" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

အေသင်ချိုဆွေ မြန်မာ မင်းသမီး Myanmar Attress A Thin Cho Swe

လူတိုင်းဖြတ်သန်း ဖူးကြတဲ့ ဆယ်ကျော်ဘ၀ ပုံရိပ်တွေကို မှတ်မှတ်ထင်ထင် ရှိကြသူတွေ ရှိကြမှာပါ။ လွတ်လပ် ပေါ့ပါးမှုတွေ ရှိတဲ့ ဆယ်ကျော်သက် ဘ၀က တကယ့်ကို ပျော်စရာ ကောင်းပါတယ်။
ပရိသတ် အားပေးမှု ရရှိနေတဲ့ အေသင် ချိုဆွေရဲ့ ဆယ်ကျော်သက် ဘ၀ကလည်း တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ၉ တန်း ကျောင်းသူ ဘ၀မှာ ဂီတ လောကထဲကို ၀င်ဖို့ အေသင် ချိုဆွေက ကြိုးစား နေတာပါ။ သီချင်းတွေ နားထောင်ရတာ ၀ါသနာ ပါတဲ့၊ သီချင်းတွေ ဆိုချင်တဲ့ အေသင် ချိုဆွေကို သူငယ်ချင်း တွေက show ပွဲတွေသွားဖို့ ကုန်ကျ စရိတ်ခံပြီး ခေါ်ပေမယ့် အေသင် ချိုဆွေက သွားခွင့်မရ ခဲ့ပါဘူး။ မိခင်ရဲ့ ခွင့်ပြုချက် မရတာကြောင့် မသွား ရတာပါ။ မိခင်က စာကိုပဲ အာရုံစိုက် စေချင်တာကြောင့် ဂီတ အလုပ်ကို လွတ်လပ်စွာ လုပ်ခွင့်မပေး ခဲ့ပါဘူး။ အေသင် ချိုဆွေက အ.ထ.က ၂ စမ်းချောင်းကနေ ဘင်ခရာ အတီး ပြိုင်ပွဲတွေမှာ ၀င်ပြိုင်ပြီး တတိယဆု ရရှိခဲ့ဖူး ပါတယ်။ နောက်ပိုင်းမှာတော့ အေသင် ချိုဆွေရဲ့ ဂီတရူးသွပ် မှုကို မိခင် ဖြစ်သူက သိသွားတာကြောင့် စီးရီးလုပ်ဖို့ ခွင့်ပြု လိုက်တာပါ။ “ဂီတအပေါ် ရူးသွပ်တာ မြင်ပြီးမှ အမေက လုပ်ခွင့် ပေးလိုက်တာ။ အချိန်တိုင်း ဂီတပဲ ဖြစ်နေတော့ ပိုက်ဆံထုတ် ပေးမယ်။ စီးရီး ထုတ်ပေးမယ်။ အောင်မြင်ရင် ဆက်လုပ်၊ မအောင်မြင်ရင် ကျောင်းစာကို ဆက်လုပ်ရမယ် ဆိုပြီး ပြောတယ်။ အမှန်ကတော့ ကျောင်းစာကိုပဲ လုပ်စေချင်တာ။ ဂီတဘက်ကို နည်းနည်းလုပ်ပေး လိုက်မယ်ဆိုပြီး လုပ်ပေး လိုက်တာပါ။ အသံ စမ်းသပ်တဲ့ အချိန် ကျတော့လည်း အသံက ဆိုနိုင်တာပဲ ဆိုတာ သိသွားတယ်။ အရင်က အထင်မကြီး ထားဘူးပေါ့။ ကလေးပဲ ရူးသွပ်တယ် ထင်တာ” လို့ မိခင် ဖြစ်သူရဲ့ ခွင့်ပြုမှုနဲ့ စီးရီးစလုပ် ဖြစ်ခဲ့တဲ့ အကြောင်း အေသင် ချိုဆွေက ပြောပြပါတယ်။ ၉ တန်းကျောင်းတက် နေချိန်မှာ စီးရီး စသွင်းတာ ဖြစ်တဲ့အတွက် ကျောင်းခဏခဏ ပျက်သလို၊ ကျောင်းစာတွေလည်း လွတ်ခဲ့ရ ပါတယ်။
အေသင်ချိုဆွေက ဂီတ အလုပ်ကို သူငယ်ချင်း တွေနဲ့ အဖွဲ့ဖွဲ့ပြီး ၁၀တန်း စာမေးပွဲ ဖြေပြီးချိန်မှာ လုပ်ဖို့စဉ်းစား ထားတာပါ။ ဒါပေမဲ့ မိခင်ရဲ့ ခွင့်ပြုချက်ကြောင့် ၉ တန်းကျောင်းတက် နေချိန်မှာပဲ စလုပ်ဖြစ် ပါတယ်။ အေသင်ချိုဆွေ ဂီတလုပ်ငန်း စလုပ်ချိန်မှာ တေးရေး နောင်နောင်(S.F) က အသံ စစ်ပေးတာ၊ သီချင်းရွေးပေး တာတွေ လုပ်ခဲ့ပါတယ်။ ဂီတနဲ့ ပတ်သက်တဲ့ ပါရမီ ရှိတာကြောင့် ဂီတမျိုးရိုး မရှိပေမယ့် အောင်မြင်အောင် လုပ်နိုင် ခဲ့ပါတယ်။ “အမေနဲ့ အဖေက ပြင်ပ စီးပွားရေး လုပ်တဲ့သူ၊ အနုပညာ လောကထဲကို အစိမ်းသက် သက်ဝင်တာ ဆိုတော့ ပိုက်ဆံတွေလည်း အရမ်းကုန်တယ်။ လူတွေလည်း အရမ်း ပင်ပန်းတယ်၊ အခုချိန်မှာ အခုချိန်မှာ အဲဒီအခက် အခဲတွေ အားလုံးက ပရိသတ် အားပေးတဲ့ အနု ပညာရှင် တစ်ယောက် ဖြစ်လာဖို့ လမ်းစတွေ လို့ပဲ မှတ်ယူပါတယ်” လို့ အေသင် ချိုဆွေက ဂီတ ခရီးလမ်း အစ၊ ဆယ်ကျော်သက် ဘ၀ တွေ့ကြုံ ရမှုများကို ပြောပြပါတယ်။ အချိန်တွေကုန်၊ ငွေတွေ အကုန်ခံပြီး လုပ်ရတာ ဖြစ်တဲ့အတွက် စိတ်ဓာတ် မကျအောင် ကြိုးစား ခဲ့ရတာပါ။ မိခင်နဲ့ ဖခင်တို့ရဲ့ နောက်ကနေ ပံပိုး ပေးမှုတွေကြောင့် စိတ်ဓာတ် မကျ ခဲ့တာလည်း ပါပါတယ်။ “မိဘတွေက တက်ကြွစွာနဲ့ လုပ်ပေးတယ် ဆိုတော့ စိတ်ဓာတ်ကျတာ ရှိတော့ရှိတယ်။ အဖေနဲ့ အမေကို ပြန်ကြည့်ပြီး စိတ်ပြန်တင်း ရတယ်။ သူတို့တောင် ငါ့ကို လုပ်ပေး သေးတာပဲ၊ စိတ်ဓာတ် ကျစရာ မလိုဘူး ဆိုတဲ့ စိတ်မျိုးနဲ့ အောင်မြင်အောင် လုပ်ခဲ့တာ။ အဖေနဲ့ အမေကသာ မလုပ်ပေး ခဲ့ရင် ရေစုန်မျော သွားမယ်ထင်တယ်“လို့ အေသင် ချိုဆွေက မိဘတွေရဲ့ ပံပိုးမှု အကြောင်း ပြောပြပါတယ်။

မဖြစ်နိုင်ဘူး ထင်ပြီး လမ်းတစ်ဝက် ကနေ လက်လျှော့ သွားကြမယ့် သူများလည်း ရှိမှာပါ။ အေသင် ချိုဆွေရဲ့ အသက် အရွယ်မှာ ဂီတ အလုပ်ကို စတင်လုပ်တဲ့ သူတွေ၊ ဂီတကို ရူးသွပ်လို့ ရေးတတ်ဆိုတတ် ကြပေမယ့် နောက်က ထောက်ခံမှု မရှိဘဲ ကြိုးစား ရုန်းကန် နေရတဲ့ သူတွေလည်း ရှိပါတယ်။ တချို့က အလျှော့ပေး သွားတာ ရှိသလို တချို့ ကျတော့လည်း အားမလျှော့ဘဲ ကြိုးစားနေကြ တာပါ။ “အေသင့် ဘာသာပဲ ကြိုးစားရမယ်၊ မိဘတွေက မထောက်ပံ့ နိုင်ရင် အေသင် လက်လျှော့ သွားမှာပါ။ အခုအချိန် ကျောင်းလေးပဲ တက်ပြီး ကျောင်းစာကိုပဲ ရိုးရိုးလေး ကြိုးစား နေမှာပါ”လို့ အေသင် ချိုဆွေက ဂီတ အနုပညာ အတွက် မိဘတွေရဲ့ ထောက်ပံ့မှု မရရင် ဘယ်လိုဖြစ်သွား မယ်ဆိုတာကို ပြောပြ ခဲ့ပါတယ်။ အေသင် ချိုဆွေက ကျောင်းစာကို အာရုံ စိုက်ရမယ့် အချိန်မှာ စီးရီးထွက်ဖို့ ကြိုးစား နေတာကြောင့် ကျောင်းပညာရေး ပိုင်းကို ဖြတ်ချပစ်ခဲ့ ပါတယ်။ ကျောင်းပညာ ရေးပိုင်း ဆက်မလုပ်ဘဲ စီးရီးအတွက် လုပ်ဖြစ်တဲ့ အေသင် ချိုဆွေက ဖြန့်ချိရေး ပိုင်းကို ကိုယ်တိုင်ဆောင်ရွက် ခဲ့တာပါ။ မိဘ တွေကလည်း သမီးဖြစ်သူ အေသင် ချိုဆွေရဲ့ စီးရီးကို အားရ ခဲ့ပါတယ်။
ပရိုမိုးရှင်း တွေအနေနဲ့  အထက် မြန်မာပြည် တစ်လျှောက် ကိုယ်တိုင်ဆင်း ခဲ့တာပါ။“မိသားစုတွေ ကလည်း ယုံကြည်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်ခုတည်းနဲ့ အလုပ် လုပ်ခဲ့တယ်။ ဒီလိုကိုယ်တိုင် လိုက်ဖြန့်ပေမယ့် ကံဆိုတာလည်း ရှိသေးတယ်။ အဲဒီတော့ ဆက်ဖြစ်ခဲ့ရင် ဆက်ကြိုးစားပေါ့၊ ဘာမှ မဖြစ်ခဲ့ဘူး ဆိုရင်လည်း အားမငယ်နဲ့၊ အေသင်ရဲ့ ကြိုးစားမှု၊ အဖေ၊ အမေရဲ့ ပံ့ပိုးမှု၊ ပရိသတ်တွေရဲ့ ပံ့ပိုးမှု တွေကြောင့် အေသင် အခုလို ဖြစ်လာ ခဲ့တာပါ”လို့ စီးရီး စထွက်တဲ့ အချိန် ကိုယ်တိုင်ဖြန့်ချိ၊ ပရိုမိုးရှင်း လုပ်ဖြစ်တာကို အေသင် ချိုဆွေက ပြောပြ ခဲ့တာပါ။ နယ်တွေအထိ ပရို မိုးရှင်းသွား ဖြစ်တာကလည်း အေသင် ချိုဆွေရဲ့ မိဘတွေရဲ့ စိတ်ကူးပါပဲ။ “ရန်ကုန်မှာလည်း အေသင်ရဲ့ ကြော်ညာဘုတ်တွေ ထောင်တယ်၊ Board  ထောင်မယ် ဆိုရင်တောင် ရန်ကုန်၊ မန္တလေး လောက်ပဲ လုပ်ကြတာ များတယ်။ နယ်တွေဘက်က သိပ်မသိဘူး။ အချို့ နယ်တွေက အခွေ ထွက်ပေမယ့်  မသိကြတာ များတော့ နယ်ဘက်ကို ဆင်းပြီး ပရိုမိုးရှင်း လုပ်တာ။ အေသင်ရဲ့ သီချင်းတွေကို ပြင်ဦးလွင် ဘက်ကစပြီး သိတယ်။ လမ်းမခွဲ ကြေးတို့၊ လေပြေတို့ ဆိုရင်ပေါ့နော်၊ နယ်ပရိသတ် ကလည်း ပိုများတယ်၊ ပရိသတ် အခိုင်အမာ ရှိခဲ့တယ်”လို့ နယ် ဘက်တွေမှာ ကိုယ်တိုင် ဖြန့်ချိရေး လုပ်တဲ့အကြောင်း  အေသင် ချိုဆွေက ပြန်ပြောင်းပြောပြ ခဲ့ပါတယ်။ ယုံကြည်မှု အပြည့် လုပ်ခဲ့တာ ဖြစ်တဲ့အတွက် သီချင်းတိုင်း ကိုလည်း ပရိသတ် ကြိုက်မယ်လို့ ယုံကြည် ခဲ့တာပါ။ အေသင် ချိုဆွေက ကိုယ်လုပ် သင့်တာကို သတ္တိ ရှိရှိနဲ့ လုပ်နိုင်ဖို့က အဓိကပဲ ဆိုတဲ့ မိခင်ရဲ့ စကားနဲ့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နယ်ဘက်မှာ ပရိုမိုးရှင်း လုပ်တယ် ဆိုတာကလည်း အခွေများများ ရောင်းရ ပါစေဆိုတဲ့ စိတ်ကူးမျိုးနဲ့ လုပ်ခဲ့တာ မဟုတ်ပါဘူး။ “အခွေက အမြတ် မပြောနဲ့၊ အရင်းတောင် မရဘူး၊ အေသင် ဆိုထားတဲ့ သီချင်းတွေ နားထောင်ပြီး ကြည်နူးတယ် ဆိုရင်ပဲ အေသင် ကျေနပ်ခဲ့တာ။ အဲဒီအခွေ အရေ အတွက်ကို အေသင် စိတ်မ၀င် စားဘူး”လို့ အေသင် ချိုဆွေက ဆိုပါသေးတယ်။
၉ တန်း ကျောင်းသူနဲ့ ပညာရေးကို ဖျက်ပြီး ဂီတဘက်ကို နစ်ဝင်သွားတဲ့ လူငယ်တစ်ဦး အနေနဲ့ ဒီအချိန်မှာ ပညာရေးပိုင်းကို စိတ်ဝင်စား တာမျိုး ရှိမှာပါ။ “စီးရီး စသွင်းချိန် တုန်းကတော့ အဆိုတော် ဖြစ်ချင်တဲ့ စိတ်တစ်ခု တည်းပဲရှိတယ်။ ကျောင်းစာနဲ့ လဲလိုက်ရလည်း ဘာမှ မဖြစ်ဘူး ဆိုတဲ့ အတွေး ၀င်နေလို့ ပေါ့နော်။ အဲဒီတုန်းက ပြောရရင် ကလေး အတွေးပါ။ အေသင် သီချင်းတွေ ဆိုနေရတာ ပျော်တယ်။ အခု နောက်ပိုင်းမှ သူငယ်ချင်း တွေနဲ့ တွေ့တဲ့အခါ ကျောင်းတက်တာ မြင်တာတို့ ဆိုရင် ကျောင်းပြန် တက်ချင်တဲ့ စိတ်လေးတော့ ဖြစ်တယ်။ အောင်မြင်မှု တစ်ခု လိုချင်ရင်တော့ ဆုံးရှုံးမှု ကတော့ ရှိမှာပဲလေ။ ကျောင်းစာဘက်မှာ အားနည်း ခဲ့ပေမယ့် ဒီဘက်မှာ ပရိသတ် လက်ခံ အားပေးတော့ ဘာပဲ ဖြစ်ဖြစ်စွန့်လွှတ်ရကျိုး နပ်ပါတယ်“လို့ ဂီတနဲ့ ပညာရေးပိုင်း လဲလိုက် ရမှုအပေါ် ခံစားချက် ကိုလည်း အေသင် ချိုဆွေက ပြောပြ ခဲ့ပါတယ်။ အေသင် ချိုဆွေရဲ့ ဆယ်ကျော်သက် ဘ၀က ဂီတ နယ်ပယ်မှာ ဖြတ်သန်း ရတာပါ။ အခု ချိန်မှာလည်း ဆယ်ကျော်သက် ဘ၀ကို ပိုင်ဆိုင် ထားသေးတဲ့ အေသင် ချိုဆွေက သူ့လိုမျိုးကြိုးစား လှုပ်ရှားနေတဲ့ ဆယ်ကျော်သက် တွေအတွက် အခုလိုပဲ ပြောပြ ခဲ့ပါတယ်။ “အေသင် အခုချိန်မှာ လျှောက်လှမ်း နေဆဲပါ။ အောင်မြင်တယ် ဆိုတာက တကယ့်အရည် အသွေး ပြည့်မီပြီး၊ တကယ့်ကို အရည်အချင်း ပြည့်ဝတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ အေသင် အများကြီး လိုသေးတယ်။ အေသင် အများကြီး ကြိုးစား ရဦးမှာ။ ဒီအခြေ အနေလေးနဲ့ တင်းတိမ်လို့ မဖြစ်သေး ပါဘူး။
ဒီထက်မက အရည် အချင်းတွေ အေသင်မှာ လိုအပ်သေးတယ် အေသင် ပြောချင်တာ ကတော့ ကိုယ့်ကိုယ်ကိုယ် ပြည့်စုံပြီ ဆိုပြီး၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ စိတ်မျိုးတွေ မ၀င်စေ ချင်ဘူး။ အခုကြိုးစား နေတဲ့ သူတွေအတွက် အေသင် ပြောချင်တာပါ။ ကိုယ့်ကိုယ်ကိုယ် ဘာပဲဖြစ်ဖြစ် လိုနေသေးတယ် ဆိုတဲ့ အတွေး မျိုးနဲ့ပဲ ဆက်ပြီး လျှောက်လှမ်းပါ၊ နောက်ပြီး ယုံကြည်မှု ထားပါ။ ငါသည် ဘာပဲလုပ်လုပ် ပတ်ဝန်းကျင်ကို ဂရုစိုက် သင့်တဲ့ အရာဆို ဂရုစိုက်၊ ဒါပေမဲ့ အေသင်ကတော့ လုပ်ချင်တဲ့ အရာတစ်ခု ကိုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ လုပ်တယ်။ စင်ပေါ်မှာ သီချင်း ဆိုတာပဲ ဖြစ်ဖြစ်၊ ကိုယ်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက် တွေနဲ့ပဲ လုပ်တယ်။ အေသင်က အရည်အချင်း ပြည့်ဝပြီး ထက်မြက်တဲ့ မိန်းမတစ်ယောက် ဖြစ်ချင်တယ်။ အနုပညာ ဆိုလည်း အနုပညာရှင် အလျောက်ပေါ့နော်၊ အခုချိန်မှာ ကြိုးစားနေတဲ့ လူငယ်တွေလည်း စိတ်ဓါတ် မကျဘဲ၊ လုပ်တဲ့ အလုပ်တစ်ခု အပေါ်မှာပဲ တစိုက် မတ်မတ်နဲ့ အောင်မြင်သည် အထိ ဘယ်အဆင့်၊ ဘယ်နှစ်အထိ လုပ်မယ်၊ မအောင်မြင်ဘူး ဆိုမှ နောက်တစ်ခု လုပ်မယ်ဆိုတဲ့ စိတ်မျိုးထားပါ။ ဟိုဟာ လုပ်ရမလို၊ ဒီဟာ လုပ်ရမလို ဆိုတဲ့ စိတ်မျိုး မ၀င်ပါနဲ့”လို့ ပြောပြ ခဲ့တာပါ။

အေသင် ချိုဆွေရဲ့ ဆယ်ကျော်သက် ဘ၀က ဂီတ နယ်ပယ် ထဲမှာပဲ လှုပ်ရှား နေရတာ ဖြစ်တဲ့အတွက် နောင်တစ်ချိန်မှာ ပြန်ပြောင်း ပြောပြရင်လည်း အမှတ် တရတွေ ဖြစ်နေဦး မှာပါ။ အခြား သူတွေလို ကြမ်းတမ်းစွာ မဖြတ်သန်း ရပေမယ့် ချော့မွေတယ် လို့လည်း မဟုတ်ပါဘူး။ ၂၀၀၈ ခုနှစ်က စပြီး ဂီတ လောကထဲ စတင် ၀င်ရောက် လာခဲ့တဲ့ အေသင် ချိုဆွေရဲ့ ဆယ်ကျော်သက် ဖြတ်သန်းမှုများ သိခွင့်ရတဲ့ teen ပရိသတ်များ ကျေနပ်မှုများ ရရှိ နိုင်ပါစေ။ အချိန်ပေး ပြောကြားပေးတဲ့ အေသင်ချိုဆွေ ကိုလည်း ကျေးဇူး တင်ပါတယ်။


No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...