ဒီအကြောင်းကို
အစကတော့မရေးတော့ဘူး လို့ ဆုံးဖြတ်ထားတာပါပဲ အခုက ရေးသင့်ရေးထိုက်တယ် သိသင့်သိထိုက်တယ်
လို့ မြင်လာမိပါတယ် ရေးတာကတော့ အကြောင်းရှိလို့ပေါ့ တစ်နေ့က မေးလ်တစ်စောင် ရောက်လာပါတယ်
ဒီအကြောင်းနဲ့ တိုက်ရိုက် တော့ မသက်ဆိုင်ပေမယ့် ရေးထားတာကတော့ ညိနေသလိုလို ရိနေသလိုလို
ဖြစ်နေတော့ ဒီပိုစ့်ရေးလိုက်တာပါပဲ ကျွန်တော်ဆီ ၀င်လာတယ်ဆိုပေမယ့် ကျွန်တော်ကို ပြောတာတော့
မဟုတ်ဘူး အခြားတစ်ယောက်ကိုတည်ပြီး သွယ်ဝိုက် ပြောတာမျိုး စာကို လှည့်ရေးထားတာ ဘာရယ်
ညာရယ် ဆိုပြီး ဖော်ပြမနေတော့ပါဘူး ဒီအကြောင်း ကလဲ လူတိုင်း သိထားသင့်တာပဲမို့ရေးမယ်ဆိုပြီး
ဆုံးဖြတ်လိုက်တာပါ တော်တော်များများက မြန်မာပြည်မှာ မူပိုင်ခွင့်ဆိုတာ မရှိဘူးလို့
ထင်ကြပါတယ် အများစုပေါ့လေ သိတဲ့သူက နဲပါတယ် နောက် မြန်မာနိုင်ငံမှာ ဒီ ဆက်စပ်လို့ တရားတဘောင် ဖြစ်တာလဲ မရှိသလောက်ရှားပါတယ်
လေ့လာရလောက်အောင် မပေါဘူးလို့ ပြောရပါမယ် ရှေ့နေတော်တော်များများတောင်မှ မူပိုင်ခွင့်နဲ့
ပက်သက်လို့ အမှုလိုက်ပေး ရတယ်ဆိုတာ မရှိသလောက် ပဲ ကျွန်တော် ပြောရဲတာက မြန်မာနိုင်ငံမှာ
ရှေ့နေတစ်သိန်းရှိမယ်ဆိုရင် ငါးယောက်လောက်သာ ဒီလို အမှုနဲ့ နဲနဲပါးပါးလောက် (အသေးအဖွဲ)လောက်ကိုသာ
လိုက်ပေးဖူးလိမ့်မယ် လို့လေ တကယ်ကို အဲလောက် ရှားပါးတာ ဒါကြောင့်လဲ မူပိုင်ခွင့်ဆိုတာ
မရှိဘူးလို့တောင် ထင်လာတဲ့ အထိ ဖြစ်ကုန်တော့တာ တကယ်တော့ ရှိပါတယ် မြန်မာ တော်တော်များများ
ကတော့ မူပိုင်ခွင့် ကို တိုက်ရိုက် ချိုးဖောက် တာများပါတယ် ကျွန်တော် အပါအ၀င်ပေါ့ တကယ်ပြောတာ
ကျွန်တော်လဲ ချိုးဖောက်တဲ့ အထဲပါတာပဲ ဒါဆို ဘာလို့ ထောင်ထဲမရောက် အချုပ်မကျဘဲ စာလာရေးနေလဲဆို
ချိုးဖောက်ပေမယ့် ချိုးဖောက်ရာမရောက်လို့လေ အထူးသဖြင့် အွန်လိုင်းမှာရေးတဲ့ စာပေ အကြောင်း
ပဲပြောမယ် ဒါက လိုင်းမှာတင်ထားတာ တွေ နဲ့ ဥပမာ ပြတာပါ အကုန် သက်ဆိုင်ပါတယ် ကျွန်တော်
အနေနဲ့ ပေါ့ အွန်လိုင်းကနေရတဲ့ စာတစ်ခုကနေ တစ်အုပ်ကနေ စာပိုဒ်တစ်ပိုဒ်ကို ဖြစ်စေ အားလုံးဖြစ်စေ
ထပ်တူ ကူးယူတင်ပြ ပြီး သက်ဆိုင်ရာ မူရင်းစာရေးသူကို ရည်ညွှန်းခြင်းမပြုဘူး ဒီကနေ ကိုးကားပါတယ်လို့
မပြဘူးဆိုရင် ဒါဟာ မူပိုင်ခွင့် ချိုးဖောက်ရာရောက်နေပြီ ဒီလောက်တင်ပဲလား ဆို မဟုတ်သေးဘူးဗျ
ကျွန်တော် အနေနဲ့ စာအုပ် တစ်အုပ် နည်းပညာ ဆိုင်ရာ တစ်ခုခု ကို ဘာသာပြန်မယ်ဆိုရင်တောင်ပဲ
မူရင်း ထုတ်ဖော် ရေးသားတင်ပြသူဆီက ခွင့်ပြုချက်ကို တောင်းခံရပါတယ် ခွင့်ပြုချက်ကို
တရားဝင်ရမှပဲ မူပိုင်ခွင့် နဲ့ ပက်သက်တာတွေ အကုန်ကင်းလွတ်မှာပါ အခု ကျွန်တော် အွန်လိုင်းမှာ
တွေ့နေရပါတယ် တော်တော် အရုပ်ဆိုးတာမျိုးပါ ဘယ်လိုလဲ ဆိုတာ သူခိုးမှာ သူဝှက်လုတဲ့ အနေအထား
ဖြစ်နေတာကို သူခိုးတွေက ငါ့ဟာ ခိုးသွားတယ် အရှက်အရှိဘူးဆိုပြီး အော်နေတဲ့ ပုံစံပါ ကိုယ်တိုင်က
ကြာခိုနေပြီး သူများ အရက်သောက်တာကို လက်ညှိုးထိုး ဒီလူမကောင်းဘူး လို့ ပြောနေတတ်တဲ့
လူတွေ တော်တော် များနေတာကို သိကြမှာပါ အခုလဲ အဲလိုပါပဲ မြန်မာ နိုင်ငံမှာ ဆို တခြားမကြည့်နဲ့
စာပေလောကမှာသာ ကြည့်လိုက် ဘယ်နာမည်ကြီးစာရေးဆရာ (ဘာသာပြန်) ကမှာ မူရင်းစာရေးသူ တွေဆီမှာ
ခွင့်ပြုချက်တောင်းတာ လဲလို့ ဘယ်သူမှ မတောင်းဘူး လွတ်လပ်စွာ ဘာသာပြန်နေကြတာပဲ အဲဒီလို
ဘာသာပြန် ပြီးထုတ်ဝေလို့ ရတဲ့ အကျိုးအမြတ်ကိုလဲ မူရင်းစာရေးသူနဲ့ ဘယ်စာရေးဆရာကမှ ခွဲဝေမယူပါဘူး
သူရသူယူတာပါပဲ ကျွန်တော် တလွဲတွေပြောနေတာလား လို့ သံသယ နဲနဲလောက် ၀င်မိတယ်ဆိုရင်တောင်မှ
ကိုယ်တိုင် တီးခေါက် စုံစမ်းကြည့်ပါ သိပါလိမ့်မယ် ဒါက အခြားနိုင်ငံကဟာ ဘာသာပြန်လို့ပါ
လို့ ပြောချင်ပြောလာနိုင်ပါသေးတယ် တကယ်က မရပါဘူး သဘောတူထားတဲ့ ဘယ်နိုင်ငံမဆို ဒီလိုဘာသာပြန်လို့
မရပါဘူး ခွင့်ပြုချက်ယူရပါတယ် မြန်မာနိုင်ငံမှာ ဘာကြောင့် ရလဲ ရတာ အကြောင်းရှိရမယ်
မဟုတ်လား ဟုတ်ကဲ့ သိပ်ရှိတာပေါ့ မြန်မာနိုင်ငံက အဲဒီမူပိုင်ခွင့် နဲ့ပက်သက်ပြီး နိုင်ငံများ
သဘောတူညီထားတဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးထားတာ မရှိပါဘူး ဒါကြောင့် လုပ်ချင်တိုင်း
လုပ်ခွင့်ရှိပါတယ် ဒါက နိုင်ငံအားလုံးနဲ့ ဆိုင်တာ ကို ပြောတာ ပြည်တွင်းမှာတော့ သူများစာအုပ်
သွားမလုပ်လိုက်နဲ့နော် ပြသနာတက်သွားမယ် ပြည်တွင်း မူပိုင်ခွင့် ဥပဒေရှိတယ် စာအုပ်တွေ
ဗွီဒီယို ခွေတွေ စတာတွေမှာကြည့်လိုက် သိရမယ် ကဲဒါလောက်ဆို မူပိုင်ခွင့်ဆိုတာ ရှိတယ်
ဆိုတာ သိပြီ
သိပြီဆိုတော့
ဆက်ပြောမယ် မူပိုင်ခွင့် ချိုးဖောက်ရာ ရောက်တယ်မရောက်ဘူး ထားလိုက် မူပိုင်ခွင့်နဲ့
ဆက်စပ်ပြီး သုတ အလိုငှာ သမိုင်းကြောင်းပါ နဲနဲ ထည့်ပြောပေးပါမယ် သိပြီးသူများ အတွက်တော့
မဟုတ်ဘူးပေါ့ သိတယ်ဆို ဒီနေရာလေးတွေ ကျော်သွား ကွင်းခတ်ပြီး ပြောပေးလိုက်မယ်
( ဟိုး… နှစ်ပေါင်း
ရှစ်ဆယ်ကျော်လောက် ကတည်းက မြန်မာနိုင်ငံမှာ မူပိုင်ခွင့် ဥပဒေဆိုတာ ကို ပြဌာန်း ထားခဲ့တာပါ
၁၉၁၄ ခုနှစ် မူပိုင်ခွင့် အက်ဥပဒေ ပါ ဒါက ဘယ်ကနေ ဆင်းသက်လာသလဲဆိုရင် ဗြီတိန် နိုင်ငံမှာ
၁၉၁၁ ခုနှစ်က ပြဌာန်းခဲ့တဲ့ မူပိုင်ခွင့် ဥပဒေကို အခြေခံပြီးရေးဆွဲလိုက်တာပါ
အဲဒီ ဥပဒေပုဒ်မ
၁ (၂) မှာ မူပိုင်အခွင့်အရေး ဆိုတာကို အနက်ဖွင့်ထားတာက
သုခုမ အနုပညာနှင့်
စာပေဆိုင်ရာ ဖန်တီးသော လုပ်ငန်းတစ်ခုကို ထုတ်လုပ်မှု အဆင့်ဆင့် ကူးယူမှု ခင်းကျင်းကပြမှု
တဆင့်ဟောပြောမှု စတဲ့ အခွင့်အရေး ဟူသမျှသည် အရင်းမူလ တီထွင်ဖန်တီးသူထံတွင်သာ တည်ရှိစေရမည်ဟု
ဆိုထားပါတယ်
ဒါကိုပဲလေးပိုင်းထပ်ခွဲထားပါသေးတယ်
ပညာ ဂုဏ်ပြတယ် ဖြစ်နေမှာစိုးလို့ မဖော်ပြတော့ဘူး
တည်ရှိနေစေရမည်
လို့ ဆိုထားတယ် မေးစရာက ဘယ်အချိန်ထိလဲ ရာသက်ပန်လား အကန့်အသန့်နဲ့လား မေးစရာရှိပါတယ်
ပြောရရင် တော့ အကန့်နဲ့ပါ မူရင်းဖန်တီးသူ သက်ရှိထင်ရှား ရှိနေစဉ်ကာလ နဲ့ သေပြီး နှစ်ငါးဆယ်
အထိ တည်ပါတယ် ဒါက သိသင့်လို့ ထည့်ပြောတာပါ နိုင်ငံတကာ နဲ့ဆိုင်တာတွေ ချန်ထားလိုက်ပါတော့မယ်
(WIPO) အကြောင်းတွေသာလိုက်ပြောနေရင် စာအုပ်တစ်အုပ်စာ ဖြစ်သွားမယ် )
ဒီလို မူပိုင်ခွင့်တွေ
ရှိပါတယ် ပြသနာကတော့ အများသိတော်မူတဲ့အတိုင်းပေါ့ဗျာ အရင်နေ့တွေက ဥပဒေဆိုတာ စာအုပ်ထဲမှာသာ
ရှိတယ်ဆိုတာ နောက်ပြောစရာရှိတာက မြန်မာတွေက ရုံးတွေ ဂတ်တွေ သွားရတာ ကြောက်တတ်ကြတယ်
အများစုပေါ့လေ ကြောက်ဆို ဟိုကလူတွေကလဲ မရောက်သေးဘူး ဖြဲခြောက်နေတာကိုး ဘယ်သွားရဲကြမလဲ
သွားတာနဲ့ ကုန်တော့မယ် ဆိုတာ အထာပေါက်ကြတယ်လေ ဟဲဟဲ ဒီတော့ ဗျာ မြန်မာ နိုင်ငံက တီထွင်ပါရဂူတွေက
ငွေကုန်မှာ ကြောက်လို့လား သက်ဆိုင်ရာ ဌာနကိုပဲ လန့်လို့လားမသိဘူးဗျ ကိုယ်တိုင်လုပ်တယ်ဆိုတာတောင်မှ မူပိုင်ခွင့် ကိုတရာဝင်ကိုင်ထားတာ လုပ်ရှင်းရှင်များ
လောက်ပဲ မဖြစ်မနေ လုပ်နေရတာလေ စာအုပ်ဆိုလဲ ထုတ်ဝေသူက ကိုင်ထားလိုက်တယ် ရုပ်ရှုင်လဲ
ထိုနည်းလည်ကောင်း အခြားဟာတွေလဲ လည်ကောင်းအတိုင်းပါပဲ အမှတ်တံဆိပ်မူပိုင်ခွင့် တွေလဲ
အဲလိုပဲ လုပ်ငန်း အကြီးတွေ မဟုတ်ရင် မလုပ်ကြပါဘူး လုပ်ရမယ်လို့ဆိုင်ရာက လာပြောရင်တောင်ပဲ
တော်တော် စားပေါက် ထွင်တယ် လုပ်ဦးမှ ကုန်တော့မှာကိုး စည်ပင်က ဆိုင်းဘုတ်ခွန် ကောက်တာ
ကြည့်ပါလား သတ်မှတ်ထားတာထက် နဲတာ များတာ မပြောပါဘူး ပေးရတော့မယ် ဆိုရင်တော့ ဟိုရက်
ဒီရက် ရွှေ့နေကြတော့တာပဲ မဟုတ်လား မေတ္တာတောင်ပို့ကြသေး ဟိဟိ ပြည်တွင်းက ဆော့ဝဲလ်ရေးတဲ့
ဆရာတွေကော လုပ်တယ်ထင်သား ထုတ်ပြီးရောင်းနေကြတာပဲ ဘာမှမလုပ်ဘူ့း် ခိုးကူးတွေကလဲ ပေါတော့
ပိုကုန်မယ်ဆို ဘယ်သူမှမလုပ်ချင်ကြတော့ဘူး
အခုစာလဲနဲနဲ
များပြီ ပြောချင်တာကတော့ ဗျာ ဘယ်သူမဆို လွတ်လပ်ခွင့်ရှိနေတဲ့ အတိုင်းအတာ လိုဖြစ်နေတာကို
ပုံကြီးမချဲ့ကြပါနဲ့ တစ်စိတ်ကို တစ်အိတ်လုပ် ပြောမနေပါနဲ့လို့ပဲတောင်းဆိုချင်ပါတယ်
ကွန်ပျူတာ
မိုလ်ဘိုင်း နည်းပညာတွေနဲ့ စပ်ပြီး ပြောကြစတမ်းဆို အကုန် သူခိုးတွေ ကြီးပါ ဖော်ပြပြီး
ဥပဒေအရ ကိုယ်တိုင် သူခိုးဖြစ်နေတာကို သိမှာပါ ယဉ်ကျေးမှုအရ ခရက်ဒစ် ပေးတယ် ဘာညာဆိုပြီး
ပြောချင်ရင်တော့ ပြောနိုင်ပါရဲ့ ဒီလို ဆိုရင်လဲ ပြသနာက မြန်မာပြည်က နာမည်ကြီး (ဘာသာပြန်)
စာရေးဆရာတွေ ကို ယဉ်ကျေးမှု မရှိတဲ့ သူခိုး တွေဆိုပြီး ပြောသလို ဖြစ်နေပါလိမ့်မယ် သူခိုးဆိုမှတော့
ယဉ်ကျေးတယ် ဖြစ်ဦးမလားဗျာ အဲဒီစာရေးဆရာတွေဆိုတာ အခကြေးငွေရတယ် အွန်လိုင်းက ဘလော့ဂါတွေက
အဆဲခံရတယ် ဟဲဟဲ မှန်တယ်နော် ဒီလို အဆဲခံ သူခိုးတွေ အနေနဲ့ မူပိုင်ခွင့် နဲ့ ပက်သက်ပြီး
အကြံတစ်ခုပေးပါမယ် လုပ်ချင်လုပ်ပေါ့ ပိုစ့်တစ်ခုတင်တော့မယ် ဆိုတိုင်း ပထမ သက်ဆိုင်ရာ
တီထွင်သူများထံ အရင် တရားဝင်ခွင့်ပြုချက်တောင်းပါ နောက် ပြည်တွင်းက သက်ဆိုင်ရာဌနမှာ
မူပိုင်ခွင့် ကို ပြုလုပ်ပါ ဒီနှစ်ခုရပြီဆိုရင် ဒါဟာ တင်ပြသူ အပိုင်ဖြစ်ပါပြီ နောက်
သူများခိုးတင်တာ မြင်ရင် ပထမတန်း ရာဇ၀တ် တရားသူကြီးထံမှာ တိုက်ရိုက် လျှောက်ပါ တိုင်ကြားပါ
တရားမမှု တစ်ခု ထမြောက်ဖို့ စားပွဲတင်ကြေးကို
အရင်ချထားဖို့မမေ့နဲ့ အမှု မြန်မြန်ပြီးဖို့ အတွက်လဲ ခဏ ခဏ ဖားခြောက်လေး နဲ့ စာအိတ်လေး
ဆောင်ပြီး သက်ဆိုင်သူများထံသွားပါ (မှတ်ချက် ။
။ ကျွန်တော်တို့ အရပ်တွင် ပုဇွန်ခြောက် ငါးခြောက် စတာမျိုးတွေကို ဖားခြောက်ဟု
ခေါ်ကြပါတယ် ဖားပြီးပေးလို့လေ…..တိန်)
နောက်တာပါ
ဘယ်သူမှ အဲလိုမလုပ်နိုင်ဘူး လုပ်နိုင်လဲ အလုပ်၇ှုပ်ခံပြီး ဘူမှ လုပ်ဘူးလေ ဟုတ်တယ် နော်
ဆ၇ာတစ်ယောက်ပြောထားဖူးတာ၇ှိတယ်ဗျ ကိုယ်တိုင်ဖန်တီးတာမှ မဟုတ်ဘဲဗျာ ဘာလို့ကွယ်ဝှက်ထားရမှာလဲ
တဲ့ ဟုတ်တယ်နော် ဘာလို့ ကွယ်ဝှက်ထားမှာလဲ ဘယ်သူမဆို ဖြစ်သင့်တာက ဘာဖြစ်ဖြစ် အကုန်ရှယ်ယာလုပ်နိုင်လေ
လူများများ ပိုသိလေပဲပေါ့ ငါဖန်တီးတာ ငါရေးတာ ဆိုတာ ပဓါန မကျပါဘူး လူတွေ ဘယ်လောက် သိသွားတယ်
ဆိုတာ က ပို အဖိုးတန်တယ်လို့ ပြောကြတာပဲလေ ဒီတော့ တစ်ယောက်ကို တစ်ယောက် ခရက်ဒစ် မပေးလို့ ဆိုပြီး ပြသနာလုပ် ရန်စောင်နေရအောင် အားလုံးက တစိမ်းတွေမှ
မဟုတ်ဘဲ မရင်းနှီးသေးတဲ့ မိတ်ဆွေတွေပဲလေ နားလည်မှာပါ
No comments:
Post a Comment
အခုလို လာရောက်အားပေးကြတာ အထူးပဲ ၀မ်းသာ ပီတိဖြစ်ရပါတယ်ဗျား ... ။ကျေးဇူးအထူးတင်ပါတယ်။
ကျော်ထက်ဝင်း နည်းပညာ (ဘားအံ)
www.kyawhtetwin.blogspot.com