" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Energy Efficiency Index ( EEI ) အကြောင်း

Chiller Plant Room Efficiency
Centralized Air Conditioning System တစ်ခု၏ performance ကောင်းမကောင်းကို kW/RT ဖြင့်တိုင်းတာလေ့ရှိသည်။ ထိုသို့ kW/RT ဖြင့်တိုင်းတာခြင်းဖြင့် Central Plant Room သို့မဟုတ် Chiller Plant Room ၏ Efficiency ကို သာရရှိသည်။ kW/RT ဆိုသည်မှာ Chiller Plant Room တစ်ခုသည် 1 Refrigeration Ton ( 12,000 But) ထုပ်နိုင်ရန်အတွက် အသုံးပြုရသော Electrical kW ဖြစ်သည်။ တနည်း Chiller Plant Room မှ ထုပ်သော Refrigeration Ton ကို အသုံးပြုသော Electrical kW ဖြင့်းစားထားခြင်းဖြစ်သည်။ ထိုကြောင့် kW/RT ၏ တန်းဘိုးနည်းလေ Chiller Plant Room မှာ Efficient ဖြစ်လေ ဖြစ်သည်။
kW/RT သည် အမြဲပြောင်းလဲနေသည် Chiller Plant Room တစ်ခု၏ Efficiency ဖြစ်သည်။ kW/RT သည် Chiller Efficiency ပေါ်တွင် အဓိကမူတည်သည်။ Chiller Efficiency ကောင်းလျှင် Chiller Plant Room တစ်ခုလုံးသည် Efficiency မှာလည်းကောင်းလာသည်။ Chiller Efficiency သည် Chiller ၏ loading % ပေါ်တွင်မူတည်သည်။ Chiller တစ်လုံးကှို ၈၀% မှ ၉၀% တွင် Best Efficiency ရရှိရန် ဒီဇိုင်းလုပ်ကာ ထုပ်လုပ်ထားသည်။ ထိုကြောင့် Chiller ၏ loading % သည် ၇၀% အောက်သို့ရောက်သွားလျှင် တဖြည်းဖြည်း Chiller Efficiency kW/RT သည် ပို ဆိုးဆိုးလာသည်။ တနည်း kW/RT ၏ တန်ဘိုးသည်ပိုများများလာသည်။ မိမိ၏ Chiller Plant Room Efficiency (kW/ton) သည် မည်သည့်အဆင့်တွင်ရှိသည်ကို ASHRAE Standar အရတိုင်းတာနိုင်ပါသည်။

အောက်ပါ ASHRAE သတ်မှတ်ချက်အရ Chiller Plant Room Efficiency (kW/ton) သည် 1.0 အထက်တွင် ရှိပါက တစ်စုံတစ်ခုလွဲမှားနေသည်ဟုဆိုနိုင်သည်။ Need Imporvement အဆင့်တွင်ရှိသည်။ 0.9 နှင့် 1.0 အကြားတွင်ရှိပါက Fair အဆင့်တွင်ရှိသည်။ 0.7 နှင့် 0.8 အကြားတွင်ရှိပါက Good အဆင့်တွင်ရှိသည်။ 0.7 အောက်တွင်ရှိပါ Excellent အဆင့်တွင်ရှိသည်။
သို့သော်Chiller Plant Room Efficiency (kW/ton) အချင်းချင်းနိုင်ယှဉ်ရန်အတွက် အခြားသောလိုက်နာရမည့်အချက်များမှာ Average Annual Chiller Plant Room Efficiency (kW/Ton) ဖြစ်ရမည်။ Chiller သည်လည်း လျှပ်စစ်မော်တာနှင့်မောင်းသော(Electrically Driven) Chiller ဖြစ်ရမည်။ Input Energy တွင် Chiller, Condenser Water Pumps, Chilled Water Pump နှင့် Cooling Tower တို့ကိုပါထည့်သွင်းတွက်ချက်ရမည်။ Chilled Water Supply temperature သည် 5.6C ဖြစ်ရမည်။ Cooling Tower သည် Open type ဖြစ်ရန်နှင့် Entering Condenser Water temperature သည် 29.4C ဖြစ်ရမည်။ မြောက်အမေရိကရှိ ရာသီဥ မတူညီသော နေရာများအတွက် +/- 0.05 kW/Ton adjustment လုပ်နိုင်သည်။
Energy Efficiency Index (EEI)
Chiller Plant Room ၏ Efficiency သည် Chiller Chiller Plant Room တစ်ခုနှင့် အခြား Chiller Chiller Plant Room တစ်ခု နိုင်းယှဉ်ရန်အတွက်သာ သုံးပြုသင့်သည်။ သို့သော် အဆောက်အဦးတစ်ခု နှင့် အခြား အဆောက်အဦးတစ်ခု နိုင်းယှဉ်ရန်အတွက်သာ သိပ်အသုံး မဝင်လှပေ။
အဆောက်အဦးတစ်ခု နှင့် အခြား အဆောက်အဦးတစ်ခု ၏ Energy Efficiency နိုင်းယှဉ်ရန်အတွက်သာ EEI (Energy Efficiency Index) ကို အသုံးပြုသည်။ EEI ဆိုသည်မှာ အဆောက်အဦးတစ်ခု ၏ တစ်နှစ်စာ Energy Comsumption (kWh) ကို အတွင်းရှိ ကြမ်းခင်းဧရိယာ စတုရန်းမီတာဖြင့်စားခြင်းဖြစ်သည်။ တနည်း EEI ဆိုသည်မှာ အဆောက်အဦးတစ်ခု၏ ၁ စတုရန်းမီတာ တိုင်းအတွက် တစ်နှစ်အတွင်းအသုံးပြုသည့် kWh ဖြစ်သည်။ ကြမ်းခင်းဧရိယာ စတုရန်းမီတာ တူညီသော အဆောက်အဦးနှစ်ခုတွင် တစ်နှစ်စာ Energy Comsumption (kWh) များသည် အဆောက်အဦးသည် EEI များမည်ဖြစ်သည်။ အဆောက်အဦးတစ်ခု၏ EEI မှာ နည်းလေကောင်းလေဖြစ်သည်။
EEI for Office buildings = (TBEC / GFA) * (55 / OH)
ဥပမာ- EXAMPLE OF EEI CALCULATION
Total building energy consumption (TBEC) = 12,345,678 kWh/yr (from electricity bills) လစဉ် လျှပ်စစ်ဓါတ်အားတောင်းခံလွှာမှ တစ်နှစ်စာပေါင်းယူသည်။
Gross floor area (GFA) = 65,000 m2
Operating Hours (OH) = 60 hrs/week
EEI = (12,345,678 / 65,000) * (55 / 60) = 174 kWh/m2/yr

အထက်ပါ ဥပမာ သည် EEI ကို အကြမ်းဖြင်းတွက်ချက်သော နည်းသာဖြစ်သည်။ EEI သည် အဆောက်အဦးတစ်ခု နှင့် အခြား အဆောက်အဦးတစ်ခု Energy Efficiency နိုင်းယှဉ်မူသာဖြစ်သည်။ နိုင်းယှဉ်ချက်များကို ပြုလုပ်ရန်တူညီသောအရာအခြင်းခြင်း (Commmon Platform) ကိုသာပြုလုပ်မှသဘာဝကျသည်။ ရုံခန်းများအဖြစ်သုံးသော အဆောက်အဦး (Office Building) အချင်းချင်း၊ ရှော့ပင်းစင်တာ(Shopping Center) အချင်းချင်း၊ ဟိုတယ် အချင်းချင်း၊ သာနိုင်းယှဉ်သင့်သည်။ ထိုကြောင့် Office Building အတွက် EEI ။ ရှော့ပင်းစင်တာအတွက် EEI။ ဟိုတယ်အတွက် EEI ဟုအဓိသုံးမျိုးခွဲခြားထားသည်။ အဆောက်အဦးတစ်ခုသည် ထိုသုံးမျိုးထဲတွင်အကျုံးမဝင်ပါက EEI မရှိပေ။
ရုံခန်းများအဖြစ်သုံးသော အဆောက်အဦး (Office Building) အချင်းချင်း EEI ကိုနိုင်ယှဉ်ရာတွင် လည်း တူညီသောအရာအခြင်းခြင်း (Commmon Platform) နိုင်းယှဉ်မှုဖြစ်ရန် အတွက် Data Center များ နှင့် အဆောက်အဦးအတွင်းရှိ ကားထားရာနေရာ များကို ဖယ်ထုပ်တွက်ချက်သင့်သည်။ ထိုကြောင့် Total building energy consumption (TBEC) မှ Data Center energy consumption (DCEC) နှင့် Car Park energy consumption (CPEC) ကို ဖယ်ထုပ်တွက်ချက် ရန် ဖြစ်သည်။ ထိုအတူပင် Gross floor area (GFA) မှ Data Center area (DCA) နှင့် Car Park area (CPA) တို့ကို ဖယ်ထုပ်ရန် ဖြစ်သည်။
ထိုအပြင်လည်း အချို့သော ရုံခန်း အဆောက်အဦးသည် တစ်ပတ်လျှင် ၅၅ နာရီ Operate လုပ်ကြပြီး အချို့သော ရုံခန်း အဆောက်အဦးသည် တစ်ပတ်လျှင် ၆ ၅ နာရီ Operate လုပ်ကြသည်။ ထိုကြောင့် Actual Operating Hour ကို လည်းထည့်သွင်းတွက်ချက်ရန်လိုအပ်သည်။ ထိုအပြင် ရာသီဥဇုံတူသော သို့ similar weather တွင်ရှိသော အဆောက်အဦးများအချင်းချင်း နိုင်းယှဉ်သင့်သည်။
ရှော့ပင်းစင်တာအတွက် EEI တွင် ငှားနိုင်သော ကြမ်းခင်ဧရိယာ (Gross Lettable Area)။ ငှားသူမရှိသော ဆိုင်အလွတ်ဧရိယာများ(Floor Vacancy Rate%) တို့ကို ထည့်သွင်းစဉ်းစားတွက်ချက်ရမည်။ ပုံသေနည်း မှာအောက်ပါအတိုင်းဖြစ်သည်။
ဟိုတယ်များအတွက် EEI သည် Total building energy consumption (TBEC)။ Gross floor area (GFA) တို့အပြင် မည်သည့် အဆင့်ဟိုတယ် ( 1 Star to 5 Star) ဆိုသည့် အချက်ပေါ်တွင်လည်းမူတည်သည်။
ကောင်းထက်ညွန့်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...