ဆောင်းပါးရှင် - ပြည်တွင်းမှ တပ်မတော်အရာခံဗိုလ်တစ်ဦး
ကျွန်တော်တို့လို သတ်မှတ်စစ်မှုထမ်း
သက်ပြည့်စစ်သားများ တပ်ထွက်ခွင့် ရရှိရန် နိုင်ငံတော် သမ္မတကြီး
ဦးသိန်းစိန် အနေဖြင့် တပ်ထွက်ခွင့်ပေးဖို့ အစီအစဉ် ရှိမရှိ သိချင်ပါသည်။
ထောင်များမှ နိုင်ငံရေး အကျဉ်းသားများ အပါအ၀င် အကျဉ်း ကျခံနေရသူများအား
လွှတ်ပေးသည်မှာ နှစ်ကြိမ် ရှိနေပါပြီ။ ကျွန်တော်တို့လို
တပ်မတော်သားများတွေရဲ့ ဘ၀တွေမှာလည်း ထောင်သွင်း အကျဉ်း ကျခံနေရသည့် ဘ၀နှင့်
အတူတူပင် မဟုတ်ပါလားခင်များ။ ကျွန်တော်တို့ လိုစစ်တပ် ဟူသော ထောင်
အတွင်းမှ တပ်မတော်သား အကျဉ်းသားများကိုရော လွှတ်ပေးသင့်နေပြီ
မဟုတ်ပါလားခင်များ။
တကယ်တော့ စစ်တပ်ဟာ လွတ်လွတ်လပ်လပ်
သွားလာခွင့် ရတာဘဲလို့ မြင်ရပေမယ့် တကယ်တမ်းကျတော့ အကျယ်ချုပ် လို့ဘဲ
ဆိုဆိုဘဝအကျဉ်းထောင်လို့ဘဲ သတ်မှတ်သတ်မှတ် လူ့ဘဝရဲ့ ငယ်ရွယ်နုပျိုတဲ့
ဘဝတွေကို ဆုံးရှုံးသွားအောင်လုပ်တဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တယ်။ စစ်တပ်က
ထွက်လာရင်တော့ ဘုန်းကြီးလူထွက်တာထက်ဆိုးပြီး ပြင်ပ လောကမှာ မျက်စိသူငယ်
နားသူငယ် ရင်နာစရာ အပြည့်နဲ့ စစ်သားတွေ ဒုက္ခ ရောက်ကြတာ မကြားချင်အဆုံး၊
မတွေ့ချင်အဆုံး ဖြစ်ပါတယ်။ သွားလေသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခိုင်းစရာ
ရှိမှ ကြံ့ဖွတ်ကို ဝိုင်း ရံပေးစေလိုတဲ့ အနေနဲ့ ရွေးကောက်ပွဲကို
အထောက်အကူရအောင် စစ်မှုထမ်းဟောင်း ညီလာခံကို ကြပ်ပြေးမှာ မလုပ်စဖူး
လုပ်သွားတာ အံ့ဩမိပါတယ်။ ယခုသမ္မတကြီး ဦးသိန်းစိန်ကတော့ စစ်ရေးချုပ်က
လာတဲ့သူပီပီ တပ်မတော်သားတွေရဲ့ ခံစားချက်ကို တီးမိခေါက်မိပြီးဖြစ်တာမို့
မေးခွန်းတွေ မေးချင်ပါတယ်။
အထူးသဖြင့် အခြားအဆင့် စစ်သည်များ၏
ခံစားချက်များကို တဆင့် ပြန်လည် တင်ပြ ပေးစေ လိုပါသည်။ တပ်မတော်သားများ၏
ဘ၀မှာဖိနှိပ်မှု မျိုးစုံကို ခါးသီးစွာ ခံစားရင်း ဖြတ်သန်း နေခဲ့ ကြရပါသည်။
ယခင်စစ်အစိုးရ လက်ထက်မှာ အဆိုးဆုံး ဖြစ်ပါသည်။ ယခုအချိန်တွင် တပ်မတော်၏
ပြင်ပ အရပ်ဘက်တွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးပြီး မှန်ရာကို မှန်သည့်
အတိုင်းလွတ် လပ်စွာ ဆန္ဒ ဖော်ထုတ်ပြီး ပြောဆိုနိုင်ကြသည့် စနစ်သစ်ကို
အကောင်အထည်ဖော် ဆောင်ရွက် နေကြပြီ ဖြစ်ပါသည်။
လွှတ်တော် အစည်းအဝေးမှ တပ်အရာရှိများ
တပ်မတော်အတွင်းမှာရော ဒီလိုမှန်ရာကို
မှန်သည့်အတိုင်း ဆန္ဒဖော်ထုတ်ပြီး ပြောဆိုနိုင်ခွင့် ရရှိပါ မည်လား။
အထက်လူကြီးများ၏ မတရားမှုကို မတရားသည့် အတိုင်း ပြန်လည် ချေပ
ပြောဆိုနိုင်ခွင့် ရရှိ ပါမည်လား။ ရမည်မထင် ပါ။
ယခုအချိန်အထိ တပ်မတော်သားများ (အထူးသဖြင့်
အခြားအဆင့်များ) ၏ ရင်ထဲတွင် အကြောက် တရားများက စိုးမိုးထားနေဆဲ ဖြစ်ပါသည်။
တပ်မတော် အတွင်းတွင် ထုံးစံအရ ပြုလုပ်သောဒါဘာ (ဆန္ဒ) ဖော်ထုတ်ပွဲ အခမ်း
အနား များတွင်လည်း (poilcy) အရသာ ပြုလုပ်နေကြခြင်း ဖြစ်ပါသည်။
မည်သူမှ မှန်ရာကို မတင်ပြရဲကြပါ။
မပြောရဲကြပါ။ ပြောသည့်သူမှာလည်း အချုပ် (သို့) ထောင် (သို့) အဝေးနယ်သို့
ပို့ဆောင်ခြင်း ခံရမည် ဖြစ်ပါသည်။ တပ်ထွက်ခွင့်လည်း တရားဝင် မပေးပါ။
တပ်တွင်း ဖိနှိပ်မှုများကို မခံနိုင်ကြသဖြင့် မိမိကိုယ်ကိုယ် အဆုံးစီရင်
သွားကြသူများလည်း များလှပါပြီ။ တပ်က ထွက်ပြေး ပါကလည်း ပြန်ဖမ်းမိလျှင်
တပ်အချုပ် (သို့) စစ်ထောင် ချကာ အဆင့်လျှော့ချပြီး ပြန်လည်အမှု
ထမ်းခိုင်းပါသည်။ အဆင့်ချသည် ဆိုသည်မှာ အရစ်ရှိလျှင် အရစ်ဖြုတ်ပြီး
တပ်သားဘ၀မှ ပြန်အမှုထမ်းခိုင်းခြင်းကို ဆိုလိုပါသည်။
တပ်မတော် အတွင်းသို့ စတင်ဝင်ရောက်စဉ်က မပျော်
(၅) နှစ်ပျော် (၅) နှစ် (၁၀) နှစ် အမှု ထမ်းဆောင်ရမည်ဟု စာချုပ်ချုပ်ခဲ့
ရပါသည်။ သို့သော်လည်း ၄င်းစစ်သက် (၁၀) နှစ် ပြည့်သော်လည်း တရားဝင်
နှုတ်ထွက်ခွင့် မရတော့ပါ။ အချို့ဆိုလျှင် စစ်သက်အနှစ် (၃၀) ကျော် (၄၀)
နီးပါး ရှိနေကြပြီ ဖြစ်ပါသည်။ ထွက်ခွင့် မရသဖြင့် ကြိတ်မှိတ် နေကြရပါသည်။
အချို့ကလည်း ရရှိနေကြပြီးသော မိမိ တို့၏ စစ်သက်များကို နှမျှောသဖြင့်
မထွက်ဘဲ နေနေကြပါသည်။
တပ်မတော် အတွင်းမှာ တစ်သက်လုံး နီးပါး
လစာနှင့် ရပိုင်ခွင့် မစို့မပို့လေးနှင့် ဒုက္ခပေါင်းစုံ ရင်ဆိုင်ရင်း
နေထိုင်ခဲ့ကြ ရပြီး နိုင်ငံတော် အတွက် ရွပ်ရွပ်ချွံချွံ ပေးဆပ်ခဲ့ကြရသော
စစ်သားအိုကြီးများ တပ်က ထွက်သောအခါ နေစရာ အိုးပိုင်အိမ်ပိုင် မရှိ၊
ဘုန်းကြီးကျောင်းမှာ သွားကပ်နေ၊ အိမ်ငှားပြီး နေကြရသည့် အဖြစ်များမှာ
လွန်စွာ ရင်နင့်စရာ ကောင်းလှပါသည်။ အိမ်ထောင်သည်များမှာ ပိုဆိုးပါ သည်။
သားသမီး အလုပ်အကိုင် ရှိသူများမှသာ လှုပ်သာလူးသာ အသက်ကလေး ရူနိုင်ရုံသာ
ရှိပါသည်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com