နှစ်ပေါင်းနှစ်ဆယ်အစိတ်လောက် အင်္ဂလိပ်စကားပြောသင်တန်းဆရာလုပ်ခဲ့ လေတော့
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို လူမျိုးစုံကို တွေ့ခဲ့ဖူးပါတယ်။
တချို့က စိတ်တက်ကြွလွန်ကဲတယ်၊ တချို့ က စိတ်ကျလွန်ကဲတယ်၊ တချို့ကျတော့
တက်လွယ်ကျလွယ်လွန်းတယ်။ တတိယ အမျိုးအစားက အများဆုံးဖြစ်တာ သတိ ထားမိတယ်။
ပထမအမျိုးအစားက အနည်းဆုံးဖြစ်ပါတယ်။
ပထမ
အဲဒီ ပထမအမျိုးအစားက ကိုယ့် ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိကြတယ်။
ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်တယ်။ အဲဒီယုံကြည်မှုလွန်ကဲ
လွန်းတော့ တခြားသူတွေကို အထင်သေး ပြီး ငုံ့ကြည့်လေ့ရှိတယ်။ အများက ဘ၀င်
မြင့်တယ်၊ အောက်ခြေလွတ်တယ်လို့ မြင်လေ့ရှိကြတယ်။ တစ်ဖက်သားကို
ငုံ့ကြည့်တတ်တဲ့အကျင့်ကို ပြုပြင်နိုင်မယ် ဆိုရင် လူတော်လူကောင်းဖြစ်တယ်။
ဒုတိယ
ဒုတိယအမျိုးအစား စိတ်ကျလွန်ကဲ သူများက ပထမအမျိုးအစားထက် အရေ
အတွက်အားဖြင့် အများကြီးပိုတယ်။ ကိုယ့် ကိုယ်ကိုယ်
ယုံကြည်မှုနည်းလွန်းပြီး ဘယ် ကိစ်္စမဆို လွယ်လွယ်ကူကူ လက်လျှော့
အရှုံးပေးတတ်တယ်။ လုပ်သင့်လုပ်ထိုက် တာကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ မလုပ်ရဲ၊
မကိုင်ရဲဖြစ်လေ့ရှိတယ်။ အရာရာကို အရှုံးဘက်က၊ အဆိုးဘက်ကချည်း
တွေးတတ်မြင်တတ်တယ်။ သူတစ်ပါး အပေါ် မှီခိုစိတ်လွန်ကဲလေ့ရှိတယ်။ ဒီ
အမျိုးအစားထဲက လူကောင်းတွေရှိနိုင် ပေမဲ့ လူတော်တွေ ဖြစ်လာဖို့တော့
ခဲယဉ်း ပါတယ်။
တတိယ
အများဆုံးဖြစ်တဲ့ တတိယအမျိုး အစားကတော့ ကောက်ရိုးမီးလို ဟုန်းခနဲ
ထတောက်ပြီး ချက်ချင်းလက်ငင်း ဟုပ်ခနဲ ငြိမ်းသွားတတ်တဲ့
လူစားမျိုးဖြစ်တယ်။ တက်ချင်လည်း သူတို့ပဲ၊ ကျချင်လည်း သူတို့ပဲ။
အပြောင်းအလဲသိပ်မြန်တယ်။ အပူပိုင်းဒေသ လူမျိုးဖြစ်လို့ သွေးက ပူလွယ်၊
အေးလွယ်ဖြစ်သလား မဆိုနိုင် ပါဘူး။ မြန်တာတော့ အံ့သြစရာကောင်း
လောက်အောင်ကိုမြန်ကြတယ်။ စိတ်ဓာတ် တက်ကြွနေပါသကောဆိုပြီး လွှတ်မထား
လိုက်နဲ့၊ နောက်ပြန်လှည့်ကြည့်လိုက်တဲ့ အခါမှာ စိတ်ဓာတ်တွေကျပြီး
ခေါင်းငိုက် စိုက်ဖြစ်နေတာတွေ့ချင်တွေ့ရလိမ့်မယ်။ စိတ်ဓာတ်တွေကျပြီး
အားငယ်နေရာက ခဏလေးအတွင်းမှာပဲ ""ပေါရိသာဒထ သလို""
စိတ်တွေအရမ်းတက်ကြွလာပြီး တားမရဆီးမရဖြစ်ချင်လည်း ဖြစ်နေတတ် တယ်။
အဆိုးမြင်သမား
ဒုတိယအမျိုးအစားကလွဲရင် ကျန် နှစ်မျိုးစလုံးဟာ ဆင်ခြင်တုံတရားပြည့်ဝပြီး
ရင့်ကျက်လာတဲ့အခါမှာ ထူးချွန်ထက်မြက် တဲ့ လူတော်လူကောင်းတွေဖြစ်လာနိုင်
ပါတယ်။ ဒုတိယအမျိုးအစား စိတ်ခွန် အား ပျော့ညံ့လွန်းသူ၊ အရာရာကို အဆိုး
ဘက်၊ အပျက်ဘက်က မြင်တတ်သူမျိုးက တော့ ဗီဇစိတ်ဓာတ်ကို ပြောင်းလဲမပစ်နိုင်
ဘူးဆိုရင် ထူးချွန်ထက်မြက်သူဖြစ်လာဖို့ အင်မတန်ခဲယဉ်းပါတယ်။ မလုပ်ခင်က
တည်းက ဖြစ်မှာမဟုတ်ပါဘူး။ ရှုံးမှာပါပဲ ဆိုတဲ့ အမြင်က လွှမ်းမိုးနေလေတော့
ဘာမှလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဘာမှ မလုပ်ရင် ဘာမှမဖြစ်ပါဘူး။ သာမန်သူလို
ငါလို လူအုပ်ကြီးထဲက သာမန်သူလို ငါလို လူတစ်ယောက်သာဖြစ်မှာပါ။ Mr.
Nobody, Ms. Nobody ဆိုပါတော့။Somebody မဖြစ်နိုင်ပါဘူး။ စိတ်ခွန်အား
ကြီးမားသူများသာ ထူးချွန်ထက်မြက်သူ
ဖြစ်နိုင်ပါတယ်။
ဆန်္ဒရှိက ပြောင်းလို့ရ
ပထမနဲ့ တတိယအမျိုးအစားနှစ်မျိုး က ရင့်ကျက်လာတာနဲ့အမျှ စိတ်အပြောင်း အလဲ
သိပ်မမြန်တော့ဘဲ တည်ငြိမ်လာပါ လိမ့်မယ်။ ထူးချွန်ထက်မြက်သူဆိုတာ
ဒီနှစ်မျိုးထဲကပဲ ထွက်လာနိုင်ပါတယ်။ ရင့်ကျက်မူဆိုတာ အသိဉဏ်ပညာနဲ့
အတွေ့အကြုံနှစ်မျိုးပေါင်းစပ်ပြီး ပေါ် ထွက်လာတာဖြစ်တယ်။ ပညာကို မနား
မနေဆည်းပူးရှာဖွေနေဖို့ပဲ လိုတယ်။ ဒုတိယ အမျိုးအစား စိတ်ပျော့သူများ လည်း
တကယ်တမ်းကြိုးစားမယ်ဆိုရင် စိတ်ဓာတ်ပျော့ညံ့မှုကို ပြုပြင်ပြောင်းလဲနိုင်
ပါတယ်။ ပြောင်းလဲချင်စိတ်ထက်သန်ဖို့ သာလိုပါတယ်။ လောကမှာ မဖြစ်နိုင်တဲ့
အရာဘာမှ မရှိပါဘူး။ စိတ်ညစ်စရာတွေ၊ စိတ်ဓာတ်ကျစရာတွေ။ ရှုံးနိမ့်မှုတွေ ဘယ်
လောက်ပဲများများ ထွက်ပေါက်လုံးလုံးမရှိ တာမဟုတ်ပါဘူး။ ထွက်ပေါက်ကို မတွေ့
ရသေးတာပဲရှိတာပါ။ ဇွဲကောင်းကောင်းနဲ့ ဆက်ရှာရင် မတွေ့ဘဲ မနေပါဘူး။ ""ဘယ်
လောက်မည်းမှောင်တဲ့ တိမ်တိုက်ဖြစ်ပါ စေ၊ ငွေနားကွပ်ပါမြဲဖြစ်တယ်""ဆိုတဲ့
စကားကိုသာ ယုံကြည်ပါ။ စိတ်ထဲမှာ မသေချာရင် မိုးပေါ်ကိုသာ မော့ကြည့်
လိုက်ပါ။ မိုးတွင်းမှာ မည်းမှောင်နေတဲ့ တိမ်တောင်တိမ်လိပ်ကြီးတွေ မြင်သာ
ထင်သာပါတယ်။ အဲဒီ တိမ်မည်းကြီးတွေ ရဲ့ အစွန်အဖျားမှာ အလင်းရောင်တွေ
ထင်ထင်ရှားရှားတွေ့ရပါလိမ့်မယ်။
လောကသဘာဝ
လူ့ဘ၀ဆိုတာလည်း အလားတူပါပဲ။ အခက်အခဲမကြုံဖူးသူ၊ ဒုက်္ခမတွေ့ဖူးသူ
လောကမှာမရှိပါဘူး။ ဖုန်းတောင်းယာ စကာလည်း ဒုက်္ခကြုံရသလို မင်းဧကရာဇ်
များလည်း ကြုံရတာပါပဲ။ ဒါလောက သဘာဝဖြစ်တယ်။ ဒီလောက သဘာဝကို
သိမြင်သဘောပေါက်ထားရင် စိတ်ဓာတ် ကျစရာမရှိပါဘူး။ အရေးကြီးတာက
ကိုယ်တစ်ယောက်တည်းကွက်ပြီး ဒုက်္ခ ရောက်တာမဟုတ်ပါလားဆိုတာကို
သိထားဖို့သာဖြစ်တယ်။ လူဟာ ကိုယ့် ကိုယ်ကိုယ် အင်မတန်သနားတတ် ပါတယ်။
ကိုယ့်ဒုက်္ခက သူများဒုက်္ခထက် ကြီးတယ်လို့ အမြဲတမ်းထင်တတ်တယ်။
ဒုက်္ခကြုံတဲ့အခါမှာ ကိုယ့်ထက်အဖြစ်ဆိုး သူများကို စဉ်းစားကြည့်ဖို့
အကြံပေးချင် ပါတယ်။ ကိုယ်တွေ့မို့ပါ။ ၁၉၈၀ ပြည့်နှစ် က ထောင်ထဲမှာ
လေဖြတ်သွားပါတယ်။ နှစ်ရက်သုံးရက်လောက် သတိမရပါဘူး။ သတိရတော့
ရန်ကုန်ဆေးရုံကြီးရောက် နေတာသိရတယ်။ ညာဘက် ကိုယ်တစ်ခြမ်း လုံး
လှုပ်လို့မရတော့ပါဘူး။ ခေါင်းလည်း ထောင်လို့မရဘဲ ဇက်ကျိုးကျနေပါတယ်။
ကံကောင်းထောက်မစွာ လျှာတို့ပါးစပ်တို့ မျက်နှာတို့ကတော့ ဘာမှမဖြစ်ပါဘူး။
ဆေးရုံက ဆရာဝန် ဆရာမများရဲ့ ဂရုစိုက် မှုကြောင့် အသက်ဘေးက လွတ်ခဲ့ရုံမက
အခြေအနေလည်း အများကြီး တိုးတက် လာခဲ့ပါတယ်။ ပြည်သူ့ဆေးရုံက ဆရာဝန်
ကြီးတွေ၊ ဆရာဝန်လေးတွေနဲ့ ဆရာ မလေးတွေကို အင်မတန်ကျေးဇူးတင်ရ ပါတယ်။
ကြီးမှ ၀လုံးရေးကျင့်ရ
အခြေအနေတိုးတက်လာတော့ ရူပဗေဒဆေးကုဌာနမှာ မီးကင်ဓာတ်ကင် တာတွေ၊
ဖယောင်းပူကျပ်စည်းတာတွေ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ရပါတယ်။
လပေါင်းများစွာကြာ အောင်လုပ်ရတာပါ။ ကိုယ်တစ်ခြမ်းသေ တဲ့ ဘ၀နဲ့ အိပ်ရာထဲက
မထနိုင်တာ စိတ်မဆင်းရဲဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ စိတ်ဆင်းရဲပြီး
ညည်းထွားနေလို့ပြီးတဲ့ ကိစ်္စမှ မဟုတ်တာ။
ဒီတော့ အားတင်းပြီး ကြိုးစားလေ့ကျင့်ရတာပေါ့။ နည်းနည်း
သက်သာလာပြီဆိုကတည်းက ဘောပင်နဲ့ စာအုပ်မှာပြီး ၀လုံးအရေးကျင့်တော့တာ ပါပဲ။
စစချင်းတော့ ဘယ်လက်နဲ့ ဘောပင် ကိုင်လို့ကို မမြဲပါဘူး။ စာရွက်ပေါ် ၀လုံး
ရေးကြည့်တော့လည်း ဘောပင်ကဟိုတိုး သွားလိုက်၊ ဒီတိုးသွားလိုက်နဲ့
ရေးလို့ကို မရပါဘူး။ အ၀ိုင်းမပြောနဲ့လေးထောင့် တောင်ဖြစ်မလာပါဘူး။
တော်တော်ကို စိတ်ဓာတ်ကျခဲ့ရပါတယ်။ လေးငါးခြောက် ရက် ဆက်ကျင့်တော့
ဝလုံးဖြစ်အောင် ရေးလို့ရလာပါတယ်။ ညီညီညာညာတော့ ဘယ်ဖြစ်ဦးမှာလဲ။
ကြီးတာကြီး၊ သေးတာ သေးပေါ့။ ၀လုံးတွေကလည်း ၀လုံးနဲ့ မတူဘဲ အဖုတွေ၊
အထစ်တွေနဲ့ ပိန်းဥလို ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ဆက်ကျင့် လိုက်တာ နှစ်လ၊
သုံးလကြာတော့ မလှ ပေမဲ့ ညီညီညာညာ မြန်မြန်ဆန်ဆန်နဲ့ စာတွေအများကြီး
ရေးနိုင်သွားပါတယ်။ ဒါပေမဲ့ လူက မလှုပ်နိုင်၊ မရှားနိုင်သေး တော့
စိတ်ညစ်အားငယ်တာကတော့ မပျောက်ပါဘူး။
ကိုယ့်ထက်ဆိုးသူတွေချည်းပဲ
ဆေးရုံကြီးမှာ လေ့ကျင့်ခန်းတွေ လုပ်နေရာက တစ်ပတ်မှာ နှစ်ရက်၊ သုံး
ရက်လောက် သမိုင်းမှာရှိတဲ့ မသန်မစွမ်း ဆေးရုံကိုလည်း သွားပြီး
လုပ်ရပါတယ်။ ဆေးရုံကြီးက လူနာတင်ယာဉ်နဲ့ လိုက်ပို့ ပါတယ်။ အဲဒီ
သမိုင်းဆေးရုံရောက်တော့ ပိုလီယိုဖြစ်တဲ့ ကလေးလူနာတွေကိုလည်း အများကြီး
တွေ့ရတယ်။ ငယ်ငယ်ရွယ် ရွယ် ချောချောလှလှနဲ့ လေးဖက်နာ ကြောင့်
ခြေချောင်းလက်ချောင်းတွေ ကွေးကောက်နေတဲ့ ဆရာဝန်မလေး
တစ်ယောက်လည်းတွေ့ရတယ်။ အသက် ၁၈ နှစ်လောက်တရုတ်မလေးတစ်ယောက် ဆို
ဘယ်တစ်လှမ်း၊ ညာတစ်လှမ်းနဲ့ အမူး သမားလမ်းလျှောက်သလို တယိမ်းယိမ်း
တယိုင်ယိုင်နေရရုံတင်မက ပါးတစ်ခြမ်းရွဲ့ ပြီး ပါးစပ်ထဲက သရေတွေ တများများ
ယိုစီးကျနေတာကို မကြည့်ရက်စရာ တွေ့ ရတယ်။ ဒီလိုသနားစရာအဖြစ်တွေကို
မြင်ရတဲ့အခါကျတော့ သူတို့နဲ့စာရင် ငါ တယ်ကံကောင်းပါလားလို့ တွေးမိပြီး
ကျနေတဲ့ စိတ်ဓာတ်တွေ တစ်ဟုန်ထိုး ပြန်တက်သွားခဲ့ရတယ်။ ဒီလိုနဲ့ပဲ ဒုက်္ခိတ
ဘ၀ရောက်ခဲ့တာ ၃၂ နှစ်တောင်ရှိခဲ့ပြီ။ အသက်ကလေးရှည်အောင်တော့ ဆက်ပြီး
ဆွဲဆန့်ထားနိုင်နေသေးတယ်။ အောက်စီ ဂျင်စက်တန်းလန်းနဲ့နေရလည်း ဘာဖြစ် လဲ။
စာတွေရေးနေနိုင်ရင်ပြီးတာပဲပေါ့။
ခေါင်းငုံ့မထားနဲ့
စိတ်အားငယ်တတ်သူတွေ၊ စိတ် ဓာတ်ကျနေသူတွေကို မသန်မစွမ်းဆေးရုံ လို
ဆေးရုံတွေကို တစ်ခေါက်လောက် ဖြစ်ဖြစ် သွားဖြစ်အောင်သွားကြည့်ကြစမ်း
ပါလို့ အကြံပေးချင်တယ်။ လောကမှာ ကိုယ့်ထက် ဒုက်္ခကြီးမားသူတွေ အများကြီး
ပါ။ ကိုယ်တစ်ယောက်တည်းကွက်ပြီး ဒုက်္ခခံရတာမဟုတ်ပါဘူး။ တိမ်ညို
တိမ်မည်းတိုင်းရဲ့ အနားသတ်မျဉ်းမှာ ငွေရောင်တွေ လင်းလက်နေတယ်လေ။
ခေါင်းငုံ့မထားနဲ့၊ ခေါင်းကိုရဲရဲကြီးမော့ထား လိုက်စမ်းပါ။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com