကြောင့် Boxes Size, Pressure Differential Drop နှင့် Air Flow Rate (CFM) ၏ အပြန်အလှန်ဆက်သွယ်မှုကိုရသည်။ ကြိုက်သည့် နှစ်ခု ၏ data ကို သိလျှင် ကျန်တစ်ခုကိုရသည်။ ဥပမာ(၁)၁၀လက်မ VAV Box ကို ရွေးချယ်ပြီး Air Flow Rate 1000CFM အလိုရှိလျှင် Pressure Differential Drop 0.5 inch of water column ကို ရရှိမည်။ ဥပမာ(၂) ၁၂လက်မ VAV Box ကို ရွေးချယ်ပြီး Pressure Differential Drop 0.5 inch of water column လက်ခံနိုင်လျှင် Air Flow Rate 1500CFM ရရှိမည်။
   
ဖော်မြူလာနည်း
အောက်တွင်ဖော်ပြထားသော ဖော်မြူလာကို အသုံးပြု၍ Total Pressure Dropကို တွက်ယူနိုင်သည်။
   

(2) ability of the VAV box controller to measure and control the desired minimum and maximum airflow set points;
လိုအပ်သော အများဆုံး နှင့် အနည်းဆုံး airflow ကို VAV box controller ၏ တိုင်းတာနိုင်မှု နှင့် control လုပ်နိုင်မှု

VAV box တိုင်းတွင် အများဆုံး Maximum airflow နှင့် အနည်းဆုံး Minimum airflow rate limitation ဖြစ်သည်။ airflow rate သည် VAV box ၏ အရွယ်အစား (Inlet Diameter) ပေါ်တွင်မှုတည်သည်။ VAV box တစ်ခုသည် သတ်မှတ်ထားသည့် Maximum airflow ကို ကောင်းစွာ control လုပ်နိုင်သလို Maximum airflow ကို ကောင်းစွာ control လုပ်နိုင် ရမည်။ Maximum airflow နှင့် Minimum airflow rate တို့သည်လည်း မိမိ၏ ဒီဇိုင်းလိုအပ်ချက် နှင့်လည်းကိုက်ညီရမည်။

(3) first costs of the VAV box, its installation, and controls;
VAV box ၏ ဈေးနှန်း၊ တပ်ဆင်ခ နှင့် ပထမဆုံးအကြိမ် ကုန်ကျစရိတ်များ
VAV Box ၏ အရွယ်အစားကို ရွေးချယ်ရာတွင် VAV box ၏ ဈေးနှန်း ပေါ်တွင် အခြေခံ၍ ရွေးချယ်လေ့ရှိသည်။ အရွယ်အစားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ တပ်ဆင်ခ(installation cost) ကွာခြားမှုသိပ်မရှိပေ။

(4) noise generation;
အသံဆူညံမှု
လေသည် VAV Box အတွင်းတွင်ဖြတ်သန်းသွားမှုကြောင့် ဆူညံသံဖြစ်ပေါ်လာသည်။
ASHRAE မှ အခန်းမျိုးအစားကိုလိုက်၍ သတ်မှတ်ထားသောဆူညံသံများ
(5) space constraints.
တပ်ဆင်ရမည့်နေရာအကျယ်အဝန်းကန့်သတ်ချက်
VAV Box သည် မျက်နှာကျက်(Ceiling) အတွင်းတွင်တပ်ဆင်လေ့ရှိသည်။ မျက်နှာကျက်(Ceiling) များအတွင်းတွင် သင့်လျော်သော VAV Box အရွယ်အစားတပ်ဆင်ရန် လိုအပ်သောအမြင့် ကို မရရှိနိုင်ပေ။ ထိုကြောင့် ရနိုင်သော အမြင့်ပေါ်မူတည်၍ VAV Box အရွယ်အစားကို ရွေးချယ်တပ်ဆင်ကြရသည်။

VAV Box များကို Pressure Independent  VAV Box နှင့် Pressure dependent  VAV Box ဟု၍နှစ်မျိုးရှိသည်။ Pressure Independent  VAV Box ကို အလွန်အသုံးများသည်။ Pressure Independent  VAV Box များ ၏ controller များတွင် Pressure Independent control logic ကို ထည့်သွင်းအသုံးပြုကြသည်။ Pressure Independent control logic တွင် temperature control loop နှင့် Pressure control loop ဟု၍ cascading control loop နှစ်မျိုးပါဝင်သည်။ Temperature control loop သည် Space Temperature ( အခန်း၏ အပူချိန်ကို VAV Box နှင့် ချိတ်ထားသည့် Thermostat ၏ Sensor မှ တိုင်းယူသည်။)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...