March 14, 2009
ဘာလဲ QS ( Quantity Surveyor ) ဆိုတာ...
Quantity Surveyor တဲ့...။ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင်
အရည်အတွက်ကို တိုင်းတာသူပေါ့လေ။ ထားပါ။ QS ဆိုတာကို QS လို့ပဲ ဒီနေရာမှာ
မှတ်ထားကြပါစို့။ အဲ့ဒီ QS ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာတော့
အသုံးတော်တော်နည်းပါတယ်။ တခြားသော နိုင်ငံတွေမှာတော့ ဘယ်လောက်အတိုင်းအတာအထိ
နေရာယူသလဲ မသိပေမယ့် စင်္ကာပူဆောက်လုပ်ရေးနယ်ပယ်မှာတော့ တော်တော်လေး
နေရာယူတဲ့ စကားလုံးတစ်ခုပါ။ ဘာလို့နေရာယူတာလဲ၊ ဘာတွေလုပ်ရတဲ့
ပညာရပ်မိုလို့လဲလို့ စိတ်ဝင်စားသူတွေအတွက် ဆက်ပြောပြပါမယ်။
ဆရာကျလွန်းလို့တော့ မဟုတ်ဖူးပေါ့လေ။ ကျွန်မရဲ့ ပြည်တွင်းမှာရော စင်္ကာပူမှာပါ
တွေ့ကြုံဖြတ်သန်းခဲ့တဲ့ QS လုပ်သက် ၅နှစ်ကျော်ကို အခြေခံပြီးတော့
သိခဲ့သလောက်၊ မှတ်ခဲ့သလောက် ပြန်လည်လက်ဆင့်ကမ်းတဲ့ သဘောပါပဲ။
Quantity Surveying ဆိုတာ မြန်မာနိုင်ငံရဲ့
ဘယ်တက္ကသိုလ်မှာမှ အထူးပြုဘာသာရပ်အဖြစ် ပြဌာန်းသင်ကြားတာမျိုး မရှိပါဘူး။
မြန်မာပြည်လုပ်ငန်းခွင်မှာလည်း အထူးတလည် နေရာပေးထားခြင်းမျိုးမရှိပါဘူး။
လုပ်ငန်းကြီးတွေမှာသာ QS Section ဆိုပြီး ဌာနခွဲအသေးစားမျိုး ထားတတ်ပါတယ်။
စင်္ကာပူမှာတော့ ကျယ်ပြန့်ပါတယ်။ B.Sc ( Quantity Surveying ), Diploma in
Contract Management ဆိုပြီးတော့လည်း ဘွဲ့တစ်ခုအနေနဲ့ပေးပါတယ်။
ဒါကြောင့်လည်း မြန်မာပြည်ကနေ အလုပ်လာရှာတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်
စင်္ကာပူကိုရောက်တဲ့အခါ သတင်းစာမှာ Quantity Surveyor
ဆိုတဲ့အလုပ်ကြော်ငြာတွေ အများကြီးတွေ့ပါလိမ့်မယ်။ ဘာတွေလုပ်ရတာလဲ
ဆိုပြီးတော့လည်း မေးခွန်းတွေရှိလာပါတယ်။ အခုမှ စရောက်တဲ့သူတွေကိုတော့ QS
ဆိုတာ Estimate တွက်ပေးရတာပါဟာလို့ နားလည်လွယ်အောင် ပြောလိုက်ရပေမယ့်
လုပ်ငန်းခွင်ဟာ ပြောသလောက် မလွယ်ပါဘူး။ စကားများများမပြောချင်ရင်၊
စိတ်မရှည်ရင်၊ ဆက်ဆံရေးမပြေပစ်ရင် ဘ၀ဆက်တိုင်း QS
မလုပ်ပါရစေနဲ့တော့လို့တောင် ဆုတောင်းရပါလိမ့်မယ်။ ဒါကြောင့်လည်း
လုပ်ငန်းသဘာဝ မိန်းကလေးကိုသာ ဦးစားပေးပြီး QS Position
ကိုခန့်ထားတတ်ပါတယ်။
တကယ်တော့ QS ဆိုတာ Engineering Major တွေထဲက Civil (
မြို့ပြ ) အထူးပြုဘာသာရပ်နဲ့ အများဆုံးနှီးနွယ်နေတဲ့
ဘာသာခွဲတစ်ခုလို့ပြောရင်လည်း မမှားပါဘူး။ ဘာကြောင့်လည်းဆိုတော့ QS
တစ်ယောက်ရဲ့ တာဝန်တွေထဲမှာ အဓိကဖြစ်နေတဲ့ အဆောက်အဦးတစ်ခုရဲ့
ခန့်မှန်းခြေကုန်ကျစရိတ် တွက်ချက်ခြင်း ( Estimating ) ဆိုတဲ့ ဘာသာရပ်ဟာ
မြို့ပြအင်ဂျင်နီယာဘာသာရပ်ရဲ့ ဘာသာခွဲတစ်ခုအနေနဲ့
ပြဌာန်းထားခြင်းကြောင့်ပါပဲ။
လူအများကသိထားသလိုပါပဲ... အင်ဂျင်နီယာဘာသာရပ်တွေထဲမှာ
မြို့ပြအင်ဂျင်နီယာဆိုတာ အဆောက်အဦး ဆောက်ရပါတယ်။ လမ်း၊တံတားတွေ
ဆောက်ရပါတယ်။ အဲ့ဒီလို တည်ဆောက်ဖို့အတွက် လုပ်ငန်းခွင်တစ်ခုအဖြစ် မြေပေါ်မှာ
ကွင်းကွင်းကွက်ကွက် မပေါ်လာသေးခင် သက်ဆိုင်ရာ အင်ဂျင်နီယာပညာရှင်တွေ
စုပေါင်းပြီး စာရွက်ပေါ်မှာ၊ ကွန်ပျူတာထဲမှာ ကြိုတင်အလုပ်တွေ
အများကြီးလုပ်ကြရပါတယ်။ အဆောက်အဦးတစ်ခုကိုဆောက်ဖို့
မြေတိုင်းပညာရှင်တွေလိုအပ်တယ်၊ ဗိသုကာဒီဇိုင်းပညာရှင်တွေလိုအပ်တယ်၊
အဆောက်အဦးရဲ့ ခံနိုင်ဝန်တွေအတွက် Structure ပညာရှင်တွေလိုအပ်တယ်၊
ပုံစံထုတ်ဖို့ ပုံဆွဲကျွမ်းကျင်သူတွေ လိုမယ်။ လျှပ်စစ်မီးအပိုင်းတွေရှိမယ်။
ဓါတ်လှေကားလို စက်တွေပါတဲ့ အဆောက်အဦးတွေအတွက် စက်မှုအပိုင်းတွေပါမယ်။
ပိုက်လိုင်းတွေရှိမယ်။ Landscaping လို့ခေါ်တဲ့ မြေသဘာဝကို ပြုပြင်ဖန်တီးတဲ့
အပိုင်းတွေပါဝင်မယ်။
အဲ့ဒီလို အစိတ်အပိုင်းပေါင်းများစွာ ပါဝင်နေတဲ့
အဆောက်အဦးတစ်ခုကို တကယ်တည်ဆောက်တဲ့အခါ ငွေကြေးပမာဏအားဖြင့်
ခန့်မှန်းခြေဘယ်လောက် ကုန်ကျမယ်ဆိုတာမျိုးကို တွက်ချက်ဖို့လိုအပ်လာပါပြီ။
အဲ့ဒီအတွက် မြို့ပြအင်ဂျင်နီယာ အထူးပြုမှာ ခန့်မှန်းခြေကုန်ကျစရိတ်
တွက်ချက်မှုဆိုတဲ့ Esitmate ဘာသာရပ်ကို ထည့်သွင်းသင်ကြားကြရခြင်းဖြစ်ပါတယ်။
ဟုတ်ပြီ။ ဒါဆိုရင် Estimate ဆိုတာဘယ်လိုလဲဆိုတာကို
အကြမ်းမျဉ်းပြောပြပါဦးမယ်။ Estimate ဆိုတာ ခုနကပြောသလို
အဆောက်အဦးတစ်ခုရဲ့ ခန့်မှန်းကုန်ကျစရိတ်တွေကို တွက်ချက်ရတာဖြစ်တဲ့အတွက်
တကယ်မတည်ဆောက်ခင် စာရွက်ပေါ်မှာ ထွက်လာတဲ့ ပုံကိုကြည့်ပြီး
တိုင်းတာတွက်ချက်ရပါတယ်။ ဥပမာ- အိမ်တစ်လုံးဆောက်ပြီ ဆိုပါစို့။ အုတ်နံရံက
ဘယ်လောက်ဧရိယာပါမယ်။ အမိုးက ဘယ်လောက် ဧရိယာပါမယ်။ ပြူတင်းပေါက်က
ဘယ်နှပေါက်ပါမယ်။ သံပန်းသံတံခါးက ဘယ်နှချပ်ပါတယ်။ ဒါတွေကို
ပုံမှာတိုင်းတာပြီး အတိကျဆုံး၊ အနီးစပ်ဆုံးဖြစ်အောင် တွက်ချက်ရပါတယ်။
ရလာတဲ့အတိုင်းအတာတွေကို အခြေခံပြီးတော့မှ ဘိလပ်မြေက
ဘယ်လောက်ကုန်မယ်၊ သဲဘယ်လောက်ကုန်မယ်၊ သံချောင်းက ဘယ်လောက်ကုန်မယ်၊
အလုပ်သမားခက ဘယ်လောက်ကုန်မယ်... စသည်ဖြင့် အိမ်ဆောက်ပစ္စည်းတွေကို
ခန့်မှန်းထုတ်ယူရပြန်ပါတယ်။ မြန်မာပြည်မှာတော့ Yellow Book လို့ခေါ်တဲ့
စံသတ်မှတ်ထားတဲ့ စာအုပ်နဲ့ အချိုးချပြီးတွက်ထုတ်ပါတယ်။ ပြီးတော့မှ
ပစ္စည်းတစ်မျိုးစီရဲ့ ဈေးနှုန်းနဲ့ ပြန်တွက်ပြီး ပစ္စည်းဖိုးကဘယ်လောက်၊
အလုပ်သမားခကဘယ်လောက်၊ သယ်ယူပို့ဆောင်ရေးကဘယ်လောက်ဆိုပြီး
စုစုပေါင်းကုန်ကျတန်ဖိုး ထွက်လာတာပါ။ အဲ့ဒါ Estimate ဆိုတာကို
အများနားလည်အောင် အကြမ်းပြောပြရခြင်းပါ။
ခန့်မှန်းထွက်လာတဲ့ကုန်ကျစရိတ်ကိုကြည့်ပြီးမှ
အဆောက်အဦးပိုင်ရှင်က သူ့မှာတတ်နိုင်တဲ့ ငွေအနေအထားနဲ့
သူလိုချင်တဲ့ပုံစံနဲ့ကို ပြန်ချိန်ဆနိုင်ပါတယ်။ ဈေးများမယ့် ပစ္စည်းနေရာမှာ
တခြားသက်သာမယ့်ပစ္စည်းနဲ့ ပြန်လဲသုံးတာမျိုးပေါ့လေ။ ဒါကြောင့်
အဆောက်အဦးတစ်ခု တည်ဆောက်တဲ့အခါမှာ Estimate တွက်ပေးတဲ့သူ
(လုပ်ငန်းအနေအထားကိုလိုက်ပြီး) အနည်းဆုံးတစ်ယောက်တော့ လိုအပ်ပါတယ်။
မြို့ပြအင်ဂျင်နီယာတိုင်း Estimate ဘာသာရပ်ကို နားလည်တတ်ကျွမ်းပါတယ်။
ကျွမ်းကျင်မှုနဲ့ တခြားလုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းတွေကတော့
လုပ်ငန်းခွင်အတွေ့အကြုံကိုလိုက်ပြီး ကွာခြားသွားပါလိမ့်မယ်။
မြန်မာပြည်မှာတော့ QS တစ်ယောက်က Estimate တွက်ရတာကိုပဲ
အများဆုံးလုပ်နေကြရတာပါပဲ။
တစ်ခုတော့ပြောစရာရှိပါတယ်။ Estimate ဆိုတာ
အဆောက်အဦးမဆောက်ခင်မှာပဲ လိုအပ်တာလားဆိုရင်တော့ မဟုတ်ပါဘူး။ အဆောက်အဦး
မစခင်ကနေ လုံးဝပြီးစီးသည်အထိ လိုအပ်ပါတယ်။ QS တစ်ယောက်ဟာ
အဆောက်အဦးမစခင်မှာ အကြိုခန့်မှန်းခြေတွက်ချက်ရသလို တကယ်တမ်း
တည်ဆောက်ပြီဆိုရင်လည်း အကြိုတုန်းက တွက်ထားတာနဲ့ တကယ်လက်ရှိ
တည်ဆောက်တာနဲ့ကို တိုက်ဆိုင်စစ်ဆေးပြီး လိုအပ်သလို
ပြောင်းလဲတွက်ချက်ပေးရပါသေးတယ်။ ပိုင်ရှင်ဆီက ငွေဘယ်လောက်ရပြီးပြီလဲ၊
ရဖို့ဘယ်လောက်ကျန်သေးတယ် ဆိုတာမျိုးလည်း စာရင်းပြုစုပေးရပါသေးတယ်။
ဒါဟာ ကျွန်မ မြန်မာပြည်မှာ တာဝန်ယူခဲ့တဲ့ QS တစ်ယောက်ရဲ့
လုပ်ငန်းသဘာဝတွေပါ။ စင်္ကာပူဆောက်လုပ်ရေးနယ်ပယ်က QS တစ်ယောက်အနေနဲ့ကတော့
မြန်မာပြည်က QS ဆိုတာနဲ့ အများကြီးခြားနားသွားပါပြီ။ လုပ်ငန်းတာဝန်တွေ
ပိုများလာတာကို ဆိုလိုပါတယ်။ နောက်တစ်ပိုင်းမှာ စင်္ကာပူလုပ်ငန်းခွင်မှာ
နေရာပေးထားတဲ့ QS တွေရဲ့ လုပ်ငန်းသဘာဝကို ဆက်လက်ဝေမျှသွားပါ့မယ်။
စာရေးသူ... GreenGirl
ဘာလဲ QS ( Quantity Surveyor ) ဆိုတာ...
Quantity Surveyor တဲ့...။ မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် အရည်အတွက်ကို တိုင်းတာသူပေါ့လေ။ ထားပါ။ QS ဆိုတာကို QS လို့ပဲ ဒီနေရာမှာ မှတ်ထားကြပါစို့။ အဲ့ဒီ QS ဆိုတဲ့ စကားလုံးက မြန်မာပြည်မှာတော့ အသုံးတော်တော်နည်းပါတယ်။ တခြားသော နိုင်ငံတွေမှာတော့ ဘယ်လောက်အတိုင်းအတာအထိ နေရာယူသလဲ မသိပေမယ့် စင်္ကာပူဆောက်လုပ်ရေးနယ်ပယ်မှာတော့ တော်တော်လေး နေရာယူတဲ့ စကားလုံးတစ်ခုပါ။ ဘာလို့နေရာယူတာလဲ၊ ဘာတွေလုပ်ရတဲ့ ပညာရပ်မိုလို့လဲလို့ စိတ်ဝင်စားသူတွေအတွက် ဆက်ပြောပြပါမယ်။ ဆရာကျလွန်းလို့တော့ မဟုတ်ဖူးပေါ့လေ။ ကျွန်မရဲ့ ပြည်တွင်းမှာရော စင်္ကာပူမှာပါ တွေ့ကြုံဖြတ်သန်းခဲ့တဲ့ QS လုပ်သက် ၅နှစ်ကျော်ကို အခြေခံပြီးတော့ သိခဲ့သလောက်၊ မှတ်ခဲ့သလောက် ပြန်လည်လက်ဆင့်ကမ်းတဲ့ သဘောပါပဲ။
ဘာလဲ QS ဆိုတာ ( အပိုင်း ၂ )
QS ဆိုတာဘာလဲ၊ အကြမ်းးမျဉ်းအားဖြင့် QS
တစ်ယောက်ဘာတွေလုပ်ရတာလဲ၊ မြန်မာပြည်က QSတစ်ယောက်အနေနဲ့ ယေဘုယျအားဖြင့်
ဘာတွေအဓိကလုပ်ဆောင်ရသလဲ ဆိုတာတွေကို ပြီးခဲ့တဲ့ အပိုင်း(၁)မှာ
ပြောခဲ့ပြီးဖြစ်ပါတယ်။ အခုအပိုင်းမှာတော့ စင်္ကာပူက လက်ရှိဆောက်လုပ်ရေး
နယ်ပယ်အကြောင်းကို ပြောချင်ပါတယ်။ ဒါမှသာ QSချင်းအတူတူပဲ လုပ်ငန်းတာဝန်တွေ
ဘာကြောင့်ကွဲသွားတယ် ဆိုတာကို နားလည်နိုင်မှာပါ။
စင်္ကာပူရဲ့ ဆောက်လုပ်ရေးနယ်ပယ်ကို အဆင့်ဆင့်ပိုင်းခြားပြောရရင် ၅ဆင့်လောက်ခွဲရပါလိမ့်မယ်။
၁။Client / Owner - ပိုင်ရှင်
၂။Consultant - အတိုင်ပင်ခံအဖွဲ့အစည်း
၃။Main Contractor - လုပ်ငန်းတစ်ခုလုံးကို လုပ်ကိုင်ခွင့်ရသူ
၎။Sub-Contractor - ဆင့်ပွား/ခွဲဝေလုပ်ကိုင်ခွင့်ရရှိသူ
၅။Supplier - ကုန်ပစ္စည်း/လုပ်အား ပံ့ပိုးသူ
၂။Consultant - အတိုင်ပင်ခံအဖွဲ့အစည်း
၃။Main Contractor - လုပ်ငန်းတစ်ခုလုံးကို လုပ်ကိုင်ခွင့်ရသူ
၎။Sub-Contractor - ဆင့်ပွား/ခွဲဝေလုပ်ကိုင်ခွင့်ရရှိသူ
၅။Supplier - ကုန်ပစ္စည်း/လုပ်အား ပံ့ပိုးသူ
အဲ့ဒီလိုအဆင့်ဆင့်ခွဲပါတယ်။ နားလည်လွယ်အောင် ပြောပြရရင်
အဆောက်အဦးတစ်ခုအနေနဲ့ ဥပမာပေးပါမယ်။ စင်္ကာပူမှာ အထင်ကရတွေထဲကတစ်ခုဖြစ်တဲ့
Nanyang Technological University ( NTU ) မှာ
ကျောင်းဆောင်အသစ်ဆောက်လုပ်တယ် ဆိုကြပါစို့။ အဲ့ဒီအဆောက်အဦးရဲ့ပိုင်ရှင် (
Client ) ဟာ NTU သို့မဟုတ် MOE ( Ministry of Education ) ဖြစ်ပါတယ်။
Client ကနေပြီးတော့ သူတို့လိုချင်တဲ့ပုံစံကို Consultant ကိုပြောပြပြီး
အဆောက်အဦးတစ်ခုလုံးရဲ့ အသေးစိတ်ကအစ ပြီးဆုံးသည်အထိ
လိုအပ်ချက်အရပ်ရပ်တို့ကို တာဝန်ယူဖို့အတွက် အလုပ်အပ်ပါတယ်။
Consultant အနေနဲ့ ပထမဆုံးလုပ်ပေးရတာကတော့ Tender
Publishing ပါ။ Project တစ်ခုကိုစပြီး တင်ဒါခေါ်ပေးပါတယ်။ Consultant
ကထုတ်ပေးလိုက်တဲ့ တင်ဒါတွေကို စင်္ကာပူတစ်နိုင်ငံလုံးမှာ ရှိရှိသမျှသော Main
Contractor တွေက သူတို့ ကုမ္ပ္ပဏီတွေရဲ့ Finicial Limit နဲ့အညီ
တင်ဒါဆွဲကြပါတယ်။ အဲ့ဒီ Finicial Limit ကတော့ ကုမ္ပ္ပဏီကို မှတ်ပုံတင်ကတည်းက
BCA ( Building Construction Authority ) ကနေပြီးတော့ ရှယ်ယာဘယ်လောက်ဆိုရင်
အဆင့်ဘယ်လောက်ဆိုပြီး သတ်မှတ်ပေးပါတယ်။ အလွယ်ပြောရရင် အရင်း ၁၀၀ပဲ
ရှိတဲ့သူကို ၂၀၀ တန်ဖိုးရှိတဲ့ အလုပ်ကို မလုပ်ခိုင်းသလိုပါပဲ။
ဆောက်လုပ်ရေးဆိုတာက ကျသင့်ငွေကို အရင်ကြိုပြီး စိုက်ထုတ်
အလုပ်လုပ်ထားပြီးမှ လုပ်ငန်းပြီးစီးမှုကိုလိုက်ပြီး ငွေပြန်ချေတဲ့
သဘောကြောင့်ဖြစ်ပါတယ်။ အရင်းမစိုက်နိုင်ရင် လုပ်ငန်းမတွင်တော့ပါဘူး။
တစ်ခါတစ်လေမှာ လုပ်ငန်းတစ်ဝက်နဲ့ ရပ်သွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့်
အဆင့်သတ်မှတ်ပေးထားတဲ့သဘောပါ။
ဟုတ်ပြီ။ ဒါဆိုရင် ကျောင်းဆောင်အသစ်ကြီးကို Main
Contractor တစ်ခုခုက တင်ဒါရသွားပြီးတဲ့အခါ
ကျောင်းဆောင်ဆောက်ပြီးရုံသက်သက်နဲ့ မရပါဘူး။ အထဲက ပရိဘောဂ၊ တန်ဆာပလာတွေပါ
အသေးစိတ်ထည့်ပေးဖို့ တင်ဒါထဲမှာပါတယ်ဆိုရင် လိုအပ်တဲ့ ပစည်းတွေကို Main
Contractor ကိုယ်တိုင်လုပ်ဖို့ မဖြစ်နိုင်တာမျိုးတွေ ရှိလာပါတယ်။
အဲ့ဒီအခါမှာ Specialize လုပ်တဲ့ Company တွေကိုထပ်ပြီး အလုပ်အပ်ရပါတယ်။
ပရိဘောဂဆိုရင် ပရိဘောဂကုမ္ပ္ပဏီ၊ Air Con ဆိုရင် Air Con ကုမ္ပ္ပဏီ စသည်ဖြင့်
ခွဲထွက်သွားပါတယ်။ ဒါကို Sub-Contractor လို့ခေါ်ပါတယ်။
Sub-Contractor ဟာ Main Contractor ကနေ
ဆင့်ပွားခွဲထွက်လေ့ရှိပေမယ့် တစ်ခါတစ်ရံမှာ Nominated Sub Contractor
အဖြစ်လည်း Consultant ကနေတိုက်ရိုက်ခွဲထွက်တတ်ပါတယ်။ ဘာကြောင့်လည်းဆိုရင်
ကုန်ပစ္ပ္စည်းဈေးနှုန်းကြောင့်ပါ။
ဥပမာ- ထိုင်ခုံတစ်လုံး ဆိုကြပါစို့။ ထိုင်ခုံတစ်လုံးရဲ့
မူလတန်ဖိုးဟာ စက်ရုံကထုတ်လိုက်တဲ့အချိန်မှာ ဒေါ်လာ၃၀လို့ သတ်မှတ်မယ်။ ဒါကို
စက်ရုံကနေ ( တစ်နည်းအားဖြင့် Sub Contractor လို့ပြောပါမယ် ) Main
Contractor ကိုရောင်းချတဲ့အခါ သယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ်ငွေအဖြစ်
အနည်းဆုံး ၁၅% ထပ်ဆောင်းပြီးမှ ရောင်းချပါတယ်။ ဒါဆိုရင် Main Contractor
ဆီကိုရောက်တဲ့အခါ အဲ့ဒီထိုင်ခုံဟာ ၃၄.၅ဒေါ်လာဖြစ်သွားပါပြီ။ ဒါက Main
Contractor ဆီမှာပဲ ရှိပါသေးတယ်။ Main Contractor ကနေ Consultant
ကိုထပ်ပြီးပို့တဲ့အခါလည်း ဒီလိုပဲ %ထပ်ပေါင်းပြန်ပါတယ်။ ၅%
ပဲပေါင်းတယ်ထားဦး ၃၆ဒေါ်လာဖြစ်သွားပါပြီ။ ဒီတော့ခုံတစ်လုံးရဲ့ တန်ဖိုးဟာ
Sub Contractor နဲ့ Consultant ကြားထဲမှာ ၆ဒေါ်လာမြင့်တက်သွားပါပြီ။
အရေအတွက်နည်းတဲ့အခါ မသိသာပေမယ့် ရာနဲ့ထောင်နဲ့ချီတဲ့အခါ သိသာသွားပါတယ်။
ခုံအလုံး ၁၀၀ဆိုရင် ဒေါ်လာ ၆၀၀ပေါ့။
အဲ့ဒီလို ဈေးနှုန်းအတက်အကျတွေကြောင့် ကုန်ကျငွေ
သန်းချီနိုင်မယ့် Project တွေဆိုရင် Consultant ကနေ တိုက်ရိုက် Nominated
Sub-Contractor အဖြစ် ခေါ်လေ့ရှိပါတယ်။
Main Contractor က အလုပ်အကုန်မလုပ်နိုင်တဲ့အခါ Sub
Contractor ကိုထပ်ခေါ်ရသလိုပဲ Sub Contractor မှာလည်း Supplier ဆိုတာ
ထပ်ပေါ်လာပြန်ပါတယ်။ ဥပမာ- သစ်၊ သံ၊ အ၀တ်စ ဒါမျိုး ကုန်ကြမ်းတွေကို Sub
Contractor က Supplier ဆီကနေ ပြန်ဝယ်ရပါတယ်။
အခုပြောခဲ့သလောက်ဟာ လက်ရှိစင်္ကာပူဆောက်လုပ်ရေး နယ်ပယ်မှာ
အလုပ်လုပ်နေတဲ့ အဆင့်ဆင့်ဖြစ်ပါတယ်။ အဲ့ဒီအဆင့်တွေထဲမှာမှ QS ဆိုတဲ့ရာထူး
အများဆုံးပါဝင် ပတ်သက်တဲ့ နေရာဟာ ၃ နေရာရှိပါတယ်။
၁)Consultant QS
၂)Main Contractor QS
၃)Sub Contractor QS တို့ဖြစ်ပါတယ်။
QS ချင်းအတူတူ နေရာကိုလိုက်ပြီးတော့ တာဝန်တော့ ကွဲပြားပါတယ်။ Estimate တွက်ရတာချင်းတော့ အတူတူပါပဲ။ အပိုင်း ( ၃ ) မှာ Sub Contractor QS အကြောင်းကို အရင်ဆုံးပြောဖို့ ရည်ရွယ်ထားပါတယ်။
၂)Main Contractor QS
၃)Sub Contractor QS တို့ဖြစ်ပါတယ်။
QS ချင်းအတူတူ နေရာကိုလိုက်ပြီးတော့ တာဝန်တော့ ကွဲပြားပါတယ်။ Estimate တွက်ရတာချင်းတော့ အတူတူပါပဲ။ အပိုင်း ( ၃ ) မှာ Sub Contractor QS အကြောင်းကို အရင်ဆုံးပြောဖို့ ရည်ရွယ်ထားပါတယ်။
စာရေးသူ... GreenGirl
April 5, 2009
ဘာလဲ QS ဆိုတာ ( အပိုင်း ၃ )
ှရှေ့ကအပိုင်းတွေမှာ QS တစ်ယောက် ဘာတွေလုပ်ရတယ်၊
စင်္ကာပူရဲ့ ဆောက်လုပ်ရေးပုံစံတွေကို ပြောခဲ့ပြီးပါပြီ။ ဒီအပိုင်းမှာတော့ Sub
Contractor QS ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံတွေကို ပြောပြချင်ပါတယ်။
ှQuantity Surveyor ရဲ့ အနက်ကို ရှာကြည့်တဲ့အခါ WiKi မှာ ဒီလိုဘာသာပြန်ထားတာကို တွေ့ရပါတယ်။
A quantity surveyor (QS) is a professional person
working within the construction industry. The role of the QS, in general
terms, is to manage and control contracts and costs within construction
projects.
အဲ့ဒီမှာ to manage and control contracts and costs
within construction projects ဆိုတဲ့ စာသားဟာ QS ရဲ့ အသက်ပါပဲ။ ဒီတော့
Project တစ်ခုအတွက် QS တစ်ယောက်ရဲ့ ကဏ္ဍအနေနဲ့ ဘာတွေပါတယ်ဆိုတာကို ဆက်လက်
လေ့လာကြဦးစို့။
Sub Contractor QS
Sub Contractor ဆိုတာ အများအားဖြင့် Main Contractor ကနေ
ခွဲထွက်လာကြတယ်ဆိုတာကို ပြောခဲ့ပြီးဖြစ်ပါတယ်။ Main Contractor အနေနဲ့
Specialize လုပ်ရမယ့်အလုပ်တွေကို မလုပ်နိုင်တဲ့အခါ သက်ဆိုင်ရာ Sub
Contractor ကို အလုပ်အပ်ကြရပါတယ်။ အဲ့ဒီအခါမှာ ကိုယ်ဖြစ်ချင်တဲ့အလုပ်၊
ကိုယ်လိုချင်တဲ့ပုံစံကို Sub Contractor တွေအများကြီးထဲက ဘယ်သူက
ကိုယ့်စိတ်တိုင်းကျ လုပ်ပေးနိုင်မလဲ၊ ဈေးအချိုသာဆုံး
လုပ်ပေးနိုင်မလဲဆိုတာကို အရင်ရှာဖို့ လိုအပ်လာပါပြီ။ဒီအခါမှာ Main
Contractor QS တစ်ယောက် အနေနဲ့ Sub Contractor တွေကို လိုက်ရှာပြီး
Quotation ခေါ်ရပါတယ်။
Project တစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် Sub Contractor QS
တစ်ယောက်ဆီကို ရောက်လာတဲ့ Project တစ်ခုရဲ့ ပထမဆုံးအဆင့်ဟာ Quotation ပါ။
Quotation ဆိုတာ ဘာလဲဆိုတော့ ဈေးနှုန်းအဆိုပြုခြင်း ဖြစ်ပါတယ်။ Main Con:
ကနေ Email နဲ့ဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ၊ Fax နဲ့ဖြစ်စေ သူလိုချင်တဲ့ ပုံစံနဲ့
အရေအတွက်တွေကို ပို့ပေးပါတယ်။ ဒါကိုမှ Sub Con: က ဘယ်ပစ္စည်းကိုတော့
ဘယ်လောက်ဈေးနဲ့ လုပ်ပေးနိုင်ပါတယ်၊ လိုချင်တဲ့ ပစ္စည်းအတိုင်း
မလုပ်ပေးနိုင်ရင်လည်း အစားထိုးပြီး ဘယ်ပစ္စည်းနဲ့ လုပ်ပေးပါ့မယ်၊ ဈေးကတော့
ဘယ်လိုကွာခြားပါမယ်... အစရှိသည်ဖြင့် အကြောင်းပြန်ပေးရပါတယ်။ အဲ့ဒါကို
Quotation လို့ခေါ်ပါတယ်။ ဘယ်သူမဆို Quotation ခေါ်ပြီဆိုရင် ဘယ်တော့မှ Sub
Con: တစ်ခုတည်းကို မခေါ်တတ်ပါဘူး။ ဈေးနှုန်းနှိုင်းယှဉ်လို့ရအောင် အနည်းဆုံး
Sub Con: 3 ခုလောက်ကို ဖြန့်ခေါ်တတ်ပါတယ်။
အဲ့ဒါ Quotation Request တစ်ခု Sub Con: QS
ဆီကိုရောက်လာတဲ့ အဆင့်ပါ။ အဲ့ဒီအချိန်ကနေစပြီး Quotation ခေါ်ခံရတဲ့ Project
နဲ့ပတ်သက်တဲ့ အတိုင်းအတာ၊ ဈေးနှုန်းတွေဟာ Quotation လုပ်ပေးတဲ့ QS
ရဲ့လက်ထဲမှာ လုံးဝတာဝန်ရှိသွားပါပြီ။
ဟုတ်ပြီ... Main Con: ကနေ Quotation Request တစ်ခု
ရောက်လာပြီ ဆိုပါတော့။ Sub Con: QS တစ်ယောက်အနေနဲ့ ပထမဆုံး သတိပြုရမှာက ဒီ
Project အတွက် Quotation ကို ဘယ်နေ့နောက်ဆုံးထားပြီး
အပြီးလုပ်ပေးရမလဲဆိုတာကို အရင်ကြည့်ရပါတယ်။ တစ်ချို့ Project တွေက အချိန်
တစ်ပတ်၊ နှစ်ပတ်လောက်ရတတ်ပြီး အချို့ကတော့ တစ်ရက်၊ နှစ်ရက်လောက်ပဲ
ရတဲ့အခါမျိုးတွေရှိပါတယ်။ လုပ်ငန်းပမာဏပေါ်မှာ မူတည်တာပေါ့လေ။ နောက်တစ်ခုက
ရောက်လာတဲ့ Request တိုင်းရဲ့ Project ခေါင်းစဉ်တွေကို သေချာကြည့်ရပါတယ်။
တစ်ချို့ Project တွေက Main Con: သုံး၊ လေးခုလောက် တင်ဒါပြိုင်ဆွဲတဲ့အခါ
ဒီProject တစ်ခုတည်းကိုပဲ သုံး၊လေးခါ အတူတူ Quotation Request
ပေးတတ်ကြပါတယ်။ အဲ့ဒါမျိုးဆိုရင် ဂရုစိုက်ရပါတယ်။ ဈေးနှုန်းကို တပြေးညီတည်း
ဖြစ်စေဖို့ပါ။ ဒီကုမ္ပဏီကိုတော့ ဒီဈေးနဲ့ရောင်းမယ်၊ နောက်ကုမ္ပဏီကိုတော့
နောက်ဈေးတစ်မျိုးနဲ့ ရောင်းမယ်ဆိုတာမျိုး မဖြစ်စေရပါဘူး။
အပြီးသတ် တွက်ပေးရမယ့်ရက်ပြီးရင် နောက်တစ်ခု အရေးကြီးတာက
ဘာပစ္စည်းတွေအတွက် Supplier Quotation လိုအပ်မလဲ ဆိုတာမျိုးတွေကို
အကြမ်းမျဉ်းကြည့်ရပါမယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဆီက လိုအပ်တဲ့ကုန်ကြမ်းတွေ
ရှိလာရင် ကိုယ်ကလည်း Supplier ကို Quotation ပြန်ခေါ်ရမှာဖြစ်လို့ပါ။
Quotation ဆိုတာ အနည်းဆုံး သုံးရက်လောက်တော့ အချိန်ပေးရမယ်လေ။
အချိန်လုံလောက်အောင် ပေးနိုင်ဖို့အတွက် ကိုယ့်ဘက်က Request
စောစောပို့ပေးနိုင်အောင် ကြိုးစားရပါမယ်။ ကိုယ်လိုချင်တဲ့ ပုံစံတွေ၊
အရေအတွက်တွေကို Supplier ဆီကို ပို့ပေးရပါတယ်။ မပို့ခင် ဖုန်းနဲ့ဖြစ်စေ၊
Email ဖြစ်စေ ပို့ပြီး ကိုယ်လိုချင်တာမျိုး လုပ်နိုင်လားဆိုတာ
အရင်မေးကြည့်ရပါတယ်။ လုပ်နိုင်တယ်ဆိုရင် ပုံတွေ၊ Specification တွေကို
ပို့ရုံပေါ့။ မလုပ်နိုင်ဘူးဆိုတော့လည်း နောက် Supplier
တစ်ယောက်ထပ်ရှာပေါ့လေ။
Supplier တွေဆီကလည်း Quotation တွေရပြီဆိုရင် Supplier
ကိုဈေးဆစ်ဖို့လည်း မမေ့ရပါဘူး။ ဖုန်းတစ်ချက်လောက် ဆက်ပြီး "Any Discount
for me?" ဆိုတဲ့စကားကို အချိုသာဆုံးလေသံနဲ့ ပြောထွက်နိုင်အောင်လည်း
လေ့ကျင့်ထားရပါတယ်။ Project တစ်ခုအတွက် အနည်းဆုံး Supplier
ငါးယောက်လောက်တော့ ဆက်ဆံရမှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်နဲ့ သည်းခံရပါတယ်။
ဘာသာစကားအခက်အခဲအရ နားလည်မှုလွဲတာမျိုးတွေလည်း ဖြစ်တတ်လို့ပါ။
ဈေးနှုန်းတွေ၊ အတိုင်းအတာတွေပြီးပြီဆိုရင်လည်း
ကိုယ့်သဘောနဲ့ကိုယ် Quotation တစ်စောင်ကို Main Con: ကိုပေးလိုက်လို့
မရသေးပါဘူး။ တာဝန်ရှိတဲ့သူဆီမှာ ဈေးနှုန်းအတည်ပြုဖို့လည်း လိုပါတယ်။ သူဌေး
သို့မဟုတ် Project Manager လိုမျိုးပေါ့နော်။ သူတို့ရဲ့
အတည်ပြုချက်ရပြီးမှသာ Quotation ကိုပေးရပါတယ်။
Supplier တွေနဲ့ အဆင်ပြေပြေဖြစ်ဖို့လိုသလို Main Con:
တွေနဲ့လည်း ဆက်ဆံရေးချောမွေ့ရပါမယ်။ Main Con: တွေက လိုအပ်တာတွေကိုလည်း
တတ်နိုင်သမျှ အဆင်ပြေအောင်စီစဉ်ပေးဖို့လိုပါတယ်။ Main Con: နဲ့အဆင်ပြေမှသာ
ကိုယ့် Quotation ကိုသူတို့က သုံးမှာ။ သူတို့ကသုံးမှ ကိုယ်ကအလုပ်ရမှာပါ။
ဒါကြောင့် Sub Con: QS ဆိုတာ Main Con: မျက်နှာကိုလည်း ကြည့်ရပါတယ်။
Supplier ကိုလည်း ချော့တတ်ရပါတယ်။
နောက်တစ်ဆင့် ထပ်တက်ပါပြီ။ ကိုယ်ပေးလိုက်တဲ့ Quotation
ကို Main Con: က သုံးပြီဆိုပါတော့။ ကိုယ့်အတွက် Project အသစ်တစ်ခုရပြီပေါ့။
ဒီအခါမှာ Main Con: ကနေ အလုပ်အပ်ပါတယ်ဆိုတဲ့ စာချုပ် ( Letter of Award ,
LA လို့လည်းခေါ်ပါတယ်။) ချုပ်ပါတယ်။ စာချုပ်ဟာ ISO စံနှုန်းနဲ့ဆိုရင်
သူဌေးကပဲလက်မှတ်ရေးထိုးရပါတယ်။ အဲ့ဒီစာချုပ်မှာပါတဲ့ လုပ်ငန်းကာလကို
သတိပြုရပါမယ်။ ဘယ်နေ့မှာ လုပ်ငန်းစပြီး ဘယ်နေ့မှာ လုပ်ငန်းကို
အပြီးလုပ်ပေးရမယ်ဆိုတာမျိုးပါ။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းစပြီး
တစ်လဆိုရင် ငွေတောင်းလို့ရပြီဖြစ်တဲ့အတွက် ဖြစ်ပါတယ်။
လုပ်ငန်းစပြီး တစ်လမှာ Progress Payment
ဆိုတာရှိလာပါပြီ။ လုပ်ငန်းတိုးတက်မှုကိုကြည့်ပြီး Main Con: ဆီမှာ
ငွေတောင်းရပါတယ်။ အဲ့ဒါကို Claim တင်တယ်လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့်
Claim ကို လတစ်လရဲ့ နောက်ဆုံးအပတ်မှာ အပြီးတင်ပေးရပါတယ်။ တစ်ချို့ Main
Con: တွေကတော့ ဘယ်နေ့တင်ပါ ဆိုတာမျိုး သတ်မှတ်ပေးတတ်ပါတယ်။
သူတို့ပြောတဲ့နေ့ကို အရောက်ပို့ပေးရပါတယ်။
Claim တင်တဲ့နေရာမှာ Sub Con: QS အနေနဲ့ ဖြစ်နိုင်သမျှ
ကိုယ့်ဘက်က ရာနှုန်းပြည့် Claim ဖို့ကြိုးစားရပါတယ်။ ဘာကြောင့်လဲဆိုတော့
ကိုယ်က ၁၀၀ တင်ရင် Main Con: က ၈၀ပဲ ပေးဖို့ရည်ရွယ်တတ်ပါတယ်။ ဆိုလိုတာက
ကိုယ့်ဘက်က ပိုတင်လို့ Main Con: က လျော့ပေးတာ ပြသနာမရှိပါဘူး။ ကိုယ့်ဘက်က
လျှော့တင်မိလို့ Main Con: ကပေးတာလျှော့ရင် QS အသုံးမကျရာရောက်ပါတယ်။ Sub
Con: QS တစ်ယောက်အနေနဲ့တော့ ငွေကိုဘယ်နေရာကနေ ပိုတောင်းရမလဲဆိုတာကို
စိတ်ဝင်စားသင့်ပါတယ်။
Claimတင်ပြီး တစ်လလောက်ကြာတဲ့အခါမှာ
ပိုက်ဆံထုတ်ပေးဖို့လည်း Main Con: ကိုသတိပေးနေဖို့ သတိထားရပါသေးတယ်။
ထုံးစံအတိုင်း Main Con: ကိုဖုန်းဆက်ပါ။ Claim နံပါတ်ဘယ်လောက်ကတော့ဖြင့်
ဘယ်လက တင်ထားပါတယ်။ တန်ဖိုးကတော့ ဘယ်လောက်ပါ။ ဘယ်တော့လောက်မှ ငွေရပါမလဲ။
ဒါမျိုးတွေ မေးတတ်ရပါတယ်။ "Any Payment for me?" ဆိုတဲ့
စကားလေးတစ်ခွန်းကိုတွင်တွင်သုံးပြီး Main Con: တွေဆီကို ခဏခဏဖုန်းဆက်ပြီး
ငွေတောင်းနိုင်တဲ့ QS ကို သူဌေးချစ်မှာသေချာပါတယ်။
Claim တင်တဲ့နေရာမှာ ကိုယ့်ဘက်ကရာနှုန်းပြည့်ဖြစ်ဖို့
ကြိုးစားတယ်ဆိုပေမယ့်လည်း အမှန်တကယ် Site ထဲမှာ မပြီးစီးသေးတဲ့
လုပ်ငန်းကိုတော့ Claim လို့မရသေးပါဘူး။ ဒါကြောင့် Claim တင်ခါနီးမှာ
သက်ဆိုင်ရာ Project Coordinator, Supervisor, Project Manager တွေဆီကနေ
ဘယ်လုပ်ငန်းတွေမှာ ရာခိုင်နှုန်းဘယ်လောက် ပြီးစီးနေပါတယ်ဆိုတဲ့
အချက်အလက်တွေကို ရယူရပါတယ်။ တစ်ချို့ကုမဏီတွေမှာတော့ QS ကိုယ်တိုင် Site
ထဲကိုဆင်းပြီး စစ်ဆေးရတတ်ပါတယ်။
နောက်တစ်ခုက Claim တင်ပြီးလို့ Main Con: ( သို့မဟုတ် )
Consultant က ငွေထုတ်မပေးခင် Site ထဲက အမှန်တကယ် လုပ်ငန်းပြီးစီးမှုကို
စစ်ဖို့လိုအပ်လာတဲ့အခါမှာလည်း Main Con: QS , Consultant QS တို့နဲ့အတူ
Site ထဲကိုလိုက်ပြီး ဘယ်လုပ်ငန်းကတော့ ဘယ်နေရာမှာလုပ်ထားတာပါ။
တကယ်ပြီးစီးပါပြီ ဆိုတဲ့အကြောင်းကို ပြနိုင်ရပါတယ်။ မပြနိုင်ရင် ကိုယ်က
Claim တင်ထားပေမယ့် ပိုက်ဆံမရတော့ပါဘူး။ ဖြတ်ခံရတတ်ပါတယ်။
Variation Order တွေကိုလည်း မျက်ခြေမပြတ်ဖို့လိုပါတယ်။
အတိုင်းအတာတွေဟာ တင်ဒါတုန်းကအတိုင်း တသဝေမတိမ်း ဖြစ်ချင်မှဖြစ်တာပါ။
လုပ်ငန်းအမှန်တကယ်စတဲ့အခါ လုပ်ငန်းခွင်အခြေအနေအရ ပြောင်းလဲသွားတာတွေ
ရှိတတ်ပါတယ်။ အဲ့ဒါကြောင့် Variation Order တွေကို အမြဲ Update
ဖြစ်အောင်ကြည့်ပြီး ထပ်ပေါင်းဖို့လိုတာကို ထည့်ပေါင်း၊ နှုတ်ဖို့လိုတာတွေကို
နှုတ်ပေးပြီး Project ရဲ့ Final Amount ကိုအမြဲတမ်း တွက်ချက်ထားရပါတယ်။
LA မှာပါတဲ့ လုပ်ငန်းကိုအပြီးသတ် လုပ်ပေးဖို့
သတ်မှတ်ထားတဲ့ လကိုရောက်ပြီဆိုရင်တော့ Claim ကို ၁၀၀% အပြည့်တင်ဖို့နဲ့
Variation Order တွေပါအကုန် အပြီးသတ် Claim တင်ပေးရပါမယ်။ အဲ့ဒါကို Final
Account ( Final Claim ) လို့ခေါ်ပါတယ်။ သိပ်ကိုအရေးကြီးပါတယ်။ Final Claim
မှာ မထည့်မိလို့ ကျန်ခဲ့တဲ့ လုပ်ငန်းဟာ နောက်ထပ်ငွေထပ်တောင်းလို့
မရတော့လို့ပါ။ Final Account ပြီးတာနဲ့ Project တစ်ခုရဲ့ ငွေစာရင်းက
ပိတ်သွားပါပြီ။ ထပ်ပေါင်းလို့လည်း မရတော့သလို၊ နှုတ်လို့လည်း
မလွယ်တော့ပါဘူး။ ဒါကြောင့် Main Con:, Consultant QS တွေဟာ သတိကြီးစွာနဲ့
Final Account ကိုကိုင်တွယ်ပါတယ်။ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား၊
အတိုင်းအတာ ဂဏာန်းတစ်ခုတိုင်းဟာ ငွေကြေးဖြစ်စေလို့ပါပဲ။
အပေါ်မှာပြောခဲ့တာတွေက Main Con: ကနေ ခွဲထွက်လာတဲ့
Project အတွက် QS တစ်ယောက် လုပ်ပေးရတဲ့ အလုပ်တွေပါ။ နောက်တစ်မျိုးက
Consultant ကခွဲထွက်လာတဲ့ Nominated Sub Contract ( NSC ) တွေပါ။
NSC Project တွေက Main Con: ကထပ်ခွဲတဲ့ Project
တွေထက်ပိုပြီး တာဝန်ကြီးပါတယ်။ Sub Contractor အနေနဲ့ ကိုယ်တိုင်
တင်ဒါဆွဲရပြီး Consultant နဲ့တိုက်ရိုက်ဆက်ဆံရလို့ပါပဲ။ အတိုင်းအတာကိုလည်း
တိကျသေသပ်စေရသလို၊ ဈေးနှုန်းကိုလည်း တတ်နိုင်သမျှ အချိုဆုံးဖြစ်အောင်
ကြိုးစားရပါတယ်။
NSC မှာ ပထမဆုံးအဆင့်က တင်ဒါတင်ထားတဲ့ Website တွေကနေ
အသစ်ထွက်လာတဲ့ တင်ဒါတွေကို ဒေါင်းလုဒ်ချပြီး တွက်ချက်ရပါတယ်။
ကြားခံအဆင့်တွေဖြစ်တဲ့ Supplier Quotation ခေါ်တာတို့၊ Estimate
တွက်တာတို့ကတော့ ပုံစံအတူတူပဲမို့လို့ ထပ်မပြောတော့ပါဘူး။ တင်ဒါပိတ်ရက်မှာ
သတ်မှတ်ထားတဲ့ Consultant Tender Box မှာ သွားထည့်ရပါတယ်။ Fax နဲ့
ပို့လို့မရတော့ပါဘူး။
တင်ဒါရယ်လို့ ရှိလာပြီဆိုရင် တင်ဒါအင်တာဗျူးဆိုတာ
ရှိလာပါတယ်။ တင်ဒါပိတ်ရက်ပြီးတဲ့အခါ Consultant ကနေ ဘယ်နေ့ဘယ်ရက်မှာ
အင်တာဗျူးလုပ်ပါမယ်။ တာဝန်ရှိသူလာရောက် ဖြေကြားပါလို့ ခေါ်စာပို့ပါတယ်။
အဲ့ဒါဆိုရင် Project Manager နဲ့အတူ QS လိုက်ရပါတယ်။ ဘာလို့လဲဆိုတော့
ဈေးနှုန်းနဲ့ ကုန်ပစ္စည်းအရည်အသွေးကိုသာ Project Manager က Consultant
Architect နဲ့ညှိုနှိုင်းတာဖြစ်ပြီး စာရွက်စာတမ်း( Contract )အပိုင်းနဲ့
အတိုင်းအတာတွက်ချက်မှုအပိုင်းက QS အချင်းချင်းပဲ
စကားပြောတာကြောင့်ဖြစ်ပါတယ်။
တင်ဒါအင်တာဗျူးဆိုတာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။
Consultant ကမရှင်းလင်းတဲ့ အပိုင်းတွေနဲ့ သူတို့လိုချင်တဲ့ အချက်တွေကို
ခေါ်ညှိုတာပါပဲ။ တင်ဒါဆွဲတဲ့အဆင့် ၁ မှ ၅ အထိ ( သို့မဟုတ် ) ၁ မှ ၃
အတွင်းဝင်တဲ့ ကုမ္ပဏီတွေကိုသာ ခေါ်တာဖြစ်ပါတယ်။ တင်ဒါအင်တာဗျူးအခ်ါမခံရရင်တော့
အဲ့ဒီတင်ဒါကို ကိုယ်မရနိုင်တော့ဘူးဆိုတာ အလိုလိုနားလည်ရပါတယ်။
တင်ဒါရသွားပြီဆိုရင်လည်း Consultant ကနေ စာပို့ပါတယ်။ ဒီ
Project ကိုတော့ ဘယ်ကုမ္ပဏီကို လုပ်ငန်းအပ်ဖို့ ရွေးလိုက်ပါပြီ။ LA
မှာလက်မှတ်လာထိုးပြီး Construction Drawing လာထုတ်ပါဆိုပြီးတော့
စာပို့ပါတယ်။ အဲ့ဒီအခါမှာ သူဌေးကိုယ်တိုင်သွားပြီး Contract
ကိုလက်မှတ်ထိုးရပါတယ်။ ပြီးရင်တော့ အဲ့ဒီ Contract က QS
ရဲ့လက်ထဲကိုရောက်လာပါတော့တယ်။
Claim တင်ခြင်းနဲ့ Variation Order တွေကတော့
အပေါ်မှာပြောခဲ့တာနဲ့ အတူတူပါပဲ။ Claim ဆိုတဲ့နေရာမှာ NSC ဖြစ်နေပေမယ့်လည်း
Sub Con: ဟာဘယ်တော့မှ Consultant ကိုတိုက်ရိုက် Claim မတင်ရပါဘူး။ Main
Con: ကိုပဲ တင်ရပါတယ်။ ငွေထုတ်တဲ့အခါလည်း Main Con:
ကတစ်ဆင့်ပဲထုတ်ပေးပါတယ်။ ကျန်တဲ့ Final Account ထုတ်တဲ့အပိုင်းလည်း
အတူတူပါပဲ။
ဒါက ပညာရပ်အပိုင်းပါ။ Contract မှာပါတဲ့
စာရွက်စာတမ်းအပိုင်းတွေ ရှိပါသေးတယ်။ ဥပမာ- Warrenty လိုမျိုးပေါ့။
ကိုယ်လုပ်ပေးတဲ့ လုပ်ငန်းအတွက် ဘယ်နှနှစ် တာဝန်ယူပါတယ် ဆိုတာမျိုးတွေလည်း
လုပ်ပေးရပါသေးတယ်။ အဲ့ဒါတွေကတော့ ပုံသေမရှိပါဘူး။ လုပ်ငန်းလိုအပ်ချက်နဲ့
Consultant အပေါ်မှာမူတည်ပြီး လုပ်ပေးရတာဖြစ်ပါတယ်။ ဒါကြောင့် QS ရဲ့
အလုပ်တွေထဲမှာ အမြဲတမ်း "Other Necessary Paper Work" ဆိုတာပါနေတတ်တာပါ။
အခုပြောသွားသလောက်ဟာ သင်ရိုးညွှန်းတမ်းတစ်ခုတော့
မဟုတ်ပါဘူး။ ကျွန်မရဲ့အတွေ့အကြုံကို ပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်။ QS
ဆိုတာဘာလဲလို့ လုံးဝမသိသေးတဲ့သူ၊ စိတ်ဝင်စားတဲ့သူတွေအတွက် နားလည်ရုံ၊
အတွေ့အကြုံမရှိသေးတဲ့ သူတွေအတွက် လုပ်ငန်းခွင် သဘောတရား တီးမိခေါက်မိရုံသာ
ဖြစ်ပါတယ်။ အသေးစိတ်ဆိုတာကတော့ တကယ်လုပ်တဲ့အခါ ကိုယ်တိုင်တွေ့ကြုံလာမှ
သိတာမျိုးဖြစ်ပါတယ်။ အပိုင်း ( ၄ ) မှာ Main Contractor QS အကြောင်း
ဆက်ပြောပါ့မယ်။
မှတ်ချက်။ ။စာလာဖတ်သူထဲမှာ မြို့ပြအင်ဂျင်နီယာတွေ၊ QS
တွေရှိနိုင်ပါတယ်။ ကျွန်မရေးသားတဲ့နေရာမှာ လိုအပ်နေတဲ့အချက်တွေ၊
မရှင်းလင်းတာတွေ ရှိနေခဲ့ရင် Comment မှတစ်ဆင့်ဖြစ်စေ၊ Email
မှတစ်ဆင့်ဖြစ်စေ ကူညီဖြည့်စွက်ဆွေးနွေးနိုင်ပါတယ်။ အဲ့ဒီအတွက်
အတိုင်းမသိကျေးဇူးတင်မိမှာပါ။ စိတ်ဝင်တစား စောင့်ဖတ်ပေးတဲ့
စာဖတ်သူတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
စာရေးသူ... GreenGirl
Thank u alot sis
ReplyDeleteWaiting to read continue part 4