" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Automatic Control System in Building အကြောင်း

  • မျက်မှောက်ခေတ် Buildings တွေ မှာ Equipments တွေ က အများကြီး မို့ ဒီ Equipments တွေ ကို ထိန်းသိမ်း မောင်းနှင် တဲ့ အခါ operator တွေ အများကြီး နဲ့ manually operate လုပ်တာ က efficient မဖြစ်၊ မထိရောက်တော့ ပါဘူး။
  • ဒါကြောင့် အလိုအလျောက် ထိန်းသိမ်း အလုပ်လုပ် ဆောင်နိုင်မဲ့ Automatic Control တွေ က အရေးပါ လာပါတယ်။ အထူးသဖြင့် Dynamic Response လိုအပ်တဲ့ အခါ အလိုလို တွက်ချက် ထိန်းချုပ်ပေးနိုင်တဲ့ Automatic Control Systems တွေ က ပိုမိုထိရောက် စွာ စွမ်းဆောင် ပေးနိုင်ပါတယ်။



  1. Introduction
    • Building Owner ရဲ့ Operation လိုအပ်ချက် နဲ့ တတ်နိုင်တဲ့ ငွေကြေး Budget ကို လိုက်လို့ ရိုးရိုးရှင်းရှင်း Simple Stand-alone Control ကနေ Integrated Control Systems အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
    • ဒီလို Control Systems တွေ ကို သုံးစွဲမှု အတိမ်အနက် ကို လိုက်ပြီး အခေါ်အဝေါ် အမျိုးမျိုး ဖြစ်နိုင်ပါတယ်။
      • Automatic Control System
      • Home Automation System
      • Building Automation System (BAS)
      • Building Management System (BMS)
      • Energy Monitoring and Control System (EMCS)
      • Energy Management System (EMS)
      • Facility Management System (FMS)
    • ရိုးရှင်းတဲ့ Control Systems ဥပမာ တွေ ကတော့။
      • Domestic Water Transfer Pump Control
        • အမိုးပေါ် ကရေကန်ထဲမှာ ရေမရှိရင် မောင်းတင်၊ ရေပြည့်ရင် အလိုလိုရပ်၊
        • ရေကန်ထဲမှာ ရေနည်းရင် (သို့) ရေလျှံ နေရင် အချက်ပေး (Alarm)
        • ရေပန့်တစ်ခု အလုပ်မလုပ်ရင် နောက်တစ်ခု အလိုလို အစားဝင်၊
        • သာမန် အခြေအနေ မှာ မီတာခ သက်သာ တဲ့ ညအချိန် Timer ပေးထားပြီး ရေမပြည့်မချင်း မောင်းတင်တာ၊ ပြည့်သွားရင် အလိုလို ရပ်
      • Drainage Sump Pump Control
        • ရေဆိုးကန်၊ မိုးရေကန် ရေပြည့်ရည် အလိုလို မောင်းထုတ်။
        • ရေလျှံ နေရင် အချက်ပေး
      • Fire Pump Control
        • အရေးပေါ် မီးအခြေအနေ မှာ မီးသတ်ရေပန့် အလိုလို မောင်း။
        • မီးလှန့် Fire Alarm Activate လုပ်။
    • ဒီလို Control မျိုးက Central BAS နဲ့ မတွဲပဲလည်း Control Panel ကနေ တိုက်ရိုက် ထိန်းလို့ ရပါတယ်။ Central BAS နဲ့ တွဲချင်ရင်တော့ Controller နဲ့ Contact Point ပေးရပါလိမ့်မယ်။
    • HVAC လို Environment Control လုပ်ဘို့ လိုအပ်လာတဲ့ အခါ မှာ တော့ ရိုးရိုးရှင်းရှင်း ကနေ ပိုမို ရှုတ်ထွေး သိမ်မွေ့ တဲ့ Control System တွေ လိုအပ်လာပါတယ်။
    • Building MEP Services တွေဖြစ်ကြတဲ့ HVAC Systems, Plumbing Systems, Fire Protection and Life Safety Systems, Lighting, Power နဲ့ Security System တွေ ကို controls and monitors လုပ်နိုင်မဲ့ computer-based control system တွေ ကို BAS (သို့) BMS လို့ ခေါ်ဆိုလေ့ ရှိကြပါတယ်။
    • အရေးပေါ် အခြေအနေ မှာ သူ့အလိုလို အလုပ်လုပ်တာ၊ တာဝန်ရှိတဲ့ သူတွေ ဆီ SMS (သို့) email ပို့ အကြောင်းကြား တာ၊ အရေးပေါ် ကြေငြာချက်တွေ ကို ကြိုတင် အသံသွင်းထားတဲ့ အတိုင်း ထုတ်လွှင့်တာတွေ ပါ ထည့်သွင်းပေးနိုင် ပါသေးတယ်။
    • တင်းကျပ်တဲ့ Stringent Environment Control Conditions နဲ့ Utilities Systems တွေ အများကြီး ပါဝင်တဲ့ Electronic / Pharmaceutical Factories တွေ မှာတော့ ဒီ Building Control Systems က အဆပေါင်း များစွာ ပိုမိုသိမ်မွေ့၊ ပိုမို ရှုတ်ထွေး တာမို့ Facility Management System (FMS) လို့ ခေါ်ဆို ကြပါတယ်။
    • စာရေးသူ ပါဝင်ဆောက်လုပ်ခဲ့ ဘူးတဲ့ Electronic Factory တစ်ခုက ပထမဆုံး Phase 1 မှာ Cleanroom အတွက် ULPA Filter တပ်ဆင်ထားတဲ့ FFU (Fan Filter Units) အလုံး 3,600 တပ်ဆင် ရပါတယ်။ တစ်လုံးစီ က လိုအပ်ချက် အတိုင်း Air Flow Velocity ရစေဘို့ တစ်ခုချင်း Speed (rpm) ညှိပေးရပါတယ်။ ဒါကို အစမှာ manually setup လုပ်လို့ ရပေမဲ့ တကယ်တန်း operate လုပ်တဲ့ အခါမှာ FMS မပါရင် ဘယ်လို မှ ခရီးတွင်မှာ မဟုတ်ပါဘူး။
    • ဒီ FMS လိုပဲ သိမ်မွေ့နက်နဲ နိုင်တဲ့ Industrial Control / Automation Systems တွေနဲ့ Process Control Systems တွေလည်း ရှိပါသေးတယ်။ ( စာရေးသူ မှာ ဒီ အခြား Control Systems နဲ့ပတ်သက်ပြီး NUS မှာ MSc. တက်တုန်းက စာတွေ့ သင်ယူ လေ့လာခဲ့ ဘူးပေမဲ့ အတွေ့အကြုံ တော့ မရှိသေးပါဘူး။ )
  2. BAS Points Schedule and Control Strategies
    • Building Engineer တွေ သိထားသင့်တဲ့ BAS အခြေခံ တွေ ကတော့
      1. BAS Points Schedule
        • Input / Output
        • Digital / Analog
      2. Control Strategies (Control / Monitor / Alarms)


    1. BAS Points Schedule
      • အခြေခံ အနေနဲ့ ပြောလေ့ ရှိတာက BAS Points Schedule ပါ။ DI (Digital Input), DO (Digital Output), AI (Analog Input), AO (Analog Output) စသည်ဖြင့် တွေ့နိုင်ပါတယ်။ ရချင်တဲ့ Control Strategies ကို လိုက်ပြီး လိုအပ်တဲ့ points အရေအတွက် ကို သတ်မှတ်ရပါတယ်။
      • Input or Output : Control Terminal Box ဘက် ကနေ ကြည့် ပြီး အဝင်အထွက် ကို ခေါ်တာပါ။
        • Output: Control System ကနေ Equipment ဆီကို ထွက်ရင် Output, ဒါကို Command Signal လို့ ခေါ်နိုင်ပါတယ်။
        • Input: Equipment / Instruments ထဲကနေ Control System ထဲကို ဝင်လာရင် Input ပါ။ ဒါကို Status Signal လို့ ခေါ်နိုင်ပါတယ်။
      • Digital (Binary) or Analog :
        • Digital : Two Position (either 0 or 1) 0 နဲ့ 1 တစ်ခုခု ပဲ ဖြစ်နိုင်တာ မို့ Digital လို့ ခေါ်တာပါ။ တစ်ခါတစ်ရံ Binary လို့လည်း ခေါ်တတ်ကြပါသေးတယ်။
        • Angalog : Any Position (from 0 to 1), 0 ကနေ 100% အတွင်း Any Value ကို သတ်မှတ် နိုင်တာမို့ Analog လို့ ခေါ်တာပါ။
      • DO (Digital Output) : Equipment တစ်ခုခု ကို စဘို့၊ ရပ်ဘို့ (သို့) Actuator တစ်ခုခု ကို အဖွင့်အပိတ် (အပြည့်ဖွင့်၊ အပြည့်ပိတ်) လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • On / Off (Sometimes called Start / Stop) : Equipments
        • Open / Close [ Fully Open / Fully Close ] : Motorized Actuators, Valve, Dampers
      • AO (Analog Output) : Equipment တစ်ခုခု ရဲ့ လည်ပတ်နှုန်း (rpm) ကိုထိန်းဘို့၊ (သို့) Actuator တစ်ခုခု ကို (အပြည့်ဖွင့်၊ အပြည့်ပိတ် တင် မဟုတ်ပဲ) လိုချင်တဲ့ နေရာ အလိုက် အဖွင့်အပိတ် Modulating လုပ်ခိုင်း နိုင်တဲ့ Command Signal ပါ။
        • Modulating Control : Motorized Actuators, Valve, Dampers
        • Speed Control : Variable-Frequency Drive(VFD) [ VFDs are also know as Adjustable-Frequency Drives (AFD), Variable-Speed Drives (VSD), AC drives, Microdrives or Inverter drives.]
        • Capacity Control : Thermistor Controlled Electric Heater
      • DI (Digital Input) : ဖြစ်နိုင်ချေ ရှိတဲ့ Condition နှစ်ခု အနက် က ဘယ်တစ်ခု ဖြစ်နေသလဲ ဆိုတဲ့ Status ကို Feedback ပေးလာတဲ့ Status Signal Point ပါ။ သိချင်တဲ့ Equipment တစ်ခု လည်နေလား ၊ ရပ်နေလား၊ ဒါမှမဟုတ် မလည်နိုင်ပဲ Trip ဖြစ်နေသလား။ Actuator က ပွင့်နေသလား၊ ပိတ်နေသလား။ Differential Sensor (Pressure, etc.) တစ်ခုခု လိုတဲ့ အနေအထား ရပြီလား၊ Control Panel က Auto Mode စတဲ့ အခြေအနေ တွေ ကို ပေးတာပါ။
        • On / Off Status : Equipments, Differential Pressure Switch, etc.
        • Open / Close Status : Motorized Actuators, Valve, Dampers
        • Trip Status : Equipments
        • Operating Mode : Auto/Off/Manual Switch Modes, Local / BAS Control Mode, etc.
        • Water Level: Water Tank High Level, Low Level (Pump Stop), Pump Start Level, etc.
        • Alarm: Fault Alarm, System High Pressure, Low Pressure, Water Tank Extra High Level (Overflow), Extra Low Level (Empty), etc.
        • Pulse Input: Water Meter / Gas Meter / BTU meter, etc.
      • AI (Analog Input ) : သိချင်တဲ့ အခြေအနေ Status Signal တွေ ကို Sensor / Transmitter / transducer တွေကနေ ယူတာပါ။ ဒီ Input တွေ က ရတဲ့ အခြေအနေ တန်ဘိုး တွေ ကို မူတည် ပြီး ဘယ်လို Control လုပ်မယ် ဆိုတဲ့ Control Strategies တွေ ကို သတ်မှတ်ရပါတယ်။ ဥပမာ တွေ ကတော့။
        • Temperature : Space, Supply / Return Air, Chilled Water, Hot Water, etc.
        • Humidity : Room, Supply Air
        • Pressure : Air System, Water Systems, Compressed Gas, etc.
        • Differential Pressure : Air System, Water Systems, etc.
        • Flowrate : Air System, Water Systems, etc.
        • Ampere : Equipment Power Usage
        • Speed : Variable-Frequency Drive (VFD), etc.
        • Lighting Illuminance Level (lux)
        • Indoor Air Quality Sensors : CO Sensors, CO2 Sensors, etc.
        • PH : Industrial Discharged Water, Industrial Exhausts, etc.
      • Analog Input ထဲမှာ Voltage, Current, Thermistor (Resistance) ဆိုပြီး Input သုံးခု ရှိတဲ့ အနက် အချို့ Controllers တွေမှာ Thermistor Inputs, TI ကို သီးသန့်ခွဲ သတ်မှတ် တာလည်း ရှိပါတယ်။ Thermistor Input တွေက အများအားဖြင့် Temperature ဖြစ်လေ့ရှိပါတယ်။ (A thermistor is a type of resistor whose resistance varies with temperature.) အချို့ Controllers တွေကတော့ Analog Input တစ်မျိုးမျိုးသာ မက Digital Input ကိုပါ လက်ခံ နိုင်တဲ့ Universal Inputs, UI ဆိုပြီးလည်း ပေးတတ်ပါတယ်။ Point Schedule မှာတော့ ဒါတွေ ကို ( ဖော်ပြဘို့မလိုအပ်တာမို့ ) ဖော်ပြလေ့ မရှိပါဘူး။
      • HL (High Level Interface) : Chillers တွေ လို တကယ့် Advanced Control System ပါပြီးသား Equipments တွေ ကတော့ HL (High Level Interface) နဲ့ တိုက်ရိုက် Communicate လုပ်နိုင်ပါတယ်။ သတိထား ရမှာ က Communication Protocol နဲ့ Network Cabling Standard ပါပဲ။
    2. Control Strategies
      • Building Owner တွေနဲ့ Operator တွေက စိတ်ချပြီး လွယ်လွယ်ကူကူ သုံးစွဲ ထိန်းသိမ်း နိုင်မဲ့ Control Systems တွေကို ပဲ လိုချင်ပါတယ်။ ဒါကြောင့် designer က Control System အတွက် လိုအပ်တဲ့ အချက်အလက် တွေ ကို ပေးရပါမယ်။ အဲဒါတွေကတော့
        • Control Sequence of Operation
        • A Control Schematics
        • Diagram showing interaction between various parts of the system
        • Commissioning Instruction
        • A maintenance checklist
      • Building Owner က ဘယ်အဆင့်အထိ Control (သို့) Monitor လိုချင်တာလဲ။ Allowable Tolerance ဘယ်လောက် အတိုင်းအတာအတွင်း တိတိကျကျ ရချင်တာလဲ ဆိုတာတွေ ပေါ်မူတည်ပြီး စဉ်းစားရပါတယ်။ စဉ်းစားရမဲ့ အဆင့်တွေ ကတော့၊
        • Simple Monitoring
        • Space Environmental Control (Temperature, Humidity, Pressure, Cleanliness, etc.)
        • Scheduled (Timer) Control
        • Data Acquisition
        • Equipment Performance Control, Sequencing, Loading
        • Energy Usage Monitor and Optimization
        • Control Optimization: Static or Dynamics
      • Local Loop (or) Supervisory Control ?
        • Lower Level Local-Loop Control ဆိုတာက သိပ်ပြီး ရှုတ်ရှုတ်ထွေးထွေး မရှိလှတဲ့ Domestic Water Pumps, Drainage Pumps, Room FCU တွေ ကို အများအားဖြင့် Lower Level Local-Loop Control နဲ့ ထိန်းနိုင်ပါတယ်။ Single Set point ထားပြီး actuator နဲ့ ပဲ အတိုးအလျှော့ လုပ်ပေးပြီး ထိန်းတာပါ။ (ဥပမာ။ ။ Chilled Water FCU ရဲ့ Supply Air Temperature ကို ထိန်းဘို့ Chilled Water Control Motorized Valve ကို လိုအပ်သလို အဖွင့်အပိတ် လုပ်ပေးခိုင်းတာ မျိုးပါ။)
        • Upper Control Level ဖြစ်တဲ့ Supervisory (or Remote) Control ကတော့ လိုအပ်သလို set points ပြောင်းတာ၊ အချိန်အလိုက် အလုပ်လုပ်စေမဲ့ time-dependent modes of operation ထားတာ, Control Optimization လုပ်တာ နဲ့ Data Acquisition လို့ခေါ်တဲ့ အချက်အလက် တွေ စုဆောင်း တာတွေ ကို ပါရနိုင်ပါတယ်။
      • Control (and/or) Monitor ?
        • Control (and/or) Monitor ဘယ်လို လုပ်ချင်တာလဲ။
        • Remote On/Off Control လိုအပ်သလား၊ လိုအပ်ရင် On/Off နဲ့တင် လုံလောက်သလား၊ ဒါမှမဟုတ် ဘယ်လောက် အဆင့်အထိ ထိန်းချုပ်ဘို့ လိုအပ်သလဲ။ ဒီလို Control လုပ်ဘို့ အနည်းဆုံး ဘယ် Data တွေ လိုအပ်သလဲ။ နောက်ထပ် ဘယ် Data တွေ ကို လိုချင်သေးလဲ။
        • Monitor ဆိုရင်လည်း အနည်းဆုံး ဘယ် Data တွေ ကို လိုချင်တာလဲ။ ဘာ Status တွေ ကို Monitor လုပ်ချင်တာလဲ။ In Operation လည်နေ မနေ (On/Off Status) ကိုသိချင်သလား။ အခြားဘယ် Operating parameter တွေရဲ့ အခြေအနေ ကိုသိချင်သလဲ။ Alarm ဆိုရင် Specific လား ဒါမှမဟုတ် General လား။ (ဥပမာ။ ။ Water Pumps အတွက် Water Tank Empty, Water Tank Overflow, Pump Trip, No Flow တစ်ခုချင်းစီ ကို BAS ကနေ သိချင်သလား၊ ဒါဆိုရင် 4 points လိုမယ်။ ဒါမှမဟုတ် ဒီလေးခုထဲ က ဘယ် Alarm ပဲဖြစ်ဖြစ် General Alarm ကို Trigger လုပ်ပေးမယ် ဆိုရင်တော့ 1 point ပဲလိုမယ် စသည်ဖြင့်ပါ။)
      • Control Optimization:
        • Control Optimization လိုချင်သလား။ လိုချင်ရင် Static Optimization နဲ့ Dynamic Optimization နှစ်ခုထဲက ဘယ်အမျိုးအစား ကို လိုချင်တာလဲ။
      • စသည်ဖြင့် လားပေါင်း၊ လဲပေါင်း များစွာ ကို အဖြေရှာရပါတယ်။
      • ဒီအခြေခံ တွေ ကို ရပြီဆိုရင်တော့ ပိုပြီး အသေးစိတ် သတ်မှတ်ဘို့ အများအားဖြင့် BAS specialist နဲ့ လည်း သေသေချာချာ ဆွေးနွေး ညှိနှိုင်း ရပါတယ်။
      • Energy Efficiency လိုချင်လို့ Optimization လုပ်တဲ့ အခါ Sensor တွေ Controller တွေ အများကြီး ထပ်တတ် ရတတ်ပါတယ်။ တစ်ခါတစ်ရံ ပေါ့စေချင်လို့ ကြောင်ဆေးထိုး၊ ဆေးအတွက်လေး ဆိုတာ လို ငွေလည်းပိုကုန်၊ Energy ပိုစား တာလည်း ဖြစ်တတ် ပါသေးတယ်။
  3. Control Fundamentals
    1. Terminology
    2. Feedback-Control Example
    3. Type of Control Action
    4. Control Components
      1. Controlled Devices
      2. Sensors
      3. Controllers
    5. Communication Networks for BAS
    6. Specifying DDC System




    1. Terminology
      Control Systems မှာသုံးတဲ့ Terminology အချို့ ကို ASHRAE Handbook ကနေ ကောက်နုတ် ဖော်ပြ ပေးထားပါတယ်။
      • A closed loop or feedback control measures actual changes in the controlled variable and actuates the controlled device to bring about a change. The corrective action may continue until the variable is brought to a desired value within the design limitations of the controller. Every closed loop must contain a sensor, a controller, and a controlled device.
      • The sensor measures the controlled variable and transmits to the controller a signal (pneumatic, electric, or electronic) having a pressure, voltage, or current value related by a known function to the value of the variable being measured.
      • The controller compares this value (the sensor's signal) with the desired set point and regulates an output signals to the controlled device for corrective action. A controller can be hardware or software. A hardware controller is an analog device (e.g., thermostat, humidistat, pressure control) that continuously receives and acts on data. A software controller is a digital device (e.g., digital algorithm) that receives and acts on data on a sample-rate basis.
      • The controlled device is typically a valve, damper, heating element, or variable-speed drive. It is the component of a control loop used to vary the input (controlled variable).
      • The set point is the desired value of the controlled variable. The controller seeks to maintain this set point. The controlled device reacts to signals from the controller to vary the control agent.
      • The control agent is the medium manipulated by the controlled device. It may be air or gas flowing through a damper; gas, steam, or water flowing through a valve; or an electric current.
      • The process is the HVAC apparatus being controlled, such as a coil, fan, or humidifier. It reacts to the control agents output and effects the change in the controlled variable.
      • The controlled variable is the temperature, humidity, pressure, or other condition being controlled.

    2. Feedback-Control Example
      • Closed Loop Or Feedback Control တိုင်းမှာ sensor, controller နဲ့ controlled device ဆိုတဲ့ Basic Elements သုံးခု က မရှိမဖြစ် ပါဝင်ရပါတယ်။ နမူနာ တစ်ခု အနေနဲ့ ရိုးရိုးရှင်းရှင်း Simple Heating Coil Control ကို အောက်မှာ ဖော်ပြ ပေးထားပါတယ်။

      • ပထမ Sensor က Controlled Variable ကို Sense လုပ်ပါတယ်။ ဒီနမူနာ မှာ Controlled Variable က Duct ထဲက လေရဲ့ အပူချိန် Air Temperature ဖြစ်ပါတယ်။
      • Controller က ဒီ Measured Value ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။ ဒီ နမူနာ မှာ ဆိုရင် Measured Temperature ကို လိုချင်တဲ့ (ချိန်ထားတဲ့) Setpoint Temperature နဲ့ နှိုင်းယှဉ်ကြည့်ပါတယ်။
      • ဒီ Setpoint နဲ့ တိုင်းလို့ရတဲ့ Temperature နှစ်ခု ကွာခြားချက် difference ကို Error လို့ခေါ်ပါတယ်။
      • ဒီ Error ပေါ်မူတည်ပြီး Controller က သူ့ရဲ့ Output Signal ကို တွက်ချက် ပြီး ထုတ်ပေးပါတယ်။ ဒီ နမူနာ မှာတော့ Output က Controlled Device ဖြစ်တဲ့ valve ကို modulate (ထိန်းချုပ်) ပြီး steam flow ကိုထိန်းချုပ်ခြင်း ဖြင့် ထွက်လာတဲ့ Air Temperature ကို ပြောင်းလဲ စေပါတယ်။ ဒီနည်း နဲ့ လိုချင်တဲ့ Air Temperature ရအောင် Control လုပ်ယူရတာ ဖြစ်ပါတယ်။
      • ဒီ Control Loop ကို အောက်မှာ နမူနာ ပြထားတဲ့ Block Diagram နဲ့ ပြသ လို့ရပါတယ်။ ( Matlab နဲ့ Simulink လို့ခေါ်တဲ့ Software မှာ ဒီလို Block Diagram မျိုး တွေ ဒီဇိုင်း လုပ်ပြီး Simulation လုပ် လို့ ရတာ မှတ်မိပါတယ်။ )
      • ဒီ လို လိုချင်တဲ့ အခြေအနေ ကို ရအောင် ထိန်းချုပ်တာ က ချက်ခြင်း ပြောင်းတာ မျိုးမဟုတ်ပါဘူး။ Time Lag လို့ ခေါ်တဲ့ အချိန် နောက်ကျ တာ ရှိပါတယ်။ Modulate လုပ်ဘို့ လည်း အချိန်လိုပါတယ်။ Controlled Variable ရဲ့ တန်ဘိုးပြောင်း ဘို့လည်း အချိန်ယူရပါတယ်။ Sensor တွေ ကလည်း Controlled Variable ပြောင်းပြောင်းချင်း Response ရတာ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် Control Loop Performance တွေ က ဒီ Time Lag တွေ ပေါ် အများကြီး မှီပါတယ်။ ဒီဇိုင်း လုပ်တဲ့ အခါ ဒီ Time Lag တွေ ဖြစ်တဲ့ Sensor Response Time, Dead Time, Time Constant, First Order Lag စတဲ့ အခြေအနေ တွေ ကို ထည့်သွင်း စဉ်းစားပေးရပါတယ်။
    3. Type of Control Action
      1. Two-Position Action (Action related to Binary Output)
        • ဖွင့်တာ ပိတ်တာ ကို Controlled Variable ရဲ့ Input ကိုမူတည် ပြီး Controller Differential တစ်ခု ကို သတ်မှတ် ရပါတယ်။ ဥပမာ အခန်းရဲ့ Temperature ကို Control လုပ်ဘို့ FCU ရဲ့ Cooling Coil ကို အဖွင့် အပိတ် နဲ့ ထိန်းမယ် ဆိုရင် Temperature က Low Temperature ထိရင် Valve ကို ပိတ်မယ်။ High Temperature ကို ထိရင် Valve ကို ဖွင့်မယ် စသည်ဖြင့်ပါ။ သူ့ရဲ့ သဘာဝ ကို အောက်မှာ ဖော်ပြပေးထား ပါတယ်။
      2. Modulating Control (Action related to Analog Output)
        • Modulating Control မှာ Controller's Output က သူ့ entire range အတွင်း လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။ သုံးလေ့ရှိတဲ့ Term အချို့ကို အောက်မှာ ဖော်ပြပေးထားပါတယ်။
          • Throttling Range : Controller က Controlled Device ရဲ့ အနည်းဆုံး နေရာ နဲ့ အများဆုံး နေရာ နှစ်ခု ကြားကို ရွှေ့ပေး နိုင်ဘို့ လိုအပ်တဲ့ Controlled Variable ထဲမှာ ပြောင်းဘို့ လိုအပ်တဲ့ အတိုင်းအတာ ကို ခေါ်တာ ဖြစ်ပါတယ်။ ဥပမာ Temperature ကို ±5 ºC အတွင်း ထိန်းမယ်၊ +5 ºC ဆိုရင် Valve 100% open, -5% ဆိုရင် Valve လုံးလုံး closed ဆိုရင် Temperature ပြောင်းရင် Valve က 100% ပြောင်းပါတယ်။ ဒီ 10 ºC ကို Throttling Range လို့ခေါ်ပါတယ်။
          • Control Pointဆိုတာက တော့ Instrument က Control လုပ်နေတဲ့ Controlled Variable ရဲ့ တကဲ့ တန်ဘိုး actual value ဖြစ်ပါတယ်။ ဒါက System Load အပြောင်းအလဲ နဲ့ အခြား variables တွေ ပေါ်မူတည် ပြီး Controller ရဲ့ Throttling Rangeအတွင်းမှာ ပြောင်းလဲ နေရတာ ဖြစ်ပါတယ်။
          • Offsetဆိုတာကတော့ set point နဲ့ actual control point ကြား ကွာနေတဲ့ error ကို ခေါ်တာ ဖြစ်ပါတယ်။ Sensor တွေမှာ လည်း တကယ့်တန်ဘိုး နဲ့ Signal ကြားမှာ ကွာခြားချက် ရှိနိုင်ပါတယ်။ ဒါကို လည်း Offset လို့ခေါ်ပါတယ်။
        • သုံးလေ့ရှိတဲ့ Modulating Control တွေ ကတော့
          1. Proportional Control
          2. Proportional-integral (PI) Control
          3. ProportionalIntegralDerivative controller (PID controller)
          4. Adaptive Control
          5. Fuzzy Logic
        • Proportional Control မှာ error ကိုပဲ အခြေခံ ပြီး Output ကို အပြောင်းအလဲ လုပ်ပေးနိုင်ပါတယ်။ PI နဲ့ PID Control ကတော့ အချိန်နှစ်ခု ကြားပြောင်းတဲ့ နှုန်း ကိုပါ ထည့်သွင်း စဉ်းစား ထားပေးပါတယ်။
        • Building Automation မှာ သုံးလေ့ရှိတာ က Proportional Control နဲ့ Proportional-integral (PI) Control တွေပါ။
        • Adaptive Control ဆိုတာကတော့ Process ရဲ့ Dynamic Characteristics ပြောင်းလဲမှု ပေါ်မူတည် ပြီး Controller က Parameter တွေ ကို adjusts (ညှိ) ပေးပါတယ်။
        • Fuzzy Logic ဆိုတာကတော့ အခြေအနေ တစ်ခု မှာ human operator ဘယ်လို response လုပ်မှာလဲ ဆိုတဲ့ "if-then" rules တွေ ကိုသတ်မှတ်ပြီး ထိန်းတာပါ။
      3. Combinations of Two-Position and Modulating
        • အချို့ Control Loop တွေ မှာတော့ Two-Position Components သုံးပြီး Modulating response နီးပါးရအောင် လုပ်ယူနိုင်တာ တွေ့ရပါတယ်။
          • Timed Two-Position Control
          • Floating Control
          • Incremental Control
          ဒီနည်း နဲ့ ထိန်းတဲ့ အခါ Modulating Valve နီးပါးရတယ် ဆိုပေမဲ့ ထိန်းရတာ က နဲနဲခက်ပါတယ်။ Chilled Water သုံးရတဲ့ စနစ်မှာ ဒီလို Valve ဖွင့်ပိတ်လုပ်တဲ့ အခါ Temperature Control မှာ မဆိုးလှပေမဲ့ Humidity Control ကတော့ ခက်ပါတယ်။
    4. Control Components
      1. Controlled Devices
        • Valve/Damper တွေမှာရှိတဲ့ Flow Characteristics တွေကို အထိုက်အလျောက် သိဘို့ ကြိုးစားသင့်ပါတယ်။ Opening Percentage နဲ့ Flowrate က Linearly တိုက်ရိုက် အချိုးကျ ဖြစ်လေ့မရှိလို့ပါ။ ဖွင့်တာ အနှေးအမြန် ကို လိုက်ပြီးလည်း ပြောင်းနိုင်ပါသေးတယ်။ Controlled Devices တွေရွေးချယ်တဲ့ အခါ အဖွင့်အပိတ် အနှေးအမြန် (Stroke Time), ရေရှည်သုံးဘို့ ယုံကြည် စိတ်ချရ မချရ နဲ့ အခြား Parameter တွေကို ကိုယ်သုံးမဲ့ application နဲ့ သင့်တော်မတော် နှိုင်းချိန် ကြည့်သင့်ပါတယ်။ သုံးမဲ့ Controller နဲ့ ကိုက်ညီ (Compatible) ဖြစ်ဘို့လည်း လိုအပ်ပါတယ်။ Status Feedback ပေးနိုင်တဲ့ Controlled Devices တွေ က ပိုပြီး ကုန်ကျ ပေမဲ့ Controller အထွက်နဲ့ တကဲ့ အခြေအနေ ကို ပေးနိုင်တာမို့ အရေးကြီး တဲ့ Application မှာ သုံးသင့်ပါတယ်။
        • အသေးစိတ် ကို လိုအပ်တဲ့ အခါ စာဖတ်သူ ကိုယ်တိုင် ရှာဖွေလေ့လာ စေချင်ပါတယ်။
      2. Sensors
        Sensor တွေ ရွေးချယ်တဲ့ အခါ စဉ်းစားရမဲ့ အချက်တွေ ကတော့
        • Operating range of controlled variable- သုံးမဲ့ အခြေအနေ နဲ့ ကိုက်ညီတဲ့ သင့်တော်တဲ့ Signal ကိုထုတ်ပေးနိုင်ရပါမယ်။ အနီးစပ်ဆုံး Range ကိုရွေးချယ်ဘို့ လိုအပ်ပါတယ်။
        • Compatibility of controller inputController လက်ခံနိုင်တဲ့ electronic signal ကို ထုတ်ပေး နိုင်ရပါမယ်။ ဥပမာ ပြောရရင် industry standard signal တွေဖြစ်တဲ့ 4 to 20 mA or 0 to 10 V (dc) လိုမျိုးပါ။
        • Accuracy and repeatability- အချို့ Control Applications တွေမှာ controlled variable က လိုချင်တဲ့ desired set point အနားမှာ ကပ်နေတတ်ပါတယ်။ [ ဥပမာ Temperature ± 1.1 ºC (± 2 ºF) RH ± 5% ဆိုတာမျိုးပါ။] ဒီအခြေအနေ မှာ သူ့ထက် တိကျတဲ့ Accuracy လိုလာပါတယ်။ Temperature Sensor က အနည်းဆုံး ± 0.5 ºC လောက်မှ မရနိုင်ရင် Temperature Control ± 1.1 ºC လုပ်ဘို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ RH Control ± 5% ရဘို့ ဆိုရင် Sensor Accuracy က ± 2% လောက်အတွင်း ဖြစ်နေဘို့ လိုအပ်ပါတယ်။ Sensor Accuracy က လည်း အမြဲတန်း ငြိမ်နေတာ လည်း မဟုတ်ပါဘူး (အထူးသဖြင့် Humidity Sensor)။ ဒါကြောင့် လိုအပ်သလို re-calibrate လုပ်ဘို့လည်း လိုအပ် တတ်ပါသေးတယ်။ Sensor Accuracy က အရမ်းကောင်း နေရင်တောင်မှ အောက်မှာပေးထားတဲ့ အချက်လေးချက် က တစ်ချက်ချက် နဲ့ ညိရင် Set point ကိုထိန်းထားဘို့ မလွယ်ပါဘူး။
          1. the controller is unable to resolve the input signal,
          2. the controlled device cannot be positioned accurately,
          3. the controlled device exhibits excessive hysteresis, or
          4. disturbances drive its system faster than the controls can regulate it.
        • Sensor response time- sensor/transducer တွေနဲ့ သက်ဆိုင်တဲ့ response curve က controlled variable ပြောင်းတာနဲ့လိုက်ပြီး Sensor Output ဘယ်လိုပြောင်းတယ် ဆိုတာ ကို ပြပါတယ်။ Process ရဲ့ Time Constant က နည်းတယ်ဆိုရင် Fast response time ရှိတဲ့ sensor ကိုသုံးရပါမယ်။
        • Control agent properties and characteristicsSensor ထည့်ထားရမဲ့ နေရာ က Control Agent (လေ၊ ရေ၊ Fluid စသည်။) က Sensor ကို စား (corroded) ပျက်စီးစေမယ်။ ဒါမှ မဟုတ် Sensor ရဲ့ performance ကိုလျော့ကျစေမယ် ဆိုရင် ဒီ Control Agent နဲ့ တိုက်ရိုက် မထိလို့ ရတဲ့ ရွေးချယ်စရာ (သို့) ဒါဏ်ခံနိုင်တဲ့ အခြား Sensor ကိုရွေးချယ်ရပါလိမ့်မယ်။
        • Ambient environment characteristicsပတ်ဝန်းကျင် အခြေအနေ တွေ (ဥပမာ Temperature & Humidity အပြောင်းအလဲ) က Sensor ရဲ့ accuracy ကို မထိခိုက်စေဘို့ သတိပြုရပါမယ်။ ဒီလိုပါပဲ အခြား ဓာတ်ငွေ့ နဲ့ Chemical တွေ၊ electromagnetic interference (EMI) တွေ ကလည်း Sensor ကို Degrade ဖြစ်စေ၊ ထိခိုက် ပျက်စီး စေနိုင် ပါသေးတယ်။ ဒီလို အခြေအနေ ကို ကာကွယ်ဘို့ လိုအပ်ရင် Special Sensor or transducer housing ကိုအသုံးပြုနိုင်ပါတယ်။
      3. Controllers
        1. DDC (Direct Digital Control)
          • BAS မှာ အဓိက အသုံးများတာ ကတော့ DDC ပါ။ DDC မှာ Microprocessors နဲ့ Firmware/Software ပါဝင်တဲ့ MicroComputer ပါဝင်ပြီး control logic ကို ဆောင်ရွက် ပေးနိုင်ပါတယ်။ သူ က Digital / Analog Input တွေကို လက်ခံ နိုင်သလို ဒီအချက်အလက် တွေကို Operator သွင်းထားတဲ့ Set point နဲ့ အခြား အချက်အလက် တွေနဲ့ နှိုင်းယှဉ် တွက်ချက်ပြီး သင့်တော်တဲ့ Digital / Analog Output ကိုလည်း ထုတ်ပေးနိုင် ပါတယ်။
          • ပြီးတော့ DDC အားလုံးနီးပါး က Programmable ပါ။ လိုချင်တဲ့ Control Programming ကို Notebook Computer (သို့) Handheld Units မှာ ဒီဇိုင်းလုပ် ပြီး Controller ထဲကို Download လုပ်နိုင်ပါတယ်။
          • DDC တွေကို Stand-alone ပဲဖြစ်ဖြစ်၊ အခြား BAS system တွေနဲ့ network သုံးပြီး integrate လုပ်လို့ပဲ ဖြစ်ဖြစ် သုံးနိုင်ပါတယ်။ DDC ရဲ့ Advantages တွေကတော့၊
            • Control Sequence / Equipment တွေ ကို Hardware မှာပြောင်းစရာ မလိုပဲ Software ထဲမှာတင် ပြောင်းလို့ရခြင်း။
            • Demand Setback, reset, data logging, diagnostics နဲ့ time-clock integration စတဲ့ features တွေ ကို ဈေး သက်သက်သာသာ နဲ့ Controller ထဲကို ထည့်သွင်း ပေးနိုင်ခြင်း။
            • တိကျတဲ့ (Precise & Accurate Control) ကိုရနိုင်ခြင်း။ (Sensor ရဲ့ Resolution နဲ့ Analog to Digital, Digital to Analog Conversion Process တွေရဲ့ Limit ကိုမှီတာက လွဲရင်ပေါ့လေ။) PID နဲ့ အခြား Control Algorithm တွေကို Mathematically Implement လုပ်နိုင်ပါတယ်။
            • open network သုံးလို့ပဲ ဖြစ်ဖြစ် proprietary (မူပိုင်) နဲ့ပဲဖြစ်ဖြစ် Control တွေအချင်းချင်း ဆက်သွယ် Communicate လုပ်နိုင် ခြင်း။
            • ထိန်းချင်တဲ့ Setpoint, Limits, Alarm Setting, Delay, Schedule တွေ ကို Controller Memory ထဲ တစ်ခါထည့်ထားရင် နောက်ထပ် တမင်တကာ မပြင်မချင်း (သို့) Controller မပျက်မချင်း မပျောက်မပျက် ရှိနေနိုင် ခြင်း။ (အချို့ Memory တွေ က တော့ Power Supply မရှိရင် ရက်ပိုင်းပဲ ခံတာ ဖြစ်နိုင်ပါတယ်။ အများစု ကတော့ Memory ထဲ မှာ ရေရှည် မပျက်မစီး တည်ရှိနေနိုင်ပါတယ်။)
          • HVAC System ရဲ့ Control အများစု က DDC control ဖြစ်ပါတယ်။
        2. Electric/Electronic Controllers
        3. Pneumatic Receiver-Controllers
          • Pneumatic ဆိုတာကတော့ Compressed Air ကိုသုံးတဲ့ Controller တွေပါ။ အသေးစိတ် ကို တော့ ဒီနေရာ မှာ မဖေါ်ပြတော့ပါဘူး။
        4. Thermostats
          • Thermostat ဆိုတာကတော့ အများသိကြတဲ့ အတိုင်း control နဲ့ Sensing functions နှစ်ခု ပေါင်းထားတဲ့ Device တစ်ခုပါ။ အများအားဖြင့် micro-processor based ဖြစ်ပြီး သူ့ဟာသူ အလုပ်လုပ်နိုင်ပါတယ်။ အသေးစိတ် ကို တော့ မဖေါ်ပြတော့ပါဘူး။
    5. Communication Networks for BAS
      1. Communication Protocol
        • Integrated Building Management System လုပ်တော့မယ် ဆိုရင် အဓိက ခေါင်းခဲရလေ့ ရှိတာ ကတော့ Communication protocol ပါ။
        • System တစ်ခု နဲ့ တစ်ခု ကောင်းကောင်း ဆက်သွယ်နိုင်ဘို့ အတွက် protocol တစ်ခုကို ဘာသာစကား တစ်ခု အနေနဲ့ သုံးရပါတယ်။ ခက်တာက manufacturer အများစု က သူတို့ကိုယ်ပိုင် proprietary protocol ကို သုံးချင်ကြပါတယ်။ အများဘုံသုံး open standards တွေကလည်း DeviceNet, SOAP, XML, BACnet, LonWorks and Modbus စသည်ဖြင့် အများကြီး ရှိနေပြန်ပါတယ်။ Proprietary ကနေ Open Standard ကို ပြောင်းပေးနိုင်တဲ့ Hardware (or) Software Module တွေ ရှိပေမဲ့ 100% စိတ်ချရတယ် လို့ မဆိုနိုင် သေးပါဘူး။ ASHRAE Handbook ထဲမှာတော့ Protocol ကို classes သုံးခု ခွဲထားပါတယ်။
          1. Standard protocol. Published and controlled by a standards body.
          2. Public protocol. Published but controlled by a private organization.
          3. Private protocol. Unpublished; use and specification controlled by a private organization. Examples include the proprietary communications used by many building automation devices.
        • ဒါကြောင့် Integrated Building Management System လုပ်တော့မယ် ဆိုရင် သတိထားရမှာ က ဘယ် Standard Protocol ကိုသုံးမှာလဲ ဆိုတာ ဖြစ်ပါတယ်။ အထူးသဖြင့် existing building တွေကို retrofit လုပ်ရတော့မယ့် အခြေအနေ မှာ Existing Control System အကြောင်း သိဘို့ လိုအပ်ပါတယ်။
      2. Network Structure
        • BAS Network အများစု က Computer Network Technology ကိုသုံးစွဲနေကြပြီ ဖြစ်ပါတယ်။ IT backbone နဲ့ Communication Protocol တွေ ကို သုံးပြီး Communication လုပ်တာပါ။ Wired ရော Wireless Technology ရော စုံအောင် သုံးနိုင်ပြီ ဖြစ်ပါတယ်။ Communication Task တွေမှာ ပါဝင်နိုင်တာ ကတော့။
          • Data Exchange : အချက်အလက် တွေ ဖလှယ်တာ
          • Alarms and Events: ဘယ်စနစ်၊ ဘယ်နေရာ မှားနေလဲ ဆိုတာ သတင်းပေးဘို့၊ နဲ့ အခြားအခြေအနေ တွေ။
          • Schedule : Equipment တွေကို ဘယ်အချိန်၊ ဘယ်လို အစီအစဉ် နဲ့ run မယ် ဆိုတာ ကို စီမံခန့်ခွဲ နိုင်ဘို့
          • Trends : Data တွေ အချိန်ကာလ တစ်ခု အတွင်း ဘယ်လို ပြောင်းသွားလဲ ဆိုတာ သိဘို့ မှတ်ထားတဲ့ Data History ကို Trend လို့ခေါ်တာပါ။
          • Network Management : Network diagnostic and Maintenance functions, data access, security functions, etc.
    6. Specifying DDC Systems
      • DDC installation အောင်အောင် မြင်မြင် ရရှိဘို့ အတွက် Customer ရဲ့ လိုအပ်ချက် ကို ဖြည့်ဆီး နိုင်မဲ့ ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားတဲ့ specification လိုအပ်ပါတယ်။ Specification မှာ ပါဝင်ရမှာ တွေ ကတော့။
        • Descriptions of the products desired, or of the performance and features expected
        • Needed points (Points Schedule) or data objects should be listed
        • A control schematic shows the layout of each system to be controlled, including instrumentation and input/output objects and any hard-wired interlocks.
        • A sequence of operation should be provided for each system.
        ပိုပြီး အသေးစိတ် သိချင်ရင်တော့ ASHRAE Guideline 13. ASHRAE (2005) ကိုလေ့လာပါ။
  4. Control Examples
    • နောက် လာမဲ့ Post တွေ မှာ တစ်ခုချင်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
    • ရေးသားပေး ထားပြီးတာ တွေ ကတော့
      1. Chilled Water Fan Coil Units

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...