" But when along train of abuses and usurpations, pursing inviably the same object, evinces a design to reduce them under absolute despotism , it is their right, it is their duty to throw of such their goverment and provide new guards for their fucture security."

Atomic Bomb အကြောင်း တစ်စေ့တစ်စောင်း

imagebam.com ၁၉၃၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ အိုဟန်နှင့် အက်(ဖ)စတတ်စမန်း ဆိုသူတို့သည် ယူရေနီးယမ်းဒြဗ်စင်မှ ကွဲပွားခြင်းဖြစ်သည်ကို စတင်၍တွေ့ခဲ့ကြ၏။ ထိုသိရှိမှုကိုအခြေ တည်ကာ ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်ပြည်ထောင်စု တွင် အမေရိကန်အစိုးရ၊ ဗြိတိသျှအစိုးရနှင့် ကနေဒါအစိုးရတို့ သည် ပူးပေါင်းကာ အက်တမ်ဗုံးဖြစ်မြောက်ရေးကို ကြံစည်ပြု လုပ်ခဲ့ကြသည်။ ပထမ အက်တမ်ဗုံးကို အစမ်းသဘောဖြင့် ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် နယူးမက္ကဆီကိုရှိ သဲကန်တာရအတွင်း၌ ချကြည့်ရာ အောင်မြင်လေသည်။ ထိုနှစ်ဩ ဂုတ်လ ၆ ရက်နေ့တွင် အမေရိကန် လေယာဉ်ပျံများသည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို သွားရောက်၍ အက်တမ်ဗုံးတစ်လုံး ကိုချပြီးနောက် ၉ ရက်နေ့တွင် တစ်ဖန် နာဂါဆာကီမြို့ပေါ်၌ နောက်တစ်လုံးကိုချပြန်သည်။ ထိုအက်တမ်ဗုံးများမှာ ပြင်းထန် လှသဖြင့် ဂျပန်တို့သည် ထိုနှစ် ဩဂုတ်လ ၁၄ ရက်နေ့၌ပင် လက်နက်ချကာ အရှုံးပေးကြရလေသည်။ အက်တမ်ဗုံးတစ်လုံး ပေါက်ကွဲခြင်းသည် မည်မျှပြင်းထန်သနည်းဆိုသော် တီ၊ အင်၊ တီခေါ် ယမ်းတန်ချိန် ၂ဝဝဝဝ ပေါက်ကွဲသည်ထက်ပင် ပြင်း ထန်သည်ဟု ဆိုလေသည်။

အက်တမ်မှစွမ်းအင်ထုတ်ယူနိုင်မှု
သည် သိပ္ပံသမိုင်းတွင် အဓိကအောင်မြင်မှုကြီးတစ်ရပ်ဖြစ်၏။ အက်တမ်၏စွမ်းအင်ကို အကောင်းဆိုး နှစ်ဖက်စလုံးတွင် ထိရောက်စွာ အသုံးပြုနိုင်ပေ သည်။ အဆိုးဖက်ဖြစ်သော စစ်မက်ရေးရာ၌ ထိုစွမ်းအင်ကို အသုံးပြုမည်ကိုဆိုလျှင် ကမ္ဘာတစ်ရပ်လုံးရှိ ယဉ်ကျေးမှုသည် ပျက်ပြုန်းသွားနိုင်စရာ အကြောင်းရှိပေသည်။ အကောင်းဖက် ဖြစ်သော စက်မှုလုပ်ငန်းတို့၌ အသုံးချနိုင်မည်ဆိုလျှင် လောက နိဗ္ဗာန်ကိုပင် ဖန်တီးနိုင်စရာအကြောင်းရှိပေသည်

အက်တမ်ဗုံး မပေါ်သေးမီက ရူပဗေဒပညာရှင်ကြီးများ သည် ဒြဗ်နှင့်စွမ်းအင်မှာ သီးခြားစီဖြစ်သည်ဟု ယူဆခဲ့ကြ၏။ ဒြဗ်ကို ဖန်တီးခြင်းငှာသော်လည်းကောင်း၊ ဖျက်ဆီးခြင်းငှာသော် လည်းကောင်း မစွမ်းဆောင်နိုင်ဟု ယူဆခဲ့ကြသည်။ စွမ်းအင်ကို လည်း ထို့အတူ ယူဆခဲ့ကြသည်။ သို့ရာတွင် အိုင်စတိုင်းခေတ် သို့ရောက်သောအခါ ဒြဗ်နှင့်စွမ်းအင်ကို တစ်ခုတည်းအဖြစ် ပူး ပေါင်းကြံစည်ကြည့်လာသည်။

အက်တမ်ဆောက်တည်ပုံနှင့် စပ်လျဉ်း၍ လော့ရားသား ဖို့သည် အက်တမ်တွင် နူကလိယပ် (ဗဟိုဝတ်ဆံ) ရှိသည်ဟု ပြောခဲ့သည်။ ဗိုးဆိုသူက တစ်ဖန်ထပ်၍ အီလက်ထရွန်များ သည် နူကလိယပ်ကို လှည့်လည်ကာ ဂြိုဟ်များ နေကိုပတ်၍ သွားနေသကဲ့သို့ သွားနေကြသည်ဟု တိုးချဲ့ပြီးပြောခဲ့ပြန်သည်။ ယခုအခါ ယူဆနေကြသည်မှာ အက်တမ်တွင် ပရိုတွန်၊ နူထ ရွန်နှင့် အီလက်ထရွန်တို့ ပါဝင်သည်။ ပရိုတွန်နှင့် နူထရွန် သည် အက်တမ်၏ နူကလိယပ်တွင်ရှိပြီးလျှင် အီလက်ထရွန် တို့သည် နူကလိယပ်ကို လှည့်ပတ်ကာ သွားနေကြသည်။ ပရိုတွန်တွင် လျှပ်စစ်အဖိုဓာတ်ရှိပြီးလျှင် အီလက်ထရွန်တွင် တူ ညီသည့် လျှပ်စစ်အမဓာတ်ရှိသည်။ နူထရွန်တွင်ကား လျှပ်စစ် ဓာတ် လုံးဝမရှိချေ။ သာမန်ဓာတ်ပြောင်းမှုတွင် အက်တမ်၏ နူကလိယပ်၌ မည်သို့မျှပြောင်းလဲမှုမရှိဘဲ အက်တမ်ချင်းသာ ပေါင်းစပ်၍ မော်လီကျူများ ဖြစ်ကြသည်။ သို့ရာတွင် အက် တမ်မှ စွမ်းအင်ထုတ်လွှတ်ရာ၌ကား နူကလိယပ်တွင် ပြောင်း လဲမှုရှိလေသည်။

လျှပ်စစ်ဓာတ်အားသည် ပရိုတွန်များကို တစ်ခုနှင့် တစ်ခု ဖဲကြဉ်စေမည် ဖြစ်သော်လည်း နူထရွန်များကိုမူကား မည်သို့မျှမပြုလုပ်နိုင်ချေ။ ထို့ကြောင့် အခြားအား တစ်စုံတစ်ခု မရှိဘဲ အက်တမ်၏ နူကလိယပ်သည် စု၍နေနိုင်မည်မဟုတ် ပေ။ အက်တမ်၏နူကလိယပ်အတွင်း မပြောနိုင်လောက်အောင် သေးငယ်သည့် အကွာအဝေးများအကြားတွင် ပရိုတွန်များနှင့် နူထရွန်များကို စုစည်းသောအားရှိသည်။ ထိုအားကို စုစည်း အားဟုခေါ်သည်။

နူကလိယပ်တစ်ခုမှ စုစည်းအားပို၍များသည့် အခြား နူကလိယပ်တစ်ခုသို့ ပြောင်းလဲသည့်အခါတိုင်းတွင် ဒြဗ်ထု သည် လျော့နည်းသွား၍ ထိုလျော့နည်းသွားသော ဒြဗ်ထုသည် စွမ်းအင်ဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအချက်ကို အခြေပြု၍ ရူပဗေဒဆရာကြီးများသည် အက်တမ်စွမ်းအင်ရနိုင်သည့်နည်းမှာ နှစ်နည်းရှိကြောင်းကို တွေ့ခဲ့ကြသည်။ ပထမနည်းမှာ အလွန် ပေါ့သော နူကလိယပ်များကို လေးသော နူကလိယပ်များ အဖြစ်သို့ ပြောင်းပေးသောနည်းဖြစ်၍ ဒုတိယနည်းမှာ အလေး ဆုံးဖြစ်သည့် နူကလိယပ်များကို ခွဲပစ်သောနည်းဖြစ်သည်။ နက္ခတာရာဗေဒဆရာကြီးများက နေနှင့်ကြယ်များအတွင်း၌ဖြစ်သော စွမ်းအင်မှာ ပထမနည်းအရဖြစ်သည်။ ထိုနည်းဖြင့် စွမ်းအင်ရရှိ အောင် လူတို့ပြုလုပ်ခြင်းငှာ စွမ်းနိုင်မည်မဟုတ်ဟု ဆိုကြ သည်။ အက်တမ်ဗုံး ပြုလုပ်ရာတွင် အသုံးပြုသောနည်းမှာ ဒုတိယနည်းဖြစ်သည်။

အက်တမ်၏ နူကလိယပ်များကို ဖြိုခွဲနိုင်သည့်နည်းကို သိပ္ပံကဝိအများပင် စုံစမ်းလေ့လာခဲ့ကြ၏။ ၁၉၁၉ ခုနှစ်သို့ ရောက်သောအခါ အက်တမ်ဆောက်တည်ပုံကို ပြောခဲ့သည့် ရားသားဖို့ကပင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များဖြင့် နိုက်ထရိုဂျင်ကို ဖောက်ကြည့်ရာ နိုက်ထရိုဂျင်နူကလိယပ်မှ ပရို တွန်များ ထွက်လာသည်ကို တွေ့ခဲ့သည်။ နိုက်ထရိုဂျင်သည် အောက်ဆီဂျင်၏ အိုင်ဆိုတုပ်အဖြစ်သို့ ပြောင်းသွားသည်။ ရား သားဖို့၏ တွေ့ရှိမှုကိုအားကျ၍ ကမ္ဘာအနှံ့အပြားတွင် သိပ္ပံဆရာ ကြီးများသည် အက်တမ်၏ နူကလိယပ်ဖြိုခွဲမှုကို စမ်းသပ်ပြု လုပ်ကြလေသည်။ ထို့နောက် တဖြည်းဖြည်း လေ့လာခဲ့ကြရာ တွင် ရေဒီယမ်မှထွက်သည့် အာလဖာမြူမှုန်များထက် စွမ်းအင် ကြီးမားသော မြူမှုန်များဖြင့် အက်တမ်များကိုဖြိုခွဲလျှင် ပို၍ထိ ရောက်နိုင်ကြောင်း သိလာကြလေသည်။ ၁၉၃၁ ခုနှစ်တွင် အီး၊ အို၊ လောရင့် ဆိုသူက ဆိုင်ကလိုထရွန်ခေါ် ကရိယာတစ်ခုကို တီထွင်လိုက်၏။ ထိုကိရိယာတွင် အက်တမ်ကိုဖြိုခွဲမည့် မြူမှုန် များကို အလွန်ပြင်းထန်သည့် မြန်ရှိန်ရရှိအောင် သံလိုက်ဓာတ် နယ်တွင် လှည့်ပတ်သွားစေသည်။

၁၉၂ဝ ပြည့်နှစ်လောက်တွင် ရားသားဖို့သည် လျှပ်စစ် ဓာတ်အားကင်းမဲ့ပြီး ပရိုတွန်၏ဒြဗ်ထုလောက်ရှိသော မြူမှုန်ရှိ လျှင် နူကလိယပ်ဆောက်တည်ပုံ ပြဿနာမှာ ပို၍လွယ်ကူလိမ့် မည်ဟု ပြောခဲ့လေသည်။ ထိုမြူမှုန်ကို ရားသားဖို့က နူထရွန် ဟုအမည်မှည့်ခေါ်သည်။ ၁၉၃၂ ခုနှစ်တွင် ဂျေ၊စီ၊ ချက်ဒဝစ် ဆိုသူသည် အက်တမ်ကိုဖြိုခွဲရာ၌ အချို့စမ်းသပ်မှုများတွင် တွေ့ ရသော ဖောက်ထွင်းမှုသတ္တိ အလွန်ကောင်းသည့် ရေဒီယေးရှင်း မှာ ထိုနူထရွန်များပင် ဖြစ်ကြောင်းကို လက်တွေ့ပြသခဲ့လေ သည်။

အိုဟန်နှင့် စတတ်စမန်းတို့သည် ဒုတိယကမ္ဘာစစ် မဖြစ်မီ ရှစ်လလောက်က ယူရေနီးယမ်းကို နူထရွန်များဖြင့် ပြင်းထန်စွာ ဖောက်ပေးသောအခါ ဗေရီယမ်ကိုရရှိနိုင်ကြောင်း ကြေညာခဲ့လေသည်။ ထို့နောက် သိပ္ပံဆရာကြီးများသည် စစ် ပြေးနေစဉ် အမေရိကန်ပြည်ထောင်စု၌ ယူရေးနီးယမ်းအက်တမ် ပေါက်ကွဲသောအခါတွင် မယုံကြည်နိုင်လောက်အောင် စွမ်းအင် အမြောက်အမြားထွက်ကြောင်းကို ဆွေးနွေးပြောဆိုကြလေသည်။ ထို့နောက် တဖြည်းဖြည်း တိုးတက်ကြံစည်လာကြရာ ၁၉၄ဝ ပြည့်နှစ် ဇွန်လတွင် အက်တမ်မှ စွမ်းအင်ထုတ်ယူနိုင်သည့် အခြေခံအချက်များကို သိပ္ပံဆရာကြီးများ သိမြင်လာကြလေ သည်။

ဆိုင်ကလိုထရွန်မှာ အလွန်အသုံးဝင်သော အက်တမ်ခွဲ ကရိယာဖြစ်၍ ထိုကိရိယာ၏သဘောကို အကျဉ်းမျှ သိထိုက်ပေ သည်။ ဆိုင်ကလိုထရွန်၏ အလယ်တွင် ခွန်အားအလွန်ကြီးမား သော လျှပ်စစ်သံလိုက်ရှိသည်။ သံလိုက်၏ ဝင်ရိုးစွန်းများကို လက်မအနည်းငယ်စီခြား၍ တစ်ခုပေါ်တစ်ခု ဆင့်ကာ တပ်ဆင် ထားသည်။ သံလိုက်တို့၏အကြားတွင် ကျယ်၍တိမ်သော ပြောင်းလုံးပုံပြည့်အခန်းကို ထည့်သွင်းထားသည်။ ထိုအခန်းတွင် တစ်ဖန် ပြောင်းလုံးပုံဝက် အခန်းနှစ်ခုကို မျက်နှာချင်းဆိုင်ချ ထားသည်။ ထို ပြောင်းလုံးပုံဝက် အခန်းများကို ဒီး ဟုခေါ် သည်။ ဒီးတို့ကို တစ်ခုနှင့်တစ်ခု ဓာတ်မလိုက်အောင်လည်း ကောင်း၊ ပြောင်းလုံးပုံပြည့် အခန်းမနှင့် ဓာတ်မလိုက်အောင် လည်းကောင်း ပြုလုပ်ထားသည်။ ထိုအခန်းများတွင် ဟိုက်ဒရို ဂျင်၊ ဒရူတီရီယမ် (ဟိုက်ဒရိုဂျင်လေး)၊ သို့မဟုတ် ဟီလီယမ်ကို ဖိအားနည်းနည်းနှင့် ဖြည့်ထား၏။ အသုံးပြုသောဓာတ်ငွေ့၏ အမျိုးအစားကိုလိုက်၍ ဓာတ်အားရမြူမှုန်များသည် ပေါဆီထရွန် များ၊ ဒရူတာရွန်များ၊ သို့မဟုတ် အာလဖာမြူမှုန်များဖြစ်ကြ သည်။ ဆိုင်ကလိုထရွန်မှ အက်တမ်ကိုဖြိုခွဲရန် ထွက်လာသော ဓာတ်အားရမြူမှုန်များသည် တစ်စက္ကန့်လျှင်မိုင်ပေါင်း ၂ဝဝဝဝ ခန့် မြန်ရှိန်နှုန်းဖြင့် ထွက်လာသည်။ ထိုမြန်ရှိန်နှုန်းမှာ ရိုင်ဖယ် သေနတ်ကျည်ဆံ၏ မြန်ရှိန်နှုန်းထက် အဆပေါင်း ၃၅,ဝဝဝ ခန့်မျှ ပို၍လျှင်မြန်သည်။

အက်တမ်သည် လေးလေလေ ဖြိုခွဲလိုက်သောအခါ စွမ်းအင်အထွက်မှာ များလေလေဖြစ်သည်။ အဘယ်ကြောင့်ဆို သော် ပို၍လေးလံသောအက်တမ်၏ နူကလိယပ်ကို ခိုင်မြဲစွာ စုစည်းထားရန် စွမ်းအင်ပို၍လိုသောကြောင့်ဖြစ်သည်။ ယူ-၂၃၅ အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာ သော အက်တမ်ငယ်နှစ်ခု၏ နူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နူထရွန်များပါဝင် သည်။ ယူ-၂၃၅အက်တမ်ကို ဖြိုခွဲလိုက်သောအခါ ထိုအက်တမ်၏ နူကလိယပ် ကို စုစည်းထားသော စွမ်းအင်အားလုံးသည် ပြိုကွဲ၍ထွက်လာသော အက်တမ်ငယ်နှစ်ခု၏ နူကလိယပ်နှစ်ခုကို စုစည်းထား သည့် စွမ်းအင်စုစုပေါင်းထက် ပို၍များသည်။ ထိုပိုများသော စွမ်းအင်သည် နည်းနှစ်မျိုးဖြင့် အက်တမ်မှ လွတ်ထွက်သွား သည်။ ပထမနည်းမှာ တန်ခိုးကြီးသော အိပ်စရေးကဲ့သို့သော ရေဒီယေးရှင်း အဖြစ်ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ဒုတိယ နည်းမှာ အက်တမ်ကို နှစ်ခြမ်းပေါက်ကွဲစေသော စွမ်းအင်အဖြစ် ဖြင့် လွတ်ထွက်ခြင်းဖြစ်သည်။ ကွဲထွက်သော အက်တမ်၏ အစိတ်အပိုင်းတို့တွင် အက်တမ်ငယ်များနှင့် နူထရွန်များပါဝင် သည်။ ယူ-၂၃၅ အက်တမ်သည် ပေါက်ကွဲထွက်သည့်အချိန်၌ အပူချိန်စင်တီဂရိတ် ၂ဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ,ဝဝဝ ဒီဂရီ ရှိသည်။

အက်တမ်ဗုံးပေါက်ကွဲရာ၌ ဖြစ်ပေါ်သော အက်တမ်စွမ်း အင်သည် မည်မျှ ဖျက်ဆီးအားရှိသနည်းဟူမူ ဂျပန်နိုင်ငံ၊ ဟိရို ရှီးမားနှင့် နာဂါဆာကီမြို့များ၏ အပျက်အဆီးက သက်သေခံ ပေသည်။

၁၉၄၆ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု စစ်ဖက်ဌာန၏ ထုတ်ပြန်ကြေညာချက်အရ ဟီရို ရှီးမားမြို့တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၅ယဝဝဝ (မြို့နေလူဦးရေ ထက်ဝက်ကျော်) ရှိခဲ့၍ ထိုလူဦးရေအနက် ၆၆ယဝဝဝ ခန့်မှာ သေဆုံးသူများဖြစ်ကြ၏။ နာဂါဆာကီမြို့မှာမူ လူဦးရေ ၁၉၅ယဝဝဝ ရှိသည့်အနက် ထိခိုက်ဒဏ်ရာရရှိသူ ဦးရေမှာ ၆၄ယဝဝဝ ဖြစ်၏။ ထိုအနက် ၃၉ယဝဝဝ မှာ သေဆုံးသူများ ဖြစ် ကြသည်။ ဗုံးကျသည့်နေရာ၏ တစ်မိုင်ပတ်လည်ရှိ အရာဝတ္ထု အားလုံးမှာ ကြေပျက်သွားကြောင်း သိရ၏။ ထိခိုက်ဒဏ်ရာရသူ များမှာလည်း ဂမ်မာရောင်ခြည်များ၏ အပူရှိန်ကြောင့် အပူ လောင်အနာကြီးများဖြစ်ကြကြောင်း သိရလေသည်။

1 comment:

အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com

Related Posts Plugin for WordPress, Blogger...