" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

ဗိုလ်ချုပ်အောင်ဆန်း General Aung San ဒေါ်အောင်ဆန်းစုကြည် ဗိုလ်ချုပ်အကြောင်း ရုပ်ရှင်ရိုက်ရန် ကိစ္စ ဒေါ်စု နှင့် တိုင်ပင်

ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင် အနုပညာရှင်များ တွေ့ဆုံ၍ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်အဖြစ် ဗိုလ်ချုပ် အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရန် စီစဉ်မှုများကို ၂၀၁၁ ခုနှစ်ထင်ရှား ကျော်ကြားကဏ္ဍ၏ ထင်ရှားသည့် ဖြစ်စဉ်တစ်ခုအဖြစ် ရွေးချယ်ဖော်ပြအပ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင် ရိုက်ကူးရန် အနုပညာရှင်များနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့ရာရုပ်ရှင် အနုပညာရှင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပြီး ကော်မတီအဖွဲ့ ဖွဲ့စည်းရန်နှင့် ကျရာ အခန်းကဏ္ဍများ မှ နေ၍ပါဝင်ကြရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကော်မတီများ ဖွဲ့စည်းခဲ့ရာ၌ သမိုင်းအချက်အလက် ရှာဖွေစုဆောင်းရေး ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ၊ ဇာတ်ညွှန်းရေးဖွဲ့ရေး ကော်မတီစသည်ဖြင့် ကော်မတီများ ဖွဲ့စည်းကာ အပတ်စဉ် အစည်းအဝေးများ ပြုလုပ်၍ စတင် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ပြင်ဆင်မှုနှင့်ပတ်သက်၍ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ‘‘လွတ်လပ်ရေး လှုပ်ရှားမှုတွေကို အဓိကလုပ်ဆောင်ခဲ့တဲ့ အသက် ၁၈ နှစ်က ၃၂ နှစ်ကြားထဲက ဆောင်ရွက်ချက်တွေ ကို အဓိက ရိုက်ကူးလိုတာပါ။ ဒါကြောင့် သရုပ်ဆောင် ရွေးချယ်ရာမှာ လည်း ဗိုလ်ချုပ်ရဲ့နေရာအတွက်ဆို ရင် ရှိပြီးသား သရုပ်ဆောင်တွေထဲက မဟုတ်ဘဲ အသက် ၃၂ နှစ်အောက် ပြင်ပ၀ါသနာရှင်တွေထဲက ရွေးချယ် လိုပါတယ်။ မြန်မာပြည်က ခေါင်းဆောင် တစ်ယောက်ရဲ့အတ္ထုပ္ပတ္တိကို ရိုက်ကူးရာမှာ မြန်မာပရိသတ်တွေ ချစ်ခင်လက်ခံပြီးသား အနုပညာရှင်တွေ ပါဝင်သင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် စက်မှုပိုင်းဆိုင်ရာ အကူအညီ က လွဲရင်ပြည်တွင်းက အနုပညာရှင်တွေရဲ့ စွမ်းအားနဲ့ပဲ ရိုက်ကူးသွားချင် ပါတယ်’’ ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရန် ကနဦး လှုပ်ရှားမှုများအဖြစ် ကော်မတီအ ဖွဲ့ဝင်များ အပတ်စဉ်တွေ့ဆုံ ညှိနှိုင်းခြင်း၊ သမိုင်းအချက်အလက် ရှာဖွေရေးကော်မတီမှ ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်သည့် သမိုင်းအချက်အလက်များ စတင်ရှာဖွေစုဆောင်း ခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်မည့် သရုပ်ဆောင်သစ်အတွက် လိုအပ်သည့် စည်းမျဉ်းများအား ထုတ်ပြန်ရန်စီစဉ်ခြင်း၊ ရန်ပုံငွေ ရှာဖွေပြုလုပ်နိုင်ရန် စီစဉ်ခြင်း စသည်တို့ကို ပြုလုပ်လျက်ရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ဗိုလ်ချုပ်အောင်ဆန်း၏ အသက်ရာပြည့် ဖြစ်သည့် ၂၀၁၅ ခုနှစ်တွင် နိုင်ငံတကာ ရုပ်ရှင်ရုံများ၌ ပြသနိုင်ရန် စီစဉ်ရိုက်ကူးသွားမည် ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...