" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

စစ်အာဏာရှင် တို့ ရဲ့  လက်ခတ်သံ

ဆောင်းပါးရှင် - တပ်ကြပ် မင်းမင်း
ကျွန်တော်တွေခဲ့ရတဲ့ တပ်ထဲက အရာရှိတွေ အနက် တစ်ချို့ဟာ လက်အောင်ငယ်သားတွေ အပေါ်မှာ ကိုယ်ချင်းစာစိတ်တရား ထားရှိကြသလို ကျေးရွာလူထု အပေါ်မှာလည်း နိုင်ထက်စီးနင်း မလုပ်ဘဲ စေတနာ ထား ဆက်ဆံကြတာကို တွေ့ခဲ့ရပါတယ်။ တစ်ချို့အရာရှိတွေကတော့ အမိန့်နှင့်အာဏာကို တစ်ဖက်သတ် အသုံးပြုပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတတ်တာကိုလည်း တွေ့ခဲ့ ရပါတယ်။ အခုဒီဆောင်းပါးမှာတော့ ကျွန်တော် တွေ့ကြုံခဲ့ရတဲ့ အရာရှိ တစ်ယောက် အကြောင်းကို စာဖတ် ပရိတ်သတ်များအား ဗဟုသုတအဖြစ် တင်ပြသွားပါမယ်။ ၁၉၉၄ခုနှစ် နှစ်ကုန်ပိုင်း လောက်မှာ ကျွန်တော်တို့တပ် အ.မ.တ ခွဲ (၀၈၂) ကို တပ်ခွဲမှူး အသစ် ရောက်ရှိ လာခဲ့တယ်၊ သူ့အမည်က ဗိုလ်မှူးမိုးဆွေ၊ ကြည်း (၁၇၆၅၀) ဖြစ်ပါတယ်။ သူ့မှာ ဇနီးသည်နှင့် သမီးလေး နှစ်ယောက် ရှိကာ သမီးအကြီးမက မျက်စိတဖက် ပျက်နေ ရှာတယ်။ သူမ မျက်စိ ပျက်စီးရခြင်းမှာ သူ့အဖေက သူ့သမီးကို ငယ်စဉ်က စစ်ခါးပတ်နဲ့ ရိုက်လိုက်ခြင်းကြောင့် မျက်စိတဖက် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရှိရ ပါတယ်။
ကျွန်တော် အဲဒီ ဗိုလ်မှူး မိုးဆွေအကြောင်းကို နည်းနည်း ပြောပြချင်ပါတယ်။ ဒီလူကြီးဟာ အင်မတန် အစား အသောက် မက်ပြီး ရက်စက်တတ်တဲ့ စိတ်ထားလည်း သူ့မှာရှိတယ်။ သူ့ပုံသဏ္ဍန်က အရပ်အမောင်း ကောင်းကောင်း အသားကမဲမဲ ၀လွန်းပြီး မျက်နှာမှာလဲ ကျောက်ပေါက်စက်တွေနဲ့မို့ စစ်သည်များက သူ့နောက် ကွယ်မှာ ဘီလူးကြီးလို့ သူ့ကို အမည်ပေးထားကြပါတယ်။
သူ အရက် တစ်ခါသောက်ရင် ငါးဂျင်းဖန်ခွက် အကြီးစားနဲ့ အရက်အပြည့် ထည့်ပြီးတော့ နှစ်ခါလောက် မော့သောက်လိုက်ရင်ဘဲ ခွက်ထဲမှာ ကုန်သွားတော့တယ်။ တစ်နေ့ကို ဘီအီး နှစ်လုံးနဲ့ မဲခေါင် အရက်ပြား (၂)ပြား ပုံမှန်သောက်လေ့ရှိတယ်။ ထမင်းစားရင်လည်း ပန်းကန်ပြားနဲ့ မစားတတ်ဘူး၊ စတီးဇလုံ အကြီးစား တစ်လုံးထဲမှာ ထမင်းနဲ့ဟင်း ရော ထည့်ပြီး ဘီလူးလို စားလေ့ရှိတယ်။ တစ်ညမှာ ကျွန်တော် ကြေးနန်းသွားအပို့ သူနေတဲ့ လေးခန်းတွဲလိုင်းက သူ့အခန်း ရှေ့ ရောက်တော့ ဘိလပ်မြေ ခင်းထားတဲ့ သူ့အခန်းကြမ်းပြင်မှာ မှောက်လျက် အနေအထားနဲ့ တပ်ခွဲမှူး မိုးဆွေကို တွေ့ရပြီး အမေရေ အမေရေနဲ့ အော်နေတာကိုလည်း တွေ့လိုက်ရ ပါတယ်။
ကျွန်တော်လဲသူ့ကိုမခေါ်ရဲပဲရပ်ကြည့်နေမိတယ်။နောက်တော့သူ့မိန်းမထွက်လာပြီး ဘာကိစ္စလဲ ကောင်လေးလို့ မေးတယ်။ ကျွန်တော် ကြေးနန်းလာပို့တာလို့ ပြောပြီး ဆရာမထံ ကြေးနန်းစာရွက် ကမ်းပေးလိုက်တယ်။ သူ့မိန်းမကတော့ သင်္ဃန်းညီနောင် အထက်တန်းကျောင်းရဲ့ ဒုကျောင်းအုပ် ဆရာမတစ်ယောက်ပေါ့ ၊ ဒါကြောင့် ရဲဘော် အားလုံးက သူ့အား ဆရာမလို့ဘဲ ခေါ်ကြတယ်၊ ကျွန်တော်လဲ သိချင်တဲ့စိတ် ဖြစ်ပေါ် လာတာနဲ့ ဗိုလ်မှူး ဘာဖြစ်တာလဲလို့ မေးလိုက်ပါတယ်။
ဆရာမက အရက်သောက်ပြီး ဒူးရင်းသီးစားမိလို့ ပူလွန်းလို့ အော်နေတာတဲ့၊ ကြမ်းပြင် မှာလဲ ရေတွေစိုနေပြီး အင်္ကျီလည်းမရှိ ဘောင်းဘီတိုတစ်ထည်နဲ့ အော်နေတာကို တွေ့ရတယ်။ ကျွန်တော်လဲ ကြေးနန်းပို့ပြီး ပြန်လာခဲ့တယ်။ အနော်တို့ဆိုင်ရှေ့ အရောက် ကျွန်တော့်မှာ ဆေးလိပ်ကုန်နေတာမို့ အနော်ဆိုင်မှာ ဆေးလိပ် ၀င်ဝယ်လိုက်တယ်။ ဆိုင်ရှင် အနော်က နင်တို့ဗိုလ်မှူး ငါ့ဆိုင်မှာ ဒူးရင်းသီး (၇)လုံး တထိုင်တည်းစားသွား တယ်တဲ့။
ကျွန်တော်လဲ သြော်…. အဲဒါကြောင့် သူ အခုအော်နေတယ်လို့ ပြန်ပြောလိုက်ပါတယ်။ အဲဒီတပ်မှာ ကျွန်တော်က ဆက်သွယ်ရေးတာဝန်ခံနဲ့ ဖုန်း တာဝန်ခံ နှစ်မျိုးလုံးကို တာဝန် ပေးထားလို့ ထမ်းဆောင်နေရပါတယ်။ အဲဒီနေ့က မိုးကလဲရွာ၊ လေကလဲ တိုက်နေတယ်။ ထုံးစံအတိုင်း ညနေ (၆)နာရီ ထိုးတာနဲ့ ဆက်သွယ် ရေးစက်အား အကြောင်းထူး မရှိ ကြောင်းပြောကာ စက်ပိတ်လိုက်ပါတယ်။ စက်ပိတ်ပြီးတာနဲ့ ဖုန်းလိုင်းများအား ကောင်း/မကောင်း စစ်ဆေးပြီး တာဝန်ပြီးဆုံးကြောင်း လက်မှတ်ထိုးလိုက်တယ်။
ကျွန်တော်ဗိုလ်မှူးနဲ့ ပြဿနာ ဖြစ်ပွားပုံက ည (၁၀)နာရီခန့် ကင်းစစ်တာဝန်ကျ ဆရာသိန်းဇော် ကျွန်တော့် အခန်းတံခါးခေါက်၍ နှိုးလိုက်ခြင်းကြောင့် ကျွန်တော် နိုးလာ တယ်။ ဆရာ့ကို ဗိုလ်မှူးခေါ်နေတယ်လို့ ပြောရာ ကျွန်တော်လည်း ဗိုလ်မှူးရှိရာ လိုင်းခန်း ဘက်သို့ ထွက်လာခဲ့ပါတယ်။ ဗိုလ်မှူးထံ ရောက်တဲ့အခါ သူမူးနေပြီး ကျွန်တော် ရောက်သည်နှင့် ကျွန်တော့်အား မင်းမှာ အပြစ်ရှိသလားလို့ မေးပါတယ်။ ကျွန်တော်က ဘာမှန်း မသိလို့ အပြစ်မရှိပါဟုပြန်ဖြေလိုက် ပါတယ်။ မင်းငါ့ဖုန်းကို သွားဆက်ကြည့်လို့ ပြောရာ ကျွန်တော်ဖုန်းကို ကိုင်ပြီး ဆက်လိုက်ပါတယ်။ ဖုန်းက လုံးဝ ခေါ်လို့မရ ဖြစ်နေတယ်။
ဒါပေမဲ့ ကျွန်တော်က ရာသီဥတုကြောင့် ဖုန်းလိုင်းပြတ်သွားကြောင်းနဲ့ ညနေ (၆) နာရီက ဖုန်းလိုင်းစမ်း၍ ခေါ်ကြည့်ရာ ဗိုလ်မှူးမိန်းမ လာကိုင်ကြောင်း ပြောပြရာ သူက လက်မခံပါ။ အဲဒီနောက် အပြစ်ရှိလားလို့ ထပ်မံမေးပြီး ကျွန်တော့်အား ထိုးကြိတ်မည်ပြုရာ ဆရာမက ၀င်ရောက်တားမြစ်သဖြင့် ထိုးကြိတ်မှု မပြုလုပ် တော့ဘဲ မင်းမနက်ဖန် ငါ့ရုံးတင်မယ်လို့ ပြော၍ ဆဲဆိုပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်ပါတယ်။
နောက်တစ်နေ့ နံနက်စောစောသို့ ရောက်တဲ့အခါ ဖုန်းလိုင်း ပြတ်ရခြင်း အကြောင်းကို လိုက်လံ စစ်ဆေးရာ သစ်ပင်လဲပြီး ဖုန်းကြိုး ပြတ်နေခြင်းကို တွေ့ရပါတယ်။ အဲဒီနောက် နံနက် (၈)နာရီခွဲခန့်မှာ ကျွန်တော့်ကို သူ့ရုံး သို့ ခေါ်ယူပြီး မင်းမှာ အပြစ်ရှိ သလားလို့ မေးရာ ကျွန်တော့်မှာ အပြစ်မရှိပါဟု ပြောလိုက်သည်နှင့် ကျွန်တော့်အား ထိုးကြိတ်မှု ပြုပါတော့တယ်။ ကျွန်တော်လည်း ညက သစ်ပင်လဲပြီး ဖုန်းကြိုး ပြတ်သွားကြောင်းကို အမှန်အတိုင်း တင်ပြ သော်လည်း သူက လုံးဝလက်မခံဘဲ ကျွန်တော့် မှာ ဆက်လက် ထိုးကြိတ်ခြင်းကို ခံနေရပါတယ်။ အဲဒီနောက် ကျွန်တော့်အား တာဝန် ပေါ့လျော့သည်ဟု ပြောပြီး နေ့စဉ် တာဝန် ကြပ် (၇)ရက် ချမှတ်ခြင်းကို ခံရပြန်ပါတယ်။
သူဟာ လပတ် အစည်းအဝေးတွေမှာ ရဲဘော်များအား တာဝန်ချိန် အတွင်း ရွာထဲ မသွားရဟု အမိန့် ထုတ်ပြန် ထားပါတယ်။ သို့သော် တာဝန်ချိန်ပြီးဆုံးလို့ ရွာထဲသို့ သွားရောက် လည်ပတ်တဲ့ အခါတွင်လည်း သူနှင့် တွေ့သည့် ရဲဘော်အားလုံးကို ကားရပ်၍ ထိုးကြိတ်ခြင်း အပြစ်ပေးခြင်းများ အမြဲပြုလုပ်လေ့ ရှိရာ စစ်သည် အားလုံးဟာ ရွာထဲမှာ သူ့ရဲ့ (လန်ဂျမ်း) ကားကို မြင်ရင် တွေ့ရာအိမ်ထဲသို့ ၀င်ရောက် ပုန်းရှောင် နေကြရ ပါတယ်။ သူ့ရဲ့ကား ကျော်လွန်သွားမှသာ စစ်သည်တွေလည်း လိုရာသို့ သွားလာကြရပါတယ်။ ဒါ့ကြောင့် ဆရာကြီးများ ဆရာများနဲ့ ရဲဘော်များက သူ့အား ဘီလူးကြီးလို့ ကွယ်ရာမှာ အမည် ပေးထား ကြပါလေ တော့တယ်။ ကျွန်တော်တွေ့ခဲ့ရတဲ့ အရာရှိတစ်ယောက် အကြောင်းကို တင်ပြပြီး တဲ့နောက် ဆက်လက်ပြီး တပ်တွင်းက အတွေ့အကြုံတွေကိုလည်း တင်ပြသွား ပါဦးမယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...