" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Heat Exchanger အကြောင်း ၁

Heat Exchanger- အပိုင်း-၁
Heat Exchanger များကို fluid တစ်မျိုးမှ အပူများ(heat)ကို တစ်ခြားသော fluid တစ်မျိုးသို့ (ထို fluid တို့ တစ်ခုနှင့်တစ်ခုထိတွေ့ ခြင်းမရှိ)transfer လုပ်ရန် အသုံးပြုသည်။
အပူချိန်မြင့်မားသည့် fluid ကို Hot fluid သို့ hot medium ဟုခေါ်ပြီး အပူချိန်နိမ့်သည့် fluid ကို cold fluid သို့ hot medium ဟုခေါ်သည်။ heat exchanger အတွင်းတွင် အချို့ သော fluid များသည် အပူကို စုပ်ယူရင်း (Heat Gain) အရည်အဖြစ်မှ အငွေ့ အဖြစ်သို့ အသွင်ပြောင်းလဲခြင်း (phase change) ဖြစ်သည်။ ဥပမာ Refrigerant သည် evaporator အတွင်းတွင် Chilled Water မှ အပူကို စုပ်ယူ (Heat Gain)ကာ liquid to a vapor အဖြစ်သို့ပြောင်းသွားသည်။
အချို့ သော fluid များသည် အပူကို စွန်ထုပ်ရင်း (Heat Loss) အငွေ့ အဖြစ်မှ အရည်အဖြစ်သို့ အသွင်ပြောင်းလဲခြင်း (phase change) ဖြစ်သည်။ ဥပမာ Refrigerant သည် condenser အတွင်းတွင် Condenser Water အတွင်းသို့  အပူကိုစွန့်ထုပ် (Heat Loss )ကာ vapor to a liquid အဖြစ်သို့ပြောင်းသွားသည်။
ဤကဲ့သို့ fluid တစ်ခုမှ အခြား fluid တစ်ခုသို့ အပူစွမ်းအင် (Heat Energy) များ transfer ဖြစ်ခြင်းသည် fluid နှစ်ခု၏ အပူချိန်ကွာဟ မှုကြောင့်ဖြစ်သည်။ heat exchangers များသည် sensible heat နှင့် latent heat နှစ်မျိုးလုံးကို transfer လုပ်နိုင်ကြသည်။
Sensible heat များ transfer ဖြစ်ရန် အသွင်ပြောင်းလဲခြင်း (phase change) ဖြစ်ပေါ်ရန်မလိုအပ်ပေ။ Latent heat များ transfer ဖြစ်ရန် heat exchanger အတွင်းတွင်
အသွင်ပြောင်းလဲခြင်း (phase change) ဖြစ်ပေါ်ရသည်။ Saturated Steam အဖြစ်မှ condensing steam  ဖြစ်ကာ Latent heat များ transfer ဖြစ်သွားသည်။
Heat Exchanger များ၏ အခြေခံသဘောတရားများ (fundamentals), အမျိုးအစားများ(types), အစိတ်အပိုင်းများ(components), အသုံးပြုပုံများ(applications), ရွှေးချယ်ရန် အချက်အလက်များ (selection criteria), နှင့် တပ်ဆင်နည်း (installation) ကို ဖော်ပြထားသည်။

FUNDAMENTALS
Hot fluid မှ cold fluid သို့ အပူစွမ်းအင် (Heat Energy) များ transfer ဖြစ်သည့်နှုန်း (rate of heat transferred) အောက်ပါ ဖော်မြူလာအတိုင်းတွက်ချက်နိုင်ပါသည်။

Q သည် ကူးပြောင်းသွားသည့် အပူပမာဏဖြစ်သည်။
A သည် Heat Transfer ဖြစ်သည့် ဧရိယာ အကျယ်အဝန်းဖြစ်သည်။
U သည် Heat Exchanger တစ်ခုလုံး၏ overall coefficient of heat transfer ဖြစ်သည်။
LMTD သည် log mean temperature difference ဖြစ်သည်။ logarithmic mean temperature
difference method ကို အခြေခံ၍တွက်ခြင်းဖြစ်သည်။
LMTD တွင် Cf သည် correction factor ဖြစ်သည်။ counterflow design မဖြစ်သည့် Heat Exchanger များ အတွက် ၁ ထက် အမြဲတမ်းငယ်လေ့ရှိသည်။ (less than 1.0)
ပုံ ၁ (အထက်ပါ) တွင် အပူချိန်ကွာခြားချက် (temperature cross) ဖော်ပြထားသည်။ Hot fluid ကို Heating  fluid ဟုခေါ်သည်။
hot fluid ၏ အထွက် အပူချိန်သည် cold fluid ၏ အထွက် အပူချိန်ထက်နည်းရမည်။ တနည်း (T2 < t2).
100% true counterflow arrangement ရှိသည့် heat exchanger များသာ အပူချိန်ကွာခြားချက် (temperature cross) ရရှိနိုင်သည်။
The overall coefficient U သည်  Heat Exchanger the surface area A ၏ physical arrangement ပေါ်တွင်မူတည်သည်။ သတ်မှတ်ထားသော load တစ်ခုအတွက် တူညီသော surface area ရှိသည့် Heat Exchanger များအားလုံးသည် တူညီသော performance ကို ပေးနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် physical arrangement မတူသောကြောင့်ဖြစ်သည်။ ထိုကြောင့် heat exchanger ကို ရွေးချယ်သည့်အခါတွင် မိမိလိုအပ်သည့် application အတွက် load conditions ကို ဖော်ပြပေးရမည်ဖြစ်သည်။
Fluid နှစ်ခုလုံး၏ load ကို အောက်ပါ ဖော်မြူလာဖြင့်တွက်ယူနိုင်သည်။  

LMTD ၏ တန်ဘိုးသည် heat exchanger selection အတွက် အလွန် အရေးကြီးသော အရာဖြစ်သည်။ သတ်မှတ်ထားသော load အတွက် LMTD ၏ တန်ဘိုးမြင့်လျှင် သေးငယ်သော surface area ရှိသည့်  heat exchange သာ လိုအပ်သည်။
တနည်း the approach temperature (the difference between T2 and t1) အလွန်နည်းလျှင် LMTD ၏ တန်ဘိုးလည်းနိမ့်သည်။ ထိုကြောင့် Heat Transfer Surface ဧရိယာ (A) ကျယ်ကျယ်လိုအပ်သည်။

TYPES OF HEAT EXCHANGERS
Air con သို့ Refrigeration တွင် အသုံးပြုသော heat exchanger များမှာ
က) Counterflow shell-and-tube heat exchanger အမျိုးအစားများ
ခ) Counterflow Plate heat exchanger အမျိုးအစားများဖြစ်ကြသည်။
နှစ်မျိုးစလုံးသည် fluid များကို တစ်ခုနှင့် တစ်ခုမထိအောင်သီးခြားခွဲထားကြသည်။
  
Shell-and-Tube Heat Exchangers
shell-and-tube heat exchanger အမျိုးအစားသည် tube bundle assembly ကို
tubular shell အတွင်းတွင် welded လုပ်ထား၍သော်လည်းကောင်း၊ ဘို့ (bolts) နှင့်တွဲ၍သော်လည်းကောင်းတပ်ဆင်ထားသည်။
tube bundle များသည်  rolled သို့မဟုတ် welded လုပ်ထားသည့် (U-tube) များသော်လည်းကောင်း၊ both
ends (straight-tube) များသော်လည်းကောင်း၊ tubesheet(s) များသော်လည်းကောင်းဖြစ်ကြသည်။
shell ဆိုသည်မှာ ပိုက်အကြီးစားကို ဖြတ်ထားပြီး longitudinal centerlines တွင် inlet and outlet connections ပြုလုပ်ထားသည်။ shell တွင် ပုံစံများ၊ အမျိုးအစား များစွာ မကွာခြားပေ။ သို့သော်
Tube ပုံစံများတွင်
၁) U-Tube.    
 


၂) Straight-Tube.    
 


၃) Shell-and-Coil.    
 
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...