ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်မယ် (ဆိုတဲ့) ပုဂ္ဂိုလ်များ … ဘာဆက်လုပ်ကြဦးမှာလဲ … ။
ကရင့်တော်လှန်ရေး တောက်လျှောက် ရန်သူ မဟာဗမာကို အတူတကွ ခုခံတိုက်ပွဲဝင်ခဲ့တဲ့ ကရင့်မျိုးချစ်ဘ၀ကနေ ခုတော့ ရန်သူ အစစ်ကို ပသကော်၊ ပထီသို (တို့ မိတ်ဆွေ) တဲ့။ ညီအကို ကရင်အချင်းချင်းကိုတော့ ဒုဒါး၊ သႝာ (ရန်သူ) ဆိုပါလား … ။
သွေးမစည်း၍ သွေးစီးသည်ဆိုပြီး ကာတွန်း ဟန်လေးကလည်း သတိပေးခဲ့ပါပြီ။ လက်ရှိ အဖြစ်အပျက်မှန်တွေကို သေချာပြန်သုံးသပ်ကြပါ။ ကရင်လူမျိုးအကျိုး၊ ကရင်ပြည်အကျိုးကို တကယ်လိုလားတယ်ဆိုရင် ဘာဆက်လုပ်ကြမှာလဲ … စဉ်းစားဆုံးဖြတ်ကြပါတော့။

ပြေးစရာ မြေမရှိ (ကာတွန်း ဟန်လေး၊ ဧရာဝတီ ၀ဘ်ဆိုက်မှ ... )

သွေးမစည်း၍ သွေးစီးသည် (ကာတွန်း ဟန်လေး၊ ကေအိုင်စီ ၀ဘ်ဆိုက်မှ ... )
နအဖရဲ့ ကရင်လူမျိုး အမြစ်ပြုတ်ရေး လုပ်ငန်းကို ပါဝင် အကောင်အထည် ဖော်နေရတဲ့ ဘ၀ကနေ အမြန်ဆုံး ရုန်းထွက်နိုင်ပါစေ။ စောဘဦးကြီးမူ (၄)ချက်ကို ကိုင်စွဲထားဆဲပါ ဆိုတဲ့ စကားအတိုင်း လက်တွေ့မှာလည်း လုပ်ဆောင်နိုင်ပါစေလို့ ရန်သူနဲ့ လက်တွဲနေတဲ့ ညီအကိုများကို တောင်းဆိုလိုက်ပါတယ်။
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com