" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ့ ပညာရေး Myanmar Education 0.4% ၀.၄ ရခိုင်နှုန်းသာ ပညာသင်ကြာနေရ

Hits: 1617
ရခိုင်ပြည်နယ် တောင်ပိုင်း ဒေသများဖြစ်သည့် ကျောက်ဖြူ၊ သံတွဲ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ်နှင့် ဂွမြို့နယ်ရှိ ကျောင်းသားများသည် စစ်တွေ တက္ကသိုလ်သို့ သွားရောက် ပညာသင်ယူ ရန်လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ရှိနေသည့်အတွက် တောင်ကုတ်မြို့တွင် တက္ကသိုလ်  ဖွင့်လှစ်နိုင်မည်ဆိုပါက ကျောင်းတက်နိုင်မည့် ကျောင်းသားဦးရေ ပိုများလာမည် ဖြစ်ရာ တည်ထောင်ရန် စဉ်းစား ဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြအေးက လွှတ်တော်တွင်း၌ပြောဆိုခဲ့သည်။
စစ်တွေတက္ကသိုလ် ရူပဗေဒဌာန ကထိကတဦးမှ သတင်းတော့ ကြားတယ်၊ စီမံကိန်းဆိုတာ ကြာမှာပေါ့၊ သွားလာရ ခက်ခဲတယ်ဆိုတာ ကိုက စဉ်းစားစရာအချက်တွေဖြစ်တယ်၊ တောင်ကုတ်နဲ့ စစ်တွေ လမ်းပန်းဆက်သွယ်ရေးကိုတောင် ကောင်းအောင်မလုပ်နိုင်ဘဲ တက္ကသိုလ်တခု ရခိုင်ပြည်နယ် တောင်ပိုင်းမှာဆောက်တာ စဉ်းစားစရာတွေဖြစ်ပါတယ်၊ တက္ကသိုလ်တွေကတော့ မှိုလိုပေါက်နေတာပဲ အရည်အသွေး ရှိမရှိတော့ ပြည်သူတွေ သိပါတယ်ဟုပြောဆိုခဲ့သည်။
ရခိုင်ပြည်နယ်တွင် လူဦးရေး ၄ သန်းကျော်ရှိကာ တက္ကသိုလ်တက်ရောက်နေသူ ၁၄၉၂၁ ဦး ရှိကြောင်း ၀န်ကြီးမှ ပြောဆိုခဲ့သည်။ ၀န်ကြီး၏ ပြောဆိုချက်အရ လူတစ်ထောင်လျင် အဆင့်မြင့် ပညာ ၄ ဦးသာ တက်ရောက်နိုင်သည်။ ရာခိုင်နှုန်းဖြင့် တွက်ကြည့်ပါက ၀.၄ ရာခိုင်နှုန်းသာ အဆင့်မြင့်ပညာကို သင်ကြား နိုင်ခြင်းဖြစ်သည်။ အဆင့်မြင့်ပညာဟု ဆိုသော်လည်း တနှစ်လျှင် တစ်ပတ်သာ သင်ယူရသော အဝေးသင် ပညာရေးကို ဆိုလိုခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ လွတ်လပ်သော ပညာရေး အဖွဲ့အစည်းများမှ ကောက်ယူသော စစ်တမ်းများတွင် မူလတန်းပညာကို ၆၀ ရာခိုင်နှုန်း၊ အလယ်တန်းပညာကို ၃၀ ရာခိုင်နှုန်း အထိသာ တက်ရောက် နိုင်ကြသည်။
စစ်တွေ နည်းပညာတက္ကသိုလ်မှ တွဲဖက်ပါမောက္ခတဦးမှ တက္ကသိုလ် တခုတိုးချဲ့ ဖွင့်လှစ်တာ ကောင်းတယ် ဆိုပေမယ့် နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတွေ လေ့လာမယ့် ရည်ညွန်းစာအုပ် မရှိဘူး၊ ဆရာတွေ လေ့လာဖို့ စာအုပ်တွေ မရှိဘူး၊ နိုင်ငံတကာမှာ ဖြစ်ပေါ် တိုးတက်နေတဲ့ နည်းပညာတွေကို လေ့လာဖို့ အင်တာနက်မရှိဘူး၊ အင်တာနက် ရှိရင်တောင် မီးမရှိတော့ ဘယ်လိုသုံးမလဲ၊ အဲဒီတော့ဗျာ တက္ကသိုလ်ဆိုတာ အဆောက်အဦးရှိရင် ပြီးတာမှ မဟုတ်တာ၊ ကျနော့် အမြင်ကတော့ အဆင့်မြင့်ပညာ ကျောင်းထပ်ဖွင့်စရာ မလိုဘူး၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာတွေကို သင်ယူနိုင်တဲ့ ကလေးအရေအတွက် များလာအောင် လုပ်ပေးသင့်တယ်ဟုပြောဆိုခဲ့သည်။
လက်ရှိရခိုင်ပြည်နယ်ရှိ တက္ကသိုလ်များမှာ () ကွန်ပျူတာ တက္ကသိုလ် ( စစ်တွေ)() အစိုးရ နည်းပညာကောလိပ် ( သံတွဲ)() ကျောက်ဖြူ ပညာရေးကောလိပ် ၊ () စစ်တွေတက္ကသိုလ်၊ () နည်းပညာတက္ကသိုလ် (စစ်တွေ) တို့ဖြစ်သည်

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...