၁။
ကျွန်တော့် ညီမမှာ တစ်ဦးတည်းသော သားလေး တစ်ယောက် ရှိတယ်ဗျ။ ဆိုတော့ ကျွန်တော့် တူလေးပေါ့ဗျာ။ အသက်က ခုနစ်နှစ်။ နာမည်က “ဂျိုးဂျိုး” တဲ့ဗျ။ သူ့အဘိုးက ချစ်စနိုးနဲ့ မှည့်ထားတာလေ။
ကျွန်တော် ကြည့်နေတာ ဒီကလေးက တခြား ကလေးတွေလို အဆော့ မသန်ဘူးဗျ။ နွေရာသီလို ကျောင်းပိတ်ရက်များ ဆိုရင် အိမ်မှာ စုပြီး ထပ်ထားတဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်း ဟောင်းတွေကို လှန်လှော နေတော့တာပဲ။ အဲဒီ ဂျာနယ်တွေ၊ မဂ္ဂဇင်းဟောင်း တွေထဲက တိုက်လေယာဉ်တို့၊ တင့်ကားတို့၊ ဒုံးကျည်တို့၊ ဖျက်သင်္ဘောတို့ စတဲ့ အရုပ်ပုံတွေကို သိပ်ကြိုက်တာလေ။ ဘယ်တော့မှလဲ ကြည့်လို့ မ၀ဘူး ထင်ပါရဲ့ဗျာ။ သူအကြိုက်ဆုံးက စစ်လက်နက် ပစ္စည်းပုံတွေ များများပါတဲ့ စာစောင်တွေပဲဗျ။ တစ်ခါတစ်ရံ သူ့သူငယ်ချင်း နှစ်ယောက်၊ သုံးယောက်လောက်ကို အိမ်ခေါ်လာပြီး ဆရာကြီး လုပ်ပြီး ပြတတ်သေးတယ်။ စာစောင်တွေကို ဖွချင်တိုင်း ဖွကြပြီး အားရတော့ ဒီအတိုင်း ပစ်ထားခဲ့ကြတယ်။ အမြဲတမ်း “ဂျိုးဂျိုး”ကဖွ။ ကျွန်တော် ကရှင်း။ ဘာပဲဖြစ်ဖြစ် အသက်လေး လေးငါး ခုနစ်နှစ်နဲ့ စာအုပ် ကိုင်တတ်တဲ့ ပါရမီလေး ရင့်သန်လာပါ စေတော့ ဆိုပြီး တစ်ခါမှ မဆူမိ မငေါက်မိပါဘူး။ကျိတ်ပြီးတောင် ပီတိ ဖြစ်ရပါသေးတယ်။ တစ်ခါတလေတော့လည်း ကျွန်တော့်နား လာပြီး အမေးအမြန်း ထူနေတတ်တယ်ဗျ။ မေးတာမှ တကယ့် ကတ်သီးကတ်သတ်ကို မေးတာဗျာ။ကျွန်တော့် ညီမမှာ တစ်ဦးတည်းသော သားလေး တစ်ယောက် ရှိတယ်ဗျ။ ဆိုတော့ ကျွန်တော့် တူလေးပေါ့ဗျာ။ အသက်က ခုနစ်နှစ်။ နာမည်က “ဂျိုးဂျိုး” တဲ့ဗျ။ သူ့အဘိုးက ချစ်စနိုးနဲ့ မှည့်ထားတာလေ။
“အရီး၊ အသီးတွေမှည့်ရင် အသီးအားလုံး အ၀ါရောင်ချည်းပဲလား”
“ဘယ်ဟုတ်ပါ့မလဲ ဂျိုးဂျိုးရာ၊ ငရုတ်သီးတို့၊ ပန်းသီးတို့ ဆိုရင် အနီရောင်ပေါ့ကွ”
“ငရုတ်သီးတို့၊ ပန်းသီးတို့က ဘာလို့ နီတာလဲ”
“မှည့်လို့”
“ဒါဆို လိမ္မော်သီးတွေ၊ ငှက်ပျောသီးတွေ၊ သင်္ဘောသီးတွေ၊ သရက်သီးတွေ ကျတော့ ဘာကြောင့် မနီတာလဲ”
“နီတဲ့အမျိုး နီတာပေါ့ကွာ၊ သားကလည်း”
အဲဒီလို စကားကို ဖြတ်ချလိုက်မှဗျ။ နောက်မို့ဆိုရင် ဒီကောင် မလွယ်ဘူး။ အုန်းသီးက မှည့်ရင် ဘာအ ရောင်လဲတို့ ဘာတို့နဲ့ ရှုပ်လာဦးမှာ။ ကလေး အတွေးဆိုပေမယ့် တစ်ခါတစ်ခါ လူကြီးတွေ ခေါင်းကိုက်တတ်တယ်။ ဂျိုးဂျိုးက ရှာရှာဖွေဖွေ မေးခွန်းတွေ ထုတ်တတ်လွန်းလို့ အိမ်လာလည်တဲ့ ဧည့်သည်တွေကို အားနာရတယ်။ ဒါပေမဲ့ ဒီကလေးက မျက်နှာရိပ် မျက်နှာကဲတော့ ကြည့်တတ်တယ်ဗျ။ တစ်ခါကများဗျာ ဂျိုးဂျိုးရဲ့ အမေမြို့စွန် ရပ်ကွက်က ခြံလေးရောင်းတော့ ငွေချေမလို့ လာတဲ့ အရာရှိကြီး တစ်ယောက်ကို ဦးဦးကြီး ရဲ့အိတ်ထဲက ငွေတွေက ငွေဖြူတွေလား ဆိုပြီး ရုတ်ခြည်းမေးချ လိုက်တာဗျာ။ ဒီလူကြီးလည်း ရုတ်တရက်ဆိုတော့ ကြောင်အမ်း အမ်းဖြစ် သွားတာပေါ့။ ဒါနဲ့ ကျွန်တော်တို့က ဒီကလေးဘယ်သူပြောတဲ့ စကားကို ကြားဖူးနားဝ မှတ်ထားတာလဲ မသိပါဘူးဗျာ၊ ဘာဘာညာညာနဲ့ ဧည့်သည်ကြီး ကို တောင်းပန်လိုက်ရတယ်။ ဧည့်သည်ကြီးကလည်း စိတ်မဆိုးရှာပါဘူး။ ပြုံးပြုံးပြုံးပြုံးနဲ့ ဒီကလေးမေးမှ မေးတတ်ပလေတယ်လို့ ပြောသွားတာဗျ။ ကျွန်တော့်ကိုသာ ဆိုရင် ဂျိုးဂျိုးက “အရီး၊ စာအုပ်တွေ ဖတ်ပြီး ဒါလေးတောင် မသိဘူးလား” ဆိုပြီး အနိုင်ပိုင်းမှာ သေချာတယ်ဗျ။
၂။ စနေ၊ တနင်္ဂနွေ နှစ်ရက်က ကျွန်တော့် အတွက် ရုံးပိတ်ရက် ဆိုပေမယ့် အိမ်မှာ ဂျိုးဂျိုး မရှိတော့ ဉာဏ်ရည်ခြောက်ကပ် တိတ်ဆိတ်နေလို့ တစ်ခုခု ဟာနေသလိုပဲဗျ။ ကျောင်းပြန် ဖွင့်နေပြီမို့ သူ့ခမျာ ကျူရှင်နဲ့ကို နားရတယ် မရှိပါဘူး။ နွေရာသီ ကျောင်းပိတ်ရက်က လွဲလို့ ကစားချိန် ဆိုတာ ရှိမှ ရှိပါလေစ။ ကလေးတွေကို ဥာဏ်ရည် ထက်မြက်အောင်က စားချိန် အနည်းငယ်တော့ သတ် သတ်မှတ်မှတ် ပေးသင့်တယ်လို့ ထင်တယ်ဗျ။ ဂျိုးဂျိုး အမေကလည်း အောင်/ရှုံးလက်မှတ်မှာ အဆင့်တစ် ဆိုတာကြီးပဲ မြင်ချင်တော့ ခက်တာ ပေါ့ဗျာ။ ဒါနဲ့ကျွန်တော့်ညီမကို ကျွန်တော်က နင်ကလည်း ကလေးက အခုမှ မူလတန်းပဲ ရှိသေးတာ ဒီလောက်အထိ ကြပ်မတ်နေစရာ မလိုပါဘူး ဟာ၊ သူ့ခမျာ ကစားတောင် မကစားရ ရှာဘူး လို့ ပြောကြည့်သေးတာဗျ။ ဒါပေမဲ့ ကျွန်တော့် ညီမ ဖြစ်သူက ကိုကို၊ နင်ဘာသိလို့လဲ အခုခေတ်က ဒူးလောက်တင်မှ ရင်လောက်ကျတာ။ သူများ ကလေးတွေလည်း အကုန်လုံး ဒီလိုပဲ” လို့ ဆိုတာဗျ။
ဒီတော့လည်း ဘာပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ကျွန်တော့်တူလေး ဂျိုးဂျိုးနဲ့ စကား မပြောရတော့လည်း ပျင်းသလိုတော့ အရှိသားဗျ။ ဒါနဲ့ ကျွန်တော် စာအုပ်ဟောင်း ပုံတွေကို စနစ်တကျရှင်းရင်း လွန်ခဲ့တဲ့ အနှစ်နှစ် ဆယ်လောက်က လစဉ် ၀ယ်ဖတ်ဖြစ်တဲ့ နိုင်ငံတကာ ရေးရာ သတင်းပဒေသာ စာစောင်တွေ ပြန်တွေ့တယ်။ ဂျိုးဂျိုး အကြိုက် စာစောင်တွေလေ။ အဲဒီ စာစောင်တွေထဲမှာက သိတယ်မို့လား။ စစ်လက်နက် ပစ္စည်း အသစ်အဆန်းတွေချည်းပဲ။ အမေရိကန် နိုင်ငံထုတ်နဲ့ ရုရှနိုင်ငံလုပ် ဒီဇိုင်းသစ် တွေကို ယှဉ်ပြထားတာ။ စာစောင်တွေကို ဖုန်ခါပြီး ဂျိုးဂျိုးအတွက် သတ်သတ် ဖယ်ထားလိုက်တယ် ဒီကောင်လေး ဒီစာစောင်တွေသာ တွေ့ရင် ထမင်း မစား ဟင်းမစားနဲ့ ပုံတွေ လှည့်ကြည့်ပြီး ပုံမှာပါတဲ့ စာလုံးတွေကို ပါးစပ် တလှုပ်လှုပ် ပေါင်းပြီး ဖတ်နေဦးမှာ။ ဂျိုးဂျိုးနဲ့ လက်ပွန်းတတီး အမြဲနေလာတော့ ဒီကလေးရဲ့ သဘောကို အနည်းအကျဉ်းတော့ ရိပ်မိတယ်ဗျ။ ဒီကောင်လေး စစ်လက်နက် ပစ္စည်းတွေကို ၀ါသနာ ထုံပုံက ဒီဇိုင်း တည်ဆောက်ပုံကို စိတ်ဝင်စားတာဗျ။ သေနတ်ပုံ တူလေးတွေ ဆွဲကြည့်လိုက်၊ ၀ါးပြားသစ် သားလေးတွေနဲ့ သေနတ်ဒင် ခုတ်လိုက်၊ ကြက်ပေါင်ကွင်းတွေ စုစည်းပြီး သေနတ်မောင်း လုပ်လိုက်နဲ့ နေတာဗျ။
သူ့အမေဈေးက ၀ယ်လာတဲ့ တရုတ်ပြည်လုပ် ကစားစရာ သေနတ်တွေ ဆိုရင် မက်မက်စက်စက်ကို မရှိတာ။ အံ့တော့ အံ့သြစရာပဲဗျာ။ ကြီးမှ ဘာပညာရှင် ဖြစ်လာမလဲတော့ မပြောတတ်ဘူး။ ခုတ်ရာတခြား ရှရာတ ခြား ဖြစ်တာက များတာမို့ လှေနံဓားထစ် မှတ်ချက်ပေး လို့တော့ မဖြစ်ဘူးဗျ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကလေး တစ်ခုခု လုပ်ရင် အာရုံ စူးစိုက်မှုရှိတာကို သဘော ကျတယ်ဗျ။ ဂျိုးဂျိုးက အိမ်မှာနေရင် သူ့အဘိုးရှိ ရင်ရှိ၊မရှိရင် ကျွန်တော့်နား ရောက်လာတော့တာပဲ။ပြီးရင် ဟိုမေးဒီမေး။ ကျွန်တော်က စိတ်ရှည်လက်ရှည် ဖြေတဲ့ အခါလည်းဖြေ။ မဖြေတဲ့ အခါလည်း မဖြေဘဲ နေတာပေါ့ဗျာ။
ကျွန်တော့်ကို “အရီး”လို့ခေါ်တာကတော့ဂျိုးဂျိုးနှစ်နှစ်သားအရွယ် လောက်က စခေါ်တာပဲ။သူ့အ ဘိုးက “ဦးရီး” လို့ ခေါ်ခိုင်းရာကနေ “အရီး”လို့ဖြတ်ခေါ်ပြီး နှုတ်ကျိုးနေတာဗျ။ ဒီကလေးခမျာ ကျွန်တော်တို့ကိုပဲ အဖော်လုပ်နေရတာ။ သူ့အဖေကျွန်တော့်ယောက်ဖက အရောင်းအ၀ယ်သမား ဆိုတော့ အိမ်မှာနေတာ ခဏ။ ခရီးထွက်တာ ခပ်များများ။ ဒါကြောင့် ဂျိုးဂျိုးက သူ့အဖေဆိုရင် စိမ်းနေသလိုပဲ။ တစ်ခုခု ကို သိချင်တာပဲ ဖြစ်ဖြစ်၊ လိုချင်တာပဲဖြစ်ဖြစ် ကျွန်တော်နဲ့သူ့ အဘိုးကိုပဲ အပူ ကပ်တာဗျ။
၃။
တစ်ညနေတော့ ဂျိုးဂျိုး နေအတော်စောင်း မှ ကျူရှင်ကနေ အိမ်ပြန်ရောက်လာတယ်ဗျ။ဒီ ကလေးပါးအို့လေးတွေ နီမြန်းနေပြီး ချွေးတွေ သံတွေနဲ့ ကျောင်းစာအုပ်ထည့်တဲ့ ကျောပိုးအိတ် လေးကို ဖုတ်ခနဲ ပစ်ချတဲ့ပြီး ခရီး ရောက်မဆိုက် ကျွန်တော့် ဆီတန်းပြီး ပြေးလာတယ်။ နောက်ပြီး ပြောချင်ဇောအားကြီးတဲ့ လေသံလေးနဲ့-
“အရီး အရီး၊ သားသူငယ်ချင်း အိမ်မှာလေ သားအရပ်ထက် ရှည်တဲ့ ဓာတ်ပုံ အရှည်ကြီး တစ်ပုံ ရှိတယ်ဗျ”
“အေး- ပြော”
“အဲဒီ ဓာတ်ပုံထဲက လူကြီးကလေ ဓားကြီးနဲ့ ခုတ်မလို့ ရွယ်နေတဲ့ ပုံဗျ”
“ဟေ- ဟုတ်လား”
“အရီး၊ အဲဒီ ဓာတ်ပုံထဲက ဓားရွယ်နေတဲ့ လူကြီးက ရုပ်ရှင် မင်းသားကြီးလားဟင်”
“ဟုတ်မှာပေါ့၊ အဲဒီလို ဓာတ်ပုံ ရှည်ကြီးတွေ ထုတ်ထားတဲ့ ရုပ်ရှင်မင်းသမီး၊ မင်းသားပုံတွေ ဆိုင်တိုင်းမှာပြည့်လို့”
“မဟုတ်ဘူး အရီး၊ သားသိချင်တာက အဲဒီ ဓာတ်ပုံရှည်ကြီးထဲက လူရဲ့နာမည်ဗျ”
“ဟာ- ဒါတော့ အရီးမှ မမြင်ဖူးပဲနဲ့ ဘယ်လိုလုပ် ပြောနိုင်မှာလဲ”
“အရီးကလည်း စာအုပ်တွေ ဒီလောက် ဖတ်နေပြီး ဒါလေးတောင် မသိဘူးလား”
သူ့ လက်သုံးစကားနဲ့ အနိုင်ပိုင်းပြီး မီးဖို ချောင်ဘက်ပြေးဝင်သွားတယ်ဗျ။ မီးဖိုချောင် ရောက်တော့ သူ့အမေက အဆင်သင့် ဖျော်ထားတဲ့ ဖျော်ရည်တစ်ခွက် တိုက်လိုက်ပြီး ခြေတွေလက်တွေ ဆေးဖို့ကြောဖို့ ခိုင်းသံကြားရတယ်။ မီးဖို ချောင်ထဲမှာ စားသောက်ပြီး နာရီဝက်လောက်ရှိမှ ဂျိုးဂျိုး ကျွန်တော်ရှိရာ အိမ်ရှေ့ခန်းကို ပြန်ထွက် လာတယ်ဗျ။ စောစောက သူမေးသွားတဲ့ မေးခွန်းကို ကျွန်တော် မဖြေနိုင်လို့ အစာကြေပုံ မရဘူး။ အိုက်တင်ပါ လုပ်ပြတယ်ဗျ။ လက်နှစ်ဖက်နဲ့ ဓားကို စုံကိုင်ပြီး ခုတ်တဲ့ဟန်။ ဒါလည်း ကျွန်တော် သဘော မပေါက်ဘူးဗျ။
“ဓားကြီးမြှောက်ပြီး မြင်းစီးနေတဲ့ ပုံလား”
“ဟာ-မဟုတ်ပါဘူး အရီးကလည်း၊ အဲဒီ ပုံဆိုရင် သားသိတာပေါ့၊ ဗန္ဓုလ ပုံကို ပြောမလို့မို့လား”
“ဟင်း- မင်းဟာက ခက်တော့ ခက်နေပြီ”
ဒီအချိန်မှာပဲ သူ့အမေက-
“သား၊ခဏ နားပြီးတာနဲ့ အိမ်စာတွေ လုပ်ရမယ်လို့ မေမေ ပြောထားတာ မို့လား။ ခဏနေ သားအိပ်ချင်တော့မှာ၊ သားအရီးကို ရှာရှာပေါက်ပေါက် အမေးအမြန်းတွေ ထူမနေနဲ့”
“ဟာ-မေမေကလည်း၊ သားအရီး သိခါ နီးပြီ၊ ခဏလေးပါ”
“တော်ပြီ၊ မင်းငါ့ကို နောက်ထပ် ဘာဆင်ခြေမှ မပေးနဲ့တော့”
“ဒါဆိုလည်း သားအိမ်စာတွေ လုပ်ပြီးမှ ဘိုးဘိုးကိုပဲ သွားမေးတော့မယ်၊ အရီးကလည်း ဒါလေးတောင် မသိဘူး”
ဒီကလေးက အတော့်ကို သိချင် နေရှာတာဗျ။ ဒါနဲ့ပဲ ကလေးကို သားပြောတဲ့ ဓာတ်ပုံရှည်ကြီး ထဲက လူရဲ့နာမည်ကို သိအောင် နောက်ရက်ကျမှ အရီး ဗွီစီဒီခွေတွေ ရှာဝယ်ပေးပါ့မယ်ကွာ ဆိုပြီး နှစ်သိမ့် လိုက်ရတယ်။ သူ့အမေ ဆူတာနဲ့ ခမျာမှာ အိမ်စာတွေ ကုန်းလုပ်နေရပေမယ့် ဂျိုးဂျိုး သိပ်ကျေနပ်ပုံတော့ မရဘူးဗျ။ ညဦးပိုင်း အနား ယူချိန်မို့ မိသားစု အားလုံး တီဗွီရှေ့ ရောက်သူ ရောက်၊ ရေဒီယို နားထောင်သူ ထောင်ပေါ့ဗျာ။ ကိုယ့်အာရုံနဲ့ ကိုယ်မို့ ဂျိုးဂျိုးရဲ့ အမေးကို အားလုံး အမှတ်တမဲ့နဲ့ မေ့နေခဲ့ကြတယ်ဗျ။
၎။
ကျွန်တော် ရုံးကနေအိမ်ပြန်ရောက်တော့ ဂျိုးဂျိုးနဲ့ သူ့အဘိုးအိမ် ရှေ့ဧည့်ခန်းမှာ အတူ ထိုင်နေကြတာဗျ။ ဂျိုးဂျိုးက ကျွန်တော့်ကို မြင်မြင်ချင်း “အရီး ဗွီစီဒီခွေတွေပါလား” လို့ လှမ်းမေးတယ်ဗျ။ ဒီကောင်လေး အမှတ် သည်းခြေကလည်း ကောင်းပါ့ဗျာ။ ကျွန်တော် ညဈေးကနေ ဓားသိုင်းကား ဗွီစီဒီခွေ လေးငါးခြောက် ချပ်လောက် ၀ယ်ခဲ့မိလို့ တော်သေးတာပေါ့။ နောက်မို့ဆို မလွယ်ဘူး။ ပြေားထားတဲ့ ကတိ အတိုင်းပါ မလာရင် ပြန်ထွက်ဝယ် ပေးရမယ့် ကိန်းဆိုက်မှာဗျ။ ထွက်ငွေကတော့ မနည်းလှ ဘူးပေါ့ဗျာ။ဒါပေမဲ့ ဒီကိစ္စကို အဖြုန်းလို့ မမြင်မိပါဘူး။ ကျွန်တော်က-
“ဂျိုးဂျိုး၊ ဒီနေ့ကျူရှင် မသွားရဘူးလား”
“ဟင့်အင်း- ဆရာမက ဒီနေ့ မအားဘူးတဲ့”
“ရော့ သားအတွက် ဗွီစီဒီခွေတွေ၊ သားသိချင်တဲ့ ဓားသမား ပုံကို ရှာပေတော့၊ တွေ့ရင်အရီး
ကိုပြနော်”
ဗွီစီဒီခွေတွေက တရုတ် ကွန်ဖူးသိုင်းတို့၊ ဂျပန် ဆာမူရိုင်းတို့၊ ဟင်နရီ ဆာဒါးနားရဲ့ ရှိုးဂန်း နင်ဂျာလို ကားမျိုးကအစ အလွယ်တကူ တွေ့လို့ စုံစုံစေ့စေ့ ၀ယ်လာတာဗျ။ ဂျိုးဂျိုးက ဗွီစီဒီ ကာဗာ တွေကို တစ်ပုံပြီးတစ်ပုံ စေ့စေ့စပ်စပ်ကို ကြည့်တာဗျ။ ဒါပေမဲ့ သူမြင်ခဲ့တဲ့ ဓာတ်ပုံရှည် ကြီးထဲက ဓားလွတ် ရွယ်နေတဲ့ လူပုံကိုတော့ တွေ့သေးဟန် မတူဘူး။ ဂျိုးဂျိုးကဂျပန်ဆာ မူရိုင်းခွေ ကာဗာကိုပြပြီး-
“ဓားကတော့ ဒီလိုဓားမျိုး တစ်ပုံစံတည်းပဲ။ ဒါပေမဲ့ ဓားရွယ်နေတဲ့ လူက ဒီလူတွေနဲ့တစ် ယောက်မှ မတူဘူး”
“ဟာ-အဲဒါမှပြဿနာပဲ၊ သဲလွန်စကို ဘယ်ကစ ရှာရမှန်းတောင် မသိတော့ဘူး၊ တစ်ခွေပြီး တစ်ခွေ ဖွင့်ကြည့်ပြီး သေသေချာချာလေး ရှာကြည့်စမ်းပါဦး ဂျိုးဂျိုးရာ၊ အရီး ရေမိုးချိုးပြီး အနား ယူလိုက်ဦးမယ်”
ကင်ဒိုဓား ကိုင်ထားတဲ့ ဂျပန်ဆာမူရိုင်း ကားကို အောက်စက်ထဲ ထည့်ရင်း ဂျိုးဂျိုးနဲ့ သူ့အဘိုး ဧည့်ခန်းထဲမှာ ကျန်ခဲ့ကြတယ်ဗျ။ ကျွန်တော် ရေမိုးချိုးပြီး အခန်းဝကနေ လှမ်းကြည့်လိုက်တော့ ဂျိုးဂျိုး ဗွီစီဒီခွေကို အမြန်ရစ်ပြီး ကျော်ကြည့် နေတာ တွေ့ရတယ်ဗျ။ ဒါပေမဲ့ သူပြောတဲ့ လူကို အခုထိ ရှာတွေ့ပုံ မပေါ်သေးဘူး။ ဘာကြောင့်တုံး ဆိုတာ့ အခုထိ ဇွဲနပဲ ကောင်းကောင်းနဲ့ ခွေကိုအမြန် ရစ်ကြည့်ရင်း တိတ်ဆိတ်နေလို့ပဲ။ကျွန်တော် အခန်းထဲမှာ အ၀တ်အစား လဲနေတုန်း ဂျိုးဂျိုးကို သူ့အဘိုးက“သားတွေ့ခဲ့တဲ့ ဓာတ်ပုံရှည်ကြီး ထဲက ဓားလွတ်ကြီးရွယ်နေတယ်ဆိုတဲ့လူပုံက နိုင်ငံခြားသားပုံလား” လို့ မေးသံကြားတယ်ဗျ။ ဂျိုးဂျိုးက “နိုင်ငံခြားသားတော့ မဟုတ်တာ သေချာတယ် ဘိုးဘိုး” လို့ ပြန်ပြောတယ်။ ဒါနဲ့ သူ့အဘိုးက “ဒါဆိုရင် ဒီခွေတွေထဲမှာ ဘယ်ပါ မလဲ သားရယ်၊ မြန်မာ ရုပ်ရှင်မင်းသား ကျော်ဟိန်း တို့၊ ကျော်ရဲအောင်တို့ ဖြစ်ချင်ဖြစ်မှာ၊ မြန်မာ ဇာတ်ကားတွေ ဖွင့်ကြည့်ပါလား” ဆိုတော့ ဂျိုးဂျိုးက “အဲဒီ မင်းသားတွေဆိုရင် သားသိ တာပေါ့၊ အိမ်မှာ အမြဲ ကြည့်နေတာပဲဟာ”တဲ့ဗျ။ တစ်အိမ်သားလုံးလည်း ဉဏ်မမီဖြစ်နေပြီ။ ဒါမှမဟုတ် သူမြင်ခဲ့တဲ့ ဓာတ်ပုံရှည်ကြီး ရှိတဲ့အိမ် ကို လိုက်ကြည့် ရမလားလို့တောင် တွေးမိတယ်ဗျ။ ဒီကလေး ဒီလောက် သိချင်နေတာ မရရအောင် ရှာပေးမယ်လို့လည်း တစ်ခါတည်း ဆုံးဖြတ် လိုက်တယ်ဗျ။ ကျွန်တော့် အတွက်တော့ ရုံးတစ်ဖက်နဲ့ မအားတဲ့ကြားက အလုပ်တစ်ခု တိုးလာတာ ကလွဲလို့ အပန်းကြီးတာမှ မဟုတ်ဘဲဗျာ။
၅။
ဒီနေ့ ရုံးပိတ်ရက် စနေနေ့။ ထုံးစံအတိုင်း ဂျိုးဂျိုးက ဘာသာစုံ ကျူရှင်တက်။ ဒါနဲ့ အခန်း ထဲက ခုတင်ပေါ်မှာ အသာလှဲရင်း ဂျိုးဂျိုးပြောတဲ့ ဓားလွတ် ရွယ်နေတဲ့လူ ဘယ်သူ ဖြစ်နိုင်မလဲ စဉ်းစား နေမိတယ်ဗျ။ တစ်နေ့က ဗွီစီဒီ ဆိုင်မှာ ငွေမလောက်လို့ မယူဖြစ်ခဲ့တဲ့ ယာကူဆာ ဇာတ်ကားထဲက မင်းသားတွေများ ဖြစ်နေမလားလို့ စိတ်ရောက်နေသေးတယ်။ အဖြေကတော့ တွေးလေ ဝေးလေပဲဗျ။ နောက်ဆုံးကြံရာမရဘဲ ပျင်းပျင်းရှိ တာနဲ့ ခုတင်ဘေး စာအုပ်စင်ပေါ်က ခေါက်ရိုး ကြေနေတဲ့ မြန်မာ့သမိုင်း စာအုပ်ဟောင်းလေးကို အသာလှန်လှော ကြည့်မိတယ်ဗျ။ စာအုပ်ထဲမှာ ရဲဘော်သုံး ကျိပ်၊ ဂျပန်ပြည်၊ ဗိုလ်တေဇ ဓာတ်ပုံ မှတ်တမ်းမှတ်ရာများနဲ့ တကွ။ သတိ မမူဂူမမြင်၊ သတိမူတော့ မြူတောင် မြင်နိုင်တယ်ဗျ။ ဂျိုးဂျိုး ကို မျှော်ရင်းတော်တော်နဲ့ ရောက်မလာနိုင်တာနဲ့ တစ်ရေးတစ်မောတောင် ကျွန်တော်အိပ်ပျော်သွား
သေးတယ်ဗျာ။ အိပ်ရာကနိုးတော့ ဂျိုးဂျိုး ကျူရှင်ကနေ ပြန်ရောက်နေပြီဗျ။ ဒါနဲ့-
“ဂျိုးဂျိုး...ရေ၊ ဒီကို ခဏ လာပါဦး”
“ဟုတ်”
“သားမြင်ခဲ့တာ ဒီပုဂိ္ဂုလ်ကြီး ပုံမို့လား”
“ဟား... ဟုတ်တယ် ဟုတ်တယ် အရီး၊ သားဒီဓာတ်ပုံကြီးကို သိပ်ကြိုက်တာဗျ”
“သြော်... ဂျိုးဂျိုးရယ်”
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com