" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Green Certifications ( USGBC's LEED / Singapore Green Marks ) အကြောင်း

ဒီတစ်ပါတ် တော့ ကမ္ဘာပေါ် မှာ အသုံးများ တဲ့ LEED® Green Building Rating System အကြောင်းကို စာဖတ်သူ နဲ့ မိတ်ဆက် ပေးထားပါတယ်။

  1. Introduction
    • Green (High Performance Buildings)
      • Building Industry မှာတော့ Sustainable Development Concept ကိုဆိုလိုပါတယ်။
      • Environmentally Responsible (ပတ်ဝန်းကျင် အပေါ်တာဝန်သိသော)
      • Economically Profitable (စီးပွားရေး အရ တွက်ခြေ ကိုက်သော)
      • Healthy Places to Live and Work (အလုပ်လုပ် ရန် နေထိုင်ရန် ကျန်းမာရေး အတွက် သင့်လျော်သော)
      • အဆောက်အအုံ တွေ လို့ ဆိုပါတယ်။
    • ဘာလို့ Green လုပ်သင့်လဲ။
      • Building Sector က ပတ်ဝန်းကျင် အပေါ် အလွန် အကျိုးသက်ရောက်မှု ရှိလို့
      • U.S. မှာ စုစုပေါင်း စွမ်းအင် အသုံးရဲ့ ၃၀% နဲ့ လျှပ်စစ် အသုံးရဲ့ ၆၀% ကို Building Sector ကနေ သုံးပစ်နေတယ်။
      • တစ်နေ့ကို ရေဂါလံ သန်း ငါးထောင် လောက် အိမ်သာကနေ Flush လုပ်ချ ပစ်နေတယ်။
      • Commercial Construction Projects တွေက အမှိုက်တွေ 2.5lb/ft²-Floor Area နှုန်းနဲ့ စွန့်ပစ်နေတယ်။
      • သဘာဝ အတိုင်း အပင်တွေ တိရစ္ဆာန် တွေ နေထိုင် စရာမြေ နဲ့ လယ်ယာ မြေတွေ ကို ယူသုံးနေတယ်။
    • Green Practices တွေက ဒီဆိုးကျိုး တွေကို လျှော့ချ နိုင်ရုံ မက၊ The Trend of Unsustainable Building Activities တွေ ကို ဘက်ပြန် စေပါလိမ့်မယ်။ ဒါတွေ အပြင်
      • လည်ပတ်စရိတ် ကိုလျော့ကျစေမယ်။
      • ဈေးကွက် ကိုကောင်းစေမယ်။
      • လုပ်အား ကို တိုးတက်စေမယ်။
      • အဆောက်အအုံ အတွင်းပိုင်း လေ မသန့် လို့ ဖြစ်လာ မဲ့ Potential Liability တွေ ကို လျှော့ချပေး နိုင်မယ်။
    • Green Performance မှာ ပိုင်ရှင်တွေ၊ ရှယ်ယာပိုင်ရှင်တွေ၊ နေထိုင်သူ တွေ နဲ့ အများပြည်သူတွေ၊ စတဲ့ သက်ဆိုင်သူ အားလုံး ကို အကျိုးရှိစေမဲ့ Environmental, Economic နဲ့ Social Elements တွေ ပါဝင် ပါတယ်။
  2. LEED® ဆိုတာ ဘာလဲ။ ?
    • LEED ဆိုတာကတော့ The Leadership in Energy and Environmental Design (LEED) Green Building Rating System™ ရဲ့ Acronym (အတိုကောက်) ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ က The U.S. Green Building Council (USGBC) က စတင် စနစ်ချမှတ် လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
    • USGBC ဆိုတာကတော့ Sustainable (ပတ်ဝန်းကျင် ကို အနှောင့်အယှက် မပေး မပျက်စီးစေ ပဲ ရေရှည် တည်တံ့ စေမဲ့) အဆောက်အအုံ တွေ စီးပွားရေး၊ အိမ်၊ ဆေးရုံ၊ ကျောင်း၊ ရပ်ကွက် တွေကို Certify လုပ်ပေးတဲ့ non-profit organization တစ်ခုဖြစ်ပါတယ်။ USGBC ဟာ LEED® Rating Systems နဲ့ တကွ expanding green building practices and education မှာ အဓိက စူးစူးစိုက်စိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
    • LEED® Green Building Rating System က ကိုယ့် ဆန္ဒ နဲ့ ကိုယ် ပါဝင်ရတဲ့၊ လူအများ၏ ဆန္ဒ ကိုအခြေခံ၊ ရှိနေတဲ့ Proven Technologies တွေကို မူတည် ထားတဲ့ national rating system တစ်ခုဖြစ်ပါတယ်။
    • Building ရဲ့ Life-Cycle တစ်လျှောက် မှာ ရ နိုင်မဲ့ Environment Performance ကို Whole Building Perspective ကနေ Evaluate (အကဲဖြတ်) ပြီး Green Buildign လို့ တိတိကျကျ သတ်မှတ် နိုင်မဲ့ စံ ကို ပေးနိုင်တဲ့ စနစ်ပါ။
    • LEED က ရှိနေတဲ့ building types အားလုံး ကို addresses (ရည်ညွှန်း) ပြီး state-of-the-art strategies (နောက်ဆုံးပေါ် နည်းဗျူဟာ တွေ) နဲ့ ဧရိယာ ၅ -ခု ကို အထူးအလေးပေး ဂရုစိုက် ထားပါတယ်။
      1. SS: Sustainable (ရေရှည် တည်တံ့ စေမဲ့) site development
      2. WE:Water Efficiency (ရေ ကို အကျိုးရှိရှိ သုံးရေး၊ ချွေတာရေး),
      3. EA:Energy & Atmosphere (စွမ်းအင် အကျိုးရှိရှိ အသုံးချနိုင်ရေး နှင့် လေထု)
      4. MR:Materials and resources selection (ပစ္စည်း၊ သယံဇာတ သုံးစွဲမှု) , and
      5. EQ: Indoor environmental quality (အဆောက်အအုံ အတွင်း ပတ်ဝန်းကျင် ကောင်း) တို့ဖြစ်ပါတယ်။
      6. ID / IU: New Constructions တွေအတွက် ID (Innovation & Design Process) နဲ့ Existing Buildings တွေအတွက် IU (Innovation in Upgrades, Operation and Maintenance ပါဝင် ပြီး ဆန်းသစ်တီထွင်မှုတွေ၊ အကြံကောင်း တွေကို ကြိုဆို ဘို့ အတွက် ထည့်သွင်း ပေးထား တာပါ။
    • LEED က Performance-oriented system ဖြစ်ပြီး သတ်မှတ် ထားတဲ့ criteria (လိုအပ်ချက်) နဲ့ ကိုက်ညီ ရင် points တွေရပါတယ်။ လိုအပ်ချက် နဲ့ ကိုက်ညီကြောင်း သက်သေပြ နိုင်မဲ့ အချက်အလက် တွေလည်း တင်ပြရပါတယ်။ လိုအပ်တဲ့ Calculation တွေ နဲ့ အတူ သတ်မှတ်ထား တဲ့ Performance Period တစ်ခု အတွင်း မှာ ဆက်တိုက် (အဆက်မပြတ်) ကောက်ယူရရှိ တဲ့ Performance Data တွေကို လည်း ပူးတွဲ တင်ပြရပါမယ်။
    • ရရှိတဲ့ points အရည်အတွက် ပေါ် မူတည် ပြီး ရနိုင်တဲ့ Green Building Certifications Level ကို လေးခု ခွဲခြားထားပါတယ်။
      1. Certified
      2. Silver
      3. Gold
      4. Platinum
      ဒီလို Certified Status ရဘို့ အတွက် Prerequisite (မရှိမဖြစ်သောလိုအပ်ချက်) အားလုံး နဲ့ လိုအပ်တဲ့ Points အရည်အတွက် ကို ရရှိ ဘို့ လိုအပ် ပါတယ်။
    • Categories တစ်မျိုး နဲ့ တစ်မျိုး လိုအပ်တဲ့ Points ချင်းမတူ ပါဘူး။ ဒါက လည်း မတူတဲ့ Nature တွေကြောင့်ပါ။
      ဥပမာ ပြရ ရင်။
      Rating NC EB
      Certified 26 32 points 32-39 points
      Silver 33 38 points 40-47 points
      Gold 39 51 points 48-63 points
      Platinum 52 69 points 64-85 points
         NC: LEED® for New Construction & Major Renovations
         EB: LEED® Existing Building
    • Scope အနေနဲ့ ပြည့်စုံပြည့်စုံ ကျယ်ပြန့်ကျယ်ပြန့် ရှိပေမဲ့ Operation မှာ ရိုးရှင်းလွယ်ကူ အောင် ဒီ System ကို ဒီဇိုင်း လုပ်ထား တယ်လို့ ဆိုပါတယ်။
    • LEED က အလျင်အမြန် တိုးတက်ပြောင်းလဲ နေပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်း ဘို့ လိုအပ်ချက် အသစ်တွေ သာမက လိုအပ်ချက် အဟောင်းတွေ ကို လည်း ပိုပြီးကောင်းလာအောင်၊ မွန်းမံရင်း ပိုပြီးတင်းကျပ် တဲ့ လိုအပ်ချက်တွေ အဖြစ် ပြောင်းလဲသွား နိုင်ပါတယ်။ ဒါကြောင့် လက်ရှိ Current Information နဲ့ လိုအပ်ချက် တွေကို USGBC website မှာသွားရောက် လေ့လာဘို့ တိုက်တွန်းလိုက်ပါတယ်။
    • စာဖတ်သူ ဆက်လက် လေ့လာချင် ရင်တော့
  3. LEED Accredited Professionals (LEED APs)
    • LEED AP ဆိုတာကတော့ green building techniques, the LEED Green Building Rating System နဲ့ the certification process တွေကို သေချာနားလည် တယ်လို့ ပြသ နိုင်တဲ့ ပညာရှင် ကိုခေါ်တာ ဖြစ်ပါတယ်။
    • ဒီလို LEED AP ဖြစ် ဘို့ကတော့ USGBC ရဲ့ အထောက်အပံ့ နဲ့ ဖြစ်ပေါ်လာတဲ့ Green Building Certification Institute (GBCI) က ကြီးမှုးကျင်းပတဲ့ သတ်မှတ်ထားတဲ့ စာမေးပွဲ ကို ဖြေဆို အောင် မြင်ရမှာ ဖြစ်ပါတယ်။
    • LEED Project Team မှာ LEED AP ပါရင် ID/IU အောက်က 1 Point ရပါတယ်။
    • LEED က လူသိများလာ ပြီ ဆိုပေမဲ့ လက်ရှိ အသုံးသိပ် မတွင်ကျယ် သေးတာမို့ ဒီလက်မှတ် ရလို့ အခွင့်အရေး ပိုရမယ် လို့တော့ ပြောလို့ မရပါဘူး။ တကယ် လိုအပ်တဲ့ အသုံးချ မဲ့ သူတွေ အတွက် ပဲ အကျိုးရှိ ပါလိမ့်မယ်။ ဒါပေမဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နဲ့ အတူ အရှိန်အဟုန် နဲ့ ရေပန်းစား လာမဲ့ စနစ်ပါ။
    • နောက် ဒီနည်းပညာ တွေ က နိုင်ငံ တော်တော် များများ အတွက် သင့်တော်ပေမဲ့ စကာင်္ပူ လို မြို့နိုင်ငံ အတွက် တော့ Apply လုပ်ရ အတော် ခက်ပါတယ်။ LEED Certified ဖြစ်ဘို့ တော့ စိတ်ဝင် စားနေကြ ပါပြီ။
    • စာမေးပွဲ က World Wide မို့ နေရာတော်တော် များများ မှာဖြေ ဆိုလို့ရနိုင်ပါတယ်။ ကိုယ်ဖြေချင်တဲ့ နေရာ ကို Online ကနေ Schedule လုပ်ကြည့်၊ မရရင် Test Center ကိုခေါ်ပါ။ စင်္ကာပူ မှာဖြေချင်ရင်တော့ စင်္ကာပူ Test Center က မလေးရှား Center အောက် က ဖြစ်ပြီး ဖြေလို့ ရနိုင်တယ် လို့တော့ မျှော်လင့်ရပါတယ်။ စုံစမ်းကြည့်ပေါ့။
    • စာမေးပွဲ ဝင်ခွင့် အတွက် ထူးထူးခြားခြား လိုအပ်ချက် မရှိပေမဲ့ Building industry Knowledge နဲ့ LEED နဲ့ ပတ်သက်တဲ့ ဗဟုသုတ တီးမိ ခေါက်မိ ရှိဘို့ တော့ လိုအပ်ပါလိမ့်မယ်။
    • လက်ရှိ (as of Sep 2008) စာမေးပွဲ ကြေးကတော့ US$400 ဖြစ်ပါတယ်။
    • GBCI Web Site (http://www.gbci.org/) မှာ EXAM REGISTERATION လုပ်ရပါမယ်။
      • ပထမ Log In လုပ်ဘို့ Account Registration လုပ် ရပါမယ်။
      • ပြီးရင် Log In လုပ် ဖြေဆို မဲ့ စာမေးပွဲ ကို ရွေးချယ် ပြီးရင် Test Center ရွေးရပါတယ်။ စာမေးပွဲ စစ်ပေးတဲ့ အသင်းကတော့ Prometric ဖြစ်ပါတယ်။
      • ပထမ LEED AP Candidate Handbook (PDF) ကို Download လုပ်ယူပါ။
      • စာမေးပွဲ outline of exam content ကို လေ့လာပါ။ ဒါကို သေသေချာချာ လေ့လာပြီးမှ ပြင်ဆင်ပါ။ နမူနာမေးခွန်း ကို လည်း သေချာကြည့်ပါ။ (သေချာအောင် ကြည့်ပါ။)
      • LEED Reference Guideကို ဝယ်ယူပါ။ စာမေးပွဲ နဲ့ တိုက်ရိုက် သက်ဆိုင် မဲ့ စာအုပ် တစ်အုပ် ပဲ လိုအပ်ပါ လိမ့်မယ်။ (ဥပမာ New Construction ဆို LEED NC Handbook, Existing Builidng ဆို LEED EB Handbook) Version ရော Validity ရော သေချာစစ်ပါ။ LEED EB ဆို ခု Sep 30, 2008 မှာ စာမေးပွဲ Register ပိတ်မှာ ဖြစ်ပြီး Dec 2008 အတွင်း အပြီး ဖြေရပါလိမ့်မယ်။
      • တတ်နိုင်ရင် optional USGBC courseကို တက်ရောက် သင်ယူ နိုင်ပါတယ်။
      • Professional Publications Inc. (ppi2pass.com) ကနေလည်း လေ့ကျင့်ခန်း စာအုပ် နဲ့ Flash Card တွေ နဲ့ အခြား Resources တွေ ရနိုင်ပါတယ်။
    • 2009 နဲ့ နောက်ပိုင်း မှာတော့ စာမေးပွဲ ပုံစံ ရော၊ Content တွေ ကိုပါ ပြောင်းလဲမှု တော်တော်များများ လုပ်ပါလိမ့်မယ်။ သတိထားပါ။ GBCI Website မှာ သေချာ လေ့လာပြီးမှ ပြင်ဆင်ပါ။
    • Exam Registeratioin ပြီးသွား လို့ လေ့လာဘို့ လိုအပ်တဲ့ အခါ ဒီ စာမျက်နှာ တွေက အသုံးတဲ့ ပါလိမ့်မယ်။
  4. စကာၤပူ GreenMark
    • LEED နဲ့ တိုက်ရိုက် မသက်ဆိုင် ပေမဲ့ စကာင်္ပူ မှာတော့ သူ့ ကိုယ်ပိုင် GreenMark Program ရှိပါတယ်။ သူကတော့ Criteria (စံညွန်း သတ်မှတ်ချက်) ငါးခု ခွဲ ထားပါတယ်။
      1. Energy Efficiency
      2. Water Efficiency
      3. Site/Project Development & Management (Building Management & Operation for existing buildings)
      4. Good Indoor Environmental Quality & Environmental Protection
      5. Innovation
    • သူ့မှာ လည်း Certified Green Mark Manager (GMM) & Green Mark Professional (GMP) လို့ခေါ်တဲ့ Program ရှိပါတယ်။
    • နောက် ထူးခြားချက် ကတော့ Enhanced Green Mark Incentive Scheme (GMIS) ဆိုတာ ရှိတာပါ။ ဘာ ရရင် ဘယ်လောက် ဆုပေး မယ် ဆိုတဲ့ မက်လုံး ပေးထား တာပါ။ တကယ် လည်း မက်လောက် အောင် ကိုပေး ထားတာပါ။
    • LEED ကတော့ Platinum ရမှပဲ Certified Fee ကိုပဲလျှော့ပေးမှာ ပါ။ Registered Fee , Expedited Fee တွေ က ပေးရအုံး မှာပါ။
    • HVAC Engineer တွေအတွက် Green Building Design Guide- Air-conditioned Buildings ကိုလည်းဖတ်ရှုနိုင်ပါတယ်။
    • အသေးစိတ် သိချင်ရင် တော့ BCA Green Mark Website မှာသွားရောက် လေ့လာ နိုင်ပါတယ်။

Web-Links
  1. The U.S. Green Building Council (USGBC)[ http://www.usgbc.org/ ]
  2. GBCI: Green Building Certification Institute[ http://www.gbci.org/ ]
  3. Prometric Test Center[ http://www.prometric.com/GBCI/default.htm ]
  4. Professional Publications Inc. (ppi2pass.com)
    [ http://ppi2pass.com/ppi/PPIShop_ct_LEED ]
  5. Building & Construction Authority, Singapore

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...