Greenhouse Effect and Global Warming
ကျွန်ပ်တို့နေထိုင်ရာကမ္ဘာကြီးကို ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့ ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓါတ်ငွေ့ ၊ မီသိန်း ဓါတ်ငွေ
့နှင့်ရေငွေ့ မှုန့်များက လေထုအဖြစ် ဖွဲ စည်းကာ
အလွှာကြီးတစ်ခုနေဖြင့်လွှမ်းခြုံထားသည်။ ထိုသို့လွှမ်းခြုံထားခြင်းမရှိပါက
ကျွန်ပ်တို့နေထိုင်ရာကမ္ဘာကြီးသည်
အပူချိန်ကျဆင်းကာအလွန်ချမ်းအေးနေပေလိမ့်မည်။ လေထုလွှာက ကမ္ဘာကြီးကို
စောင်အဖြစ်ခြုံလွှမ်းထားသည်။
နေမှလာဖြာထွက်လာသော နေရောင်ခြည်သည် (Sun's rays)
ကမ္ဘာမြေ၏လေထုလွှာ(Atmosphere)ကို ရောက်ရှိသည်အခါ အချို့ သော
နေရောင်ခြည်တန်းများသည် လေထုလွှာကိုဖြတ်သန်းကာ မြေပြင်ရောက်ရှိပြီး
Reflection ဖြစ်ကာ လေထုလွှာထဲသို့ရောက်ရှိသည်။
နေမှလာဖြာထွက်လာသော နေရောင်ခြည်သည် (Sun's rays)
ကမ္ဘာမြေ၏လေထုလွှာကို ဖြတ်သန်းဝင်ရောက်နိုင်ခြင်းမရှိသောကြောင့်
အာကာသအတွင်းသို့ပြန်ရောက်သွားသည်။ ၅၀% သောနေရောင်ခြည်စွမ်းအင်သည်သာ
ကမ္ဘာမြေသို့ရောက်ရှိနိုင်သည်။
Reflected Heat များသည် လေထုလွှာအတွင်းရှိ ဓါတ်ငွေ
့များမှ တဆင့် Re Radiated Heat
အဖြစ်ကမ္ဘာမြေအတွင်းသို့ပြန်လည်ရောက်ရှိလာသည်။ ထိုကြောင့် လေထုလွှာအတွင်းတွင်
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ၊ နိုက်ထရိုဂျင်အောက်ဆိုဒ် ဓါတ်ငွေ့ ၊
မီသိန်း ဓါတ်ငွေ များပါဝင်မှုများလေလေ၊ Re Radiated Heat
ပမာဏများလေလေဖြစ်သည်။ ထိုဓါတ်ငွေ့ များကို Greenhouse gases ဟုခေါ်သည်။
Greenhouse gases ၏ အဓိကလုပ်ဆောင်ချက်မှာ infrared radiation
များကို စုပ်ယူခြင်း (absorption) နှင့် ထုပ်လွတ်ခြင်း (emitting)
ဖြစ်သည်။ တနည်း ကမ္ဘာမြေမှ အပူမျာ လေထုအတွင်းမှ Greenhouse gases ကို
ထိရိုက်ကာ ကမ္ဘာမြေပေါ်သို့ အပူပြန်စေခြင်းပင်ဖြစ်သည်။ လေထုအတွင်း Greenhouse
gases များ၏ ပမာဏများလာသည်နှင့်အမျှ ကမ္ဘာမြေပေါ်သို့
အပူပြန်သည့်ပမာဏများလာလေဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာခြင်ကြောင့် ကမ္ဘာမြေ
ကြီးကိုပိုမိုပူနွေးစေသည်။ ထိုသို့ကမ္ဘာမြေကြီးပိုမိုပူနွေးလာခြင်း သို့
အပူချိန်ပိုမိုမြင့်မားလာခြင်းကို Global Warming ဟုခေါ်သည်။
ကမ္ဘာမြေကြီးပိုမိုပူနွေးလာခြင်း ကိုဖြစ်စေသည် အကြောင်းများကို Global
Warming Potential ဟုခေါ်သည်။
ကမ္ဘာပူနွေးခြင်း သို Global Warming ကို ဖြစ်စေသည့်
Greenhouse gases ဂရင်းဟောက်စ်ဓါတ်ငွေ့ များ အကြောင်းကို
သေးစိတ်လေ့လာသင့်ပါသည်။ လေထုအတွင်းရှိ အများဆုံးတွေ့ ရသော
ဂရင်းဟောက်စ်ဓါတ်ငွေ့ များ (main greenhouse gases)မှာ
၁) ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ (carbon dioxide -CO2)
၂) မီသိန်း ဓါတ်ငွေ့  (Methane - CH4)
၃) နိုက်ထရိုဂျင်အောက်ဆိုဒ် ဓါတ်ငွေ့  သို့ nitrous oxide- N2O များ
၎) ဟိုက်ဒရိုဖလူရိုကာဗွန် ဓါတ်ငွေ့ များ- Hydrofluorocarbons –HFC(R134a, R410a)
၅) Perfluorocarbons - PFCs
၆) Sulfur hexafluoride -SF6
၇) အိုဇုန်း (ozone)
၈ ) ရေငွေ့ မှုန့်များက (water vapor) တို့ဖြစ်သည်။
ကမ္ဘာပူနွေးခြင်း သို Global Warming ကို တိုက်ရိုက်
ဖြစ်စေသော ဂရင်းဟောက်စ်ဓါတ်ငွေ့ များ၏
ရာခိုင်နှုန်းများမှာအောက်ပါဇယားအတိုင်းဖြစ်သည်။
များကို စုပ်ယူခြင်း (absorption) နှင့် ထုပ်လွတ်ခြင်း (emitting) ဖြစ်သည်။ တနည်း ကမ္ဘာမြေမှ အပူမျာ လေထုအတွင်းမှ Greenhouse gases ကို ထိရိုက်ကာ ကမ္ဘာမြေပေါ်သို့ အပူပြန်စေခြင်းပင်ဖြစ်သည်။ လေထုအတွင်း Greenhouse gases များ၏ ပမာဏများလာသည်နှင့်အမျှ ကမ္ဘာမြေပေါ်သို့ အပူပြန်သည့်ပမာဏများလာလေဖြစ်သည်။ ထိုကဲ့သို့ဖြစ်လာခြင်ကြောင့် ကမ္ဘာမြေ ကြီးကိုပိုမိုပူနွေးစေသည်။ ထိုသို့ကမ္ဘာမြေကြီးပိုမိုပူနွေးလာခြင်း သို့ အပူချိန်ပိုမိုမြင့်မားလာခြင်းကို Global Warming ဟုခေါ်သည်။ ကမ္ဘာမြေကြီးပိုမိုပူနွေးလာခြင်း ကိုဖြစ်စေသည် အကြောင်းများကို Global Warming Potential ဟုခေါ်သည်။
၂) မီသိန်း ဓါတ်ငွေ့  (Methane - CH4)
၃) နိုက်ထရိုဂျင်အောက်ဆိုဒ် ဓါတ်ငွေ့  သို့ nitrous oxide- N2O များ
၎) ဟိုက်ဒရိုဖလူရိုကာဗွန် ဓါတ်ငွေ့ များ- Hydrofluorocarbons –HFC(R134a, R410a)
၅) Perfluorocarbons - PFCs
၆) Sulfur hexafluoride -SF6
၇) အိုဇုန်း (ozone)
၈ ) ရေငွေ့ မှုန့်များက (water vapor) တို့ဖြစ်သည်။
Gas
|
Formula |
Contribution (%)
|
Water vapor
|
H2O
|
36 – 72 %
|
Carbon dioxide
|
CO2
|
9 – 26 %
|
Methane
|
CH4
|
4 – 9 %
|
Ozone
|
O3
|
3 – 7 %
|
ထိုအပြင် တခြားသော sulfur hexafluoride, hydrofluorocarbons and perfluorocarbons ဓါတ်ငွေ့ များသည် ဂရင်းဟောက်စ်ဓါတ်ငွေ့ စာရင်းတွင်ပါဝင်ကြသည်။ သို့သော် ပါဝင်မှုရာခိုင်နှုန်းမှာအလွန်နည်းပါသည်။
ဂရင်းဟောက်စ်ဓါတ်ငွေ့ စာရင်းအပြည့်အစုံကို http://en.wikipedia.org/wiki/IPCC_list_of_greenhouse_gases တွင်ဖော်ပြထားသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ (Carbon Dioxide)
ဂရင်းဟောက်စ်ဓါတ်ငွေ့ များတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ သည် ကမ္ဘာပူနွေးခြင်း သို Global Warming ကို ဖြစ်စေဆုံးသော ဓါတ်ငွေ့ ဖြစ်သည်။
ဂရင်းဟောက်စ်ဓါတ်ငွေ့ များတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ သည် ကမ္ဘာပူနွေးခြင်း သို Global Warming ကို ဖြစ်စေဆုံးသော ဓါတ်ငွေ့ ဖြစ်သည်။
၁၇၀၀ နှစ်တုန်းအချိန်က လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ ပါဝင်မှုနှုန်း (Concentrations of carbon dioxide in the
atmosphere) မှာ 280 ppm (parts per million) သာဖြစ်သည်။ သို သော် ၂၀၁၀
ခုနှစ်အချိန်တွင် 390 ppm သို့ရောက်ရှိနေပြီဖြစ်သည်။
ထိုသို့ လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ
ပါဝင်မှုနှုန်း မြင့်တက်လာခြင်း၏ အကြောင်းမှာ Industrial Revolution
ကြောင့်ဖြစ်သည်။
လောင်စာဆီများ သုံးစွဲမှုကြောင့် (combustion of fossil fuels) လေထုထဲတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  ပါဝင်မှုနှုန်း ၆၅% မြင့်တက်လာသည်။ ကျန် ၃၅% မှာ သစ်တောများပြုန်းတီးခြင်း (deforestation) နှင့် လယ်မြေ၊ယာမြေနှင့်ဥယျာဉ်မြေတို့ကို မြို့ ပြများအဖြစ် ပြောင်းလဲခြင်း နှင့် တောတောင် သဘာဝပတ်ဝန်းကျင်ပြုန်းတီမှု တို့ကြောင့်ဖြစ်သည်။

သဘာဝသစ်တောများသည် လူတို့ထွန်ယက်စိုက်ပျိုးထားသည့်
နေရာများထက် အဆ၂၀ မှ ၁၀၀ ထိအောင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကို
စုပ်ယူနိုင်စွမ်းရှိသည်။ သစ်ပင်တောတောင်များမှ ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့ ကို စုပ်ယူခြင်းကြောင့် လေထုအတွင်းတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့ နည်းပါးလာကာ ကမ္ဘာပူနွေးခြင်း သို Global Warming ကိုကာကွယ်ပေးသည်။
ပုံတွင် ပြထားသည် ဂရပ်မှာ ၁၇၇၄ခုနှစ်မှ ၂၀၀၆ အထိ လေထုအတွင်းတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  ပါဝင်မှုများလာခြင်းကို ဖော်ပြထားသည်။ တိုးတက်လာမှုမှာ ဆတိုးကိန်းဖြင့်များလာခြင်းဖြစ်သည်။
(Image Copyright: Michael Pidwirny, Data Source: Neftel, A., H. Friedli, E. Moore, H. Lotscher, H. Oeschger, U. Siegenthaler, and B. Stauffer. 1994. Historical carbon dioxide record from the Siple Station ice core. pp. 11-14. In T.A. Boden, D.P. Kaiser, R.J. Sepanski, and F.W. Stoss (eds.) Trends'93: A Compendium of Data on Global Change. ORNL/CDIAC-65. Carbon Dioxide Information Analysis Center, Oak Ridge National Laboratory, Oak Ridge, Tenn. USA and C.D. Keeling and T.P. Whorf. 2001. Carbon Dioxide Research Group, Scripps Institution of Oceanography, University of California, La Jolla, California 92093-0444, USA.).

သစ်တောပြုန်းတီးခြင်း ကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ထုပ်လွှတ်မှုများလာခြင်း (Deforestation Emissions)
သစ်ပင်များသည်ရှင်သန်ရန်အတွက် လေထုအတွင်ရှိ
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုစုပ်ယူရန်လိုအပ်သည်။
သစ်ပင်သစ်တောများရှိခြင်းကြောင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ 
ပါဝင်မှုကိုလျှော့နည်းစေသည်။ သစ်တောများပြုန်းတီးခြင်းသည်
သစ်တောပြုန်းတီးခြင်း ဆိုသည်မှာ
က) သစ်ထုပ်မှုများခြင်း(သို့) သစ်ပင်ကြီးသစ်ပင်ကောင်း များစွာကို နှစ်စဉ် ခုတ်လဲကာသစ်ထုပ်ခြင်း၊(Tree removal)
ခ) သစ်ပင်များခုတ်လှဲကာမီးသွေးထုပ်လုပ်ခြင်း (charcoal production)
ဂ) တောင်ယာစိုက်ရန်အတွက် သစ်ပင်များကို ခုတ်လှဲကာမီးရှို့ ခြင်း (slash-and-burn practices)
ဃ) ရာဘာ၊ ဆီအုန်း၊နှင့် သစ်မွှေးစသည့် နှစ်ရှည်ပင်များစိုက်ရန်အတွက် သစ်တောများကိုရှင်းလင်းခြင်း (forest degradation) - နှစ်ရှည်ပင်များသည် သစ်တောများလောက်အဆင့်မမြင့်သောကြောင့် forest degradation ဟုခေါ်ဆိုခြင်းဖြစ်သည်။

အထက်ပါ အကြောင်းများကြောင့် လေထုအတွင်းတွင်
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  ၂၅% ပိုမိုများပြားလာသည်။
သစ်တောပြုန်းတီးခြင်း ကြောင့် သက်ရောက်သောဆိုးကျိုးမှာ နည်းနှစ်မျိုး
(double impact)ဖြင့်ဖြစ်ပေါ်စေသည်။ သစ်တောပြုန်းသည့်နေရာများတွင် မြို
့ပြဖြစ်ပေါ်လာကာ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုပိုမိုထုပ်လွှတ်ကြသည်။
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုစုပ်ယူမည့် သစ်ပင်များမရှိသောကြောင့်
ပိုမိုဆိုးဝါးစေသည်။ ကမ္ဘာပေါ်တွင်လူဦးရေများပြားလာခြင်းသည် လည်း
အဓိကကြောင်းဖြစ်သည်။
လူတစ်ယောက်သည် နှစ်စဉ် ပျမ်းမျှ ကာဘွန်ဒိုင်အောက်ဆိုဒ်
ဓါတ်ငွေ့  ၂.၃ တန်ကို ထုပ်လွတ်သည်။ လူ ၁၈ ယောက်မှ ထုပ်လွှတ်သော
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုစုပ်ယူရန်အတွက်
သစ်ပင်ကြီးများစိုက်ပျိုးထားသော ၁ဧက လိုအပ်သည်။ သစ်ပင်၁ဧကသည်
ဆလွန်းကားတစ်စီး မိုင်ပေါင်း ၂၆၀၀၀ မောင်းနှင်မှုကြောင့်ထွက်လာ
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုစုပ်ယူနိုင်သည်။
UN FAO ၏ ထုပ်ပြန်ကျေငြာချက်များအရ သစ်တောပြုန်းတီးခြင်း
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ထုပ်လွှတ်မှုများပြားလာခြင်းသည် အာဖရိက၊
အာရှနှင့် တောင်အမေရိကတိုက်များတွင်အများဆုံးဖြစ်ပေါ်ကြသည်။ ယခုလက်ရှိ ၂၀၀၀
နှစ်များအချိန်တွငှ် နှစ်စဉ် လေထုအတွင်းမှ ကာဗွန်တန်ချိန် သန်းတစ်ထောင်ကို
သစ်တောများမှ စုပ်ယူဖယ်ရှားပေးသည်။
လူများမှ သက်ရှုထုပ်လိုက်သော(respiration)
ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ များသည် နှစ်စဉ် ၁၁၉ ဘီလျှံတန်ဖြစ်သည်။
သစ်ပင် သစ်တောများက စုပ်ယူသော ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ များသည်
နှစ်စဉ် ၁၂၀ ဘီလျှံတန်ဖြစ်သည်။ထိုကြောင့် သစ်ပင် သစ်တောများက စုပ်ယူသော
ကာဗွန်တန်ချိန် သည် လူတို့ သက်ရှုထုပ်လိုက်သော ကာဗွန်တန်ချိန်
သန်းတစ်ထောင်များနေသေးသည်။
သို့သော် ကမ္ဘာပေါ်တွင် လူဦးရေမှာနှစ်စဉ်တိုးပွားလာပြီး
သစ်ပင် သစ်တောများမှ နှစ်စဉ်လျှော့နည်းလာသည်။ ထို့ ကြောင့်
နောင်နှစ်ပေါင်းအနည်းငယ်အတွင်းတွင် လူတို့ သက်ရှုထုပ်လိုက်သော
ကာဗွန်တန်ချိန် ကို သစ်ပင် သစ်တောများက မစုပ်ယူနိုင်တော့ပါ။ ထိုအခါ
ကမ္ဘာကြီးပူနွေးမှုဆိုးကျိုးများပိုမိုများပြားလာလိမ့်မည်ဖြစ်သည်။
သစ်တောများကဲ့သို့ပင် ပင်လယ်၊သမုဒ္ဒရာကြီးများကလည်း
ကာဗွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ ကိုစုပ်ယူကြသည်။ ပင်လယ်၊သမုဒ္ဒရာကြီးများသည်
နှစ်စဉ် ကာဗွန်တန်ချိန် ၈၈ ဘီလျှံကို ထုပ်လွှတ်ပြီး ၉၀ ဘီလျှံတန်ကို
စုပ်ယူသောကြောင့် စုစုပေါင်း ၂ ဘီလျှံတန်ကိုလေထုအတွင်းမှ
ဖယ်ရှားပေးသကဲ့သို့ဖြစ်သည်။ (a net sink of about 2 billion tonnes of
carbon)
ထိုကြောင့် သစ်တောနှင့် ပင်လယ်၊သမုဒ္ဒရာတို့က ကာဗွန်တန်ချိန် ၃ ဘီလျှံကိုတာဝန်ယူဖယ်ရှားပေးသည်။
သစ်ပျိုတစ်ပင်သည် နှစ်စဉ် ပျမ်းမျှ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  ၂၆ပေါင်ကို စုပ်ယူနိုင်သည်။ ရှင်သန်ဖွံဖြိုးနေသော အရွယ်ရောက်ပြီးသစ်ပင်တစ်ပင်သည် နှစ်စဉ် ပျမ်းမျှ ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့  ၈ ပေါင်ကို ထုပ်လွတ်သည်။ ( ၁ တန်သည် ၂၂၄၀ပေါင်နှင့်ညီမျှသည်။)

မိသိန်းဓါတ်ငွေ့ 
၁၇၅၀ နှစ်မှစ၍ ဂရင်းဟောက်စ်ဓါတ်ငွေ့ ဖြစ်သည့် မိသိန်းဓါတ်ငွေ့ သည်လေထုထဲတွင် ၁၅၀%မက များပြားလာသည်။
လူသားများဖြစ်ပေါ်လာသော man-made မိသိန်းဓါတ်ငွေ့ သည်
က) စပါးစိုက်ပျိုးခြင်း- rice cultivation
ခ) မွေးမြူရေးလုပ်ငန်းများ - ruminant livestock
ဂ) တွင်းများချိင့်များကို အမှိုက်များဖြင့် ဖြည့်ခြင်း ဖို့ခြင်း landfill out-gassing
ဃ) ရေနံနှင့် သဘာဝဓါတ်ငွေ့  ထုပ်ယူခြင်း- oil and gas extraction
င) ကျောက်မီးသွေးတွင်းများ coal mining တို့ဖြစ်သည်။

စ) မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု အများဆုံးဖြစ်စေသောနိုင်ငံများမှာ တရုပ်၊ အိန္ဒိယ၊ ဘရာဇီး၊ မက်ဆီကိုနှင့် ရှရုတို့ဖြစ်သည်။ ထိုနိုင်ငံများသည် ၂၀၅၀ နှစ်ထိတိုင်အောင် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု အများဆုံးသော နိုင်ငံများဖြစ်ကြလိမ့်မည်။
က) စပါးစိုက်ပျိုးခြင်း- rice cultivation
စပါးစိုက်ပျိုးခြင်း ကြောင့် ဖြစ်ပေါ်လာသော မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု သည် အားလုံး၏ ၂၀% ဖြစ်သည်။ စပါးပျိုးပင်များ ၏ Anaerobic အခြေနေကြောင့် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု ကြောင့် ဖြစ်ပေါ်လာရသည်။ သို့သော် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု မည်မျှရှိကို အတိအကျ သိနိုင်ရန်အလွန်ပင်ခဲရင်းသည်။ တိုပွားလာသည့်လူဦးရေးစားသုံးရန်အတွက် စပါးစိုက်ပျိုးခြင်းကိုပိုမိုလုပ်ကိုင်လာကြသည့်အတွက် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု လည်းများပြားလာသည်။
စပါးစိုက်ပျိုးခြင်း ကြောင့် ဖြစ်ပေါ်လာသော မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု သည် အားလုံး၏ ၂၀% ဖြစ်သည်။ စပါးပျိုးပင်များ ၏ Anaerobic အခြေနေကြောင့် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု ကြောင့် ဖြစ်ပေါ်လာရသည်။ သို့သော် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု မည်မျှရှိကို အတိအကျ သိနိုင်ရန်အလွန်ပင်ခဲရင်းသည်။ တိုပွားလာသည့်လူဦးရေးစားသုံးရန်အတွက် စပါးစိုက်ပျိုးခြင်းကိုပိုမိုလုပ်ကိုင်လာကြသည့်အတွက် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှု လည်းများပြားလာသည်။
ခ) မွေးမြူရေးလုပ်ငန်းများ - ruminant livestock
မွေးမြူရေးလုပ်ငန်းများ မှ herbaceous digestion များမှ
မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှုဖြစ်ပေါ်လာသည်။ နွားတစ်ကောင်မှ နေ့ စဉှ်
မိသိန်းဓါတ်ငွေ့  ၁၅၀ဂရမ်ဖြစ်ပေါ်လာသည်။ အမေရိကန်နိုင်ငံတစ်ခုတည်းတွင်
မွေးမြူထားသည် ကောင်ရေမှာ ၁၀၆သန်း ဖြစ်သည်။ ထိုအပြင် တခြားသော
ဆိတ်၊သို့းနှင့်တခြားသော သားစားရန်မွေးမြူထားသော တိရိစ္ဆာန်များရှိသေးသည်။
နောက်ရာစုနှစ်တွင် ၃ ဆ သို့ ၄ဆ မကများလိမ့်မည်ဟုခန့်မှန်းကြသည်။
ဂ) တွင်းများချိင့်များကို အမှိုက်များဖြင့် ဖြည့်ခြင်း ဖို့ခြင်း landfill out-gassing
တွင်းများချိင့်များကို အမှိုက်များဖြင့် ဖြည့်ခြင်း
ဖို့ခြင်း မှာဖြစ်ပေါ်လာသော မိသိန်းဓါတ်ငွေ့ သည် အမေရိကန်နိုင်ငံတွင်
ဒုတိယအများဆုံးဖြစ်သည်။ သိုးနိုင်သည့်အမှိုက်ဟောင်းများ(organic waste)
ပုတ်သိုးပျက်စီးခြင်းကြောင့် မိသိန်းဓါတ်ငွေ့ ထုပ်လွှတ်မှုဖြစ်ပေါ်လာသည်။
decomposes anaerobically (without oxygen). ထိုကဲ့သို့ မိသိန်းဓါတ်ငွေ့ 
့ထုပ်လွှတ်မှုသည် အမှိုက်ဟောင်းအမျိုးအစားများ၊ အမှိုက်၏စိုထိုင်းဆ
တို့တွင်မူတည်သည်။ ထိုသို့အမှိုက်များမှဖြစ်ပေါ်လာသော မိသိန်းဓါတ်ငွေ့ ကို
လျှော့ ချရန်အကောင်းဆုံးနည်းမှာ အမှိုက်များကို မီးရှို့ ပြီး
လျှပ်စစ်ဓါတ်ထုပ်လုပ်ခြင်းဖြစ်သည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com