" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."
Power Supply အကြောင်း အခြေခံ လေ့လာရန် ( အင်ဂျင်နီယာ ပညာရပ်များ )
Power Supply အကြောင်း
Power connector အမျိုးအစား
power supply မှာပါဝင်တဲ့  connector အမျိုးအစားလေးတွေကိုအောက်ကပုံမှာဖော်ပြထားပါတယ် ဘာတွေလဲဆိုတော့ 20 /24 pin motherboard power connector p1 လို့ လဲခေါ်တယ် ဒီp1 connector က motherboard ပေါ်မှာချိတ်ဆက်ထားတဲ့ device ကို power တွေဖြန့်ဝေးပေးဖို့ ဖြစ်ပါတယ်, p4 connector- p4 connector ဆိုတာကတော့ cpu အတွက် သီးသန့်  12volt ပြုလုပ်ထားတဲ connector ဖြစ်ပါတယ်.. နောက် hard disk တွေ CD rom တွေကို ပါဝါပေးဖို့ လုပ်ထားတဲ့ခေါင်းကို molex connector လို့ ခေါ်ပါတယ် molex connector မှာ IDE molex နဲ့ SATA power connector ဆိုပြီးရှိပါတယ် floppy drive ကိုပါဝါပေးဖို့  အတွက် connector ကိုတော့ mini connector လို့ ခေါ်ပါတယ်..နောက် pin ၆ pin ပါတဲ့ connector ကိုအချို့  သော power supply တွေမှာတွေ့ ကြရမှာပါ သူက high end PC နဲ့  server computer တွေမှာအသုံးပြုပါတယ် အခုပြောသွားတဲ့  connector ခေါင်းတွေက အထွက် volt တွေဟာ DC volt တွေဖြစ်ပါတယ်..ထွက်လာတဲ့ DC volt တွေမှာပါဝါများလွန်းခြင်းနည်းလွန်းချင်းမရှိအောင်ထွက်ပေးရပါတယ် ဒါမှ over heat ဖြစ်ခြင်းကိုကာ ကွယ်ပေးနိုင်မှာဖြစ်ပါတယ်..အရင်တုန်းက IDE HDD တွေကို power ပေးဖို့အတွက် molex ခေါင်းတွေကိုပဲသုံးတယ်။ SATA HDD တွေပေါ်လာတော့ သီးခြား power connector ကိုသုံးလာကြပါတယ်။ SATA power connector တွေဟာ L ပုံ ပြုလုပ်ထားတဲ့အတွက် မှားတပ်ဖို့ရာ မရှိပါဘူး။ သူ့မှာ Pin ၁၅ ခုပါဝင်တယ်။ တချို့ SATA HDD တွေမှာတော့ molex connector ကိုပါအသုံးပြုနိုင်အောင် ထည့်ပေးထားတယ်။ ယခုနောက်ပေါ် PSU တွေမှာ SATA power connector တစ်ခုကနေ နှစ်ခုလောက်ထိ ထည့်သွင်းပေးထားကြတယ်။ မပါလည်းပြဿနာမရှိပါဘူး။ Molex to SATA power connector တွေကို အလွယ်တကူဝယ် ယူရရှိနိုင်ပါတယ်(အောက်ကပုံတွင်တွေ့ နိုင်ပါတယ်)။ဒီနေရာလေးမှာပဲ connector နဲ့ ပတ်သက်တာ နည်းနည်းပြောပြချင်ပါတယ် ကွန်ပျူတာမှာ ဘယ် connector မဆို မှားတပ်လို့ မရပါဘူး အဲသလိုမှားတပ်လို့ မရအောင်ကို chamfer စောင်းလေးတွေနဲ့  D shape ပုံသဏ္ဍန်ပြုလုပ် ပေးထားတတ်ကြပါတယ် audio ကြိုး usb cable ကြိုးတို့ ကို အတွင်းပိုင်း motherboard မှာတပ်ဆင် တဲ့အခါမှာလည်း မှားပြီးတော့ထိုးလို့  မရအောင် ငုတ်တစ်ခုကို လွတ်ထားပေး တတ်ကြပါတယ်..ဒါဟာ ကောင်းမွန်တဲ့နည်းပညာတစ်ရပ်လို့  ဆိုရမှာပါ…
Power supply technologyပါဝါ supply ကိုတည်ဆောက်တဲ့အခါမှာနည်းပညာနစ်မျိုးနဲ့ တည်ဆောက်ခဲ့ကြတယ် linear power supply နဲ့  Switch mode power supply နည်းပညာတို့ ဖြစ်တယ် linear power supply ဆိုတာ transformer ကိုအသုံးပြုပြီးတော့မှ stable ဖြစ်စေဖို အတွက် linear regulator ကိုတည်ဆောက်ရပါတယ်.. low voltage ကိုထုတ်ပေးရတဲ့ အတွက် power ဖြန်းတီးမှုများပြီး heat ကိုပိုများစေပါတယ် ဒီ Power supply ဟာဆိုရင် အထဲမှာ transformer ကိုထည့်သွင်းတည် ဆောက်ထား တာဖြစ်တဲ့အတွက်အလေးချိန်ပိုများပါတယ်..သူရဲ့  transformer frequency ဟာ 50 Hz/ 60Hz ရှိပါတယ်.. အခုတော့မသုံးတော့ပါဘူး အရင်တုန်းက သုံးခဲ့တဲ့  Power supply အမျိုးအစားတွေဖြစ်ပါတယ်..ခုလက်ရှိမှာ သုံးနေတဲ့ အမျိုးအစားတွေက switch mode power supply အမျိုးအစားတွေပါပဲ..switch mode power supply ဆိုတာ transformer ကိုအသုံးမပြုပဲနဲ့  retifire ကိုခံပြီး DC output ထုတ်နိုင်တဲ့နည်းပညာနဲ့  တည်ဆောက်ထားတာဖြစ်တယ် crowbar circuit ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူ အနေဖြင့် အန္တရယ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်.. power good signal ကိုထည့်သွင်း တည်ဆောက် ထားတဲ့အတွက် unnormal ဖြစ်နေတဲ့  voltage ကိုပါကာကွယ်မှူပေးနိုင်ပါတယ်..ဒါကြောင့် ဒီနေ့ မှာဆိုရင် SMPS power supply ကိုသာအသုံးပြုကြတာပေါ့.. အားသာချက်အားနည်းချက်တော့ပြောစရာမလို လောက် အောင်ပါပဲ smps က power supply လောကမှာ standard တစ်ခုအဖြစ်ရပ်တည်လာခဲ့တာယနေ့ တိုင်ပါပဲ…
Power Efficiency Rating
ကွန်ပျူတာအစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ လျှပ်စီးကြောင်းတွေကို Wall Outlet Voltage ကနေ Lower Voltage Level ကို ပြောင်းတဲ့အချိန်မှာ တစ်ချို့လျှပ်စီးကြောင်းလေးတွေက အပူအဖြစ်ကို ပြောင်းပြီး အလဟဿဖြစ်သွားတာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် ဒီ Power Supply တစ်ခုဟာ 450 W ပေးတယ်လို့ ပြောထားပေမယ့် တကယ်တမ်း Wall ကနေဆွဲယူတဲ့အခါမှာ ဒီထက်ပိုပြီးတော့ ဆွဲယူရပါတယ်။ ဒါကြောင့် Power Efficiency Rating ဆိုတာ ဖြစ်လာတာပါ။ ကွန်ပျူတာကနေ ပြန်ထွက်လာတဲ့ Power နဲ့တကယ်တမ်း Wall ပေါ်ကနေ ဆွဲယူတဲ့ Power နဲ့ကို နှိုင်းယှဉ်ထားတဲ့ ဟာကို Power Efficiency Rating လို့သတ်မှတ်ခဲ့တာပါ။ Standard အသစ်တွေမှာ Power Efficienchy အနည်းဆုံး ၇၀ ရာခိုင် နှုန်းလောက်ရှိရပါမယ်။ သို့သော် တကယ်တမ်း ရှိသင့်တောက တော့ ၈၀ ရာခိုင်နှုန်းလို့ပြောပါတယ်။ Wattage Level ဘယ် လောက်ပဲရှိရှိ Power Efficiency ၈၀ ရာခိုင်နှုန်းထက်ပိုပြီးပေးနိုင်တဲ့ Power Supply ကတော့ တကယ့်ကို နည်းနည်းလေး ပဲရှိပါသေးတယ်။ အခုလက်ရှိ Power supply တော်တော်များများဟာ 70% နဲ့  80% ကြားမှာရှိတာ များပါတယ်…
Power supply form factor
နောက် power supply form factor ကိုလေ့လာကြည့်ရအောင်.. စောနတုန်းကလည်း ပြောတော့ပြောခဲ့  ပြီးသားပါ..power supply မှာ form factor အမျိုးအစားများစွာရှိတဲ့ အထဲကမှာ ..AT နဲ့  ATX ကိုနည်းနည်း ပြန်ပြောပြချင်တယ် ဘာလို့ လဲဆိုတော့သိသင့်တယ်ထင်လို့ ..AT power supply ကိုအသုံးပြုရင် AT motherboard AT case ပဲဖြစ်ရမယ် ဘာလို့ လဲဆိုရင်သူက မှားတပ်လို့ မရဘူး ဒါကြောင့်AT power supply ATX motherboard ဆိုတာမရှိဘူး..Power supply များစွာရှိတဲ့အနက် အမျိုးအစားတွေကိုလေ့လာ ကြည့် မယ်…PC/XT ဆိုတာ IBM ကပထမဦးဆုံးစတင်ပြီးအသုံးပြုခဲ့ တဲ့  power supply ဖြစ်တယ်..power supply ကိုစတင်မွေးဖွား ပေးခဲ့တဲ့သူလို့ ပြောရင်လဲရပါတယ်..
AT power supply ကတော့အထူးတလည်ပြောဖို့ မလိုတော့ပါဘူး ဟိုးကွန်ပျူတာဘိုးအေကြီးတွေသုံးခဲ့တဲ့  ခေတ် 1970၀န်းကျင်လောက်ကအသုံးပြုခဲ့ကြတဲ့ power supply အမျိုးအစားပဲ..babyAT ဆိုတာ AT power supply ရဲ့ အားနည်းချက်တွေကိုပြုပြင်ပြောင်းလဲနိုင်ခဲ့တဲ့ power supply အမျိုးအစားတစ်ခုဖြစ်ပါတယ် 1985 -95 ကာလတွေတုန်းကအသုံးပြုခဲ့ကြတယ်… LPX12V PSU တွေကိုတော့ low-profile BTX System တွေမှာသုံးပါတယ်။သူ့ ရဲ့  connector တွေကလည်း AT baby AT တို့ လိုတွေပါပဲ… ATX/ATX12Volt/NLX တွေက အခုလက်ရှိသုံးနေတဲ့ အမျိုးအစားတွေပါပဲ ..အထက်ကပြောတဲ့  ပုံစံတွေဟာ architechure အရကွဲပြားပြီးအားနည်းချက်တွေကိုပြင်ဆင်ခဲ့ကြတာ..SFX ဟာ အခု လက်ရှိသုံးနေတဲ့ ATX တို့ နဲ့ ဆင်ပါတယ် ဒါပေမဲ့ သူ့ မှာ -5volt compatiable မပါဘူး..ဘာလို့  လဲဆိုတော့ -5v က ISA bus အတွက်ပဲဖြစ်တာ နောက်ပိုင်း ISA bus မထုတ်တော့တဲအတွက်-5volt ကိုလည်းထည့်စဉ်းစားစရာမလိုတော့တဲ့ အနေအထားမျိုးနဲ့ ထုတ်ခဲ့ဟန်တူပါတယ်..WTX power supply ကို 1998 -99 ခုနှစ်များမှာ စတင်အသုံးပြုခဲ့ပြီး power supply ရဲ့ အကောင်းဆုံးအနေထား design ကိုပြုလုပ်နိုင်ခဲ့တယ်..motherboard နဲ့  case တို့ ရဲ့ standard အဖြစ်သတ်မှတ်ခဲ့ကြတာ ဒီနေ့ ထိအသုံးပြုလျက်ပါပဲ။ AT motherboard တွေဟာ computer power ကိုလက်နဲ့ ပိတ်ပေးရတယ်အဲဒါကို manual close လုပ်ပေးရတယ်လို့ ခေါ်တယ် ATX မှာကျတော့ လူကိုယ်တိုင်ပိတ်စရာမလိုဘူး software နဲ့ ပိတ်လိုက်ရုံနဲ့  အဆင်ပြေတယ် အဲဒါကို power soft system လို့ ခေါ်ပါတယ်..ကွန်ပျူတာက auto ပိတ်သွားတာ..အခုလက်ရှိကွန်ပျူတာတွေမှာ shut down လုပ်ရင်အားလုံး ok ပဲ နောက်လည့်ကြည့်စရာမလိုဘူးပေါ့..
Power supply watt ဘယ်လိုရွေးမလဲ
power supply ကို watt များတာ ကိုဝယ်ပါ..watt များလေစိတ်ချရလေပါပဲ ဒါပေမဲ့  watt များတော့ဈေးလဲများတယ် ဗျ.. အဲဒါလေး တော့ရှိ တယ်..ကိုယ့် system က 450 W သုံးလို့ 450W PSU ကိုမဝယ်ယူသင့်ဘူး။ သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ် ၊PSUတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာ ရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မတ်တည်း သုံးတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
power supply ကောင်း မ ကောင်း
ဘယ်လို စမ်းရ မလဲ computer မှာ မတပ်ဘဲနဲ့အကြမ်းအားဖြင့် တော့... PowerSupply မှာ 20 (or)24 pins ပါတဲ့ခေါင်းကိုရှာပါ။ တွေ့ ရင် အစိမ်းရောင်ပင် နှင့် ကြိုက်ရာအနက်တစ်ပင်ကို နန်းကြိုးမျှင် (သို့ ) paper clip လေးနဲ့ ပါဝါပေးပြီးရှော့ ရိုက်ကြည့်လိုက်ပါ။ ရှော့ရိုက်ကြည့်လို့  Power Supply Fun လည်ရင်တော့ ကောင်း တယ်လို့ မှတ်ပါ။ မလည်ရင်မကောင်းဘူးပေါ့ဗျာ.... ဗို့ ထွက်မှန်မမှန် သိချင်ရင်တော့ Meter နဲ့ တိုင်းကြည့် လို့  ရပါတယ်... Digital Meter ဆိုရင် ပိုကောင်းတာပေါ့.. အနီပင်နဲ့ အနက်နဲ့  တွဲထောက်လိုက်လို့  5 volt ထွက်ရင်မှန်တယ်။ အ၀ါနဲ့  အနက်နဲ့  တွဲထောက်ကြည့်လို့  12 volt ထွက်ရင်မှန်တယ်။ စမ်းကြည့်လို့  မကောင်းရင်တော့ Power Supply အသစ်သာဝယ်လဲလိုက်ပါ..power supply မကောင်းတာကို အတင်းတောင့်ခံပြီးတော့ မသုံးပါနဲ့  သူနဲ့ ဆက်စပ်တာတွေကြွရင်အကုန်လိုက်ဝယ်ရပါတယ် ….
UPSအခုက ကျွန်တော် တို့ မီးအမြဲတမ်း လာတဲ့အချိန်ဆိုရင် ကွန်ပျူတာသုံးရတာ ပြဿနာမဟုတ်ဘူး..နို့ မဟုတ်ပဲ မီးကပြတ်လိုက် လာလိုက်ဖြစ်တဲ့ အချိန်လိုမျိုးမှာ မိမိက application လုပ်ငန်းကို လုပ်နေတဲ့အချိန်မျိုး ရုတ်တရက်မီးပြတ်သွားရင် save မလုပ်မိလိုက်တဲ့အခါမျိုးဆိုရင် ကိုယ်လုပ်ထားသမျှတွေသွားရော.. ကြူံဖူးပါတယ် ကျွန်တော်တို့ လည်း..ကိုယ်က တစ်မနက်လုံး စာတွေလျှောက်ရေးတာပေါ့ဗျာ စာထဲစိတ်က ရောက်နေတော့ ရေးလို့ ကောင်းတုန်း မီးက ဖြတ် ဆိုပြတ်သွားရော ကိုယ်ကစာမျက်နှာလေး သုံးလေးမျက်နှာ လေးရေးထားတာ အားပါးပါး နမြောလိုက်တာ အဲလိုမဖြစ်အောင် ကိုယ်က save လုပ်ဖို့ အချိန်ရအောင် ups ခံထားရပါတယ်..ups ဆိုတာ uninterruptable power supply ပါဝါပြတ်တောက်ခြင်းအလျင်းမ၇ှိသော power supply လို့ ခေါ်တယ် အဲလိုပြောလိုက်လို့ အမြဲတမ်းသုံးရတာလား မီးမလာလဲသုံးလို့ ရလားပေါ့ အဲလို တော့မဟုတ်ဘူး..သူက လုပ်လက်စလုပ်ငန်းကို save လုပ်ဖို့ အချိန်ရအောင် ရုတ်တစ်ရက်ကျမသွား အောင်ပြုလုပ် ထားပေးတာ..15 မိနစ် နာရီဝက် လောက်တော့ထိန်းထားပေးနိုင်တယ်..ဒါကြောင့်ကျွန်တော်တို့  ဆီမှာသုံးတဲ့အခါ ups တွေခံသုံးကြ တာပေါ့.. ခုနောက်ပိုင်းဆိုရင် မီးအားတွေကို stable ဖြစ်အောင် လုပ်ပေးတာရယ် ups ပြတ်တောက် မသွားအောင် ထိန်းပေးထားတဲ့အရာတွေနဲ့ တွဲပြီးတပ်ဆင်ထားကြ တယ်..24 နာရီ အမြဲမပြတ်လာနေတဲ့ နိုင်ငံတွေမှာတော့ ups ကမလိုပါဘူး..အသုံးပြုရင်လည်း လုပ်ငန်းတွေလောက်ပဲသုံးတာများတယ် အိမ်သုံးတော့ ထားကြ တာနည်းပါတယ်..ကဲအားလုံးပဲ ဒီနေ့ တော့ ဒီလောက်ပါပဲဗျာ…
ဆွေးနွေးချက်အနှစ်ချူပ်
၁။ကွန်ပျူတာမှာတပ်ဆင်ထားတဲ့ power supply တစ်လုံးရဲ့ အဓိကရည်ရွယ်ချက်က AC (Alternating current ) ကနေ DC(Direct current) ကိုပြောင်းလဲပေးပါတယ်..ဘာဖြစ်လို့ လဲဆိုရင် electoronic device တွေဟာ DC volt ကိုအသုံးပြုရလို့ ပါပဲ…အထွက်ဗို့  အားကိုဘယ်လောက်တွေထုတ် ပေးလဲဆို တော့ 3.3volt , 5volt , 12volt တွေထုတ်ပေးရပါတယ်
၂။ ပါဝါ supply ကိုတည်ဆောက်တဲ့အခါမှာနည်းပညာနစ်မျိုးနဲ့ တည်ဆောက်ခဲ့ကြတယ် linear power supply နဲ့  Switch mode power supply နည်းပညာတို့ ဖြစ်တယ် linear power supply ဆိုတာ transformer ကိုအသုံးပြုပြီးတော့မှ stable ဖြစ်စေဖို အတွက် linear regulator ကိုတည်ဆောက်ရပါတယ်.. low voltage ကိုထုတ်ပေးရတဲ့ အတွက် power ဖြန်းတီးမှုများပြီး heat ကိုပိုများစေပါတယ် ဒီ Power supply ဟာဆိုရင် အထဲမှာ transformer ကိုထည့်သွင်းတည် ဆောက်ထား တာဖြစ်တဲ့အတွက်အလေးချိန်ပိုများပါတယ်..သူရဲ့  transformer frequency ဟာ 50 Hz/ 60Hz ရှိပါတယ်.. အခုတော့မသုံးတော့ပါဘူး အရင်တုန်းက သုံးခဲ့တဲ့  Power supply အမျိုးအစားတွေဖြစ်ပါတယ်..ခုလက်ရှိမှာ သုံးနေတဲ့ အမျိုးအစားတွေက switch mode power supply အမျိုးအစားတွေပါပဲ..switch mode power supply ဆိုတာ transformer ကိုအသုံးမပြုပဲနဲ့  retifire ကိုခံပြီး DC output ထုတ်နိုင်တဲ့နည်းပညာနဲ့  တည်ဆောက်ထားတာဖြစ်တယ် crowbar circuit ထည့်သွင်းတည်ဆောက်ထားတဲ့အတွက် အသုံးပြုသူ အနေဖြင့် အန္တရယ်မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်.. power good signal ကိုထည့်သွင်း တည်ဆောက် ထားတဲ့အတွက် unnormal ဖြစ်နေတဲ့  voltage ကိုပါကာကွယ်မှူပေးနိုင်ပါတယ်..ဒါကြောင့် ဒီနေ့ မှာဆိုရင် SMPS power supply ကိုသာအသုံးပြုကြတာပေါ့..
၃။သာမန်အားဖြင့် ကိုယ်လိုအပ်တဲ့ပမာဏရဲ့ ၃၀% လောက်ပိုပြီး PSU ကိုဝယ်ယူသင့်တယ်။ ဘာကြောင့်လဲ့ဆိုတော့ PSU တစ်ခုဟာ အထက်မှာဆိုခဲ့တဲ့အတိုင်း AC power အားလုံးကိုမပြောင်းလဲပေးနိုင်တာရယ် ၊PSUတွေဟာ အချိန်ကြာလာတာနဲ့အမျှ စွမ်းရည်ကျသွားတာ ရယ်၊ ကိုယ့်ရဲ့ system ထဲက components တွေက power ကို တသက်မတ်တည်း သုံးတာမဟုတ်တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com
Related Posts Plugin for WordPress, Blogger...