Manual adjustment
- photo correction.psd ဖိုင်ကို ဖွင့်ပါ။ (ဒီသင်ခန်းစာ မှာသုံးတဲ့ photo correction.psd ဖိုင်ကို www.zwekabin.org/wp-content/uploads/lesson/photo correction.psd လို့ browser မှာ ရိုက်ထည့်ပြီး ဒေါင်းလုတ်ရယူပါ။)
- File > Save As လုပ်ပြီး manual.psd လို့ အမည်ပေးပါ။
- Image > Adjustments > Levels ကို ကလစ်ပါ။ ပေါ်လာတဲ့ box မှာ
- ဘယ်ဒေါင့်က Shadows ကို ရွှေ့ကြည့်ပါ။ အမည်း ပိုဝင်လာပါမယ်။
- ညာဒေါင့်က Highlight ကို ရွှေ့ပါ။ အဖြူ ပိုဝင်လာပါမယ်။
- အလယ်က Midtones ကိုလည်း လိုသလို နည်းနည်းရွှေ့ပေးပါ။
- လိုအပ်သလို ချိန်ညှိပြီးရင် OK လုပ်ပါ။ (Levels ချိန်တာက ပုံကို အလင်းအမှောင် မှန်စေဖို့၊ ပိုကြည်လင်စေဖို့)
- Image > Adjustments > Auto Color ကို ကလစ်ပါ။ (Color Cast ဖျက်ဖို့)
- Filters > Sharpen > Unsharp Mask ကို ကလစ်ပါ။ (ပိုပြီး ပြတ်သားတဲ့ပုံ ရဖို့)
- Amount တန်ဖိုး ပြောင်းကြည့်ပြီး ပုံဘယ်လိုပြောင်းသလဲဆိုတာ သတိပြုပါ။
- Radius ကိုလည်း ပြောင်းနိုင်ပါတယ်။
- စိတ်ကြိုက်ဖြစ်ပြီဆိုရင် OK လုပ်ပါ။
- File > Save လုပ်ပါ။
- မူရင်းပုံနဲ့ ပြန်နှိုင်းယှဉ်ကြည့်ပါ။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com