" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

မြန်မာ မင်းသမီး Myanmar Attress ကြေငြာများ Advertisement

May & Mark ရတနာ ဆိုင်ကို တည်ထောင်ထားတဲ့ ဒေါက်တာ အက်(စ)ခေါင်နန်းက သူ့ရဲ့မွေးနေ့ကျ ရောက်တိုင်း သူ့ရဲ့ရတနာဆိုင် နှစ်ပတ်လည်ပွဲ ကျင်းပ ပေးသလို ရတနာ ဒီဇိုင်းဆန်း များနဲ့ စီခြယ်ထားတဲ့
ရတနာ ပစ္စည်းများကို ဖက်ရှင်ရှိုး ပြသ ပေးခဲ့တာ ၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။
May & Mark ရတနာဆိုင်ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲနဲ့ မွေးနေ့ ညစာစားပွဲ ကိုလည်း သြဂုတ်လ ၄ ရက်နေ့ ည ၆ နာရီခွဲက ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းရှိ ဆီဒိုးနား ဟိုတယ်မှာ ခမ်းခမ်းနားနား ကျင်းပ ပေးခဲ့ပါတယ်။

၆ နှစ်ပြည့် နှစ်ပတ် လည်ပွဲနဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် မနက် ၆ နာရီက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းရှိ ဧမာနွေလ ဘုရား ရှိခိုးကျောင်းမှာ ပရဟိတ လုပ်ငန်းများ ဆောင်ရွက် ပေးနေတဲ့ အဖွဲ့အစည်း အသီးသီးကို အလှူငွေများ လှူဒါန်းပြီး ဆုတောင်းပွဲ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

ညပိုင်းမှာ ကျင်းပတဲ့ ရတနာ ဖက်ရှင်ပြပွဲမှာတော့ ကျောက်မျက်အသင်း ဥက္ကဋ္ဌနဲ့ အသင်း အဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ May & Mark ရဲ့ ရတနာ ချစ်သူများနဲ့ အနုပညာရှင်များ စုံစုံ ညီညီ တက်ရောက်ခဲ့ကြပြီးတော့ ရတနာများ ၀တ်ဆင်ပြီး ဖက်ရှင် ရှိုးပြသပေးတဲ့ ပွဲဖြစ်လို့ တက်ရောက် ချီးမြှင့်တဲ့ ဧည့်သည်တော် များကလည်း ဖက်ရှင် စတိုင်လ်မျိုးစုံနဲ့ တက်ရောက်ခဲ့ကြတာ တွေ့ခဲ့ရပါတယ်။ ဖက်ရှင်ရှိုး ပြသပေးမယ့် စင်မြင့်ကိုတော့ Plan-b မှ မစ္စတာ ဘရိုင်ယန်ရဲ့ စိတ်ကူးကို ဒီဇိုင်နာမျိုးကျော့ ဖန်တီး ပေးထားတာက ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ရှုခင်းနဲ့ အလယ် တည့်တည့်မှာတော့ နာမည်ကြီး အီဖယ်မျှော်စင် ပုံစံ ဒီဇိုင်း ဆင်ထားပေးပါတယ်။
အဲဒီအတွက် ဒီပွဲလေးကို အမည် ပေးထားတာကိုက ONE NIGHTIN PARIS လို့ အမည်ပေးထားပြီး ပဲရစ်မြို့ရဲ့အလှနဲ့ မျှော်စင်ရှေ့မှောက်လမ်းမှာ အလှမယ်လေးများက May & Mark ရဲ့ ရတနာ ဒီဇိုင်းသစ်များနဲ့ မိုးကုတ်ပေါက်ပေါက်ရဲ့ ဖက်ရှင် ၀တ်စုံများ ဆင်မြန်းပြီး လက်ဝတ် ရတနာများ မိတ်ဆက် ပြသပေးခဲ့တာ ဖြစ်ပါတယ်။ ရတနာတွေကို ဖက်ရှင်များနဲ့ ပြသ ပေးရာမှာ ၀တ်စုံ ဒီဇိုင်းများ ဖန်တီးပေးထားတဲ့ မိုးကုတ်ပေါက် ပေါက်က ပထမ အကျော့မှာ အသင့်ချုပ်ပြီးသား မိုးကုတ်ပေါက်ပေါက် ဖန်တီးထားတဲ့ ၀တ်စုံသစ် ၁၅ စုံကို နာမည်ကြီး မော်ဒယ်လ်များ ဖြစ်ကြတဲ့ မာရီနာ၊ ဇာနည်လင်း၊ ရှိုင်းသူသူမောင်၊ သီရိကိုကိုနိုင်၊ ဆုမြတ်နိုးဦး၊ ဟယ်လင်၊ အွန်စိုင်း၊ မိုင်နူး၊ ခိုင်သဇင်ယုဝါ၊ M ဆိုင်းလူ၊ နန်းခေးမား၊ ခင်နန်းထိုက်၊ နွေဦးကိုနဲ့ မေဆူးမောင်တို့က ၀တ်ဆင်ပြီး ပြသ ပေးခဲ့ကြပါတယ်။ ရတနာများ ပိုပြီး ပေါ်လွင်အောင် ၀တ်စုံ အနက်များ ၀တ်ဆင်ပြီး ပထမ အကျော့မှာ ပြသ ပေးခဲ့တာ ဖြစ်ပါတယ်။

May & Mark ရဲ့ရတနာများက စိန်ကို အဓိက ထားပြီး မြန်မာ့ တွင်းထွက်ကျောက် မျက်ရတနာများ ဖြစ်တဲ့ ပတ္တမြား၊ ရွှေတွင်းဝါ၊ ခရမ်းစွဲစတဲ့ တွင်းထွက်ကျောက်တွေကို ဘယ်ဂျီယံ စိန်အစစ်တွေနဲ့ စီခြယ် ပြသ ပေးထားပြီး အခမ်းအနား အစီအစဉ်တွေ တင်ဆက်ပေး ကြတဲ့ မစ္စတာ ဘရိုင်ယန်နဲ့ မေစံပယ်တို့က ၀တ်ဆင်ထားတဲ့ ရတနာများကို ကြေညာ တင်ပြပေးခဲ့ပါတယ်။

ဒုတိယ အကျော့မှာ May & Mark ရတနာပြပွဲအတွက်  သီးခြား ချုပ်လုပ်ပေးထားတဲ့ ဒီဇိုင်းသစ်များနဲ့ ချုပ်လုပ် ပေးထားတဲ့ ၀တ်စုံများ ၀တ်ဆင်ပြီး ပြသပေးခဲ့လို့ ခေတ်မီ ဆန်းသစ် ပြီး ခမ်းနား ထည်ဝါတဲ့ ရတနာများကို ပေါ်လွင်ထင်ရှားခဲ့ပါ တယ်။ ဒီနေ့ ရတနာဖက်ရှင်ပြပွဲမှာ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်နဲ့လည်း ဖျော်ဖြေ ပေးရာမှာ နောနော်၊ ဟန်ထွန်း၊ L ဆိုင်းဇီ စတဲ့ နာမည်ကြီး အဆိုတော်များက တေးသီချင်းများနဲ့ သီဆို ဖျော်ဖြေ ပေးခဲ့ကြပါတယ်။ ဖက်ရှင်ရှိုး ပြသပေးလို့ အပြီးမှာ ဒီပွဲကြီး အောင်မြင် စည်ကားအောင် ပံ့ပိုးပေးခဲ့ကြသူများကို မွေးနေ့ရှင် ဒေါက်တာ အက်စ်ခေါင်နန်းက ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ခဲ့ပြီး မွေးနေ့ကိတ်ကို တက်ရောက်လာတဲ့  အနုပညာရှင်များ ၀န်းရံပြီး လှီးခွဲကာ May & Mark ရဲ့ ၆ နှစ်ပြည့် နှစ်ပတ်လည်ပွဲနဲ့ မွေးနေ့ ညစာ စားပွဲကို အားလုံး ပျော်ရွှင်ခွင့်ရအောင် တင်ဆက်ပေးခဲ့တာ တွေ့ခဲ့ရပါတယ်။  

လင်းနိုင်ဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊စက်တင်ဘာလ ၂၀၁၁)

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...