" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မှန်ကန်သော ခေါင်းဆောင်မှု ဆိုတာဘာလဲ What is Truth Leader ?

      
    OIC ဆိုတာဟာ Organisation of Islamic Cooperation ကို အတိုကောက်ခေါ်တာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ မူစလင်နိုင်ငံများရဲ့ အကျိုးစီးပွားကာကွယ်ရေး၊ မူစလင်နိုင်ငံများ တိုးတက်ဖွံ့ဖြိုးလာစေရေး စတဲ့ ရည်ရွယ်ချက်များကို ၀ိုင်းဝန်း အကောင်အထည်ဖော်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ဘာသာရေးအခြေပြုအဖွဲ့ အစည်းတစ်ရပ်ဖြစ် ပါတယ်။
ပေါ်ပေါက်လာပုံ
            ၁၉ရာစုနှစ်လောက်ကတည်းက မူစလင်ဘာသာဝင်များအနေနဲ့ သည်လိုအဖွဲ့အစည်းမျိုးကို တည်ထောင်ဖို့ရည်ရွယ်ခဲ့ကြတယ်။ ၁၉၆၇ခုနှစ် အစ္စရေး-ပါလက်စတိုင်း ခြောက်ရက်ကြာစစ်ပွဲအပြီး အစ္စရေးတို့ စစ်ပွဲအောင်မြင်ပြီးနောက်ပိုင်းမှာတော့သည်လို အဖွဲ့အစည်းမျိုးဟာ အရေးတကြီး လိုအပ်လာပြီ လို့ မူစလင်ခေါင်းဆောင်များကိုတပ်လှန့်လိုက်သလိုဖြစ်သွားပါတယ်။

သည်လိုနဲ့ မူစလင်ခေါင်းဆောင်များ စုစည်းပြီး  ၁၉၆၉၊စက်တင်ဘာလ ၂၅ရက်နေ့မှာ OIC ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။
            စတင်ဖွဲ့စည်းချိန်မှာတော့ OIC ရဲ့အမည်က Organisation of the Islamic Conference ဖြစ်ပါတယ်။ အဖွဲ့ရဲ့ကြေညာစာတမ်းထဲမှာ အစ္စလာမ်နိုင်ငံများရဲ့ လူမှုရေးနဲ့ စီးပွားရေးတန်ဖိုး များ စောင့်ရှောက်ကာကွယ်ဖို့၊ မူစလင်နိုင်ငံများအချင်းချင်း သွေးစည်းညီညွတ်ကြဖို့၊ နိုင်ငံရေး ၊စီးပွားရေး၊ယဉ်ကျေးမှု၊သိပံနည်းပညာဖွံ့ဖြိုးရေးစတဲ့ ရည်ရွယ်ချက်တွေလဲပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်ကြီးလဲပါ ပါတယ်။
            ယနေ့ OIC အဖွဲ့ဝင် ၅၇နိုင်ငံမှာ ၅၆နိုင်ငံက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ပါတယ်။၂၀၀၈ခုနှစ်မှာ OIC အဖွဲ့ဝင် နိုင်ငံများရဲ့ စုစုပေါင်းလူဦးရေဟာ ၁.၄ ဘီလီယံရှိပါတယ်။
            အမေရိကန်သမ္မတ ဂျောု့ဘုရှ်က ၂၀၀၇ခုနှစ်၊ဇွန် ၂၇မှာ OIC ထံ တရားဝင်သံကိုယ်စားလှယ် အဖွဲ့လွှတ်မယ်လို့ ကြောညာခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ မူစလင်နိုင်ငံများရဲ့ အသံကို နားထောင်ဖို့၊ တဘက်ကလည်းအမေရိကန်တို့ရဲ့ခံယူချက်ကိုလည်း မူစလင်နိုင်ငံတွေ သိစေဖို့ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ သိမ်မွေ့ငြင်သာတဲ့သံတမန်ပညာရပ်တစ်ခုပါ။  
            OIC က လူ့အခွင့်အရေး ကြောညာစာတမ်း ဆိုတာကို ထုတ်ပြန်ကြေညာခဲ့ဖူးတယ်။ အစ္စလာမ်များအတွက် ကိုင်ရိုလူ့အခွင့်အရေးကြေညာစာတမ်း Cairo Declaration of Human Rights in Islam လို့အမည်ရတယ်။ သို့ပေမယ့် အဲသည်လူ့အခွင့်အရေးကြေညာစာတမ်းဟာ ကမ္ဘာ့လူ့အခွင့်အရေး အဖွဲ့ရဲ့ ကြေညာစာတမ်းနဲ့မတူပါဘူး။ အထဲမှာပါတဲ့ အချက်တွေဟာ လဲ ညှိလို့မရအောင်ကွဲလွဲနေတာတွေ အများကြီးပါ။
OIC ကို မေးချင်တဲ့ မေးခွန်းတစ်ခု
            OIC က အကြမ်းဖက်မှုများနဲ့ ပတ်သတ်ပြီးတော့လဲ ဆန့်ကျင်တယ်လို့ ဆိုပါတယ်။သို့ပေမယ့် အကြမ်းဖက်မှု ဆိုတာကို အဓိပာယ်ဖွင့်တဲ့နေရာမှာ တော့ သူများနိုင်ငံတွေနဲ့မတူပါ။အကြမ်းဖက်မှု (terrorism) ဆိုတာဟာ တစုံတယောက်က တခြားသူတစ်ဦးဦးကို ညှင်းပန်းတာ၊နှိပ်စက်တာ၊အကြမ်းဖက်တာမှန်သမျှ ကိုခေါ်ပါတယ်။ သို့ပေမယ့်ပါလက်စတိုင်းတစ်ယောက်က အစ္စရေးမြို့လယ်ခေါင်မှာ အသေခံဗုံးခွဲလို့ လူ၁၀၀ လောက်သေသွားရင် OICရဲ့သတ်မှတ်ချက်အရ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ဒါကြောင့် ရခိုင်မှာ ဘင်္ဂလီတစ်ယောက်က ရခိုင်ဘုန်းတော်ကြီးတစ်ဦးကို သတ်ဖြတ်ရင်၊ ရခိုင်သူလေးတစ်ဦးကို မုဒိန်းကျင့်ရင် အဲဒါဟာ အကြမ်းဖက်မှုလို့ သတ်မှတ်ရဲ့လား ဆိုတာကို
OIC ကို မေးချင်တယ်။
OIC နဲ့ပြသနာရှိသူများ
            အိန္ဒိယဟာ ကတ်ရှ်မီးယားအရေးနဲ့ ပတ်သတ်ပြီး OIC နဲ့ အဆင်မပြေပါ။ အိန္ဒိယမှာ ကမ္ဘာ့မူစလင်ဦးရေရဲ့ ၁၀% ရှိပေမယ့် OIC ထဲမ၀င်ပါ။OIC ကလဲ လက်မခံပါ။ 
            ထိုင်းနိုင်ငံဟာလဲ နိုင်ငံတောင်ပိုင်းက ပြည်နယ်များမှာ မူစလင်လူနည်းစုတွေကို မတရားဖိနှိပ် တယ် ဆိုပြီး OIC ရဲ့ ကန့်ကွက်မှုကို ခံရပါတယ်။ ပတက်နီဆိုတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းပြည်နယ်က ပြည်ပြေးမူစလင်ခေါင်းဆောင်ဟာ ထိုင်းအစိုးရအနေနဲ့ ဗုဒ္ဒဘာသာပြည်သူ့စစ်တွေကို ဖွဲ့စည်းပြီး မူစလင်တွေကို နှိပ်ကွပ်တယ်လို့ OIC မှာ တက်ပြောပါတယ်။ မြန်မာပြည်မှာတော့ ဘင်္ဂါလီများဟာ နိုင်ငံသားမဟုတ်ပါ။သူတို့ကို ကိုယ်စားပြုမယ့် မြန်မာနိုင်ငံသား ဘဂါင်္လီ ခေါင်းဆောင်ဆိုတာလဲ မရှိပါ။မြန်မာနိုင်ငံသား ဘင်္ဂါလီပြည်ပြေးဆိုတာလဲ မ၇ှိပါ။ ပြေးစရာမလိုပါ။အရင်ထဲကိုက  နိုင်ငံသားမဟုတ်ပါ။
            ထိုင်းနိုင်ငံခြားရေးဝန်ကြီးက OIC ကို သည်လို တုံ့ပြန်ပါတယ်။“ထိုင်းနိုင်ငံဟာ နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးကို ကာကွယ်ပေးနေပါတယ်။ဘယ်ဘာသာဝင်ဖြစ်စေ နိုင်ငံသားမှန်လျှင် နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးညီတူညီမျှ ရရှိအောင် ဆောင်ရွက်ပေးနေပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းရဲ့ တည်ငြိမ်မှုကို OIC ကအမှန်တကယ်လိုချင်တယ်ဆိုရင်တော့ နိုင်ငံတောင်ပိုင်းမှာ ဗုဒဘာသာနဲ့ မူစလင်ဘာသာဝင်တွေအကြား သွေးထိုးပေးနေတဲ့ မူစလင် အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပဲ နိုင်အောင်ထိန်းပေးပါ။” လို့တုံ့ပြန်ပါတယ်။

OIC ခေါ်သွားပေးပါ
            ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ အဆိုအရ ၂၀၁၀မှာ OIC အဖွဲ့ဝင်နိုင်ငံများ အနေနဲ့ ဒုက္ခသည်ပေါင်း ၁၈သန်းကို နေရာပေး၊အစားကျွေး ကယ်တင်ခဲ့တယ်လို့သိရတယ်။ရခိုင်က အခြေအနေမဲ့တွေကိုလဲ သူတို့ကယ်တင်ပေးနိုင်ပါစေလို့ တောင်းဆိုရမှာပါ။၂၀၁၀မှာ OIC ရဲ့ အရပ်ရပ် ရံပုံငွေ ယူအက်စ်ဒေါ်လာသန်းပေါင်း ၆၅၀ ၇ှိပါတယ်။ သည်ငွေဟာ ကမ္ဘာမရှိခဲ့ဖူးတဲ့ လူမျိုးစုတစ်ခု ပေါ်လာအောင် စွမ်းနိုင်ပါတယ်။

တို့မြန်မာတွေ
            နှစ်ပေါင်း ၅၀လောက် အငတ်ငတ်အပြတ်ပြတ်နဲ့ နေလာခဲ့တဲ့ တို့ရွှေတွေ ၀န်ထမ်းဖြစ်စေ၊သာမန်ပြည်သူဖြစ်စေ သည်းခြေကြိုက် ငွေရဲ့ဒဏ်ကိုခံနိုင်ပါမလား။ဘဂါင်္လီတွေကို ငွေယူပြီး ပြည်ဝင်ခွင့်ပေးခဲ့တာလဲ တို့ရွှေတွေပဲ။
နိုင်ငံသားတစ်ယောက်ရသင့်ရထိုက်တဲ့ အခွင့်အရေးဆိုတာကို မခံစားဖူး၊မသိခဲ့ဖူးတော့ ငွေဆိုတာ အကြံအဖန်နဲ့ရှာမှ သူဌေးဖြစ်နိုင်တယ်ဆိုတဲ့ အရိုးစွဲစိတ်နဲ့ တို့ေ၇ွှတွေဟာ ဘယ်လူမျိုးခြားကိုဖြစ်ဖြစ် ငွေမျက်နှာမြင်ရင် ဘာမဆိုလိုက်လျောတတ်တဲ့ အကျင့်ဖြစ်နေပါပြီ။
            ပညာနည်းနည်းတတ်တဲ့သူ၊လုပ်ပိုင်ခွင့်ရှိတဲ့သူ က တိုင်းပြည်အတွက်ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံအတွက် အကျိုးအမြတ်နဲနဲ၊ ကိုယ့်အကျိုးစီးပွားများများယူပြီး ကိုယ့်တိုင်းပြည်က မြေကြီးလဲရောင်းစား၊ ရေလဲရောင်းစား၊ သစ်လဲရောင်းစား။ ပညာမတတ် အောက်ခြေလူတန်းစား၊လုပ်ပိုင်ခွင့်မ၇ှိသူ ကတော့ ရောင်းစားစရာမရှိတော့ နောက်ဆုံးလူကိုပါ ရောင်းစားကြတယ်။ဒါကို လူကုန်ကူးမှုကာကွယ်ရေးဆိုပြီး တားဆီးတော့ရော အောင်မြင်နိုင်ပါ့မလား။
            မြန်မာပြည်ရဲ့ ထင်သာမြင်သာပြသနာက ဆင်းရဲမွဲတေမှုဖြစ်ပါတယ်။ မထင်သာ မမြင်သာ တဲ့ပြသနာကတော့ အခုအချိန်ထိ အကင်းမသေသေးတဲ့ ခရိုနီတို့၊ဆွေမျိုးဦးစားပေးတို့စတဲ့ လုပ်ပိုင်ခွင့်ပြသနာတွေ၊ ရေရှည်ကို မျှော်တွေးဆင်ခြင်နိုင်မှုအားနည်းတဲ့ ပညာရေးချို့တဲ့မှု ပြသနာတွေဖြစ်ပါတယ်။
            ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသလို ပြည့်ပြသနာသည်လည်း ပြည်တွင်းမှာသာ ရှိပါတယ်။ ယနေ့ မြန်မာပြည်ဆင်းရဲနေတာဟာ ဘယ်လူမျိုးကမှ ကျွန်ပြုနေလို့ မဟုတ်ပါ။ ကိုယ့်လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်အနိုင်ကျင့်ခဲ့ကြလို့ဖြစ်ပါတယ်။
            ယနေ့ ရခိုင်အရေးမှာလဲ နိုင်ငံသားအားလုံးက အသိစိတ်ကိုယ်စီနဲ့ ၀ိုင်းဝန်းကာကွယ်ရင် ဘယ်သူ့ကိုမှမှုစရာ မလိုပါ။ အစ္စရေးတောင်မှ ရန်သူနိုင်ငံတွေကြားမှာ ဘယ်လိုရပ်တည်ရှင်သန်နေသလဲ။မြန်မာပြည်က သူတို့လောက်မစိုးသေးပါ။
            သမ္မတကြီးကို နိုဗယ်ဆုမပေးတဲ့အတွက် တာဝန်ရှိသူများကို ကျေးဇူးတင်တယ်။ငြိမ်းချမ်းရေးနိုဗယ်ဆုရသွားရင် သမ္မတကြီးကို မြန်မာကမပိုင်တော့ပါ။ အားနည်းသူလူနည်းစု ရခိုင်က သနားစရာ့ဘင်္ဂါလီလေးတွေကို နိုဗယ်ငြိမ်းချမ်းရေ့းဆုရှင်ပီပီ လူသားချင်းစာနာပြီး သနားရမယ်ဆိုရင် တို့ေ၇ွှတွေသေပြီ။ သည်အချိန်မှာ ရွှေတိုင်းပြည်က လိုအပ်နေသူဟာမြန်မာ့အရေးကို ကမ္ဘာမှာ ပြောပေးမယ့်သူဖြစ်ပါတယ်။ ဘီဘီစီတို့၊ ဗီအိုအေတို့လို မြန်မာထဲက ဘင်္ဂါလီအရေးကို
ကမ္ဘာသိအောင် ပြောပေးမယ့်၊ သွေးထဲမှာ ငပိဓာတ်တွေ အများကြီး၇ှိနေပေမယ့် အခုလက်ရှိ ပေါင်မုန့်စားနေသူ များ မလိုအပ်ပါ။ ဗုဒဘာသာလူနည်းစုပဲရှိတဲ့ ရခိုင်မောင်တောဒေသမှာ လူသားချင်းစာနာချင်သပဆိုရင် ရခိုင်ဗုဒ္ဒဘာသာဝင်တွေကိုပဲစာနာပေးပါ။ ဘင်္ဂါလီတွေကို ကယ်တင်မယ့်သူရှိပါတယ်။ ရံပုံငွေ ဒေါ်လာတွေ အများကြီး၇ှိပါတယ်။ တို့ရွှေရခိုင်၊ဗမာတွေ
ကတော့ရခိုင်မှာ ကယ်မယ့်သူရှိပါ့မလား။ရံပုံငွေတွေ ၇ှိပါ့မလား။
            ယနေ့ မြန်မာပြည်မှာ အထူးလိုအပ်နေသူဟာ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်မဟုတ်ပါ။မြန်မာ့အရေး ဆောင်ရွက်သူမျိုးချစ်စိတ်၇ှိတဲ့၊ ဘယ်နိုင်ငံရဲ့မျက်နှာကိုမှ ထောက်ထားစရာမလိုတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားနေတဲ့ယနေ့ ရွှေမြန်မာမှာ မှန်ကန်တဲ့ခေါင်းဆောင်မှုသာရှိရင် နောက်ကလိုက်မယ့် ပြည်သူတွေ အသင့်ရှိနေပြီဟု ထင်မြင်မိပါကြောင်း။
                                                     (၁၄/၁၀/၂၀၁၂)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...