" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

သန်းရွှေ Than Shwe သစ္စခံ နှစ်ဦး ရားထူးမှ ဖယ်ရှား

ts-and-we
 
59
 
3
 
မဲပေးပါ
ယခင် မြန်မာ စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အထူးယုံကြည် စိတ်ချရသူများ
တွင် ပါဝင်သူများ ဖြစ် သည့် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  ကို ၎င်း တို့  ၏ ရာထူးများ
မှ ခေတ္တ  အရာ ချထား ကာ အဆိုပါ တာဝန် များ ကို အခြား စစ် အရာ ရှိ များ နှင့် အစား ထိုး ထား
လိုက်သည် ဟု သိရသည်။
ယခင် နေပြည်တော် တိုင်း မှု အဖြစ် တာဝန်ယူခဲ့ သူ ဗိုလ်ချုပ် ဝေလွင်  သည် ယခု စစ်ထောက်
ချုပ် အဖြစ် တာဝန် ယူနေ စဉ် အတွင်း လာဘ်ပေး လာဘ်ယူမှု များ အတွက် တာဝန် ရှိ သည်
ဟု ဆိုကာ ရာထူး မှ ဖယ်ရှား လိုက် ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့ အား လက်ရှိ ရာထူးများ မှ ဖယ်ရှား ခြင်း ကို ဧပြီလ
ဆန်းက ကာကွယ်ရေး ဦးစီးချုပ် တာဝန် ကို စတင် ထမ်းဆောင် သည့် ဗိုလ်ချုပ်ကြီး မင်းအောင်
လှိုင် ၏ ညွှန်ကြား ချက် ဖြင့် ပြုလုပ် ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင်  သည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ အထူး ယုံကြည် စိတ်ချရ သူ တစ်ဦး ဖြစ်ပြီး
ယမန် နှစ်က အိန္ဒိယ နိုင်ငံ သို့  ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သွားရောက် လည်ပတ် စဉ် နေပြည်တော်
မြို့  ၏ လုံခြုံ ရေး နှင့်  အမိန့် ပေး စေခိုင်း နိုင် ခွင့် အာဏာ အချို့  အ၀က် ကို ပင် ဗိုလ်ချုပ် ဝေလွင်
အား ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ယုံယုံကြည်ကြည် နှင့် အပ် နှံ ခဲ့ သည် ဟု သိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် တာဝန်ယူ ချိန် မှ စပြီး ရန်ကုန် တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်
မှုးချုပ် ထွန်းသန်း၊ ဗိုလ်ချုပ် တင်ငွေ နှင့် ယခင်  တြိဂံ တိုင်း စစ်ဌာန ချုပ် တိုင်းမှုး ဟောင်း နှင့်
ယခု တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ် ကျော်ဖြိုး တို့ ကို တာဝန် မှ အနား
ပေး ခဲ့ ပြီး ဖြစ်သည်။
ရာထူးမှ ဖယ်ရှား ခံရသည့် ဗိုလ်ချုပ် ခင်ဇော်ဦး သည် ယခင် ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာန
ချုပ် တိုင်းမှုး ဖြစ်ပြီး၊  ယခု စစ်ရေး ချုပ် နှင့် မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ၏ ဥက္ကဌ ရာထူး
ကို တာဝန် ယူထာား သူ ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  နှစ်ဦး ကို မနှစ်က
၎င်း တို့  ၏ မူလ ရာထူး ဖြစ်သည့် ဗိုလ်မှုးချုပ် ရာထူးမှ တိုးမြှင့် ပေး ပြီး တာဝန် များ ကို လည်း
လွှဲပြောင်း ပေး အပ်ကာ မြန်မာ စစ်တပ် အတွင်း အရေး ပါသည့် ရာထူးများ ဖြစ်သည့် စစ်ရေး
ချုပ် နှင့် စစ်ထောက် ချုပ် ရာ ထူး များ ကို ပေး အပ် ခဲ့ ခြင်း ဖြစ်သည်။
ဗိုလ်ချုပ် ဝေလွင် နှင့် ဗိုလ်ချုပ် ခင်ဇော်ဦး တို့  နှစ်ဦး ကို ရာထူးမှ ဖယ်ရှား ခြင်း နှင့် ပတ်သက် ပြီး
ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာ ရှိ တစ်ဦးက ” စစ်ထောက် ချုပ် နဲ့  စစ်ရေး ချုပ် ကို ရာထူးက
နေ ဖယ်လိုက် ပြီ ဆိုတော့ Posting နဲ့  Logistic ကို သူလုပ်ချင်တာ လုပ်လို့  ရ သွားတာ ပေါ့
ဟု “FNG  သို့ ပြောသည်။

No comments:

Post a Comment

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...