" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ မင်းသမီးများ Myanmar Attress in Myanmar

လူ့ဘ၀မှာ ဖြစ်ချင်တာတွေချည်း ဖြစ်မနေတတ်တာ သဘာဝပါ။ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ တစ်ထပ်တည်း ကျနေတဲ့ ဘ၀ ဆိုရင်လည်း ရင်ခုန်စရာ မကောင်း လှပါဘူး။
ဖြစ်ချင်တာတွေ ဖြစ်ဖို့ဖြစ်နေ   တာတွေကို အကောင်းဆုံး ကြိုးစားရင်း ဘ၀တွေကိုရှေ့ဆက် နေရတာချည်းပါပဲ။သွက်လက် ဖျတ်လတ်မှုတွေနဲ့ အတူ ဘ၀အတွက် ကြိုးစား ရုန်းကန်နေရတဲ့ လူငယ်တွေမှာ ကျန်းမာရေး လှုပ်ရှားမှု ဆိုတာလည်း လိုအပ်လှပါတယ်။ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစားတွေ များစွ ရှိတဲ့ အထဲကမှ အားကစား တစ်ခု ဖြစ်တဲ့ စက်ဘီးစီး အားကစားနဲ့ ပတ်သက်တဲ့ ပုံမျိုးကို ဒီ Teen မဂ္ဂဇင်း မျက်နှာဖုံးမှာ ပုံဖော် ထားပါတယ်။ အားကစား လှုပ်ရှားမှုက လူငယ်တွေ အတွက်တင် အသုံးဝင်တာ မဟုတ်ဘဲ လူတိုင်းအတွက် လိုအပ်တာပါ။ အားကစားနဲ့ လူငယ်ဆိုတဲ့ Message ကိုရဖို့ ဓာတ်ပုံ အောင်ကျော်မိုး (New Image) က ပုံဖော် ပေးထားပါတယ်။

Teen ဖူးငုံ ဆယ်ကျော်သက်ဆိုတဲ့ အတိုင်း လူငယ်တစ်ဦး ဖြစ်တဲ့ မော်ဒယ် မေဂရေ့စ်နဲ့ မျက်နှာဖုံး အလှကို ပုံဖော် ထားပါတယ်။ စက်ဘီးစီး အားကစားနဲ့ ပတ်သက်တာကို ရိုက်ကူးတာ ဖြစ်တဲ့အတွက် အောက်ဒိုးဆင်းန်ကို ရွေးချယ် ထားတာပါ။ စိမ်းစို လှပမှုတွေနဲ့ အတူမော်ဒယ်ရဲ့ လှပမှု ကိုလည်း ပေါ်လွင်နိုင်မယ့် နေရာကို ဓာတ်ပုံဆရာ အောင်ကျော်မိုးက ရွေးချယ် ထားပါတယ်။

“မော်ဒယ်မေဂရေ့စ် ၀တ်တဲ့ အ၀တ်အစား အရောင်နဲ့   နောက်ခံ အရောင် လိုက်ဖက်မှု ရှိအောင်ရွေးပြီး ထွက်ရိုက်ခဲ့ရတယ်။ စက်ဘီး စီးတာက တခြား အားကစားတွေထက် စာရင် အရမ်းကောင်းတဲ့ အားကစား တစ်ခုပါ။ ပိုက်ဆံလည်း မကုန်ဘူး။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်။ ကျွန်တော်တောင် လိုက်မလုပ် နိုင်သေးဘူး။ စက်ဘီး အားကစားက ခန္ဓာကိုယ် ကြွက်သား လှုပ်ရှားမှုက အစ ကျန်းမာရေး အတွက် တော်    တော်လေး ပြည့်စုံနိုင်တဲ့ အားကစား တစ်ခုပါ။ လူငယ်နဲ့ အားကစား ဆိုတာလေးကို ပေးချင်တာကြောင့် ဒီလို ပုံစံလေ ရိုက်ဖြစ်တာပါလို့” ဓာတ်ပုံအောင်ကျော်မိုး (New Image) က စက်ဘီးနဲ့ ရိုက်ကူး ဖြစ်ရခြင်းကို ပြောပြပါတယ်။ လှော်ကားဘက်မှာ သွားရောက် ရိုက်ကူး ထားတာပါ။ မိုးတွင်း ဖြစ်တာကြောင့် လိုချင်တဲ့ အလင်းအမှောင် ရဖို့ ကြိုးစားပြီး ရိုက်ကူး ထားပါတယ်။ ကျွန်တော် ရိုက်တဲ့နေ့က နေရောင် ကျနေတယ်။ နေပွင့်တာကို စောင့်ရတယ်။ တစ်ခါတလေ ကျရင် Fill In Flash ကို သုံးရတယ်။
Backgroung ကို ၀ါးချင်ရင် Teleshot ကို သုံးရတယ်။ Teleshot သုံးရတဲ့ အတွက် Aparture ဖွင့်လိုက်ရ တာကြောင့် Background  ၀ါးတာတွေ ဖြစ်နိုင်တယ်။ Hand Shake ဖြစ်မှာ ကြောက်တဲ့အတွက် Triport သုံး ပြီး ရိုက်ခဲ့တယ်”လို့ ဓာတ်ပုံအောင်ကျော်မိုး(New Image) က ရိုက်ကူး ခဲ့ရတဲ့ ဓာတ်ပုံ နည်းပညာနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။ လူငယ်နဲ့ အားကစား ဆိုတဲ့  ခေါင်းစဉ် အောက်ကနေ သွားချင်တဲ့ အတွက် သရုပ်ဆောင် ပေးတဲ့ မော်ဒယ်နဲ့ တိုင်ပင်ပြီး ရိုက်ကူး ရတာပါ။ ခေါင်းစဉ် တစ်ခုနဲ့ အောက်ဒိုးမှာ ရိုက်ချင်ပေမယ့် ရာသီဥတု အခြေအနေကြောင့် ရိုက်ချင်တဲ့ ခေါင်းစဉ် ပြောင်းလိုက် ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် မော်ဒယ်မှာ ပါလာတဲ့ အ၀တ်အစား ပုံစံ အရောင်ကြောင့်လည်း ခေါင်းစဉ် ပြောင်းသွားတာမျိုးတွေပါ။ ဓာတ်ပုံ ရိုက်ကူးတဲ့ နေရာမှာ အဆင်ပြေ ချောမွေ့မှုတွေ ရှိသလို အခက်အခဲများလည်း
ရှိတတ်ပါတယ်။

“အခက်အခဲတွေက မော်ဒယ် စောင့်ရတာတို့၊ အ၀တ်အစား မကြိုက်ဘူး၊ အဆင်မပြေဘူး၊ ပြန်လဲလို့ ပြောရတာတို့ လိုချင်တဲ့ အိုက်တင်ရအောင် ခိုင်းရတာတို့တွေ ရှိတယ်။ အဲဒီလိုတွေ အဆင်ပြေမှ ဓာတ်ပုံကောင်း ရမယ်”လို့ ဓာတ်ပုံအောင်ကျော်မိုး(New Image)က ဓာတ်ပုံ ရိုက်ကူးမှု အခက်အခဲနဲ့ ပတ်သက်ပြီး ပြောပြပါသေးတယ်။ ဓာတ်ပုံ ရိုက်ကူးမှုက ဘယ်နေရာမှာ သုံးမယ့် ဓာတ်ပုံလဲ၊ ဘယ်လို အရွယ်အစားမျိုး သုံးမှာလဲပေါ် မူတည်ပြီး စဉ်းစား ရပါသေးတယ်။“တစ်ခါတလေ ကျရင် ကျွန်တော်က မဂ္ဂဇင်းအတွက် ရိုက်မယ်ဆို မဂ္ဂဇင်းက လိုချင်တဲ့ ပုံစံအတိုင်း ရိုက်ချင်တယ်။အဲဒီလို အချိန်မျိုးမှာ မော်ဒယ်ဘက်က ဖြစ်မလာတဲ့အခါ ကျွန်တော် ကြိုးစားရကျိုး မနပ်ဘူး။ တစ်ခါတလေ ကျရင်လည်း  Location ပေါ် မူတည်ပြီး အကျယ် ရိုက်မိတယ်။ ဒါပေမဲ့ မဂ္ဂဇင်းက အကျပ် လိုချင်တဲ့ အခါကျရင် နည်းနည်း ဒုက္ခရောက်တယ်။ အဲဒီတော့ အကျယ်ရော၊ အကျပ်ရော နှစ်မျိုး ရိုက်ရတယ်။
Teen မဂ္ဂဇင်း အတွက် ရိုက်ရင်လည်း စဉ်းစားရတယ်။ မဂ္ဂဇင်း ဒီဇိုင်နာ Layout ချဖို့ အတွက်လည်း စဉ်းစားရတယ်။ စိတ်ကြိုက် ပုံကောင်းရအောင်၊ ကစားလို့ ရအောင် စဉ်းစားပြီး ရိုက်ရတယ်” လို့ ဓာက်ပုံ ဒါရိုက်တာအောင်ကျော်မိုး (New Image ) က ပြောပြပါသေးတယ်။

Teen  (ဖူးငုံဆယ်ကျော်သက်) မဂ္ဂဇင်း မျက်နှာဖုံး ရိုက်ကူးမှု အတွက် ကူညီပေးတဲ့ မော်ဒယ်မေဂရေ့၊ ဓာတ်ပုံ အောင်ကျော်မိုး(New Image)နဲ့ မိတ်ကပ် အစိုင်း (Inya Day Spa) တို့ကို ကျေးဇူး တင်ပါတယ်။ ဘ၀ တိုးတက်မှု အတွက် ကြိုးစား နေကြတဲ့ လူတိုင်း ဆန္ဒနဲ့ ဘ၀ တစ်ထပ်တည်း ကျသူများ ဖြစ်နိုင်ကြပါစေ.....။


No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...