" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ကချင်ပြည်နယ် မြစ်ကြီးနား မှ ဆိုင်များ ဖယ်ရှားခံရခြင်း Myanmar Kacin State Natural Beauty


river bank road in Myitkyinaမြစ်ကြီးနားမြို့ရဲ့ လူစည်ကားရာ တစ်နေရာဖြစ်သော ကမ်းနားလမ်းရှိ အသုတ်ဆိုင်၊ အကြော်ဆိုင်၊ စားသောက်ဆိုင်များကို ပြီးခဲ့တဲ့

ဇန်န၀ါရီလပိုင်းမှစ၍ တာဝန်ရှိသူများမှ ၀န်ကြီးသစ်များအိမ် တည်ဆောက်ရန်အတွက် ရွှေ့ပြောင်းခိုင်းလိုက်တယ်လို့ သိရပါတယ်။ ယခင် အင်္ဂလိပ်လက်ထက်က ကမ်းနားလမ်းဘေး ခြံဝင်ကြီးများရှိ အိမ်အိုကြီးများကို ယခုဝန်ကြီးများနေထိုင်ရန်အတွက် ပြန်လည်အသစ်မွမ်းမံခြင်း အုတ်တံတိုင်းများ တည်ဆောက်ခြင်းများကို အမြန်ဆုံးပြုလုပ်နေကြပြီး အားလပ်ရက်မရှိ လုပ်ကိုင်နေကြကြောင်းသိရပါတယ်။


river bank road view
ထိုအိမ်များပြုပြင်ခြင်းအတွက် ပန်းရံအဖွဲ့ ကို မြန်မာနိုင်ငံအောက်ပိုင်းမှ သီးသန့်ခေါ်ဆောင်လာတယ်လို့လည်း သိရှိရပါတယ်။ စုစုပေါင်း ပြုပြင်အိမ် (၉) လုံးရှိပြီး ယခုထိပြီးစီးခြင်း မရှိသေးကြောင်း သိရပါတယ်။ ယခုအချိန်တွင် မြစ်ကြီးနားမြို့ ရဲ့  ကမ်းနားလမ်းတွင် တိတ်ဆိတ်လျက်ရှိပြီး ဈေးဆိုင်များမရှိတော့သဖြင့် လာရောက်သူများ စားသောက်ဆိုင် ရွေးချယ်မှုနည်းပါလာပြီး ဆုတောင်းပြည့်ဘုရားအနီးရှိ Kiss Me စားသောက်ဆိုင်တစ်ဆိုင်သာ ကျန်ရှိနေပြီး လူစည်ကားလျက်ရှိပါတယ်။
river bank view
နောက်ပိုင်းသတင်းများကိုလည်း အတည်မပြုရသေးသဖြင့် ကျန်ရှိသော သတင်းအနည်းငယ်ကိုလည်း ဆက်လက်စောင့်မျှော်ကြပါရန် သတင်းပေးအပ်ပါတယ်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...